ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ Video Message ဖြင့်ပေးပို့ပြောကြားသည့် ဂုဏ်ပြုမိန့်ခွန်း

 ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် 

        ယနေ့စတင်ကျင်းပတဲ့ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များ မြန်မာ့တိုင်းရင်းဆေးသမားတော်များနဲ့ နှီးနွှယ်ပညာရှင် ကိုယ်စားလှယ်အပေါင်းတို့ခင်ဗျား။

ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်ကစပြီး နှစ်စဉ်နှစ်တိုင်းအခုလို အေးမြတဲ့ ဥတုရာသီ ကာလမှာ မြန်မာ့တိုင်းရင်းဆေးသမားတော်များနဲ့ နှီးနွှယ်ပညာရှင်များ၊ ပျော်ရွှင် ချမ်းမြေ့စွာ၊ ချစ်ခင်ရင်းနှီးစွာဆုံတွေ့ကြပြီး အသိပညာနဲ့အတွေ့အကြုံတွေ ဖလှယ် ခွင့်ရရှိခဲ့တာ အခုနှစ်ဆိုလျှင် (၂၁)ကြိမ်မြောက်ခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းမှာရှိတဲ့ တိုင်းရင်းဆေးသမားတော်မျိုးဆက် အဆင့်ဆင့်တွေ နှစ်စဉ်မပျက်မကွက်တက်ရောက်ခဲ့ကြတဲ့ အစဉ်အလာအတိုင်း အခုနှစ်မှာလည်း မြန်မာ့တိုင်းရင်းဆေးပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းဆေးသမား တော်များစုံစုံညီညီ ပါဝင်တက်ရောက်၊ ဆွေးနွေးညှိနှိုင်း၊ တိုင်ပင်ကြမယ့် ညီလာခံ အခါသမယမှာ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ကြည်နူး ဝမ်းမြောက်စွာနဲ့နှုတ်ခွန်းဆက်သအပ်ပါတယ်။

မြန်မာ့တိုင်းရင်းဆေးပညာဟာ ရှေးဘုရင်များလက်ထက် တကောင်း၊ သရေ ခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ပင်းယ၊ ကုန်းဘောင်စတဲ့ ခေတ်အဆက်ဆက်ကတည်းက ထွန်းကားလာခဲ့တဲ့ ဆေးပညာတစ်ရပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ အားကိုးယုံကြည်စွာနဲ့ လက်ဆင့်ကမ်း သုံးစွဲခဲ့ကြတဲ့ ဆေးပညာလည်းဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ဟာ မြန်မာ့တိုင်းရင်းဆေး ပညာနဲ့ နေထိုင်ကြကာ ကျန်းမာအသက်ရှည်ခဲ့ကြပြီး နိုင်ငံကိုကာကွယ်စောင့်ရှောက် နိုင်ခဲ့ကြပါတယ်။ မြန်မာ့ဆေးပညာဟာနယကြီးလေးပါးနဲ့ ဖွဲ့စည်း တည်ဆောက်ထား တာဖြစ်တဲ့အတွက် မြန်မာ့ရေမြေသဘာဝနဲ့ ကိုက်ညီပြီး တစ်ခြားနိုင်ငံတွေက ဆေးဝါး တွေနဲ့မတူဘဲ အဆင့်မီတဲ့ ယှဉ်ဖက်ဆေး ပညာတစ်ရပ်အဖြစ်နဲ့ သမိုင်းအဆက်ဆက် အစဉ်အလာကြီးမားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

တိုင်းရင်းဆေးပညာရှင်များနဲ့ တက်ရောက်လာကြသူများခင်ဗျား

အခုလို တိုင်းရင်းဆေးပညာရှင်များရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပြည်သူလူထု ကျန်းမာရေးကို အထောက်အကူပြုနိုင်ဖို့ အားထုတ်ကြိုးပမ်းကြတဲ့ မြင်ကွင်းကို တွေ့မြင်ရတဲ့အတွက်လည်း နှစ်ထောင်းအားရ များစွာဖြစ်မိပါတယ်။ စည်းလုံး ညီညွတ် မှုဆိုတာမျိုးဟာ မည်သည့်အဖွဲ့အစည်း အတွက်မဆို တောင့်တင်းခိုင်မာတဲ့ ခွန်အား တစ်ရပ်ဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးသမားတော်များဟာလည်း စည်းလုံး ညီညွတ်မှုကို တန်ဖိုးထားကြသူများဖြစ်ပြီး စည်းလုံးညီညွတ်မှုအားဖြင့် တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုနေတယ်လို့ယုံကြည်မိပါတယ်။ တကယ်တမ်းစဉ်းစားကြည့်မယ် ဆိုရင် မြန်မာ့တိုင်းရင်းဆေးသမားတော်များဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုတဲ့ မြင့်မြတ်တဲ့ အသက်မွေးဝမ်းကျောင်းအတတ်ပညာကို ပိုင်ဆိုင်သူများဖြစ်ကြပြီး နိုင်ငံနဲ့ လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာနဲ့ အားကိုး အားထားပြုနေရတဲ့ ပညာရှင်များဖြစ်ကြ ပါတယ်။ မိမိတို့လူမျိုးဘိုးဘေး ဘီဘင်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင် လာခဲ့တဲ့ အမွေအနှစ်များထဲက အဓိကကျပြီးပြည်သူအတွက် အလိုအပ်ဆုံးဖြစ်တဲ့ မြန်မာ့ တိုင်းရင်းဆေးပညာရပ်ကို အမွေခံထိန်းသိမ်းစောင့်ရှောက်လာကြတဲ့ ပုဂ္ဂိုလ် များ ဖြစ်ကြတဲ့အတွက် မြန်မာ့တိုင်းရင်းဆေးသမားတော်များကို ထာဝစဉ်ဂုဏ်ယူ လေးစားလျက်ရှိကြောင်း ဂုဏ်ပြုပြောကြားလိုပါတယ်။

