ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၃) ကျင်းပ

နေပြည်တော်၊ ဇူလိုင် – ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၃)ကို ဇူလိုင် ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူး ဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာဝန်ယူခဲ့သည့် ၆ လတာကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြရာတွင် ထပ်မံသက်တမ်းတိုးထားသည့် ကာလအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်စေရန် ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီ ၄ ရက်တွင် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို လတ်တလော အခြေအနေများနှင့် ကိုက်ညီသည့်လုပ်ငန်းစဉ်၊ ဦးတည်ချက်များအဖြစ် ပြင်ဆင်ချမှတ် ခြင်း၊ ထပ်မံဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခင်ချမှတ်ထားသည့် ရှေ့ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် အပြင် နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ဖြစ်သော တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း။

ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ပထမဆုံးအချက်ကို “ပြည်သူတို့၏ လူမှု စီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်”ဟုချမှတ်ထားပါကြောင်း၊ လက်ရှိကာလတွင် CRPH ၊ NUG နှင့် PDF အပါအဝင် အချို့ EAO အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုမျိုးစုံကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း လိုအပ်သည့်စစ်ဆင်ရေး လုပ်ငန်းများဆောင်ရွက်ပြီး အခြားနယ်မြေများတွင်လည်း နယ်မြေတည်ငြိမ်အေးချမ်း ပြီး တရားဥပဒေစိုးမိုးမှုရရှိစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင် ကထက် အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းလာသည်ဆိုသော်လည်း NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လှုံ့ဆော်မှု၊ အချို့သောအကြမ်းဖက်မှု အားပေး ပြည်ပဝင်ရောက်စွက်ဖက်မှု၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် အချို့ သော EAO များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ရှိနေဆဲပင်ဖြစ် ပါကြောင်း၊ အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရဟန်းသံဃာနှင့် သီလရှင် ၄ ပါး၊ အပြစ်မဲ့ပြည်သူများသေဆုံးမှု ၇၇၂ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၂၈ ဦး သေဆုံးခဲ့ရပါ ကြောင်း၊ ထို့ပြင် အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ကျန်းမာရေးဆိုင်ရာအဆောက်အဦ ၁ လုံး၊ ဘာသာရေးဆိုင်ရာအဆောက်အဦ ၁၁ လုံး၊ လူနေအဆောက်အဦ ၇၆ လုံး၊ လမ်း တံတားနှင့် တိုးဂိတ်အဆောက်အဦ စုစုပေါင်း ၉၄ ခု၊ လျှပ်စစ်နှင့်ဆက်သွယ်ရေး တာဝါတိုင် ၂၆ ခုအပါအဝင် အခြားအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပညာရည်မြင့်မား မှုရှိနေရန်အတွက် အလွန်အရေးကြီးပြီး ပညာရည်ပြည့်ဝနေစေရန် အတန်းပညာ တတ်မြောက်ရန်၊ တတ်မြောက်ထားသည့် အတန်းပညာနှင့်အညီ အတတ်ပညာ တတ်မြောက်ရန်၊ အသိပညာမြင့်မားစေရန်တို့ကို ရည်ရွယ်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် မြန်မာနိုင်ငံ၏ပညာရေး နိမ့်ပါးကျဆင်း လာစေရန် ဦးတည်လုပ်ဆောင်လျက် ရှိနေသည်ကိုတွေ့ရပါကြောင်း၊ အကြမ်းဖက် သမားများ၏ ပညာရေးကဏ္ဍအပေါ် အကြမ်းဖက်လုပ်ဆောင်ခဲ့မှု အချို့ကိုလည်း ထည့်သွင်းဆွေးနွေးလိုပါကြောင်း။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းမတက်စေရေး ခြိမ်းခြောက်စာ များကပ်ခြင်း၊ အွန်လိုင်းမှခြိမ်းခြောက်ခြင်း၊ တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း စသည်များကို ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်းတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌ရှိသည့် ကျေးရွာ ၆ ရွာမှ အခြေခံပညာကျောင်းအသီးသီးတွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသား ၂၁ ဦးနှင့် ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၃၁ ဦးကို PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက် တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ စခန်းကြီးရွာ၌ ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များအားရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း ဆောင်ရွက်ခဲ့သည့်အတွက် ကျောင်းသား၊ ကျောင်းသူ ၆၂ ဦး ထွက်ပြေးခဲ့ပါကြောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် အသက်(၁၁)နှစ် အရွယ် ကလေးငယ်တစ်ဦး၊ ဆရာ၊ ဆရာမ(၅)ဦးတို့ကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါကြောင်း။

ထို့ပြင် အကြမ်းဖက်သမားများသည် စာသင်ကျောင်းများကို အဝေးမှ လက်နက် ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb ဖြင့် တိုက်ခိုက်ခြင်း စသည်များကိုလည်း ကျူးလွန်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ သုနန္ဒာရာမဘုန်းတော်ကြီးကျောင်း အတွင်း အတန်းဆုံးစာမေးပွဲ ဖြေကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ပညာသင်ကြားနေသည့် ကိုရင်(၁)ပါးနှင့် ကျောင်းသား(၂)ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါကြောင်း။

ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ အခြေခံ ပညာအထက်တန်းကျောင်း (အရာတော်)တွင် စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မော်တော်ယာဉ်ကို အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်ခဲ့ သည့်အတွက် အပြစ်မဲ့ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါကြောင်း၊ ဖြစ်စဉ်များကိုကြည့် ပါက လက်နက်ကိုင်အကြမ်းဖက်မှုကို ကျူးလွန်ရုံသာမက ကျောင်းနေအရွယ်ကလေး များ၏ ပညာသင်ယူခွင့်ကိုသာမကဘဲ နိုင်ငံတော်၏ ပညာရည်နိမ့်ပါး ကျဆင်းလာ အောင် ရည်ရွယ်လုပ်ဆောင်မှုများကို မြင်တွေ့နိုင်မည်ပင် ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစပြီး ဇူလိုင် ၃၀ ရက်အထိ အကြမ်းဖက်သမားများ၏ ပစ်ခတ် တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ပညာရေးဝန်ထမ်း ၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အဆောက်အဦ ၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း။

အကြမ်းဖက်သမားများ၏ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက် အဦများကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများကိုလည်း ထည့်သွင်းဆွေးနွေးလိုပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် KNPP နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ရန်ကုန်-နေပြည်တော်-လွိုင်ကော် ခရီးစဉ်ပြေးဆွဲနေသည့် မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA) မှ ခရီးသည်တင်လေယာဉ်ကို လွိုင်ကော်လေဆိပ် အဆင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီး ကားလမ်းပေါ်မှာ တည်ဆောက်ထားသည့် စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း)ကို မိုင်းထောင် ဖောက်ခွဲခဲ့ပါကြောင်း၊ ထို့ပြင် ဇွန် ၂၉ ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ ကျုံအိတ်တံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ပါ ကြောင်း၊ ဖြစ်စဉ်ကို သွားရောက်စစ်ဆေးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ တံတားပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်သားများကို ပစ်ခတ်တိုက်ခိုက်ခြင်း စသည်များကို လုပ်ဆောင်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့၊ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့ ပြည်သူများ သေကြေဒဏ်ရာရရှိမှုဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ပါကြောင်း၊ ထို့ပြင် ဇူလိုင် ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျောက်တံခါး ဘူတာနှင့် ပဲနွယ်ကုန်းဘူတာအကြား မိုင်တိုင်အမှတ် (၁၀၉/၂၀ -၂၁) အနီးရှိ ရထား သံလမ်းကို ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ရထားခရီးစဉ်များ ကိုဖျက်သိမ်း ပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ဘူတာနှင့် စဉ့်ကိုင်ဘူတာ ကြား ရထားလမ်းပိုင်းပေါ်ရှိ ရထားသံလမ်းဆက်ပြားများနှင့် သံလမ်း ဆက်မူလီများကို အကြမ်းဖက်အဖျက်သမားများက ဖြုတ်ယူဖျက်ဆီးခဲ့ခြင်းကြောင့် ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ပါကြောင်း၊ ခရီးသွားပြည်သူလူထု အသက်ဆုံးရှုံး ထိခိုက် ဒဏ်ရာရရှိစေရေး အသိဉာဏ်မဲ့စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ မတ် ၉ ရက်တွင် ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့ပိုက် လိုင်းကို PDF အမည်ခံအကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့မှု တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်တွင် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်အနီးရှိ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့မှု တစ်ကြိမ်ဖြစ်ပွားခဲ့ပါကြောင်း၊ အကြမ်းဖက်သမားများသည် အများပြည်သူ၏ ကူးသန်းရောင်းဝယ်မှုနှင့် နေ့စဉ်လူမှု ဘဝအတွက် အသုံးပြုနေရသည့် လမ်းတံတားများနှင့် ရထားလမ်းဖောက်ခွဲဖျက်ဆီးမှု စုစုပေါင်း ၉၄ ကြိမ် လုပ်ဆောင်ခဲ့ပါကြောင်း၊ ထိုသို့လုပ်ဆောင်မှုများသည် အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူတစ်ရပ်လုံးအပေါ်အကြမ်း ဖက်မှုကျူးလွန်ခြင်းပင် ဖြစ်ပါကြောင်း၊ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ် ရပ်များအပေါ် ပြည်သူလူထုအနေဖြင့် စိုးရိမ်ထိတ်လန့်ပူပန်မှုများ၊ ရွံရှာစက်ဆုပ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မိမိတို့၏ လူမှုစီးပွားဘဝထိခိုက်လာမှုကို မလိုလားသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီးလျှို့ဝှက်စွာပူးပေါင်း၊ သတင်းပေးပို့မှုများကြောင့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရရှိမှု ပိုမိုများပြားလာပြီး လက်လုပ် သေနတ်များအပါအဝင် လက်နက်မျိုးစုံ ၁,၀၈၈ လက်၊ ကျည်မျိုးစုံ ၇၇,၅၇၉ တောင့်၊ ခဲယမ်းမျိုးစုံ ၂,၆၆၀ လုံး သိမ်းဆည်းရမိခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့အထိ လက်နက်မျိုးစုံ ၁၈,၇၉၂ လက်၊ ကျည်မျိုးစုံ ၁,၄၂၃,၂၂၄ တောင့်၊ ခဲယမ်းမျိုးစုံ ၄၅,၈၆၅ လုံး သိမ်းဆည်းရမိခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင့် ပြည်သူတို့၏လူမှု စီးပွားဘဝ လုံခြုံမှုကို ပြည်ထောင်စုတစ်ဝန်းလုံး ရရှိခံစား နိုင်စေရန်၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ဟန်ချက်ညီရရှိနိုင်စေရန် အတွက် လိုအပ်သည့်နယ်မြေများအလိုက် စစ်ဆင်ရေးနယ်မြေများ သတ်မှတ်ခြင်း၊ စစ်အုပ်ချုပ်ရေးနယ်မြေများ ကြေညာခြင်း စသည်များကို တည်ဆဲတရားဥပဒေများနှင့် အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတင်ပြခဲ့သည့် အကြမ်းဖက်လုပ်ရပ်များ ကြောင့် အပြစ်မဲ့ပြည်သူများ၊ ဝန်ထမ်းများသေကြေမှုသည် ပြည်သူကိုအညှာအတာ ကင်းမဲ့စွာ၊ လူသားမပီသစွာ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်ခြင်းဖြစ် သကဲ့သို့ ဖျက်ဆီးမှုများသည်လည်း တိုင်းပြည်၏ ဖွံ့ဖြိုးမှုနှင့်လူမှုစီးပွား ပျက်စီးအောင် ဆောင်ရွက်မှုများဖြစ်သဖြင့် ဆုံးရှုံးမှုသာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်ဆင့်ကုန်ကြမှုများ ဖြစ်ပေါ်စေခဲ့ ပါကြောင်း၊ ဆိုးဝါးသော တိုင်းပြည်ဖျက်လုပ်ငန်း များဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန်လည်းလို ပါ ကြောင်း၊ လိုအပ်သည့် စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးကိစ္စများကို ထိထိ ရောက်ရောက် ဆက်လက်လုပ်ဆောင်ပြီး ရှေ့လုပ်ငန်းစဉ်အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရဦးမည် ဖြစ်ပါကြောင်း။

ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် ဒုတိယအချက်ဖြစ်သည့်“တိုင်းပြည် သာယာဝပြော ရေးနှင့်စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်” ဆိုသည့်အချက်နှင့် ပတ်သက်ပြီး ဆောင်ရွက်ချက်များကို ဆက်လက်ဆွေးနွေးလိုပါကြောင်း၊ နိုင်ငံတစ်ခု တွင် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့၏ အခြေခံအကျဆုံးအချက်မှာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏စီးပွား ရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် ပြည်ပမှတင်သွင်းမှုများကို အတတ်နိုင်ဆုံး လျှော့ချပြီး ပြည်တွင်း ထုတ်လုပ်မှုလုပ်ငန်းများ စွမ်းအားပြည့် လည်ပတ်နိုင်ရန် အရေးကြီးပါကြောင်း၊ ထုတ် ကုန်နှင့်ပတ်သက်ပြီး စိုက်ပျိုးရေးထုတ်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များကို သမားရိုး ကျပုံစံမှ ခေတ်မီနည်းစနစ်များနှင့် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအလိုက် သွင်းအားစုများကို ထိထိရောက်ရောက် အသုံးပြုပြီး ဒေသအလိုက် အလားအလာကောင်းသည့် သီးနှံများ စိုက်ပျိုးနိုင်ရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုး နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးနှင့် အရည်အသွေးကောင်းမွန် ရေးတို့ကိုလည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုတိုးတက်မှ ပြည်တွင်း စားရေရိက္ခာ လိုအပ်ချက်များကို ဖူလုံအောင်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး လူတစ်ဦး ချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှ တိုင်းပြည်သာယာဝပြောမှုအထိ ဖြစ်တည် လာမည် ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရအနေဖြင့် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်ခုတွင် စီးပွားရေးမောင်းနှင် အား၊ နိုင်ငံရေးမောင်းနှင်အားနှင့်ကာကွယ်ရေးမောင်းနှင်အား ကောင်းမွန်နေရန် လိုပါ ကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံရေးနှင့် ကာကွယ်ရေးစွမ်းအားများသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး အင်အားကောင်း သည့် နိုင်ငံတစ်ခုဖြစ်လာမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက်သေချာခိုင်မာသည့် စီးပွားရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပင် ဖြစ်ပါ ကြောင်း၊ အဆိုပါစိုက်ပျိုး မွေးမြူရေး လုပ်ငန်းကို အခြေခံသည့် MSME စက်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အဆိုပါစီးပွားရေးလုပ်ငန်း များသည် ပြည်သူတစ်ရပ်လုံးအတွက် အကျုံးဝင်သည့်လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျပြီး အချိန်တိုအတွင်း အကျိုးဖြစ်ထွန်း နိုင်သည့်အတွက် အားပေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအပါ အဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌတို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ဒေသ ၂၆ ခုတွင်ရှိ သည့် MSME လုပ်ငန်းရှင်များနှင့် ၂၆ ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး တင်ပြချက် ၂၃၀ ကျော်ကိုလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်ကိုထည့်သွင်းပြောကြား လိုပါကြောင်း။

မိမိတို့ အစိုးရအနေဖြင့် လယ်ယာစီးပွားမြှင့်တင်ရေးနှင့် ပြည်နယ်နှင့် တိုင်း ဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေးမြှင့်တင်ရေးဆိုပြီး နှစ်မျိုးခွဲမြှင့် တင်ရန် စဉ်းစားဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေးဖွံ့ဖြိုတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန် စီမံဆောင်ရွက်ခဲ့ ပါကြောင်း၊ ထို့ပြင်အနာဂတ် MSME လုပ်ငန်းများတွင် ပိုမိုတိုးတက်လာစေရန် အတွက်ရည်ရွယ်ပြီး‌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ ၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်းကို ဖွင့်လှစ်ပေးပြီးဖြစ်သကဲ့သို့ လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျန်ခရိုင် ၇၅ ခုတွင် ကျောင်းများ ဆက်လက် ဖွင့်လှစ်သွားရန် စီမံဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် စီးပွားရေးအရ ဘက်စုံတိုးတက်မှုများ ရရှိလာစေရေးအတွက် ဦးတည်ချက်၊ ရည်မှန်းချက်များကိုချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အတွက် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကျဆင်းခဲ့သည့် စီးပွားရေးအခြေအနေမှ ရုန်းထွက် လာနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် GDP တိုးတက်မှု ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် GDP ၄ ရာခိုင်နှုန်း ခန့်အထိ တိုးတက်မည်ဟု မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မျှော်မှန်းထားသည့် အတိုင်း ဘဏ္ဍာရေး တိုးတက်မှုရှိစေရန်အတွက် မိမိတို့အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း။

ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် တတိယအချက်ဖြစ်သည့် “စစ်မှန် စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်” ဆိုသည့်အချက်နှင့်ပတ်သက်ပြီး ဆောင်ရွက်မှုများကို ပြောကြား လိုပါကြောင်း၊ မိမိတို့သည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ပါတီစုံ ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းနေခြင်းဖြစ်ပြီး တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိပါကြောင်း၊ တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပါတီစုံဒီမိုကရေစီစနစ်တို့ကို ယိမ်းယိုင် ပျက်စီး အောင်ပြုလုပ်လာသော မည်သည့်အပြုအမူမျိုးကိုမဆို ဥပဒေနှင့်အညီ ကာကွယ် တားဆီးသွားရမည်ပင် ဖြစ်ပါကြောင်း။

ဖြတ်သန်းခဲ့ရသည့်သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်သွားရ မည်ဖြစ်ခြင်းကြောင့် လွှတ်တော်လမ်းကြောင်းကို မဖြစ်မနေသွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံရေးပါတီများ ပြင်ဆင်ဖွဲ့စည်းရန် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ အားကောင်း‌စေရေး ပြည်သူလူထုနှင့် ဒေသကိုကိုယ်စားပြုသည့်၊ ခိုင်မာသည့် နိုင်ငံရေး ပါတီများ ပေါ်ထွန်းလာစေရေးအတွက် ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်တည်ဆဲ နိုင်ငံရေးပါတီ ၉၀ အနက်မှ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်ကို ပါတီ ၅၀ က လာရောက်လျှောက်ထားခဲ့ပြီး ကျန်ပါတီ ၄၀ မှာ သတ်မှတ်ကာလအတွင်း လာရောက် လျှောက်ထားခြင်းမရှိပါကြောင်း၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ယနေ့အထိ နိုင်ငံရေးပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားလာသည့်ပါတီ ၁၃ ပါတီရှိပါကြောင်း၊ ၂၇-၇-၂၀၂၃ ရက်နေ့ထိ ယခင်ပါတီဟောင်း ၅၀ အနက်မှ နိုင်ငံရေး ပါတီ ၃၀ ပါတီနှင့် နိုင်ငံရေးပါတီအသစ် လျှောက်ထားသည့် ၁၃ ပါတီ အနက်မှ နိုင်ငံရေးပါတီ ၅ ပါတီ၊ စုစုပေါင်း ၃၅ ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီသစ်တစ်ရပ် တည်ထောင်လိုသူများအနေဖြင့် ပါတီတည်ထောင်ခွင့်ကို နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ ဆက်လက် လျှောက်ထားနိုင် သည်ကို ပြောကြားလိုပါကြောင်း၊ တည်ဆဲဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ခွင့်ရရှိခဲ့သည့်ပါတီများ၊ ပါတီသစ်အဖြစ် ပေါ်ထွက်လာသည့်ပါတီများမှာ ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ ကျန်ရှိနေသေးပါကြောင်း၊ ပါတီဟောင်းများအနေဖြင့် ပါတီဝင်အသစ်များ ပါရှိလာသည်ရှိသကဲ့သို့ ပါတီသစ်များအနေဖြင့်လည်း ပါတီများ ခိုင်မာတည်တံ့ရေးအပါအဝင် ပါတီ၏မူဝါဒများကို ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပါတီဝင်များရရှိရေး၊ ထောက်ခံမှု တိုးတက်လာစေရေး စသည်များအတွက် စည်းရုံးလှုံ့ဆော်ခြင်းများကို ဆောင်ရွက် သွားရဦးမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းလွတ်လပ်မှု၊ ခြိမ်းခြောက် အကြပ်ကိုင်မှုများမရှိဘဲ အကြောက်တရားကင်းစွာဖြင့် စည်းရုံးရေး ဆောင်ရွက်နိုင်မှု စသည့်အခင်းအကျင်းများ ဖြစ်ပေါ်လာစေရန် မိမိတို့အစိုးရအနေ ဖြင့် ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့အခင်းအကျင်းနှင့် ပါတီများ၏ လိုအပ်သည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် အတွက် အစိုးရအနေဖြင့် အချိန်ကာလတစ်ခုအထိ လိုအပ်နေဦးမည်လည်း ဖြစ်ပါ ကြောင်း။

စတုတ္ထလုပ်ငန်းစဉ်ဖြစ်သည့် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ပါ သဘောတူ ညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်။” ဆိုသည့် အချက်နှင့်ပတ်သက်ပြီး ဆောင်ရွက်မှုများကို ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်နှင့် လျှောက်လှမ်းနိုင်ရန်အတွက် တည်ငြိမ်အေးငြိမ်းချမ်းမှုရှိရန်၊ တရားဥပဒေစိုးမိုးရန်သည် မဖြစ်မနေလိုအပ်ပါကြောင်း။

မိမိတို့နိုင်ငံတွင်နေထိုင်သည့် တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ဆန္ဒနှင့် လိုလားချက်များကို လက်နက်ကိုင်တောင်းဆိုနေ၍မရဘဲ ဒီမိုကရေစီစံနှုန်းနှင့်အညီ ပေါင်းစပ်ညှိနှိုင်းပြီး ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်ထဲကို တိုင်းရင်းသားကိုယ်စားလှယ် များ စုံစုံညီညီရောက်ရှိပြီး လိုလားချက်များ၊ ရည်မှန်းချက်များကို လွှတ်တော်အသီးသီး တွင် ပွင့်လင်းမြင်သာစွာ ဆွေးနွေး၊ ဆုံးဖြတ်၊ အကောင်အထည်ဖော်နိုင်ရန် အရေးကြီး ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များကိုလက်နက်ကိုင်လမ်းကြောင်း မှ နိုင်ငံရေးစင်မြင့်ပေါ် တက်ရောက်လာနိုင်ရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို အလေးထားအကောင်အထည်‌ဖော်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA)သည် အစိုးရနှင့် EAO များအကြား၊ နိုင်ငံတကာအဖွဲ့အစည်းများအကြား ထားရှိခဲ့သည့် ကတိကဝတ်များပင်ဖြစ်ပါကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၂၇ ရက်အထိ NCA လက်မှတ် ရေးထိုးထားသည့်အဖွဲ့(၇)ဖွဲ့၊ လက်မှတ် ရေးထိုးထားခြင်းမရှိသည့်အဖွဲ့(၃)ဖွဲ့တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း (၂၂) ကြိမ်ပြု လုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များအနက် လက်နက် ကိုင်အဖွဲ့(၃)ဖွဲ့သည် အကြောင်းပြချက်အချို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ဆွေးနွေးမှု မရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းအဖွဲ့များအနေဖြင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးကို အချိန်မရွေး နှောင့်ယှက်ဖျက်ဆီးမှုများ ဆောင်ရွက်လာနိုင်သည်ကိုလည်း သတိပြုမိစေလိုပါကြောင်း၊ ယခုလည်း ၎င်းအဖွဲ့ များသည် အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်နေကြပါကြောင်း။

ငြိမ်းချမ်းရေးဆွေးနွေးမှုတိုင်းတွင် တက်ရောက်ဆွေးနွေးခဲ့သည့် အဖွဲ့တိုင်း၏ လိုလားချက်၊ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကိုလည်း စနစ်တကျစုစည်းထားရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရှိန်မပျက် ဆောင်ရွက်နိုင်ရန်စီစဉ်ထားရှိပါကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် ဆွေးနွေးဆောင်ရွက်သွားရမယ့် ကိစ္စရပ်များလည်း အများ အပြားကျန်ရှိနေပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလို သော စိတ်ဆန္ဒရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးရန် အစဉ်အမြဲတံခါးဖွင့်ထားပါကြောင်းကိုလည်း ထည့်သွင်းပြောကြား လိုပါ ကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ် နောက်ဆုံး အချက်ကို “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်” ဟု ချမှတ်ထားပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ပါတီစုံဒီမိုကရေစီ စနစ် စတင်ကျင့်သုံးသည့် ကာလကစပြီး အထွေထွေရွေးကောက်ပွဲ(၃)ကြိမ်ကို ကျင်းပ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၃၀ မြို့နယ်ရှိပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ်ကို ရွေးကောက်ပွဲကျင်းပ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် အငြင်းပွားမှု အနည်းငယ်မျှသာဖြစ်ပေါ်ခဲ့ပြီး ၎င်းကာလများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်များ အနေဖြင့် ကြေလည်အောင် ဖြေရှင်းဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း။

မိမိတို့ မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ရှိသည့် မြို့နယ် ၃၁၅ မြို့နယ်၌ မဲရုံ ပေါင်း ၃၉,၉၆၃ ရုံဖွင့်လှစ်ပြီး ပြုလုပ်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့ နယ်များ ကျဆင်း လာပြီး ပြည်သူ့ဆန္ဒဖော်ထုတ်နိုင်မှု လျော့နည်းသွားသည်ကို သတိ ပြုဖွယ်တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ၎င်းကာလတွင်တာဝန်ယူထားသည့် အစိုးရအနေ ဖြင့် လုံခြုံရေးဆိုင်ရာအကြောင်းပြချက်ဖြင့် မြို့နယ် ၁၅ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မှုမရှိကြောင်း ကြေညာခဲ့သည့်အပေါ် အဆိုပါဒေသများတွင်ရှိသည့် တိုင်းရင်း သားပါတီများမှ ဝေဖန်ထောက်ပြမှုများ အများအပြားဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲအတွက် အဓိကအကျဆုံးဖြစ်သည့် ဆန္ဒမဲပေးနိုင်သည့် လူဦးရေစာရင်း ထုတ်ပြန်ရာတွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦး(၃၈.၂ သန်းကျော်)ဖြစ်ပြီး အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်း အရ ၃၁,၇၇၅,၃၃၀ ဦး(၃၁.၇သန်းကျော်) ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ထုတ်ပြန်သည့်စာရင်းအရ ၃၅,၄၇၆,၈၃၃ ဦး (၃၅.၄သန်းကျော်) ဖြစ်သည့် အတွက် ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်သည့်စာရင်းသည် အလုပ်သမား၊ လူဝင် မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းထက် ၆.၅ သန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းထက် ၂.၈ သန်း စသည်ဖြင့် မဲစာရင်းကို ရည်ရွယ်ချက်ရှိရှိ စာရင်းပိုပြထားသည်ကို သတိပြုမိနိုင် ပါကြောင်း။

ဆန္ဒမဲပေးအပ်ချိန်တွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန် ကြေညာချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦး (၃၈.၂သန်းကျော်)အနက် ၂၇,၅၁၂,၈၅၅ ဦး (၂၇.၅သန်းကျော်) ရာခိုင်နှုန်းအားဖြင့် ၇၁.၈၉ ရာခိုင်နှုန်းက မဲပေးခဲ့ကြကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခဲ့ရာ၌ မဲမသမာမှု ဖြစ် ပွားခဲ့သည့် မဲအရေအတွက် ၁၁ ဒသမ ၃ သန်းကျော်ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ခိုင်လုံ သည့် မဲအရေအတွက်သည် ၁၆ ဒသမ ၂ သန်းခန့်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူအရေအတွက် နှင့် တွက်ကြည့်ပါက ခိုင်မာသည့်မဲသည် ၄၂ ရာခိုင်နှုန်းခန့်သာရှိသည်ဟု ယူဆနိုင်ပါ ကြောင်း။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်ပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ တိုင်ကြားချက်များ၊ ထုတ်ဖော်ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သကဲ့သို့ တရားမျှတမှုကို လိုလားသည့် ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရလည်းကောင်း၊ နိုင်ငံ၏နိုင်ငံရေး သမိုင်းစဉ် ဖြတ်သန်းမှုအရ စိစစ်ပေးရန်၊ သတိပေးရန်၊ အသိပေးရန်လိုအပ်သည့် အဖွဲ့ အစည်းသည် တပ်မတော်ပင်ဖြစ်သည့်အတွက်လည်းကောင်း လိုအပ်သည့် စစ်ဆေးမှု များကိုဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် မဲစာရင်းများ အရ မဲမသမာမှုဖြစ်နိုင်သည့်စာရင်းသည် ၁၀,၄၈၂,၁၁၆ ဦး(၁၀.၄ သန်းကျော်)ဖြစ် သည့်အတွက် မဲပေးပိုင်ခွင့်ရှိသူ ပမာဏ၏ ၄ ပုံ ၁ ပုံ ကျော် ဖြစ်ပေါ်ခဲ့သည်ကို အံ့ဩ ဖွယ်ရာ တွေ့ရှိရပါကြောင်း၊ စိစစ်တွေ့ရှိသည့် အချက်အလက်များကို ဖြေရှင်းဆောင် ရွက်ပေးရန် UEC၊ တည်ဆဲအစိုးရ၊ လွှတ်တော်နှင့် ပြည်ထောင်စုတရား လွှတ်တော် ချုပ်တို့ကို တိုက်တွန်းဆောင်ရွက်ခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ ကြောင်း၊ ထိုကဲ့သို့ လုံးဝဖြေရှင်းပေးမှုမရှိခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ပါ ကြောင်း၊ ယင်းနောက် အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ မဲစာရင်းများကို လိုအပ်သည့်စစ်ဆေးမှု များ ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသစ်၏ မဲစာရင်းစစ်ဆေးမှုများအရ မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲစာရင်းအရေအတွက် ၁၁,၃၀၅,၃၉၀ ဦး( ၁၁.၃ သန်းကျော်) ဖြစ်ပွားခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ရပါ ကြောင်း၊ မဲမသမာမှုဖြစ်ပွားအောင် စီစဉ်ဆောင်ရွက်ခဲ့သည့် ယခင် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကိုလည်း ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအလိုက် ထိုက်သင့်သည့် အရေးယူမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း။