                   အခုနှစ်ညီလာခံမှာ တိုင်းရင်းဆေးသမားတော်များ၊ ညီလာခံ ကိုယ်စားလှယ်ကြီး များအနေနဲ့ မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်းမြင့်မားရေးနဲ့ မြန်မာ့ တိုင်းရင်းဆေးပညာအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုပိုမိုရရှိစေရန်၊ မြန်မာ့တိုင်းရင်း ဆေးဆရာတို့ရဲ့ အရည်အချင်းနဲ့ ကျင့်ဝတ်ဂုဏ်သိက္ခာပိုမိုမြင့်မားလာစေရန်၊ မြန်မာ့ တိုင်းရင်းဆေးပညာနဲ့ တိုင်းရင်းဆေးဝါးထုတ်လုပ်မှုနည်းပညာတွေ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်၊ ပြည်တွင်းပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ရန်ဆိုတဲ့ မှန်ကန်ကောင်းမွန်တဲ့ ရည်ရွယ်ချက် များကို အခြေခံပြီး ဆွေးနွေး၊ တိုင်ပင်၊ နှီးနှောဖလှယ်ကြမှာဖြစ်လို့ အကျိုးရှိမယ့်ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်ကြောင်း ယုံကြည်မိပါတယ်။ ဒါ့အပြင် မြန်မာ့ရိုးရာတိုင်းရင်းဆေးကုထုံးဆိုင်ရာ အတွေ့ အကြုံတွေနဲ့ ပညာရပ်ဆိုင်ရာအယူအဆတွေကိုပါ နှီးနှောဖလှယ်ကြမှာ ဖြစ်လို့ တိုင်းရင်းဆေးပညာအမွေအနှစ်များ၊ ပေးဝေသူနဲ့ ဆက်ခံသူတို့ရဲ့ အနာဂတ်အတွက် အဖိုးတန်မွန်မြတ်လှတဲ့ တွေ့ဆုံပွဲလို့ဆိုရမှာဖြစ်ပါတယ်။

ယခုခေတ်ကာလမှာ အနောက်တိုင်းဆေးပညာဟာ ဖွံ့ဖြိုးတိုးတက်လာတာမှန် ပေမယ့် ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ပြည်သူတွေဟာ မိမိတို့ရဲ့ သဘာဝတိုင်းရင်းဆေး များနဲ့ ကုသတဲ့ တိုင်းရင်းဆေးကုထုံးတွေကို လက်မလွှတ်ဘဲ အားကိုးအားထားပြုသုံးစွဲ ကုသနေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ တစ်မျိုးသားလုံးရဲ့ ကျန်းမာ ကြံ့ခိုင် ရေးကို ဦးတည်ချက်ထားပြီး လတ်တလောဖြစ်ပွားနေဆဲဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားရေးကို ရှေ့လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။

ယခုအခါ ကမ္ဘာတစ်ဝန်းလုံးရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဗီဇမျိုးကွဲ အမျိုးမျိုးပြောင်းလဲပြီး ကူးစက်မှုနှုန်း မြန်ဆန်ရုံသာမက အချိန်တိုအတွင်း ကင်းစင် ပပျောက်စေနိုင်မယ့် ရောဂါမျိုးမဟုတ်ဘဲ ဆက်လက် တည်ရှိနေနိုင်သေးတာကြောင့် နိုင်ငံတကာမှာသူတို့ရဲ့ တိုင်းရင်းဆေးနဲ့ ကာကွယ်ကုသနိုင်ဖို့ ဆောင်ရွက်နေကြတဲ့ နည်းတူ ကျွန်တော်တို့မြန်မာ နိုင်ငံမှာလည်း ကာကွယ်ကုသနိုင်မယ့် တိုင်းရင်းဆေးဝါး များထုတ်လုပ် နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆိုးဆိုးရွားရွား တွေ့ကြုံခံစားခဲ့ရပေမယ့်လည်း နိုင်ငံတော်အစိုးရအနေနဲ့ ကာကွယ်ကုသရေးများကို အလေးထားစီမံဆောင်ရွက်ခဲ့သလို တာဝန်ရှိသူများနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ် လုံးကလည်း တက်ညီလက်ညီနဲ့ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ခဲ့ ကြလို့ အချိန်တိုအတွင်းမှာ ကူးစက်ပြန့်ပွားမှုနဲ့ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့ကြတဲ့အတွက် တာဝန်ရှိသူများနဲ့ တိုင်းရင်းသားပြည်သူများအားလုံးကို ကျေးဇူးတင်ကြောင်းကိုလည်း အခါအခွင့်သင့်တုန်းမှာ ပြောကြားလိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ကုသနိုင်မယ့် တိုင်းရင်းဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉နဲ့ အလားတူရာသီတုပ်ကွေးရောဂါ များမှာ အသုံးပြုနိုင်မယ့် မာဓဝနိဒါန်းဆေးကျမ်းလာ ဆေးခါးကြီးပါဝင်တဲ့ ဝိသမအဖျားပျောက် ဆေးကို အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း၊ လူနာများမှာ အန္တရာယ် ကင်းရှင်းပြီး ဘေးကင်းလုံခြုံမှုရှိဖို့အတွက် လတ်တလောအဆိပ်အာနိသင်နဲ့ ရေတို အဆိပ် အာနိသင် ရှိ/မရှိ တို့ကို သိရှိနိုင်ရန် စမ်းသပ်ခြင်း၊ ဆေးရဲ့ခံနိုင်ရည်အားကို မိမိဆန္ဒအလျောက် သုတေသနစမ်းသပ်မှုတွင် ပါဝင်လိုတဲ့ ကျန်းမာတဲ့ လူများအပေါ်မှာ စမ်းသပ်ခြင်း၊ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါအတည်ပြု သာမန်လက္ခဏာ ရှိတဲ့ လူနာများပေါ်မှာ စမ်းသပ်ခြင်း၊ သုတေသနအဆင့်ဆင့်တို့ကို ပြုလုပ်ပြီး ဆေးဝါး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိနေတာကြောင့် တိုင်းရင်းဆေးပညာရှင်များ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသခြင်း ဆိုင်ရာလမ်းညွှန်များ ချမှတ် ဆောင်ရွက်လျက်ရှိကြတာကို အားရဖွယ်ရာ တွေ့မြင်ရပါတယ်။ မိမိတို့ရဲ့ သွေးရင်း သားရင်းများဖြစ်ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေကို မိမိတို့ရဲ့ ပြည်တွင်း တိုင်းရင်းဆေးဝါးများနဲ့ ထိထိရောက်ရောက် ကာကွယ်ကုသနိုင်ရေး ပိုမိုကြိုးစားကြဖို့ ကိုလည်း တိုက်တွန်းမှာကြားလိုပါတယ်။

တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ တိုင်းရင်းဆေးပညာရှင် များခင်ဗျား

 မြန်မာ့တိုင်းရင်းဆေးသမားတော်များဟာ ခေတ်အဆက်ဆက် တိုင်းရင်း ဆေးဝါးများကို အသုံးပြုပြီး ပြည်သူလူထုရဲ့  ကျန်းမာရေးကို စောင့်ရှောက် ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့တိုင်းရင်းဆေး ပညာနဲ့ ဆေးဝါးများ နှုန်းမီစံကိုက်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မယ့် အစွမ်းထက်မြက်တဲ့ မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းတွေ၊ ကုသနည်း ကုထုံးများပေါ်ထွက်လာစေရေး တို့အတွက် ဆေးပစ္စည်းများ၏ စံချိန်စံညွှန်းများရေးဆွဲခြင်း၊ တိုင်းရင်းဆေးဝါးများအား သိပ္ပံနည်းကျ သုတေသနပြုခြင်းများ ဆောင်ရွက်ရာမှာ မြန်မာ့တိုင်းရင်းဆေးသမား တော်များအားလုံးက စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြဖို့ လိုအပ် မည် ဖြစ်ကြောင်းကိုလည်း မှာကြားတိုက်တွန်းလိုပါတယ်။

သိမ်မွေ့နက်နဲတဲ့ မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၊ ကုထုံးများ၊ တန်ဖိုးမဖြတ် နိုင်တဲ့ ဆေးကျမ်းများနဲ့ အာနိသင်ထက်မြက်တဲ့ ဆေးဝါးများရဲ့ အနှစ်သာရအဆီအနှစ် တွေကို စုစည်းပြီး အမျိုးသားအမွေအနှစ် ဆေးပညာရပ်တစ်ရပ်အဖြစ် ဖြစ်ထွန်း ရပ်တည်နေစေဖို့ စုပေါင်းစွမ်းအားနဲ့ အားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြဖို့ကိုလည်း ထပ်လောင်းမှာကြား လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ ရိုးရာအမွေအနှစ် ဖြစ်တဲ့ မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အရိုးပေါ်အရွက်မဖုံးစေဘဲ အမျိုးသား ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်သွားဖို့လည်း လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

ယနေ့အချိန်အခါမှာ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အထူးအားပေးဆောင်ရွက်လျက်ရှိရာမှာ မြန်မာ နိုင်ငံတိုင်းရင်းဆေး ကောင်စီကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်လို့ ကောင်စီရဲ့ များပြားကြီးမားတဲ့ တာဝန်တွေထဲက တိုင်းရင်းဆေးပညာရှင်များရဲ့ ဆေးပညာကျင့်ဝတ် ထိန်းသိမ်းခြင်းကိုလည်း အလေးထားဆောင်ရွက် ပေးစေလိုကြောင်း မှာကြားလိုပါတယ်။

အခုလို မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲများ ကျင်းပပြုလုပ်ခြင်းဟာလည်း မြန်မာ့တိုင်းရင်း ဆေးပညာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်လျက် ရှိပါတယ်။ ဒီလို ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲတွေ ကျင်းပနိုင်ခြင်းကြောင့် ကျန်းမာရေး ဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ နှီးနွှယ်ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေက ပညာရှင်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်းကြီးနဲ့ မြန်မာနိုင်ငံအနှံ့အပြားက တိုင်းရင်းဆေးသမားတော် ကိုယ်စားလှယ်များ၊ တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နဲ့ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနဲ့ ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းစတဲ့ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက ကဏ္ဍ ပေါင်းစုံက ကိုယ်စားလှယ်တော်ကြီးများ ဆုံစည်းဆွေးနွေးဖလှယ်ခွင့် ရရှိနိုင်ကြတာ ဖြစ်လို့  အထူးပဲအကျိုးဖြစ်ထွန်းစေမယ်လို့ ယုံကြည်မိပါတယ်။