ယခုကဲ့သို့ မဲမသမာမှုဖြစ်စဉ် ဖြစ်ပွားခဲ့ရခြင်း အကြောင်းအရင်းများကို ပြန် လေ့လာကြည့်ပါက နိုင်ငံတော်၏အာဏာကို မသမာသည့်နည်းလမ်းဖြင့် ရယူရန် ကြိုးစားခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သကဲ့သို့ မဲစာရင်းများ တိကျခိုင်မာမှုမရှိခြင်းကို လည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်း တိကျခိုင်မာမှုရှိရေးသည် အဓိကအချက်ပင် ဖြစ်ပါကြောင်း၊ ခိုင်မာတိကျသည့်မဲစာရင်း ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံအတွင်းတွင်ရှိသည့် ဆန္ဒမဲပေးခွင့်ရှိသူ၊ ဆန္ဒမဲပေးခွင့် မရှိသူ၊ ဆန္ဒမဲပေးအပ်နိုင်သူ၊ ဆန္ဒမဲပေးအပ်နိုင်ခြင်းမရှိသူ စသည်တို့ကို အသေးစိတ် စာရင်း ရရှိနေရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် နောက်ဆုံးအကြိမ် ကောက်ယူခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင်လည်း ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ကောက်ခံခဲ့ပြီး ကြားဖြတ်သန်းခေါင်စာရင်း အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းနှင့် ကြားဖြတ်အစီရင်ခံစာပါ စာရင်းများကို အခြေပြုသည့် မဲဆန္ဒစာရင်းကို ထုတ်ပြန်ခဲ့ပါက ယခုလောက် မဲစာရင်း ကွာခြားမှုမဖြစ်နိုင်သည်ကို သုံးသပ်ရရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းပါ အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦး ရေ တိုးတက်မှုနှုန်းသည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် စာရင်းတွေအရ တစ်နှစ်လျှင် ၀.၈၈ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်စာရင်းအရ တစ်နှစ်လျှင် ၀.၈၇ ရာခိုင်နှုန်းမျှသာ ရှိပါ ကြောင်း၊ အဆိုပါလူဦးရေတိုးတက်မှုနှုန်းထားကိုသာ အလေးထား ဆောင်ရွက်ပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ခဲ့သောမဲပေးပိုင်ခွင့်ရှိသည့် အင်အား သည် ယခုအတိုင်းအတာအထိဖောင်းပွလာရန် မရှိသည်ကိုလည်း သုံးသပ်နိုင်မည် ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သန်းခေါင်စာရင်း ကောက်ယူမှု မရှိသေးသည်ကို အခွင့်ကောင်းယူပြီး မဲမသမာမှု လုပ်ဆောင်သွားသည်ဟုလည်း သုံးသပ်ရရှိပါကြောင်း။

မိမိတို့အစိုးရအဖွဲ့သည် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံ့တာဝန်ကိုရယူ ခဲ့ရသည့် အစိုးရဖြစ်သည့်အတွက် မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ပေးရမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှု ရှိစေရေးသည် အဓိကအကျဆုံးဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း အကြားအလပ်မရှိသည့် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး နှင့် မဲစာရင်း မှန်ကန်တိကျမှုရှိစေရေးကို ရည်မှန်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် အဓိကအကျဆုံးဖြစ်သည့် မဲစာရင်း များ မှန်ကန်တိကျမှုရှိစေရေးအတွက် သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်တိုင်းပြည်လုံး လွှမ်းခြုံနိုင် သည့် သန်းခေါင်စာရင်း ကောက်ယူမှုအောင်မြင်မှသာ ခိုင်မာသည့်မဲဆန္ဒရှင်စာရင်းကို ရရှိနိုင်မည် ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်နေချိန်တွင် လက်နက်ကိုင် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုများကြောင့် လုပ်ငန်းဆောင်ရွက်မှုတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်းကိုလည်း အသိပေး ပြောကြားလိုပါကြောင်း၊ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းပြီး ရွေးကောက်ပွဲအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီးချိန်တွင် တစ်နိုင်ငံလုံး အတိုင်း အတာနှင့် အကြားအလပ်မရှိ ရွေးကောက်ပွဲကိုကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက် သွားရမည်ပင်ဖြစ်ပါကြောင်း။

အထွေထွေအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ၊ စစ်တွေ မြို့ကို တစ်နာရီ မိုင် ၁၃၀ ကျော်ဖြင့် အလွန့်အလွန် အားကောင်းသော မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပါကြောင်း၊ မိုခါမုန်တိုင်းတိုက်ခတ်နိုင်သည့်အခြေ အနေကို မေလ ၄ ရက်မှာ စတင်သိရှိခဲ့ပါကြောင်း၊ မေလ ၆ ရက်နေ့တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ပြုလုပ်ခဲ့ပြီး မုန်တိုင်းနှင့်ပတ်သက်သည့် အချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို နိုင်ငံတော်ပိုင်မီဒီယာများမှ အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်ခဲ့ပါကြောင်း၊ မိုခါမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ချိန်တွင် ရခိုင်ပြည် နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်ကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ကြိုတင် ကြေညာစေခဲ့ပါကြောင်း၊ မိုးလေဝသဆိုင်ရာ ကြိုတင်သတိပေးရေးလုပ်ငန်းစဉ်အရ မုန်တိုင်းမဝင်မီ ၁၂ နာရီအလိုတွင် ထုတ်ပြန်လေ့ရှိသော်လည်း မိမိအနေဖြင့် မုန်တိုင်း မဝင်မီ တစ်ရက်ကျော်ကတည်းက ကြိုတင်ကြေညာစေခဲ့သည့်အပြင် မုန်တိုင်း တိုက် ခတ်နိုင်သည့် ဒေသအသီးသီးမှ ပြည်သူများကိုလည်း အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့ ပါကြောင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု ကောင်းမွန်ခဲ့သည့်အတွက် မုန်တိုင်းကြောင့် သေဆုံးရသည့် အရေအတွက်နည်းပါးခဲ့ပြီး တိုက်ခတ်ခဲ့သည့် မုန်တိုင်း၏အရှိန်နှင့် နှိုင်းယှဉ်ပါက မိမိတို့၏ ပြည်သူလူထုအပေါ် အလေးထားဆောင်ရွက်ပေးနိုင်ခဲ့မှုကို သုံးသပ်နိုင်မည်ပင်ဖြစ်ပါကြောင်း၊ မုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်မြောက် ပိုင်း ၇ မြို့နယ်နှင့် ချင်းပြည်နယ်မှ ၂ မြို့နယ် တို့သည် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါ ကြောင်း။

မိမိအပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တပ်မတော်အကြီးအကဲများဟာ မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွား ရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများနှင့် တပ်မတော်မှ အရာရှိကြီးများကို လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အနီးကပ်ကြီးကြပ်နိုင်ရေး တာဝန် ပေးအပ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

အခြေခံပညာကျောင်းများကို အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ စားနပ်ရိက္ခာပြတ်လပ်မှု မရှိရေး၊ ဆက်သွယ်ရေးစနစ်နှင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေး အပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အရှိန်အဟုန်နှင့် ပြန်လည် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းစဉ်မှန်သမျှ ကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။

နိုင်ငံတကာ၏ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ပေးပို့လှူဒါန်းမှုကို သဘောတူ ခွင့်ပြုမှု၊ စနစ်တကျရှိမှုတို့အတွက် On-Site Operation Coordination Centre ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိ ပါကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ပြည်ပနိုင်ငံများမှ အစိုးရ များ၊ အရေးပေါ်တုံ့ပြန်မှုနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့(ERAT)၏ သတင်းထုတ်ပြန် ရေးအဖွဲ့၊ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(UNOHCHR) အဖွဲ့ အစည်းများ၊ AHA Centre ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် စေတနာရှင်များ၏ ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းမှု၊ အလှူငွေများလှူဒါန်းမှု၊ မြန်မာနိုင်ငံအတွင်းသို့ လာရောက်သတင်းရယူမည့် ခရီးစဉ်များကို ခွင့်ပြုပေးခဲ့ပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများကို မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းကို ပြောကြားလိုပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကိုချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဦးတည်ချက် ၁၂ ရပ်ကို ရေးဆွဲအကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် တွင် ဆန္ဒမဲပေးရွေးချယ်ခြင်းသည် အဓိကအကျဆုံးကဏ္ဍဖြစ်ပါကြောင်း၊ ပြည်သူတစ်ဦး တစ်ယောက်ချင်းစီက ခြိမ်းခြောက်ခံရမှု၊ စိုးရွံ့မှု၊ အနှောင်အဖွဲ့ရှိမှု အစရှိသည့် အဂတိ တရားများ ကင်းကင်းရှင်းရှင်းဖြင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း စသည့်အချက်များ ပြည့်ပြည့်စုံစုံဖြင့် မဲပေးနိုင်ရေးသည်လည်း အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်ပါကြောင်း၊ လက်ရှိအခြေအနေတွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG၊ CRPH၊ PDF အစရှိသည့် အကြမ်းဖက်သမားများအပြင်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ဖောက်ဖျက်ပြီး နိုင်ငံ၏ အုပ်ချုပ်ရေး၊ တရား ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်နေသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အချို့ ရှိနေပါကြောင်း၊ တင်ပြခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်း များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့တို့သည် စစ်ကိုင်းတိုင်းဒေသကြီး အချို့မြို့နယ်များ၊ မကွေးတိုင်း ဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး အချို့မြို့နယ်များ၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် စသည်တို့မှ အချို့မြို့နယ်များတွင် လက်နက် ကိုင် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ မိုင်းထောင်တိုက်ခိုက်မှု၊ မီးရှို့ ဖျက်ဆီးမှု အပါအဝင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက် ရှိပါကြောင်း၊ ဒေသခံပြည်သူ လူထုများ ၏ နေအိမ်အဆောက်အဦများ၊ ဘာသာရေးအဆောက် အဦများ၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် အဆောက်အဦများကို အကာအကွယ်အဖြစ်ရယူပြီး တိုက်ခိုက် ခြင်း၊ အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုတိုက်ခိုက်ခြင်းများကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကြပ်မတ်ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များတွင် ဖော်ပြပါရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တင်ပြခဲ့သည့် ဒေသများ၌ အခက်အခဲအချို့ရှိနေနိုင်သည်ကို သတိပြု မိရန် လိုအပ်ကြောင်း တင်ပြလိုပါကြောင်း၊ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆောင်ရွက်ပေးသည့်တိုင် ဒေသခံမဲဆန္ဒ ရှင် ပြည်သူများကို လက်နက်အားကိုးဖြင့် မဲမပေးစေရေး၊ မဲပေးပါကလည်း ၎င်းတို့ လိုလားသူကိုသာမဲပေးစေရေး၊ ဖိအားပေးအကြပ်ကိုင်မှုများ ဖြစ်ပေါ်လာပါက ရွေးကောက်ပွဲ၏ မူလဦးတည်ချက်များ ပပျောက်သွားနိုင်ပါကြောင်း၊ ဒီမိုကရေစီ အတွက် မဲပေးရွေးချယ်မှုသည် အာဏာရှင်နှင့် အကြမ်းဖက်အားပေးများကို မဲပေး ရွေးချယ်လိုက်ရသည့် ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာနိုင်သည်ကိုလည်း သတိပြုမိရန် လိုအပ် မည်ဖြစ်ပါကြောင်း။

လွှတ်တော်များ၏ အခန်းကဏ္ဍနှင့်ဆက်စပ်ပြီး ထပ်မံတင်ပြလိုပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ မိမိတို့မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ဟူ၍ လွှတ်တော် ၃ ရပ်နှင့် ဖွဲ့စည်းထားရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အရ လွှတ်တော်အစည်းအဝေးတစ်ခု အထမြောက်ရန်ဆိုပါက လွှတ်တော်စတက်သည့် ပထမနေ့တွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ထက်ဝက်ကျော်ဦးရေ တက် ရောက်ပါက အစည်းအဝေးသည် အထမြောက်ပါကြောင်း၊ ပထမနေ့ အစည်းအဝေး အထမမြောက်သဖြင့် ဆက်လက်ကျင်းပသည့် လွှတ်တော်အစည်းအဝေးများတွင် တက် ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်၏ သုံးပုံတစ်ပုံ တက် ရောက်နိုင်သည်နှင့် အစည်းအဝေးသည် အထမြောက်နေပြီဖြစ်ပါကြောင်း၊ ပထမဆုံး ကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ရန်လိုအပ်သည့် ၅၀ ရာခိုင်နှုန်း သော ကိုယ်စားလှယ်တွေအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိပြီးဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါကြောင်း၊ သို့သော် ယခုဆွေးနွေးခဲ့သကဲ့သို့ လွှတ်တော်အစည်းအဝေးကို ကျင်းပလိုက်သည်နှင့် လွှတ်တော်အစည်းအဝေး အထမြောက်အောင် တပ်မတော်က အတင်း လုပ်ယူသည်ဟူ သည့်ပုံရိပ်တစ်ခုကို သတ်မှတ်သွားနိုင်သည့် အနေအထားရှိပါကြောင်း၊ အလားတူ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် သမ္မတ၊ ဒုသမ္မတ စသည်တို့ ရွေးချယ်သည့်အခါတွင်လည်း အထက်တွင် မိမိပြောခဲ့သကဲ့သို့ ဆောင်ရွက်နိုင်သော်လည်း ပုံရိပ်အရ မသင့်တော်ခြင်း များ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲဖြစ် သည်နှင့်အညီ ပြည်သူများက ၎င်းတို့ဆန္ဒဖြင့်ရွေးချယ်သည့် ရွေးကောက်ခံ ကိုယ်စား လှယ်များ ပါဝင်နေရန်လိုပါကြောင်း၊ အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်အထိ ကိုယ်စား လှယ်များ ရွေးချယ်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲ တွင် ၁၀၀ ရာခိုင်နှုန်းအောင်မြင်ရန်ဆိုသည်မှာ ခက်ခဲမည်ဖြစ်ပါကြောင်း။

ထိုကဲ့သို့ ပြည်သူများရွေးချယ်သည့် ကိုယ်စားလှယ်များ များများပါဝင်နိုင်ရေး၊ ၎င်းတို့ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်ကို မဲပေးရွေးချယ်နိုင်ရေး ကိုယ်စား လှယ်များသည် မဲဆန္ဒနယ်အလိုက် ပြည်သူများဆီ ကွင်းဆင်း မဲဆွယ်စည်းရုံးနိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏လူဦးရေ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့နေဖြစ်ပြီး၊ ကျန် ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေ ပြည်သူများဖြစ်ကြပါကြောင်း၊ မိမိ အထက် တွင်တင်ပြခဲ့သည့် ဒေသများမှ မြို့ပေါ်နေပြည်သူလူထုအနေဖြင့် အေးချမ်းစွာ နေထိုင် နိုင်ပြီး ကျေးလက်များတွင်မူ ခြိမ်းခြောက်မှုများရှိနေဆဲ ဖြစ်ပါကြောင်း၊ လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်မှု၊ လွတ်လပ်စွာမဲပေးနိုင်မှုများအတွက် အခက်အခဲများ ရှိလာမည် ဖြစ်ကြောင်း၊ နောက်ဆက်တွဲအနေဖြင့် ဒေသ၏ဖွံ့ဖြိုးတိုးတက်မှု၊ လိုလားမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် မဟုတ်တော့သည်ကို သတိပြုမိရန်လိုအပ်ပါ ကြောင်း၊ ထို့ကြောင့် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းစေရေး လုံခြုံရေး အားကောင်းအောင် တည်ဆောက်ရန် လိုအပ်လျက်ရှိပါသေးကြောင်း။

မြန်မာနိုင်ငံ၏ တည်ဆဲလွတ်တော်ဥပဒေများတွင်လည်း မဲဆန္ဒရှင် ပြည်သူလူထု ဘယ်နှစ်ရာခိုင်နှုန်းက မဲပေးမှ အထမြောက်မည်ဟု သတ်မှတ်ထားခြင်းမျိုး မရှိပါ ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီအတွက် ရွေးကောက်ပွဲကို ဥပမာထား တင်ပြရမည်ဆိုပါက မဲပေးပိုင်ခွင့်ရှိသူ များ၏ ပျမ်းမျှ ၁၄ ရာခိုင်နှုန်းကသာ မဲပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်း ပျမ်းမျှ ၁၄ ရာခိုင်နှုန်းပေါ်၌ အနိုင်အရှုံးကို တွက်ချက်သွားသည်ဖြစ်သည့်အတွက် ပြည်သူကို ကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များ ဖြစ်၊ မဖြစ်ကို သုံးသပ်တွေ့ရှိနိုင်ပါကြောင်း၊ ပြည်သူလူထုကို ကိုယ်စားပြုမှုအားနည်းခဲ့သည့်အတွက် နောက်ပိုင်းတွင် ပြဿနာများ ဖြစ်ပွားလာသည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါကြောင်း။

မဲဆန္ဒရှင်ပြည်သူအားလုံးကို အေးချမ်းလုံခြုံစွာ မဲပေးနိုင်ခွင့်ရှိရေး ဆောင်ရွက် ပေးရမည်မှာ အစိုးရတာဝန်ဖြစ်သကဲ့သို့ မဲပေးခြင်း၊ မဲမပေးကြခြင်းမှာ ပြည်သူတစ်ဦး တစ်ယောက်ချင်း၏ ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ပါကြောင်း၊ မဲမသမာမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အတွက် မိမိတို့အစိုးရအဖွဲ့ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မိမိတို့အစိုးရက တာဝန်ယူကျင်းပရသည့် ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် အရေးကြီးသည့် အဆုံးအဖြတ်ပေးမည့် ကိစ္စဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့လက်ထက်တွင် ကျင်းပ မည့် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်မှုမရှိစေရေး အထူးဂရုပြု ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မဲပေးသည့်နေရာတွင် လုံခြုံမှုရှိရန်၊ မဲစာရင်းမှန်ကန်ရန် အဓိကထားဆောင်ရွက်ရမည်ဖြစ်ပြီး ဆုံးဖြတ်ချက်များ၊ ဆောင် ရွက်ချက်များထဲမှ အားနည်းချက်ဖြစ်ပေါ်ခဲ့ပါက မိမိတို့တပ်မတော်ကို ပြည်သူလူထု အနေဖြင့် အပြစ်မြင်လာမည်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျင်းပပြုလုပ်မည့် ရွေး ကောက်ပွဲကို အလောတကြီးစောလျင်စွာ ဆောင်ရွက်၍မရဘဲ စနစ်တကျပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် အချိန်တစ်ခုအထိ မိမိတို့အနေဖြင့် ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါကြောင်း။

မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီအရေးကိုရှေးရှုပြီး ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရန် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကျင်းပမှု နှင့်ပတ်သက်ပြီး အခင်းအကျင်းသည် ၂ ခု ထွက်ပေါ်လာနိုင်ပါကြောင်း၊ ပထမတစ်ခုမှာ လတ်တလော လက်နက်ကိုင်တိုက်ခိုက်မှု၊ မတည်ငြိမ်မှုများဖြစ်ပေါ်လျက်ရှိသည့် ဒေသ များကိုချန်လှပ်ပြီး ရွေးကောက်ပွဲကျင်းပခြင်းနှင့် ဒုတိယတစ်ခုအနေဖြင့် ရွေးကောက် ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဖြစ်မနေပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ပထမ ဖြစ်ပေါ်လာနိုင်သည့် အခင်းအကျင်းဖြစ်သည့် တည်ငြိမ်မှုအားနည်းနေဆဲ ဒေသများ ကိုချန်လှပ်ပြီး ကျန်ဒေသတွေမှာ ရွေးကောက်ပွဲကိုကျင်းပပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျင်းပခဲ့သည့် ၃၁၅ မြို့နယ် ထက်ပိုမို၍ ကျင်းပနိုင်မည့်မြို့နယ်အရေအတွက် နည်းပါးသွားနိုင်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမပြုလုပ်နိုင်ခဲ့သည့် တိုင်းရင်းသားဒေသများ ၏ မကျေနပ်မှုများကိုလည်းတွေ့မြင်ရပြီးဖြစ်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမကျင်းပ နိုင်သည့် မြို့နယ်များတွင်ရှိသည့် ပြည်သူလူထုသည်၎င်းတို့၏ မူလအခွင့်အရေးဖြစ် သည့် မဲပေးပိုင်ခွင့်နှင့် ဒီမိုကရေစီနည်းလမ်းကျ ဆန္ဒဖော်ထုတ်နိုင်မှု အခွင့်အရေးများ ဆုံးရှုံးသွားမည်ဖြစ်ပါကြောင်း၊ မြို့နယ်တစ်ခုလုံးအလိုက် ရွေးကောက်ပွဲ မကျင်းပ နိုင် သည်ထက်စာပါက လုံခြုံမှုရှိသည့်နေရာများတွင် ကျင်းပပေးနိုင်ရန်လည်း စဉ်းစား ဆောင်ရွက်သင့်ပါကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲကျင်းပမှုမှ ချန်လှပ်ခဲ့သည့် သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွှတ်တော်ခေါ်ယူရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း စသည့် ကိစ္စရပ်များတွင် အားနည်းချက်များဖြစ်လာမှာဖြစ်သလို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့တွင်လည်း အလားတူဒေသကိုယ်စားပြုသည့် ကိုယ်စားလှယ် ပါဝင်မှုမရှိခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် အားနည်းချက်များဖြစ်ပေါ်လာနိုင်ခြင်း စသည့် အကျိုးဆက်များကို ရင်ဆိုင်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအမြင်၊ ပြည်သူလူထုအမြင်တွင် လွှတ်တော်ကိုမဖြစ်ဖြစ်အောင် ခေါ်သည်ဆိုသည့် အနေ အထားကို ရောက်ရှိသွားနိုင်ပါကြောင်း၊ ဒုတိယဖြစ်ပေါ်လာနိုင်သည့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ရွေးကောက်ပွဲကျင်းပပါက ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ဆက်လက်တင်ပြလိုပါကြောင်း၊ အဓိကအားဖြင့် လက်နက်ကိုင်ဆန့်ကျင်မှု၊ အကြမ်း ဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့်ဒေသများတွင် လက်နက်အားကိုးခြိမ်းခြောက်ပြီး မဲပေးမှုကို တားမြစ်ပိတ်ပင်ခြင်း၊ အကြမ်းဖက် ဗုံးဖောက်ခွဲခြင်း၊ တိုက်ခိုက်ခြင်း၊ အကြမ်းဖက်သမားများ လိုလားသည့်သူများကို ခြိမ်းခြောက်မဲထည့်စေခြင်းများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ရလဒ်အနေဖြင့် မဲဆန္ဒရှင်များ ကိုယ်တိုင်မဲပေးရွေးချယ် သည့် ရာနှုန်းကျဆင်းခြင်း၊ အကြမ်းဖက်အားပေး လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးကို ရောက်ရှိလာခြင်းများ ဖြစ်ပေါ်လာနိုင်သည့် အတွက် နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနေမှုကို ပိုမိုဆိုးရွားလာစေနိုင်ပါကြောင်း၊ ထိုသို့သောအခြေအနေများ ဖြစ်ပေါ်လာမှု မရှိစေရေးအတွက် လတ်တလော အကြမ်း ဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နေရာ ဒေသများကို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့်လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အရေးတကြီးလိုအပ်လျက် ရှိပါကြောင်း။

ရွေးကောက်ပွဲကျင်းပနိုင်သည့် အခင်းအကျင်း ၂ ခု လုံးအတွက် အဓိက လိုအပ်ချက်များကို သုံးသပ်လေ့လာကြည့်ပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပရန်၊ မဲပေးရွေးချယ်မည့် မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် အမှီအခို ကင်းကင်း၊ အကြောက်တရား ကင်းကင်းဖြင့် မဲပေးရွေးချယ်နိုင်ရန်၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန်ဆို သည့် အဓိကအကြောင်းအရာများကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ကျင်းပပေး ရမည့် ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲ (General Election)ဖြစ်ပါ ကြောင်း၊ နိုင်ငံအတွက်အရေးကြီးသည့် နိုင်ငံရေးအဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည့် အတွက် အားလုံးက အထူးအလေးအနက်ထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမှန်ကန်စွာ ပေါ်ထွန်း ဖော်ဆောင်နိုင်စေရေး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၊ သက်ဆိုင်သူပုဂ္ဂိုလ်များအားလုံး၊ ပြည်သူပြည်သားများအားလုံး၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုက်အဝန်းအားလုံးမှ အပြုသဘောဆောင်ပြီး နားလည်မှုအပြည့်အဝဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နေရာဒေသများကို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး စသည့်လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ် လျက်ရှိသည့်အတွက် အရေးပေါ်အခြေအနေအဖြစ် ကြေညာထားမှုကိုထပ်မံပြီး( ၆ လ) သက်တမ်း တိုးမြှင့်တာဝန်ထမ်းဆောင် ခွင့်ပြုရန်တင်ပြလိုပါကြောင်း ဖြင့်ပြောကြား သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များနှင့်စပ်လျဉ်း ၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ ဆွေးနွေးတင်ပြကြရာ ဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆွေးနွေးပြောကြားရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်ကိုထောက်ခံပါကြောင်းဆွေးနွေး ပြောကြား သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကဆွေးနွေးပြောကြား ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တင်ပြမှုတွင် လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ် နေသည့် အခြေအနေများနှင့် နိုင်ငံတော်မှဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင် ရွက် သွားရန်လိုအပ်သည်များကို အကျယ်တဝင့်သုံးသပ်ဆွေးနွေး သွားသည်ကို တွေ့ရှိ ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃)၌ နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေ အနေ ကြေညာထားသည့်ကာလအား သက်တမ်းတိုးမြှင့်မှုနှင့်ပတ်သက်၍ အကျယ်တဝံ့ ရှင်းလင်းခဲ့ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ သဘောထားမှတ် ချက်နှင့် ပတ်သက်၍လည်းကောင်း အများသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်များအရလည်းကောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ မှစ၍ ဆက်လက်သက်တမ်းတိုးမြှင့်ရန် တစ်ညီတစ်ညွတ်တည်းဆုံးဖြတ် ဆောင်ရွက် ခဲ့ကြကြောင်း၊ မိမိအနေဖြင့် အထူးပြုတင်ပြလိုသည်မှာဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံး၏ ဆုံးဖြတ်ချက်သည် အပြီး အပြတ်အတည်ဖြစ်သည်ဟုပါရှိကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့်အညီ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေကြေညာထားသည့်ကာလအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ က တစ်ကြိမ်လျှင်(၆)လအထိ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ဆက်လက် သက်တမ်း တိုးခြင်းကိုထောက်ခံပါကြောင်းဖြင့်ဆွေးနွေးသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆွေးနွေးပြောကြားရာတွင် အကြမ်းဖက်သမားများကြောင့် ဖြစ်ပေါ်ခဲ့သည့် လူမှုစီးပွားဘဝ ထိခိုက်မှုများဖြစ်ပေါ်ခဲ့မှုများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့မှုကြောင့် အကြမ်းဖက်မှုများ လျော့ပါးလာအောင် ဆောင်ရွက်နိုင်ခဲ့မှု၊ တပ်မတော်အနေဖြင့်လည်း အကြမ်းဖက်မှုများ လျော့ပါးစေရေးအတွက် လိုအပ်သည့် စစ်ဆင်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားရန်အတွက် အချိန်တစ်ခုလိုအပ်နေမှု တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တပ်မတော် အနေ ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ မဲစာရင်းများ မှန်ကန်မှုရှိရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုအပ်မှုနှင့် ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလအား (၆)လ သက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံမှု နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆွေးနွေးတင်ပြရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရှင်းလင်း ဆွေးနွေးမှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေ အနေ ကြေညာထားသည့်ကာလအား (၆)လ သက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံ ပါကြောင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ဆွေးနွေး တင်ပြရာတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ် များမှအစပြု၍ နိုင်ငံအတွင်းအကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်ခဲ့မှုနှင့်လုံခြုံရေး၊ တည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်ရွက်ခဲ့မှုများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလအား(၆)လ သက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံပါကြောင်း ဆွေးနွေး ပြောကြားသည်။