ယခု (၂၁)ကြိမ်မြောက်၊ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲမှာ ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ ချစ်ခင်ရင်းနှီး၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပွင့်ပွင့်လင်းလင်းဆွေးနွေး တိုင်ပင် နှီးနှောကြပြီး နိုင်ငံနှင့် ပြည်သူအတွက် မြန်မာ့တိုင်းရင်းဆေးပညာလောက ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်ကြပါစေ၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များမှာ တိုင်းရင်းဆေးပညာနဲ့ ပိုမိုတိုးမြှင့်စောင့်ရှောက်နိုင်ကြရေးအတွက် ပူးပေါင်း ကြံဆောင်၍ အဆိုပြုချက်များ တင်သွင်းခြင်း၊ ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းတို့ဖြင့် အကျိုးရှိကောင်းမွန်တဲ့ ရလဒ်များ ရရှိနိုင်ကြပါစေကြောင်း ဆုမွန်တောင်း မေတ္တာပို့သ လျက် နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Zawgyi Version

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က (၂၁)ႀကိမ္ေျမာက္ ျမန္မာ့တိုင္းရင္းေဆးသမားေတာ္မ်ားညီလာခံႏွင့္ ျမန္မာ့တိုင္းရင္းေဆးပညာႏွီးေႏွာဖလွယ္ပြဲသို႔ Video Message ျဖင့္ေပးပို႔ေျပာၾကားသည့္ ဂုဏ္ျပဳမိန႔္ခြန္း

( ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလ ၈ ရက္ )

ယေန႔စတင္က်င္းပတဲ့ (၂၁)ႀကိမ္ေျမာက္ ျမန္မာ့တိုင္းရင္းေဆးသမားေတာ္မ်ား ညီလာခံနဲ႔ ျမန္မာ့တိုင္းရင္းေဆးပညာႏွီးေႏွာဖလွယ္ပြဲကို တက္ေရာက္လာၾကတဲ့ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ဧည့္သည္ေတာ္မ်ား ျမန္မာ့တိုင္းရင္းေဆးသမားေတာ္မ်ားနဲ႔ ႏွီးႏႊယ္ပညာရွင္ ကိုယ္စားလွယ္အေပါင္းတို႔ခင္ဗ်ား။

ခရစ္ႏွစ္ ၂၀၀၀ ျပည့္ႏွစ္ကစၿပီး ႏွစ္စဥ္ႏွစ္တိုင္းအခုလို ေအးျမတဲ့ ဥတုရာသီ ကာလမွာ ျမန္မာ့တိုင္းရင္းေဆးသမားေတာ္မ်ားနဲ႔ ႏွီးႏႊယ္ပညာရွင္မ်ား၊ ေပ်ာ္႐ႊင္ ခ်မ္းေျမ့စြာ၊ ခ်စ္ခင္ရင္းႏွီးစြာဆုံေတြ႕ၾကၿပီး အသိပညာနဲ႔အေတြ႕အႀကဳံေတြ ဖလွယ္ ခြင့္ရရွိခဲ့တာ အခုႏွစ္ဆိုလွ်င္ (၂၁)ႀကိမ္ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။

ႏိုင္ငံတစ္ဝန္းမွာရွိတဲ့ တိုင္းရင္းေဆးသမားေတာ္မ်ိဳးဆက္ အဆင့္ဆင့္ေတြ ႏွစ္စဥ္မပ်က္မကြက္တက္ေရာက္ခဲ့ၾကတဲ့ အစဥ္အလာအတိုင္း အခုႏွစ္မွာလည္း ျမန္မာ့တိုင္းရင္းေဆးပညာ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တိုင္းရင္းေဆးသမား ေတာ္မ်ားစုံစုံညီညီ ပါဝင္တက္ေရာက္၊ ေဆြးေႏြးညႇိႏႈိင္း၊ တိုင္ပင္ၾကမယ့္ ညီလာခံ အခါသမယမွာ အားလုံးကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစေၾကာင္း ၾကည္ႏူး ဝမ္းေျမာက္စြာနဲ႔ႏႈတ္ခြန္းဆက္သအပ္ပါတယ္။

ျမန္မာ့တိုင္းရင္းေဆးပညာဟာ ေရွးဘုရင္မ်ားလက္ထက္ တေကာင္း၊ သေရ ေခတၱရာ၊ ပုဂံ၊ အင္းဝ၊ ပင္းယ၊ ကုန္းေဘာင္စတဲ့ ေခတ္အဆက္ဆက္ကတည္းက ထြန္းကားလာခဲ့တဲ့ ေဆးပညာတစ္ရပ္ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအတြင္းမွာ မွီတင္း ေနထိုင္ၾကတဲ့ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံ အားကိုးယုံၾကည္စြာနဲ႔ လက္ဆင့္ကမ္း သုံးစြဲခဲ့ၾကတဲ့ ေဆးပညာလည္းျဖစ္ပါတယ္။ ျမန္မာလူမ်ိဳးတို႔ဟာ ျမန္မာ့တိုင္းရင္းေဆး ပညာနဲ႔ ေနထိုင္ၾကကာ က်န္းမာအသက္ရွည္ခဲ့ၾကၿပီး ႏိုင္ငံကိုကာကြယ္ေစာင့္ေရွာက္ ႏိုင္ခဲ့ၾကပါတယ္။ ျမန္မာ့ေဆးပညာဟာနယႀကီးေလးပါးနဲ႔ ဖြဲ႕စည္း တည္ေဆာက္ထား တာျဖစ္တဲ့အတြက္ ျမန္မာ့ေရေျမသဘာဝနဲ႔ ကိုက္ညီၿပီး တစ္ျခားႏိုင္ငံေတြက ေဆးဝါး ေတြနဲ႔မတူဘဲ အဆင့္မီတဲ့ ယွဥ္ဖက္ေဆး ပညာတစ္ရပ္အျဖစ္နဲ႔ သမိုင္းအဆက္ဆက္ အစဥ္အလာႀကီးမားခဲ့တာကို ေတြ႕ရမွာျဖစ္ပါတယ္။