၎င်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက လွန်ခဲ့သည့် ၆ လ တာကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှတိုးတက်အောင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို နိုင်ငံတကာမှ သိရှိစေရေး ဆောင်ရွက်လျက်ရှိမှုအခြေ အနေများနှင့် နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေကြေညာထားသည့် ကာလအားထပ်မံ သက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံပါကြောင်းဆွေးနွေးပြောကြားသည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က အကြမ်းဖက်မှုဖြစ်စဉ်များ လျော့ပါးလာသည် ဖြစ်သော်လည်း အချို့နေရာများ၌ ဖြစ်ပေါ်နေဆဲဖြစ်သည့် အခြေအနေများ၊ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် လျက်ရှိမှုအခြေအနေများနှင့် လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်များ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာ ထားသည့် ကာလအားသက်တမ်းထပ်မံတိုးမြှင့်ခြင်းအပေါ် ထောက်ခံပါကြောင်း ဖြင့်ဆွေးနွေးပြောကြားသည်။

ယင်းနောက် အထွေထွေဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က EAO အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ် များဆက်လက်ဆောင်ရွက်နေမှု၊ ပြည်တွင်းအင်အားဖြင့် စီးပွားရေးပိတ်ဆို့မှုများအား ကျော်လွှားနိုင်ရေးဆောင်ရွက်နေမှု၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ဆက်လက် ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲဆိုင်ရာအခင်းအကျင်းများနှင့် နိုင်ငံတည်ငြိမ်အေး ချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေက ယခင်ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့အထိ တာဝန် ထမ်းဆောင်ခဲ့သည့် (၂)နှစ်တာ ကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ရှေးရှုပြီး ဆောင်ရွက်ခဲ့သည့် အခြေအနေများကိုသာမက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ် များအပါအဝင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသည့် အခြေအနေများကိုဆွေးနွေး တင်ပြခဲ့သည့်အတွက် “နိုင်ငံတော်၏ အခြေအနေအရပ်ရပ်သည် သာမန်မဟုတ်သည့် အခြေအနေ” အဖြစ် သတ်မှတ်ခဲ့ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံအတွင်း ဖြစ်ပေါ်နေ သည့် သာမန်မဟုတ်သည့် ဖြစ်စဉ်၊ ဖြစ်ရပ်များ၊ ပြောင်းလဲလာသည့် ကာကွယ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် အကြောင်းအရာများကိုမူတည်ပြီး လက်ရှိ အခြေအနေနှင့် ကိုက်ညီသည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်ကိုလည်း သတိပြုမိပါကြောင်း။

ယခင် (၂)နှစ်တာကာလ တာဝန်ထမ်းဆောင်ချိန်မှာ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်း စဉ် (၅)ရပ်အနက် ဆောင်ရွက်ပြီးစီးခဲ့သည့် အချက်အလက်များအစား ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသည့် အချက်အလက်များနှင့် ပြင်ဆင်၊ ဖြည့်စွက် ဆောင် ရွက်ခဲ့သည်ကို မြင်တွေ့ခဲ့ရပါကြောင်း၊ ထို့အပြင် နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ ၏ အမျိုးသားအကျိုးစီးပွားနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် ရည်ရွယ်ပြီး ယခင် (၂)နှစ်တာကာလအတွင်း ချမှတ်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည် ချက်များကို ပြင်ဆင်၊ ဖြည့်စွက်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရှိရပါ ကြောင်း၊ နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသား များ၏ အကျိုးကိုရှေးရှုသည့် ဆောင်ရွက် ချက်များဖြစ်သည့်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း ကိုပြောကြားလိုပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့်လည်း ယခုအစည်းအဝေး တွင် ပြင်ဆင်ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၁၂)ရပ်တို့ကို ပြီးခဲ့သည့်ကာလအတွင်း အကောင်အထည်ဖော် ဆောင် ရွက်နိုင်ခဲ့သည့် အခြေအနေများကို ပြည့်စုံစွာ ရှင်းလင်းဆွေးနွေးသွားသည်ကို တွေ့ရှိရ ပါကြောင်း။

လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ဖြစ်ပေါ်စေခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲ မဲမသမာမှုကို ဖြေရှင်းဆောင်ရွက်ပြီးချိန်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မူလဦးတည်ရည်မှန်းချက်ဖြစ်သည့် ရွေးကောက်ပွဲ အခင်းအကျင်း ဖြစ်ပေါ်လာစေရေးအတွက် ဦးတည်ဆောင်ရွက်နေသည်ကိုလည်း သတိပြုမိပါ ကြောင်း။

ဒီမိုကရေစီစနစ်၏ အသက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာစေရေး၊ စုစည်းမှုအင်အားရှိသည့် နိုင်ငံရေးပါတီများ ဖြစ်ပေါ်လာစေရေး၊ တိုင်းရင်းသားပြည်သူလူထုများ၏အသံကို ကြားသိနိုင်သည့် အခင်းအကျင်းဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခဲ့ခြင်းမှာလည်း သင့်လျော်ကောင်းမွန်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ် သည်ဟု ပြောကြားလိုပါကြောင်း။

လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် အခြားပုဂ္ဂိုလ်ရေး၊ စည်းရုံးရေး ဆိုင်ရာ အခြေအနေအချို့ကြောင့် ယခင်တည်ရှိခဲ့သည့် ပါတီများအနက် အချို့ပါတီ များသည် မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့ကြပါကြောင်း၊ ယင်းဖြစ်စဉ်၏ အခြားတစ်ဘက် တွင် နိုင်ငံရေးပါတီတချို့ ပူးပေါင်းခြင်း၊ ပါတီသစ်တချို့ မှတ်ပုံတင်ခြင်း စသည်များ လည်း ဖြစ်ထွန်းလာသည်ကို တွေ့မြင်ရသည့်အတွက် ပြင်ဆင်ပြဌာန်းလိုက်သည့် နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အနှစ်သာရအားဖြင့် ပြည့်စုံသည့် ဥပဒေဖြစ် သည်ကို သက်သေပြနေခြင်း ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားလိုပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် ရွေးကောက်ပွဲကျင်းပခြင်းဟူသည့် လုပ်ငန်းစဉ်ကို ရောက်ရှိနိုင်ရေး ပြင်ဆင်ခြင်း အဆင့်ကို ကျော်ဖြတ်ရဦးမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဆွေးနွေးချက်တွင် ရွေးကောက်ပွဲ ကျင်းပမှုကို အခင်းအကျင်း(၂)ခုဖြင့် ဆွေးနွေးသွားသည်ကို တွေ့ရပါကြောင်း၊ ပထမ အခင်းအကျင်းအရ လက်ရှိပစ်ခတ်တိုက်ခိုက်မှု၊ အကြမ်းဖက်မှု၊ ဥပဒေမဲ့ပြုကျင့်မှုများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးမြောက်ဘက်ခြမ်း နေရာအချို့၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ နေရာအနည်းငယ်တို့ကို ချန်လှပ်ပြီး ရွေးကောက်ပွဲပြုလုပ်ရန် ဖြစ်ပါကြောင်း။

ဒုတိယအခင်းအကျင်းအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကို ဖြစ်မြောက်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း၊ အခင်းအကျင်းတိုင်းတွင် အားသာချက်၊ အားနည်းချက်များရှိသည်ကို တွေ့ရပါကြောင်း၊ လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် တပ်မတော်ကိုအခြေပြုပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည့် အတွက် တပ်မတော်၏မူလရပ်တည်ချက်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ထိခိုက်မှု မရှိစေရေး၊ ဖွဲ့စည်း ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၆(စ)ပါ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ် တစိုက်ဦးတည်သည်ဟူသည့် တာဝန်ကြီးများကို မမှိတ်မသုန်ထမ်းဆောင်ရမည် လည်း ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အခင်းအကျင်း နှစ်ခု၏ အားသာချက်၊ အားနည်းချက် များအနက် လျှောက်လှမ်းမဲ့ ဒီမိုကရေစီလမ်းကြောင်းသည် ပြည်သူအနိုင်ရရေးကိုသာ ဦးတည်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ဆွေးနွေးသွားသည်ကို လည်း လေးလေးနက်နက် သတိပြုမိပါကြောင်း။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံ တစ်ဝန်းလုံးတွင်ရှိသည့် ပြည်သူအားလုံး၏ ဆန္ဒသဘောထားကို ထင်ဟပ်စေမည့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရွေးကောက်ပွဲကျင်းပရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကျင်းပရာတွင်လည်း အကြောက်တရားကင်းကင်း၊ အမှီအခိုကင်းကင်းဖြင့် မဲပေးခွင့်ရ စေရေး၊ အကြမ်းဖက်မှုကို လိုလားသူများနှင့် အားပေးသူများ လွှတ်တော်အတွင်း ရောက်ရှိ မလာစေရေး စသည့် ပြည်သူကိုရှေးရှုသည့် ရည်မှန်းချက်များသည် ပြည့်စုံလှ သည့် ဆွေးနွေးချက်များဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း။

လတ်တလော နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင်လည်း နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သည့်မူဝါဒကို ကျင့်သုံးပြီး ပြည်ပနိုင်ငံအသီးသီးနှင့် ဆက်ဆံရေးကိစ္စရပ်များ၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် နယ်ပယ်အသီးသီးမှ ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တိုးမြှင့် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဆက်လက်ပြီး တိုးတက်မှုများရရှိအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်ကိုလည်း မြင်တွေ့နေရပါကြောင်း။

ထို့အပြင် နိုင်ငံသူ၊ နိုင်ငံသားများအတွက် ချမှတ်ထားသည့် အမျိုးသားရေး လုပ်ငန်းစဉ် (၂)ရပ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ် (၂)ရပ်ကိုလည်း လက်ရှိရထားသည့် အခြေအနေကောင်းတစ်ရပ်မှ ဆက်လက်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားရန် အချိန် အတိုင်းအတာအရ လိုအပ်လျက်ရှိနေကြောင်း တွေ့ရှိရပါကြောင်း၊ အခု ဆွေးနွေးခဲ့ သည့် ၆ လတာ ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် လေဘေး အပါအဝင် မိုခါမုန်တိုင်း ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူလူထုများ၏ အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်း အပါအဝင် ပြန်လည် ထူထောင်ရေး နှင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးအတွက် စိတ်ခွန်အား၊ ငွေအား၊ လူအားတို့ကို အရှိန်အဟုန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်လျက်ရှိနေဆဲဖြစ်သည် ကိုလည်း တွေ့ရှိရပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်ကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် ကာလအတွင်း နိုင်ငံတကာနှင့် ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်မှုကြားမှ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားတိုးတက် ရေးကို ရှေးရှုပြီး ဆောင်ရွက်ခဲ့မှုများကို လေးစားစွာ အသိအမှတ်ပြုပါကြောင်း၊ ဖြစ်ပေါ်ပြောင်းလဲလာမှုများအပေါ် မူတည်ပြီး ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ပြင်ဆင်၊ ဖြည့်စွက် ဆောင်ရွက်ချက်များနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်ချက်များသည် သမိုင်း မှတ်တမ်း ရေးထိုးနိုင်ခဲ့ပြီဟု ဆိုနိုင်ပါကြောင်း။

တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရရှိစေရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ တစ်ဦးချင်းစီ၏ လွတ်လပ်မှု၊ အမှီအခိုကင်းမှု၊ အကြောက်တရား ကင်းမဲ့စွာ မဲပေးနိုင်မှု စသည့် ရွေးကောက်ပွဲအခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် အားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် မိမိအပါအဝင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အားလုံး၏ သဘောတူ ဆွေးနွေး ဆုံးဖြတ်ချက်များအရ လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ) ၏ လုပ်ပိုင်ခွင့်များအရ လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေအရ “နိုင်ငံ တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁-၈-၂၀၂၃ ရက်နေ့ မှ စ၍ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်” ထံသို့ထပ်မံအပ်နှံကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်း၊ “အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ” အနေဖြင့်လည်း ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃)ကို ရုပ်သိမ်းလိုက်သည်။

Zawgyi Version

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီအစည္းအေဝး(၂/၂၀၂၃) က်င္းပ

ေနျပည္ေတာ္၊ ဇူလိုင္ – ၃၁

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီ အစည္းအေဝး(၂/၂၀၂၃)ကို ဇူလိုင္ ၃၁ ရက္နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္သည္။

အစည္းအေဝးသို႔ ယာယီသမၼတ ဦးျမင့္ေဆြ၊ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြ၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ အထူး ဖိတ္ၾကားထားသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အတြင္းေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ဥပေဒေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာ သီတာဦးတို႔ တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အေနျဖင့္ ႏိုင္ငံေတာ္တာဝန္မ်ားကို သက္တမ္းတိုးတာဝန္ယူခဲ့သည့္ ၆ လတာကာလ အတြင္း ေဆာင္႐ြက္ခဲ့မႈမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္ရန္ လိုအပ္သည္မ်ားႏွင့္ ပတ္ သက္၍ ရွင္းလင္းတင္ျပရာတြင္ ထပ္မံသက္တမ္းတိုးထားသည့္ ကာလအတြင္း ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ႏိုင္ေစရန္ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ ဝါရီ ၄ ရက္တြင္ ေရွ႕လုပ္ငန္းစဥ္ (၅)ရပ္ႏွင့္ ဦးတည္ခ်က္(၁၂)ရပ္ကို လတ္တေလာ အေျခအေနမ်ားႏွင့္ ကိုက္ညီသည့္လုပ္ငန္းစဥ္၊ ဦးတည္ခ်က္မ်ားအျဖစ္ ျပင္ဆင္ခ်မွတ္ ျခင္း၊ ထပ္မံျဖည့္စြက္ျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ယခင္ခ်မွတ္ထားသည့္ ေရွ႕ လုပ္ငန္းစဥ္မ်ားႏွင့္အညီ ေဆာင္႐ြက္ရမည့္ကိစၥရပ္မ်ားကို ေဆာင္႐ြက္ခဲ့ၿပီးျဖစ္သည့္ အျပင္ ႏိုင္ငံေရးလုပ္ငန္းစဥ္(၂)ရပ္ျဖစ္သည့္ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမို ကေရစီစနစ္ခိုင္မာေရးႏွင့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စု တည္ေဆာက္ေရး၊ အမ်ိဳးသားေရးလုပ္ငန္းစဥ္(၂)ရပ္ျဖစ္ေသာ တိုင္းျပည္သာယာဝ ေျပာေရးႏွင့္ စားေရရိကၡာဖူလုံေရးတို႔ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ ပိုမိုလ်င္ျမန္ ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္ျဖစ္ပါေၾကာင္း။

ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္၏ပထမဆုံးအခ်က္ကို “ျပည္သူတို႔၏ လူမႈ စီးပြားဘဝ လုံၿခဳံေရးအတြက္ ျပည္ေထာင္စုတစ္ဝန္းလုံး တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒ စိုးမိုးေရး အျပည့္အဝရရွိေစရန္ အေလးထားလုပ္ေဆာင္မည္”ဟုခ်မွတ္ထားပါေၾကာင္း၊ လက္ရွိကာလတြင္ CRPH ၊ NUG ႏွင့္ PDF အပါအဝင္ အခ်ိဳ႕ EAO အဖြဲ႕မ်ားသည္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေစရန္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ိဳးစုံကို လုပ္ေဆာင္လ်က္ရွိပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း လိုအပ္သည့္စစ္ဆင္ေရး လုပ္ငန္းမ်ားေဆာင္႐ြက္ၿပီး အျခားနယ္ေျမမ်ားတြင္လည္း နယ္ေျမတည္ၿငိမ္ေအးခ်မ္း ၿပီး တရားဥပေဒစိုးမိုးမႈရရွိေစေရး ဥပေဒႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ယခင္ ကထက္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ေလ်ာ့နည္းလာသည္ဆိုေသာ္လည္း NUG အမည္ခံအၾကမ္းဖက္အဖြဲ႕၏ အၾကမ္းဖက္လႈံ႕ေဆာ္မႈ၊ အခ်ိဳ႕ေသာအၾကမ္းဖက္မႈ အားေပး ျပည္ပဝင္ေရာက္စြက္ဖက္မႈ၊ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ အခ်ိဳ႕ ေသာ EAO မ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ အၾကမ္းဖက္တိုက္ခိုက္ခံရမႈမ်ား ရွိေနဆဲပင္ျဖစ္ ပါေၾကာင္း၊ အၾကမ္းဖက္သမားမ်ား၏ သတ္ျဖတ္မႈမ်ားေၾကာင့္ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္မွ ဇူလိုင္ ၃၀ ရက္အထိ ရဟန္းသံဃာႏွင့္ သီလရွင္ ၄ ပါး၊ အျပစ္မဲ့ျပည္သူမ်ားေသဆုံးမႈ ၇၇၂ ဦးႏွင့္ ႏိုင္ငံ့ဝန္ထမ္း ၂၈ ဦး ေသဆုံးခဲ့ရပါ ေၾကာင္း၊ ထို႔ျပင္ အၾကမ္းဖက္ဖ်က္ဆီးမႈမ်ားေၾကာင့္ က်န္းမာေရးဆိုင္ရာအေဆာက္အဦ ၁ လုံး၊ ဘာသာေရးဆိုင္ရာအေဆာက္အဦ ၁၁ လုံး၊ လူေနအေဆာက္အဦ ၇၆ လုံး၊ လမ္း တံတားႏွင့္ တိုးဂိတ္အေဆာက္အဦ စုစုေပါင္း ၉၄ ခု၊ လွ်ပ္စစ္ႏွင့္ဆက္သြယ္ေရး တာဝါတိုင္ ၂၆ ခုအပါအဝင္ အျခားအေဆာက္အဦမ်ား ပ်က္စီးဆုံးရႈံးခဲ့ရပါေၾကာင္း။

မိမိတို႔အေနျဖင့္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ ပညာရည္ျမင့္မားေရးကို အထူး အေလးထား ေဆာင္႐ြက္လ်က္ရွိေနပါေၾကာင္း၊ ဒီမိုကေရစီစနစ္တြင္ ပညာရည္ျမင့္မား မႈရွိေနရန္အတြက္ အလြန္အေရးႀကီးၿပီး ပညာရည္ျပည့္ဝေနေစရန္ အတန္းပညာ တတ္ေျမာက္ရန္၊ တတ္ေျမာက္ထားသည့္ အတန္းပညာႏွင့္အညီ အတတ္ပညာ တတ္ေျမာက္ရန္၊ အသိပညာျမင့္မားေစရန္တို႔ကို ရည္႐ြယ္ႀကိဳးပမ္းေဆာင္႐ြက္လ်က္ ရွိပါေၾကာင္း၊ အၾကမ္းဖက္သမားမ်ားအေနျဖင့္ ျမန္မာႏိုင္ငံ၏ပညာေရး နိမ့္ပါးက်ဆင္း လာေစရန္ ဦးတည္လုပ္ေဆာင္လ်က္ ရွိေနသည္ကိုေတြ႕ရပါေၾကာင္း၊ အၾကမ္းဖက္ သမားမ်ား၏ ပညာေရးက႑အေပၚ အၾကမ္းဖက္လုပ္ေဆာင္ခဲ့မႈ အခ်ိဳ႕ကိုလည္း ထည့္သြင္းေဆြးေႏြးလိုပါေၾကာင္း။

၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္အတြက္ အေျခခံပညာေက်ာင္းမ်ား စတင္ဖြင့္လွစ္ ခ်ိန္တြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေက်ာင္းမတက္ေစေရး ၿခိမ္းေျခာက္စာ မ်ားကပ္ျခင္း၊ အြန္လိုင္းမွၿခိမ္းေျခာက္ျခင္း၊ တက္ေရာက္ပညာသင္ၾကားေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ကိုယ္ထိလက္ေရာက္ ၿခိမ္းေျခာက္အႏိုင္က်င့္ျခင္း၊ ဖမ္းဆီးေခၚေဆာင္သြားျခင္း စသည္မ်ားကို ျပဳလုပ္ခဲ့ပါေၾကာင္း၊ ၂၀၂၃ ခုႏွစ္၊ ဇူလိုင္လ လဆန္းပိုင္းတြင္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္း၌ရွိသည့္ ေက်း႐ြာ ၆ ႐ြာမွ အေျခခံပညာေက်ာင္းအသီးသီးတြင္ တက္ေရာက္သင္ၾကားေနသည့္ ေက်ာင္းသား ၂၁ ဦးႏွင့္ ေက်ာင္းသူ ၁၀ ဦး စုစုေပါင္း ၃၁ ဦးကို PDF အမည္ခံအၾကမ္းဖက္သမားမ်ားက ဖမ္းဆီးေခၚေဆာင္သြားသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ပါေၾကာင္း၊ ၂၀၂၃ ခုႏွစ္၊ ဇူလိုင္ ၂၀ ရက္ တြင္ တနသၤာရီတိုင္းေဒသႀကီး၊ ေလာင္းလုံၿမိဳ႕နယ္၊ စခန္းႀကီး႐ြာ၌ ဖြင့္လွစ္ထားသည့္ စိုက္ပ်ိဳးေရးသိပၸံေက်ာင္း(ထားဝယ္)မွ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအား႐ိုက္ႏွက္ျခင္း၊ ၿခိမ္းေျခာက္ျခင္း ေဆာင္႐ြက္ခဲ့သည့္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူ ၆၂ ဦး ထြက္ေျပးခဲ့ပါေၾကာင္း၊ ေက်ာင္းအုပ္ဆရာမႀကီးႏွင့္ အသက္(၁၁)ႏွစ္ အ႐ြယ္ ကေလးငယ္တစ္ဦး၊ ဆရာ၊ ဆရာမ(၅)ဦးတို႔ကို အၾကမ္းဖက္သမားမ်ားက ဖမ္းဆီးေခၚေဆာင္သြားခဲ့ပါေၾကာင္း။

ထို႔ျပင္ အၾကမ္းဖက္သမားမ်ားသည္ စာသင္ေက်ာင္းမ်ားကို အေဝးမွ လက္နက္ ႀကီး၊ လက္နက္ငယ္မ်ားႏွင့္ ပစ္ခတ္တိုက္ခိုက္ျခင္း၊ Drop Bomb ျဖင့္ တိုက္ခိုက္ျခင္း စသည္မ်ားကိုလည္း က်ဴးလြန္လ်က္ရွိပါေၾကာင္း၊ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၃ ရက္ တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေကာလင္းၿမိဳ႕နယ္၊ သုနႏၵာရာမဘုန္းေတာ္ႀကီးေက်ာင္း အတြင္း အတန္းဆုံးစာေမးပြဲ ေျဖၾကားေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အၾကမ္းဖက္သမားမ်ားက ဗုံးပစ္ေလာင္ခ်ာျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည့္အတြက္ ပညာသင္ၾကားေနသည့္ ကိုရင္(၁)ပါးႏွင့္ ေက်ာင္းသား(၂)ဦး ဗုံးစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ပါေၾကာင္း။

ေဖေဖာ္ဝါရီ ၁၅ ရက္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ အရာေတာ္ၿမိဳ႕နယ္၊ အေျခခံ ပညာအထက္တန္းေက်ာင္း (အရာေတာ္)တြင္ စာေမးပြဲေျဖဆိုၿပီးျပန္လာသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ေမာ္ေတာ္ယာဥ္ကို အၾကမ္းဖက္သမားမ်ားက မိုင္းခြဲတိုက္ခိုက္ခဲ့ သည့္အတြက္ အျပစ္မဲ့ေက်ာင္းသား၊ ေက်ာင္းသူ ၁၀ ဦး မိုင္းစထိမွန္ ဒဏ္ရာရရွိခဲ့ၿပီး ေက်ာင္းသူတစ္ဦး ေသဆုံးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ပါေၾကာင္း၊ ျဖစ္စဥ္မ်ားကိုၾကည့္ ပါက လက္နက္ကိုင္အၾကမ္းဖက္မႈကို က်ဴးလြန္႐ုံသာမက ေက်ာင္းေနအ႐ြယ္ကေလး မ်ား၏ ပညာသင္ယူခြင့္ကိုသာမကဘဲ ႏိုင္ငံေတာ္၏ ပညာရည္နိမ့္ပါး က်ဆင္းလာ ေအာင္ ရည္႐ြယ္လုပ္ေဆာင္မႈမ်ားကို ျမင္ေတြ႕ႏိုင္မည္ပင္ ျဖစ္ပါေၾကာင္း၊ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္မွစၿပီး ဇူလိုင္ ၃၀ ရက္အထိ အၾကမ္းဖက္သမားမ်ား၏ ပစ္ခတ္ တိုက္ခိုက္မႈ၊ မီးရႈိ႕ဖ်က္ဆီးမႈမ်ားေၾကာင့္ ပညာေရးဝန္ထမ္း ၂ ဦး အသက္ဆုံးရႈံးခဲ့ရၿပီး အေဆာက္အဦ ၉ လုံး ပ်က္စီးဆုံးရႈံးခဲ့ရပါေၾကာင္း။

အၾကမ္းဖက္သမားမ်ား၏ လမ္းပန္းဆက္သြယ္ေရးဆိုင္ရာ အေျခခံအေဆာက္ အဦမ်ားကို အၾကမ္းဖက္တိုက္ခိုက္ခဲ့မႈမ်ားကိုလည္း ထည့္သြင္းေဆြးေႏြးလိုပါေၾကာင္း၊ ၂၀၂၂ ခုႏွစ္၊ စက္တင္ဘာ ၃၀ ရက္တြင္ KNPP ႏွင့္ PDF အမည္ခံအၾကမ္းဖက္ သမားမ်ားက ရန္ကုန္-ေနျပည္ေတာ္-လြိဳင္ေကာ္ ခရီးစဥ္ေျပးဆြဲေနသည့္ ျမန္မာ အမ်ိဳးသားေလေၾကာင္းလိုင္း(MNA) မွ ခရီးသည္တင္ေလယာဥ္ကို လြိဳင္ေကာ္ေလဆိပ္ အဆင္းတြင္ ပစ္ခတ္တိုက္ခိုက္ခဲ့ပါေၾကာင္း၊ ၂၀၂၃ ခုႏွစ္၊ ဇြန္ ၆ ရက္တြင္ ပဲခူးတိုင္းေဒသႀကီးအတြင္း ပဲႏြယ္ကုန္း-နတ္သံကြင္း-ေက်ာက္ႀကီး ကားလမ္းေပၚမွာ တည္ေဆာက္ထားသည့္ စစ္ေတာင္းျမစ္ကူးတံတား(နတ္သံကြင္း)ကို မိုင္းေထာင္ ေဖာက္ခြဲခဲ့ပါေၾကာင္း၊ ထို႔ျပင္ ဇြန္ ၂၉ ရက္တြင္ မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ ရန္ကုန္-ေမာ္လၿမိဳင္သြား ျပည္ေထာင္စုလမ္းမေပၚရွိ က်ဳံအိတ္တံတားကို ေဖာက္ခြဲဖ်က္ဆီးခဲ့ပါ ေၾကာင္း၊ ျဖစ္စဥ္ကို သြားေရာက္စစ္ေဆးသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ တာဝန္ရွိ သူမ်ားကို ပစ္ခတ္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ျခင္း၊ တံတားျပင္ဆင္ေရးလုပ္ငန္း ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္သားမ်ားကို ပစ္ခတ္တိုက္ခိုက္ျခင္း စသည္မ်ားကို လုပ္ေဆာင္ခဲ့သည့္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕၊ ဝန္ထမ္းအခ်ိဳ႕ႏွင့္ အျပစ္မဲ့ ျပည္သူမ်ား ေသေၾကဒဏ္ရာရရွိမႈျဖစ္စဥ္မ်ားလည္း ျဖစ္ပြားခဲ့ပါေၾကာင္း၊ ထို႔ျပင္ ဇူလိုင္ ၁၈ ရက္တြင္ ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္အတြင္းရွိ ေက်ာက္တံခါး ဘူတာႏွင့္ ပဲႏြယ္ကုန္းဘူတာအၾကား မိုင္တိုင္အမွတ္ (၁၀၉/၂၀ -၂၁) အနီးရွိ ရထား သံလမ္းကို ဖ်က္ဆီးမႈမ်ား လုပ္ေဆာင္ခဲ့သည့္အတြက္ ရထားခရီးစဥ္မ်ား ကိုဖ်က္သိမ္း ၿပီး ျပန္လည္ျပဳျပင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ရပါေၾကာင္း၊ ၂၀၂၃ ခုႏွစ္၊ ဇူလိုင္ ၂၈ ရက္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကိုင္ၿမိဳ႕နယ္၊ ပလိပ္ဘူတာႏွင့္ စဥ့္ကိုင္ဘူတာ ၾကား ရထားလမ္းပိုင္းေပၚရွိ ရထားသံလမ္းဆက္ျပားမ်ားႏွင့္ သံလမ္း ဆက္မူလီမ်ားကို အၾကမ္းဖက္အဖ်က္သမားမ်ားက ျဖဳတ္ယူဖ်က္ဆီးခဲ့ျခင္းေၾကာင့္ ရထားလမ္းေခ်ာ္မႈ ျဖစ္ပြားခဲ့ပါေၾကာင္း၊ ခရီးသြားျပည္သူလူထု အသက္ဆုံးရႈံး ထိခိုက္ ဒဏ္ရာရရွိေစေရး အသိဉာဏ္မဲ့စြာ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ၂၀၂၃ ခုႏွစ္၊ မတ္ ၉ ရက္တြင္ ဘီးလင္းၿမိဳ႕နယ္၊ ေပါက္ေတာေက်း႐ြာအနီးရွိ သဘာဝဓာတ္ေငြ႕ပိုက္ လိုင္းကို PDF အမည္ခံအၾကမ္းဖက္အဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲခဲ့မႈ တစ္ႀကိမ္၊ ၂၀၂၃ ခုႏွစ္၊ ေမလ ၁၀ ရက္တြင္ သထုံၿမိဳ႕နယ္၊ သိမ္ကုန္းရပ္ကြက္အနီးရွိ သဘာဝ ဓာတ္ေငြ႕ပိုက္လိုင္းကို PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲခဲ့မႈ တစ္ႀကိမ္ျဖစ္ပြားခဲ့ပါေၾကာင္း၊ အၾကမ္းဖက္သမားမ်ားသည္ အမ်ားျပည္သူ၏ ကူးသန္းေရာင္းဝယ္မႈႏွင့္ ေန႔စဥ္လူမႈ ဘဝအတြက္ အသုံးျပဳေနရသည့္ လမ္းတံတားမ်ားႏွင့္ ရထားလမ္းေဖာက္ခြဲဖ်က္ဆီးမႈ စုစုေပါင္း ၉၄ ႀကိမ္ လုပ္ေဆာင္ခဲ့ပါေၾကာင္း၊ ထိုသို႔လုပ္ေဆာင္မႈမ်ားသည္ အစိုးရႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားကို တိုက္ခိုက္ျခင္းမဟုတ္ဘဲ ျပည္သူလူထု၏ အသက္အိုးအိမ္ စည္းစိမ္ဥစၥာကို တိုက္႐ိုက္တိုက္ခိုက္ျခင္းျဖစ္ၿပီး ျပည္သူတစ္ရပ္လုံးအေပၚအၾကမ္း ဖက္မႈက်ဴးလြန္ျခင္းပင္ ျဖစ္ပါေၾကာင္း၊ အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္လုပ္ ရပ္မ်ားအေပၚ ျပည္သူလူထုအေနျဖင့္ စိုးရိမ္ထိတ္လန႔္ပူပန္မႈမ်ား၊ ႐ြံရွာစက္ဆုပ္မႈမ်ား ျဖစ္ေပၚလ်က္ရွိၿပီး မိမိတို႔၏ လူမႈစီးပြားဘဝထိခိုက္လာမႈကို မလိုလားသည့္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ပူးေပါင္းၿပီးလွ်ိဳ႕ဝွက္စြာပူးေပါင္း၊ သတင္းေပးပို႔မႈမ်ားေၾကာင့္ အၾကမ္းဖက္သမားမ်ားကို ေဖာ္ထုတ္ဖမ္းဆီးရရွိမႈ ပိုမိုမ်ားျပားလာၿပီး လက္လုပ္ ေသနတ္မ်ားအပါအဝင္ လက္နက္မ်ိဳးစုံ ၁,၀၈၈ လက္၊ က်ည္မ်ိဳးစုံ ၇၇,၅၇၉ ေတာင့္၊ ခဲယမ္းမ်ိဳးစုံ ၂,၆၆၀ လုံး သိမ္းဆည္းရမိခဲ့ပါေၾကာင္း၊ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္မွ ၂၀၂၃ ခုႏွစ္၊ ဇူလိုင္လ ၃၀ ရက္ေန႔အထိ လက္နက္မ်ိဳးစုံ ၁၈,၇၉၂ လက္၊ က်ည္မ်ိဳးစုံ ၁,၄၂၃,၂၂၄ ေတာင့္၊ ခဲယမ္းမ်ိဳးစုံ ၄၅,၈၆၅ လုံး သိမ္းဆည္းရမိခဲ့ပါေၾကာင္း၊ မိမိတို႔ အေနျဖင့္ ျပည္သူတို႔၏လူမႈ စီးပြားဘဝ လုံၿခဳံမႈကို ျပည္ေထာင္စုတစ္ဝန္းလုံး ရရွိခံစား ႏိုင္ေစရန္၊ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ တရားဥပေဒစိုးမိုးမႈကို ဟန္ခ်က္ညီရရွိႏိုင္ေစရန္ အတြက္ လိုအပ္သည့္နယ္ေျမမ်ားအလိုက္ စစ္ဆင္ေရးနယ္ေျမမ်ား သတ္မွတ္ျခင္း၊ စစ္အုပ္ခ်ဳပ္ေရးနယ္ေျမမ်ား ေၾကညာျခင္း စသည္မ်ားကို တည္ဆဲတရားဥပေဒမ်ားႏွင့္ အညီ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ မိမိတင္ျပခဲ့သည့္ အၾကမ္းဖက္လုပ္ရပ္မ်ား ေၾကာင့္ အျပစ္မဲ့ျပည္သူမ်ား၊ ဝန္ထမ္းမ်ားေသေၾကမႈသည္ ျပည္သူကိုအညႇာအတာ ကင္းမဲ့စြာ၊ လူသားမပီသစြာ၊ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားႏွင့္ သတ္ျဖတ္ျခင္းျဖစ္ သကဲ့သို႔ ဖ်က္ဆီးမႈမ်ားသည္လည္း တိုင္းျပည္၏ ဖြံ႕ၿဖိဳးမႈႏွင့္လူမႈစီးပြား ပ်က္စီးေအာင္ ေဆာင္႐ြက္မႈမ်ားျဖစ္သျဖင့္ ဆုံးရႈံးမႈသာမက တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ထပ္ဆင့္ကုန္ၾကမႈမ်ား ျဖစ္ေပၚေစခဲ့ ပါေၾကာင္း၊ ဆိုးဝါးေသာ တိုင္းျပည္ဖ်က္လုပ္ငန္း မ်ားျဖစ္သည့္အတြက္ ျပည္သူတစ္ရပ္လုံးက ဝိုင္းဝန္းဆန႔္က်င္ၾကရန္လည္းလို ပါ ေၾကာင္း၊ လိုအပ္သည့္ စစ္ဆင္ေရး၊ လုံၿခဳံေရး၊ နယ္ေျမစိုးမိုးေရးကိစၥမ်ားကို ထိထိ ေရာက္ေရာက္ ဆက္လက္လုပ္ေဆာင္ၿပီး ေရွ႕လုပ္ငန္းစဥ္ေအာင္ျမင္ေရး ႀကိဳးပမ္း ေဆာင္႐ြက္သြားရဦးမည္ ျဖစ္ပါေၾကာင္း။

ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္အနက္ ဒုတိယအခ်က္ျဖစ္သည့္“တိုင္းျပည္ သာယာဝေျပာ ေရးႏွင့္စားေရရိကၡာဖူလုံေရးအတြက္ ျပည္သူလူထု ဗဟိုျပဳ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ေဆာင္႐ြက္သြားမည္” ဆိုသည့္အခ်က္ႏွင့္ ပတ္သက္ၿပီး ေဆာင္႐ြက္ခ်က္မ်ားကို ဆက္လက္ေဆြးေႏြးလိုပါေၾကာင္း၊ ႏိုင္ငံတစ္ခု တြင္ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈတို႔၏ အေျခခံအက်ဆုံးအခ်က္မွာ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ရန္ပင္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံ၏စီးပြား ေရးဖြံ႕ၿဖိဳး တိုးတက္ရန္အတြက္ ျပည္ပမွတင္သြင္းမႈမ်ားကို အတတ္ႏိုင္ဆုံး ေလွ်ာ့ခ်ၿပီး ျပည္တြင္း ထုတ္လုပ္မႈလုပ္ငန္းမ်ား စြမ္းအားျပည့္ လည္ပတ္ႏိုင္ရန္ အေရးႀကီးပါေၾကာင္း၊ ထုတ္ ကုန္ႏွင့္ပတ္သက္ၿပီး စိုက္ပ်ိဳးေရးထုတ္ကုန္ႏွင့္ ေမြးျမဴေရးထုတ္ကုန္မ်ားကို သမား႐ိုး က်ပုံစံမွ ေခတ္မီနည္းစနစ္မ်ားႏွင့္ ျပဳျပင္ေျပာင္းလဲေဆာင္႐ြက္သြားရန္ လိုအပ္ပါ ေၾကာင္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားအလိုက္ သြင္းအားစုမ်ားကို ထိထိေရာက္ေရာက္ အသုံးျပဳၿပီး ေဒသအလိုက္ အလားအလာေကာင္းသည့္ သီးႏွံမ်ား စိုက္ပ်ိဳးႏိုင္ေရး၊ တန္ဖိုးျမင့္ထုတ္ကုန္မ်ား ထုတ္လုပ္ႏိုင္ေရး၊ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ား ေ႐ြးခ်ယ္စိုက္ပ်ိဳး ႏိုင္ေရး၊ ပန္းတိုင္အထြက္ႏႈန္း ျပည့္မီေရးႏွင့္ အရည္အေသြးေကာင္းမြန္ ေရးတို႔ကိုလည္း ေဆာင္႐ြက္သြားရမည္ ျဖစ္ပါေၾကာင္း၊ ျပည္တြင္းထုတ္လုပ္မႈတိုးတက္မွ ျပည္တြင္း စားေရရိကၡာ လိုအပ္ခ်က္မ်ားကို ဖူလုံေအာင္ျဖည့္ဆည္းေပးႏိုင္မည္ျဖစ္ၿပီး လူတစ္ဦး ခ်င္းစီ၏ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္မႈမွ တိုင္းျပည္သာယာဝေျပာမႈအထိ ျဖစ္တည္ လာမည္ ျဖစ္ပါေၾကာင္း။

မိမိတို႔ အစိုးရအေနျဖင့္ ျပည္သူ႔လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လည္း ႀကိဳးစားေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ႏိုင္ငံတစ္ခုတြင္ စီးပြားေရးေမာင္းႏွင္ အား၊ ႏိုင္ငံေရးေမာင္းႏွင္အားႏွင့္ကာကြယ္ေရးေမာင္းႏွင္အား ေကာင္းမြန္ေနရန္ လိုပါ ေၾကာင္း၊ စီးပြားေရးေမာင္းႏွင္အား ေကာင္းမြန္လာသည္ႏွင့္အမွ် ႏိုင္ငံေရးႏွင့္ ကာကြယ္ေရးစြမ္းအားမ်ားသည္လည္း ေကာင္းမြန္လာမည္ျဖစ္ၿပီး အင္အားေကာင္း သည့္ ႏိုင္ငံတစ္ခုျဖစ္လာမည္ ျဖစ္ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံအတြက္ေသခ်ာခိုင္မာသည့္ စီးပြားေရးလုပ္ငန္းႏွင့္ ကုန္ထုတ္လုပ္မႈသည္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းပင္ ျဖစ္ပါ ေၾကာင္း၊ အဆိုပါစိုက္ပ်ိဳး ေမြးျမဴေရး လုပ္ငန္းကို အေျခခံသည့္ MSME စက္မႈလုပ္ငန္း မ်ားကို အားေပးေဆာင္႐ြက္သြားရန္ လိုအပ္ပါေၾကာင္း၊ အဆိုပါစီးပြားေရးလုပ္ငန္း မ်ားသည္ ျပည္သူတစ္ရပ္လုံးအတြက္ အက်ဳံးဝင္သည့္လုပ္ငန္းမ်ားျဖစ္သျဖင့္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ အဓိကက်ၿပီး အခ်ိန္တိုအတြင္း အက်ိဳးျဖစ္ထြန္း ႏိုင္သည့္အတြက္ အားေပးျမႇင့္တင္ေဆာင္႐ြက္ရမည္ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ မိမိအပါ အဝင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒တို႔သည္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးက ေဒသ ၂၆ ခုတြင္ရွိ သည့္ MSME လုပ္ငန္းရွင္မ်ားႏွင့္ ၂၆ ႀကိမ္ ေတြ႕ဆုံေဆြးေႏြးႏိုင္ခဲ့ၿပီး တင္ျပခ်က္ ၂၃၀ ေက်ာ္ကိုလည္း ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ေပးခဲ့ သည္ကိုထည့္သြင္းေျပာၾကား လိုပါေၾကာင္း။