တိုင္းရင္းေဆးပညာရွင္မ်ားနဲ႔ တက္ေရာက္လာၾကသူမ်ားခင္ဗ်ား

အခုလို တိုင္းရင္းေဆးပညာရွင္မ်ားရဲ႕ စည္းလုံးညီၫြတ္မႈနဲ႔ ျပည္သူလူထု က်န္းမာေရးကို အေထာက္အကူျပဳႏိုင္ဖို႔ အားထုတ္ႀကိဳးပမ္းၾကတဲ့ ျမင္ကြင္းကို ေတြ႕ျမင္ရတဲ့အတြက္လည္း ႏွစ္ေထာင္းအားရ မ်ားစြာျဖစ္မိပါတယ္။ စည္းလုံး ညီၫြတ္ မႈဆိုတာမ်ိဳးဟာ မည္သည့္အဖြဲ႕အစည္း အတြက္မဆို ေတာင့္တင္းခိုင္မာတဲ့ ခြန္အား တစ္ရပ္ျဖစ္ပါတယ္။ ျမန္မာ့တိုင္းရင္းေဆးသမားေတာ္မ်ားဟာလည္း စည္းလုံး ညီၫြတ္မႈကို တန္ဖိုးထားၾကသူမ်ားျဖစ္ၿပီး စည္းလုံးညီၫြတ္မႈအားျဖင့္ တိုင္းျပည္နဲ႔ လူမ်ိဳးကို အက်ိဳးျပဳေနတယ္လို႔ယုံၾကည္မိပါတယ္။ တကယ္တမ္းစဥ္းစားၾကည့္မယ္ ဆိုရင္ ျမန္မာ့တိုင္းရင္းေဆးသမားေတာ္မ်ားဟာ ကုသိုလ္လည္းရ ဝမ္းလည္းဝဆိုတဲ့ ျမင့္ျမတ္တဲ့ အသက္ေမြးဝမ္းေက်ာင္းအတတ္ပညာကို ပိုင္ဆိုင္သူမ်ားျဖစ္ၾကၿပီး ႏိုင္ငံနဲ႔ လူမ်ိဳးအတြက္ ဂုဏ္ယူဖြယ္ရာနဲ႔ အားကိုး အားထားျပဳေနရတဲ့ ပညာရွင္မ်ားျဖစ္ၾက ပါတယ္။ မိမိတို႔လူမ်ိဳးဘိုးေဘး ဘီဘင္အဆက္ဆက္ လက္ဆင့္ကမ္းသယ္ေဆာင္ လာခဲ့တဲ့ အေမြအႏွစ္မ်ားထဲက အဓိကက်ၿပီးျပည္သူအတြက္ အလိုအပ္ဆုံးျဖစ္တဲ့ ျမန္မာ့ တိုင္းရင္းေဆးပညာရပ္ကို အေမြခံထိန္းသိမ္းေစာင့္ေရွာက္လာၾကတဲ့ ပုဂၢိဳလ္ မ်ား ျဖစ္ၾကတဲ့အတြက္ ျမန္မာ့တိုင္းရင္းေဆးသမားေတာ္မ်ားကို ထာဝစဥ္ဂုဏ္ယူ ေလးစားလ်က္ရွိေၾကာင္း ဂုဏ္ျပဳေျပာၾကားလိုပါတယ္။

အခုႏွစ္ညီလာခံမွာ တိုင္းရင္းေဆးသမားေတာ္မ်ား၊ ညီလာခံ ကိုယ္စားလွယ္ႀကီး မ်ားအေနနဲ႔ ျမန္မာ့တိုင္းရင္းေဆးေလာက ဘက္စုံအဆင့္အတန္းျမင့္မားေရးနဲ႔ ျမန္မာ့ တိုင္းရင္းေဆးပညာအရည္အေသြး ဖြံ႕ၿဖိဳးတိုးတက္မႈပိုမိုရရွိေစရန္၊ ျမန္မာ့တိုင္းရင္း ေဆးဆရာတို႔ရဲ႕ အရည္အခ်င္းနဲ႔ က်င့္ဝတ္ဂုဏ္သိကၡာပိုမိုျမင့္မားလာေစရန္၊ ျမန္မာ့ တိုင္းရင္းေဆးပညာနဲ႔ တိုင္းရင္းေဆးဝါးထုတ္လုပ္မႈနည္းပညာေတြ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ ေစရန္၊ ျပည္တြင္းျပည္ပရွိ ဆက္စပ္ႏွီးႏႊယ္ပညာရွင္မ်ား၊ အဖြဲ႕အစည္းမ်ားနဲ႔ ပူးေပါင္း ေဆာင္႐ြက္ရန္ဆိုတဲ့ မွန္ကန္ေကာင္းမြန္တဲ့ ရည္႐ြယ္ခ်က္ မ်ားကို အေျခခံၿပီး ေဆြးေႏြး၊ တိုင္ပင္၊ ႏွီးေႏွာဖလွယ္ၾကမွာျဖစ္လို႔ အက်ိဳးရွိမယ့္ရလဒ္ေကာင္းေတြ ထြက္ေပၚလာမွာ ျဖစ္ေၾကာင္း ယုံၾကည္မိပါတယ္။ ဒါ့အျပင္ ျမန္မာ့႐ိုးရာတိုင္းရင္းေဆးကုထုံးဆိုင္ရာ အေတြ႕ အႀကဳံေတြနဲ႔ ပညာရပ္ဆိုင္ရာအယူအဆေတြကိုပါ ႏွီးေႏွာဖလွယ္ၾကမွာ ျဖစ္လို႔ တိုင္းရင္းေဆးပညာအေမြအႏွစ္မ်ား၊ ေပးေဝသူနဲ႔ ဆက္ခံသူတို႔ရဲ႕ အနာဂတ္အတြက္ အဖိုးတန္မြန္ျမတ္လွတဲ့ ေတြ႕ဆုံပြဲလို႔ဆိုရမွာျဖစ္ပါတယ္။

ယခုေခတ္ကာလမွာ အေနာက္တိုင္းေဆးပညာဟာ ဖြံ႕ၿဖိဳးတိုးတက္လာတာမွန္ ေပမယ့္ ကမာၻ႔ႏိုင္ငံအသီးသီးမွာရွိတဲ့ ျပည္သူေတြဟာ မိမိတို႔ရဲ႕ သဘာဝတိုင္းရင္းေဆး မ်ားနဲ႔ ကုသတဲ့ တိုင္းရင္းေဆးကုထုံးေတြကို လက္မလႊတ္ဘဲ အားကိုးအားထားျပဳသုံးစြဲ ကုသေနၾကတာကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ တစ္မ်ိဳးသားလုံးရဲ႕ က်န္းမာ ႀကံ့ခိုင္ ေရးကို ဦးတည္ခ်က္ထားၿပီး လတ္တေလာျဖစ္ပြားေနဆဲျဖစ္တဲ့ ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္ေရးလုပ္ငန္းေတြကို အရွိန္အဟုန္မပ်က္ ထိထိေရာက္ေရာက္ ဆက္လက္ ေဆာင္႐ြက္သြားေရးကို ေရွ႕လုပ္ငန္းစဥ္ တစ္ရပ္အျဖစ္ ခ်မွတ္ေဆာင္႐ြက္လ်က္ ရွိပါတယ္။

ယခုအခါ ကမာၻတစ္ဝန္းလုံးရင္ဆိုင္ေနရတဲ့ ကိုဗစ္-၁၉ ကပ္ေရာဂါဟာ ဗီဇမ်ိဳးကြဲ အမ်ိဳးမ်ိဳးေျပာင္းလဲၿပီး ကူးစက္မႈႏႈန္း ျမန္ဆန္႐ုံသာမက အခ်ိန္တိုအတြင္း ကင္းစင္ ပေပ်ာက္ေစႏိုင္မယ့္ ေရာဂါမ်ိဳးမဟုတ္ဘဲ ဆက္လက္ တည္ရွိေနႏိုင္ေသးတာေၾကာင့္ ႏိုင္ငံတကာမွာသူတို႔ရဲ႕ တိုင္းရင္းေဆးနဲ႔ ကာကြယ္ကုသႏိုင္ဖို႔ ေဆာင္႐ြက္ေနၾကတဲ့ နည္းတူ ကြၽန္ေတာ္တို႔ျမန္မာ ႏိုင္ငံမွာလည္း ကာကြယ္ကုသႏိုင္မယ့္ တိုင္းရင္းေဆးဝါး မ်ားထုတ္လုပ္ ႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္လ်က္ရွိပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံအေနနဲ႔ ကိုဗစ္-၁၉ ေရာဂါကူးစက္ျပန႔္ပြားမႈကို ဆိုးဆိုး႐ြား႐ြား ေတြ႕ႀကဳံခံစားခဲ့ရေပမယ့္လည္း ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ကာကြယ္ကုသေရးမ်ားကို အေလးထားစီမံေဆာင္႐ြက္ခဲ့သလို တာဝန္ရွိသူမ်ားနဲ႔ တိုင္းရင္းသားျပည္သူတစ္ရပ္ လုံးကလည္း တက္ညီလက္ညီနဲ႔ အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ ပူးေပါင္းပါဝင္ခဲ့ ၾကလို႔ အခ်ိန္တိုအတြင္းမွာ ကူးစက္ျပန႔္ပြားမႈနဲ႔ ထိခိုက္မႈ အနည္းဆုံးျဖစ္ေအာင္ လုပ္ႏိုင္ခဲ့ၾကတဲ့အတြက္ တာဝန္ရွိသူမ်ားနဲ႔ တိုင္းရင္းသားျပည္သူမ်ားအားလုံးကို ေက်းဇူးတင္ေၾကာင္းကိုလည္း အခါအခြင့္သင့္တုန္းမွာ ေျပာၾကားလိုပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါကို ကာကြယ္ကုသႏိုင္မယ့္ တိုင္းရင္းေဆးဝါးမ်ား ထုတ္လုပ္ႏိုင္ေရးအတြက္ ကိုဗစ္-၁၉နဲ႔ အလားတူရာသီတုပ္ေကြးေရာဂါ မ်ားမွာ အသုံးျပဳႏိုင္မယ့္ မာဓဝနိဒါန္းေဆးက်မ္းလာ ေဆးခါးႀကီးပါဝင္တဲ့ ဝိသမအဖ်ားေပ်ာက္ ေဆးကို အရည္အေသြးဆိုင္ရာ ဓာတ္ခြဲစမ္းသပ္ စစ္ေဆးျခင္း၊ လူနာမ်ားမွာ အႏၲရာယ္ ကင္းရွင္းၿပီး ေဘးကင္းလုံၿခဳံမႈရွိဖို႔အတြက္ လတ္တေလာအဆိပ္အာနိသင္နဲ႔ ေရတို အဆိပ္ အာနိသင္ ရွိ/မရွိ တို႔ကို သိရွိႏိုင္ရန္ စမ္းသပ္ျခင္း၊ ေဆးရဲ႕ခံႏိုင္ရည္အားကို မိမိဆႏၵအေလ်ာက္ သုေတသနစမ္းသပ္မႈတြင္ ပါဝင္လိုတဲ့ က်န္းမာတဲ့ လူမ်ားအေပၚမွာ စမ္းသပ္ျခင္း၊ ဆက္လက္၍ ကိုဗစ္-၁၉ ေရာဂါအတည္ျပဳ သာမန္လကၡဏာ ရွိတဲ့ လူနာမ်ားေပၚမွာ စမ္းသပ္ျခင္း၊ သုေတသနအဆင့္ဆင့္တို႔ကို ျပဳလုပ္ၿပီး ေဆးဝါး ထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေနတာေၾကာင့္ တိုင္းရင္းေဆးပညာရွင္မ်ား အတြက္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ကုသျခင္း ဆိုင္ရာလမ္းၫႊန္မ်ား ခ်မွတ္ ေဆာင္႐ြက္လ်က္ရွိၾကတာကို အားရဖြယ္ရာ ေတြ႕ျမင္ရပါတယ္။ မိမိတို႔ရဲ႕ ေသြးရင္း သားရင္းမ်ားျဖစ္ၾကတဲ့ တိုင္းရင္းသား ညီအစ္ကို ေမာင္ႏွမေတြကို မိမိတို႔ရဲ႕ ျပည္တြင္း တိုင္းရင္းေဆးဝါးမ်ားနဲ႔ ထိထိေရာက္ေရာက္ ကာကြယ္ကုသႏိုင္ေရး ပိုမိုႀကိဳးစားၾကဖို႔ ကိုလည္း တိုက္တြန္းမွာၾကားလိုပါတယ္။

တက္ေရာက္လာၾကတဲ့ တာဝန္ရွိပုဂၢိဳလ္မ်ားနဲ႔ တိုင္းရင္းေဆးပညာရွင္ မ်ားခင္ဗ်ား

ျမန္မာ့တိုင္းရင္းေဆးသမားေတာ္မ်ားဟာ ေခတ္အဆက္ဆက္ တိုင္းရင္း ေဆးဝါးမ်ားကို အသုံးျပဳၿပီး ျပည္သူလူထုရဲ႕ က်န္းမာေရးကို ေစာင့္ေရွာက္ ေပးခဲ့ၾကတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ျမန္မာ့တိုင္းရင္းေဆး ပညာနဲ႔ ေဆးဝါးမ်ား ႏႈန္းမီစံကိုက္ဖြံ႕ၿဖိဳးတိုးတက္ၿပီး ႏိုင္ငံတကာကို ထိုးေဖာက္ႏိုင္မယ့္ အစြမ္းထက္ျမက္တဲ့ ျမန္မာ့တိုင္းရင္းေဆးစြမ္းေကာင္းေတြ၊ ကုသနည္း ကုထုံးမ်ားေပၚထြက္လာေစေရး တို႔အတြက္ ေဆးပစၥည္းမ်ား၏ စံခ်ိန္စံၫႊန္းမ်ားေရးဆြဲျခင္း၊ တိုင္းရင္းေဆးဝါးမ်ားအား သိပၸံနည္းက် သုေတသနျပဳျခင္းမ်ား ေဆာင္႐ြက္ရာမွာ ျမန္မာ့တိုင္းရင္းေဆးသမား ေတာ္မ်ားအားလုံးက စည္းလုံးညီၫြတ္စြာ ပူးေပါင္းပါဝင္ေဆာင္႐ြက္သြားၾကဖို႔ လိုအပ္ မည္ ျဖစ္ေၾကာင္းကိုလည္း မွာၾကားတိုက္တြန္းလိုပါတယ္။

သိမ္ေမြ႕နက္နဲတဲ့ ျမန္မာ့တိုင္းရင္းေဆးပညာရပ္မ်ား၊ ကုထုံးမ်ား၊ တန္ဖိုးမျဖတ္ ႏိုင္တဲ့ ေဆးက်မ္းမ်ားနဲ႔ အာနိသင္ထက္ျမက္တဲ့ ေဆးဝါးမ်ားရဲ႕ အႏွစ္သာရအဆီအႏွစ္ ေတြကို စုစည္းၿပီး အမ်ိဳးသားအေမြအႏွစ္ ေဆးပညာရပ္တစ္ရပ္အျဖစ္ ျဖစ္ထြန္း ရပ္တည္ေနေစဖို႔ စုေပါင္းစြမ္းအားနဲ႔ အားထုတ္ႀကိဳးပမ္းေဆာင္႐ြက္သြားၾကဖို႔ကိုလည္း ထပ္ေလာင္းမွာၾကား လိုပါတယ္။ ဒါ့အျပင္ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ႐ိုးရာအေမြအႏွစ္ ျဖစ္တဲ့ ျမန္မာ့တိုင္းရင္းေဆးပညာရပ္ကို အ႐ိုးေပၚအ႐ြက္မဖုံးေစဘဲ အမ်ိဳးသား ယဥ္ေက်းမႈတစ္ရပ္အေနနဲ႔ ထိန္းသိမ္းေစာင့္ေရွာက္သြားဖို႔လည္း လိုအပ္ေၾကာင္း ေျပာၾကားလိုပါတယ္။

ယေန႔အခ်ိန္အခါမွာ ျမန္မာ့တိုင္းရင္းေဆးပညာ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္က အထူးအားေပးေဆာင္႐ြက္လ်က္ရွိရာမွာ ျမန္မာ ႏိုင္ငံတိုင္းရင္းေဆး ေကာင္စီကို ဖြဲ႕စည္းေပးခဲ့ၿပီးျဖစ္လို႔ ေကာင္စီရဲ႕ မ်ားျပားႀကီးမားတဲ့ တာဝန္ေတြထဲက တိုင္းရင္းေဆးပညာရွင္မ်ားရဲ႕ ေဆးပညာက်င့္ဝတ္ ထိန္းသိမ္းျခင္းကိုလည္း အေလးထားေဆာင္႐ြက္ ေပးေစလိုေၾကာင္း မွာၾကားလိုပါတယ္။

အခုလို ျမန္မာ့တိုင္းရင္းေဆးသမားေတာ္မ်ားညီလာခံႏွင့္ တိုင္းရင္း ေဆးပညာ ႏွီးေႏွာဖလွယ္ပြဲမ်ား က်င္းပျပဳလုပ္ျခင္းဟာလည္း ျမန္မာ့တိုင္းရင္း ေဆးပညာ ဖြံ႕ၿဖိဳး တိုးတက္ေရးလုပ္ငန္းစဥ္မ်ားမွာ အေရးႀကီးတဲ့ အခန္းက႑တစ္ရပ္အေနနဲ႔ ပါဝင္လ်က္ ရွိပါတယ္။ ဒီလို ညီလာခံနဲ႔ ႏွီးေႏွာဖလွယ္ပြဲေတြ က်င္းပႏိုင္ျခင္းေၾကာင့္ က်န္းမာေရး ဝန္ႀကီးဌာန၊ တိုင္းရင္းေဆးပညာဦးစီးဌာန၊ တိုင္းရင္းေဆးတကၠသိုလ္၊ က်န္းမာေရး ဝန္ႀကီးဌာနနဲ႔ ႏွီးႏႊယ္ဆက္စပ္တဲ့ ဝန္ႀကီးဌာနေတြက ပညာရွင္ကိုယ္စားလွယ္မ်ား၊ ျမန္မာႏိုင္ငံ တိုင္းရင္းေဆးေကာင္စီ၊ ျမန္မာႏိုင္ငံ တိုင္းရင္းေဆးဆရာ အသင္းႀကီးနဲ႔ ျမန္မာႏိုင္ငံအႏွံ႔အျပားက တိုင္းရင္းေဆးသမားေတာ္ ကိုယ္စားလွယ္မ်ား၊ တိုင္းရင္း ေဆးပညာရပ္ဆိုင္ရာ အႀကံေပးအဖြဲ႕နဲ႔ ျမန္မာႏိုင္ငံတိုင္းရင္းေဆးဝါးထုတ္လုပ္သူမ်ားနဲ႔ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္းစတဲ့ သက္ဆိုင္ရာဌာနအဖြဲ႕အစည္းမ်ားက က႑ ေပါင္းစုံက ကိုယ္စားလွယ္ေတာ္ႀကီးမ်ား ဆုံစည္းေဆြးေႏြးဖလွယ္ခြင့္ ရရွိႏိုင္ၾကတာ ျဖစ္လို႔ အထူးပဲအက်ိဳးျဖစ္ထြန္းေစမယ္လို႔ ယုံၾကည္မိပါတယ္။

ယခု (၂၁)ႀကိမ္ေျမာက္၊ ျမန္မာ့တိုင္းရင္းေဆးသမားေတာ္မ်ား ညီလာခံႏွင့္ ျမန္မာ့တိုင္းရင္းေဆးပညာႏွီးေႏွာဖလွယ္ပြဲမွာ ကိုယ္စားလွယ္ေတာ္ႀကီးမ်ားအေနနဲ႔ ခ်စ္ခင္ရင္းႏွီး၊ စည္းစည္းလုံးလုံး ညီညီၫြတ္ၫြတ္ ပြင့္ပြင့္လင္းလင္းေဆြးေႏြး တိုင္ပင္ ႏွီးေႏွာၾကၿပီး ႏိုင္ငံႏွင့္ ျပည္သူအတြက္ ျမန္မာ့တိုင္းရင္းေဆးပညာေလာက ဖြံ႕ၿဖိဳး တိုးတက္ေရး ေဆာင္႐ြက္ႏိုင္ၾကပါေစ၊ ျပည္သူ႔က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္း မ်ားမွာ တိုင္းရင္းေဆးပညာနဲ႔ ပိုမိုတိုးျမႇင့္ေစာင့္ေရွာက္ႏိုင္ၾကေရးအတြက္ ပူးေပါင္း ႀကံေဆာင္၍ အဆိုျပဳခ်က္မ်ား တင္သြင္းျခင္း၊ ဝိုင္းဝန္းေဆြးေႏြးအႀကံျပဳျခင္းတို႔ျဖင့္ အက်ိဳးရွိေကာင္းမြန္တဲ့ ရလဒ္မ်ား ရရွိႏိုင္ၾကပါေစေၾကာင္း ဆုမြန္ေတာင္း ေမတၱာပို႔သ လ်က္ နိဂုံးခ်ဳပ္အပ္ပါတယ္။

အားလုံးကိုေက်းဇူးတင္ပါတယ္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။