မိမိတို႔ အစိုးရအေနျဖင့္ လယ္ယာစီးပြားျမႇင့္တင္ေရးႏွင့္ ျပည္နယ္ႏွင့္ တိုင္း ေဒသႀကီး၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ား၏ စီးပြားေရးျမႇင့္တင္ေရးဆိုၿပီး ႏွစ္မ်ိဳးခြဲျမႇင့္ တင္ရန္ စဥ္းစားေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈရန္ပုံေငြမွ က်ပ္ဘီလီယံ ၄၀၀ ကို ႏိုင္ငံ့စီးပြားေရးဖြံ႕ၿဖိဳတိုးတက္ေရးအတြက္ သီးသန႔္ရန္ပုံေငြတစ္ရပ္ထူေထာင္ၿပီး ႏိုင္ငံ့စီးပြားေရးျမႇင့္တင္ႏိုင္ရန္ စီမံေဆာင္႐ြက္ခဲ့ ပါေၾကာင္း၊ ထို႔ျပင္အနာဂတ္ MSME လုပ္ငန္းမ်ားတြင္ ပိုမိုတိုးတက္လာေစရန္ အတြက္ရည္႐ြယ္ၿပီး‌ ၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္မွစ၍ ခ႐ိုင္ ၅၀ ၌ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရး အထက္တန္းေက်ာင္း ၅၁ ေက်ာင္းကို ဖြင့္လွစ္ေပးၿပီးျဖစ္သကဲ့သို႔ လာမည့္ ၂၀၂၄-၂၀၂၅ ပညာသင္ႏွစ္တြင္ က်န္ခ႐ိုင္ ၇၅ ခုတြင္ ေက်ာင္းမ်ား ဆက္လက္ ဖြင့္လွစ္သြားရန္ စီမံေဆာင္႐ြက္ထားၿပီး ျဖစ္ပါေၾကာင္း။

မိမိတို႔အေနျဖင့္ စီးပြားေရးအရ ဘက္စုံတိုးတက္မႈမ်ား ရရွိလာေစေရးအတြက္ ဦးတည္ခ်က္၊ ရည္မွန္းခ်က္မ်ားကိုခ်မွတ္ၿပီး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့သည့္ အတြက္ ၂၀၂၀-၂၀၂၁ ခုႏွစ္တြင္ က်ဆင္းခဲ့သည့္ စီးပြားေရးအေျခအေနမွ ႐ုန္းထြက္ လာႏိုင္ခဲ့ၿပီး ျဖစ္ပါေၾကာင္း၊ ၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္တြင္ GDP တိုးတက္မႈ ၃ ဒသမ ၄ ရာခိုင္ႏႈန္းရရွိခဲ့ၿပီး ၂၀၂၃-၂၀၂၄ ဘ႑ာေရးႏွစ္တြင္ GDP ၄ ရာခိုင္ႏႈန္း ခန႔္အထိ တိုးတက္မည္ဟု ေမွ်ာ္မွန္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ေမွ်ာ္မွန္းထားသည့္ အတိုင္း ဘ႑ာေရး တိုးတက္မႈရွိေစရန္အတြက္ မိမိတို႔အေနျဖင့္ ဆက္လက္ႀကိဳးပမ္း ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္းကိုလည္း ေျပာၾကားလိုပါေၾကာင္း။

ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္အနက္ တတိယအခ်က္ျဖစ္သည့္ “စစ္မွန္ စည္းကမ္း ျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာေစေရးႏွင့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရး လုပ္ငန္းစဥ္မ်ားကို ဆက္လက္ ေဆာင္႐ြက္သြားမည္” ဆိုသည့္အခ်က္ႏွင့္ပတ္သက္ၿပီး ေဆာင္႐ြက္မႈမ်ားကို ေျပာၾကား လိုပါေၾကာင္း၊ မိမိတို႔သည္ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)ႏွင့္အညီ ပါတီစုံ ဒီမိုကေရစီစနစ္ကို ဦးတည္ေလွ်ာက္လွမ္းေနျခင္းျဖစ္ၿပီး တပ္မေတာ္သည္ ဒို႔တာဝန္ အေရးသုံးပါး၊ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ စစ္မွန္ၿပီးစည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမို ကေရစီစနစ္ကို ကာကြယ္ေစာင့္ေရွာက္ရန္ အဓိကတာဝန္ရွိပါေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ပါတီစုံဒီမိုကေရစီစနစ္တို႔ကို ယိမ္းယိုင္ ပ်က္စီး ေအာင္ျပဳလုပ္လာေသာ မည္သည့္အျပဳအမူမ်ိဳးကိုမဆို ဥပေဒႏွင့္အညီ ကာကြယ္ တားဆီးသြားရမည္ပင္ ျဖစ္ပါေၾကာင္း။

ျဖတ္သန္းခဲ့ရသည့္သမိုင္းအေတြ႕အႀကဳံအရ မိမိတို႔ႏိုင္ငံႏွင့္ကိုက္ညီသည့္ ဒီမို ကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုႀကီးကို တည္ေဆာက္သြားရ မည္ျဖစ္ျခင္းေၾကာင့္ လႊတ္ေတာ္လမ္းေၾကာင္းကို မျဖစ္မေနသြားရမည္ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္လည္း ႏိုင္ငံေရးပါတီမ်ား ျပင္ဆင္ဖြဲ႕စည္းရန္ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီ ၂၆ ရက္တြင္ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒကို ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာ အားေကာင္း‌ေစေရး ျပည္သူလူထုႏွင့္ ေဒသကိုကိုယ္စားျပဳသည့္၊ ခိုင္မာသည့္ ႏိုင္ငံေရး ပါတီမ်ား ေပၚထြန္းလာေစေရးအတြက္ ျပ႒ာန္းေပးခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ယခင္တည္ဆဲ ႏိုင္ငံေရးပါတီ ၉၀ အနက္မွ ပါတီဆက္လက္တည္ေထာင္မွတ္ပုံတင္ခြင့္ကို ပါတီ ၅၀ က လာေရာက္ေလွ်ာက္ထားခဲ့ၿပီး က်န္ပါတီ ၄၀ မွာ သတ္မွတ္ကာလအတြင္း လာေရာက္ ေလွ်ာက္ထားျခင္းမရွိပါေၾကာင္း၊ ႏိုင္ငံေရးပါတီ မွတ္ပုံတင္ျခင္းဥပေဒပုဒ္မ ၃ အရ ယေန႔အထိ ႏိုင္ငံေရးပါတီအသစ္ တည္ေထာင္ခြင့္ ေလွ်ာက္ထားလာသည့္ပါတီ ၁၃ ပါတီရွိပါေၾကာင္း၊ ၂၇-၇-၂၀၂၃ ရက္ေန႔ထိ ယခင္ပါတီေဟာင္း ၅၀ အနက္မွ ႏိုင္ငံေရး ပါတီ ၃၀ ပါတီႏွင့္ ႏိုင္ငံေရးပါတီအသစ္ ေလွ်ာက္ထားသည့္ ၁၃ ပါတီ အနက္မွ ႏိုင္ငံေရးပါတီ ၅ ပါတီ၊ စုစုေပါင္း ၃၅ ပါတီအား မွတ္ပုံတင္ခြင့္ျပဳခဲ့ၿပီး ျဖစ္ပါေၾကာင္း၊ ႏိုင္ငံေရးပါတီသစ္တစ္ရပ္ တည္ေထာင္လိုသူမ်ားအေနျဖင့္ ပါတီတည္ေထာင္ခြင့္ကို ႏိုင္ငံေရးပါတီမွတ္ပုံတင္ျခင္း ဥပေဒပုဒ္မ ၃ အရ ဆက္လက္ ေလွ်ာက္ထားႏိုင္ သည္ကို ေျပာၾကားလိုပါေၾကာင္း၊ တည္ဆဲဥပေဒအရ ႏိုင္ငံေရးပါတီအျဖစ္ ဆက္လက္ရပ္တည္ ခြင့္ရရွိခဲ့သည့္ပါတီမ်ား၊ ပါတီသစ္အျဖစ္ ေပၚထြက္လာသည့္ပါတီမ်ားမွာ ဆက္လက္ ေဆာင္႐ြက္ရမည့္ကိစၥရပ္မ်ား က်န္ရွိေနေသးပါေၾကာင္း၊ ပါတီေဟာင္းမ်ားအေနျဖင့္ ပါတီဝင္အသစ္မ်ား ပါရွိလာသည္ရွိသကဲ့သို႔ ပါတီသစ္မ်ားအေနျဖင့္လည္း ပါတီမ်ား ခိုင္မာတည္တံ့ေရးအပါအဝင္ ပါတီ၏မူဝါဒမ်ားကို ျပည္သူလူထုမွ က်ယ္က်ယ္ျပန႔္ျပန႔္ သိရွိေစႏိုင္ေရး ေဆာင္႐ြက္ရမည့္လုပ္ငန္းမ်ား၊ ပါတီဝင္မ်ားရရွိေရး၊ ေထာက္ခံမႈ တိုးတက္လာေစေရး စသည္မ်ားအတြက္ စည္း႐ုံးလႈံ႕ေဆာ္ျခင္းမ်ားကို ေဆာင္႐ြက္ သြားရဦးမည္ျဖစ္ပါေၾကာင္း၊ အဆိုပါလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္လည္းလြတ္လပ္မႈ၊ ၿခိမ္းေျခာက္ အၾကပ္ကိုင္မႈမ်ားမရွိဘဲ အေၾကာက္တရားကင္းစြာျဖင့္ စည္း႐ုံးေရး ေဆာင္႐ြက္ႏိုင္မႈ စသည့္အခင္းအက်င္းမ်ား ျဖစ္ေပၚလာေစရန္ မိမိတို႔အစိုးရအေန ျဖင့္ ေဆာင္႐ြက္ေပးသြားရမည္ျဖစ္ပါေၾကာင္း၊ ထိုကဲ့သို႔အခင္းအက်င္းႏွင့္ ပါတီမ်ား၏ လိုအပ္သည့္ ႏိုင္ငံေရးလုပ္ငန္းစဥ္မ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ ေဆာင္႐ြက္ႏိုင္ေစရန္ အတြက္ အစိုးရအေနျဖင့္ အခ်ိန္ကာလတစ္ခုအထိ လိုအပ္ေနဦးမည္လည္း ျဖစ္ပါ ေၾကာင္း။

စတုတၳလုပ္ငန္းစဥ္ျဖစ္သည့္ “တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရး ရရွိေရးအတြက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူ စာခ်ဳပ္(NCA)ပါ သေဘာတူ ညီခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ် အေလးထား လုပ္ေဆာင္သြားမည္။” ဆိုသည့္ အခ်က္ႏွင့္ပတ္သက္ၿပီး ေဆာင္႐ြက္မႈမ်ားကို ေျပာၾကားလိုပါေၾကာင္း၊ ျမန္မာႏိုင္ငံကို ဒီမိုကေရစီစနစ္ႏွင့္ ေလွ်ာက္လွမ္းႏိုင္ရန္အတြက္ တည္ၿငိမ္ေအးၿငိမ္းခ်မ္းမႈရွိရန္၊ တရားဥပေဒစိုးမိုးရန္သည္ မျဖစ္မေနလိုအပ္ပါေၾကာင္း။

မိမိတို႔ႏိုင္ငံတြင္ေနထိုင္သည့္ တိုင္းရင္းသားမ်ားအေနျဖင့္ မိမိတို႔၏ဆႏၵႏွင့္ လိုလားခ်က္မ်ားကို လက္နက္ကိုင္ေတာင္းဆိုေန၍မရဘဲ ဒီမိုကေရစီစံႏႈန္းႏွင့္အညီ ေပါင္းစပ္ညႇိႏႈိင္းၿပီး ေဆြးေႏြးဆုံးျဖတ္ေဆာင္႐ြက္သြားၾကရမည္ ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံေရးစင္ျမင့္ျဖစ္သည့္ လႊတ္ေတာ္ထဲကို တိုင္းရင္းသားကိုယ္စားလွယ္ မ်ား စုံစုံညီညီေရာက္ရွိၿပီး လိုလားခ်က္မ်ား၊ ရည္မွန္းခ်က္မ်ားကို လႊတ္ေတာ္အသီးသီး တြင္ ပြင့္လင္းျမင္သာစြာ ေဆြးေႏြး၊ ဆုံးျဖတ္၊ အေကာင္အထည္ေဖာ္ႏိုင္ရန္ အေရးႀကီး ပါေၾကာင္း၊ ထို႔ေၾကာင့္ တိုင္းရင္းသားလက္နက္ကိုင္မ်ားကိုလက္နက္ကိုင္လမ္းေၾကာင္း မွ ႏိုင္ငံေရးစင္ျမင့္ေပၚ တက္ေရာက္လာႏိုင္ေရးအတြက္ တစ္ႏိုင္ငံလုံး ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)ကို အေလးထားအေကာင္အထည္‌ေဖာ္ခဲ့ ျခင္းျဖစ္ပါေၾကာင္း၊ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္ မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)သည္ အစိုးရႏွင့္ EAO မ်ားအၾကား၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအၾကား ထားရွိခဲ့သည့္ ကတိကဝတ္မ်ားပင္ျဖစ္ပါေၾကာင္း၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရး ႏွင့္ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီသည္ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္မွ ဇူလိုင္ ၂၇ ရက္အထိ NCA လက္မွတ္ ေရးထိုးထားသည့္အဖြဲ႕(၇)ဖြဲ႕၊ လက္မွတ္ ေရးထိုးထားျခင္းမရွိသည့္အဖြဲ႕(၃)ဖြဲ႕တို႔ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေပါင္း (၂၂) ႀကိမ္ျပဳ လုပ္ခဲ့ၿပီးျဖစ္ပါေၾကာင္း၊ NCA လက္မွတ္ေရးထိုးထားသည့္အဖြဲ႕မ်ားအနက္ လက္နက္ ကိုင္အဖြဲ႕(၃)ဖြဲ႕သည္ အေၾကာင္းျပခ်က္အခ်ိဳ႕ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားတြင္ ပါဝင္တက္ေရာက္ေဆြးေႏြးမႈ မရွိခဲ့သည္ကို ေတြ႕ရွိရပါေၾကာင္း၊ ၎အဖြဲ႕မ်ားအေနျဖင့္ တိုင္းျပည္၏ တည္ၿငိမ္ေအးခ်မ္းေရးကို အခ်ိန္မေ႐ြး ေႏွာင့္ယွက္ဖ်က္ဆီးမႈမ်ား ေဆာင္႐ြက္လာႏိုင္သည္ကိုလည္း သတိျပဳမိေစလိုပါေၾကာင္း၊ ယခုလည္း ၎အဖြဲ႕ မ်ားသည္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ေဆာင္႐ြက္ေနၾကပါေၾကာင္း။

ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈတိုင္းတြင္ တက္ေရာက္ေဆြးေႏြးခဲ့သည့္ အဖြဲ႕တိုင္း၏ လိုလားခ်က္၊ ေဆြးေႏြးခ်က္၊ ဆုံးျဖတ္ခ်က္မ်ားကိုလည္း စနစ္တက်စုစည္းထားရွိၿပီး ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို အရွိန္မပ်က္ ေဆာင္႐ြက္ႏိုင္ရန္စီစဥ္ထားရွိပါေၾကာင္း၊ က်ယ္က်ယ္ျပန႔္ျပန႔္ႏွင့္ ေဆြးေႏြးေဆာင္႐ြက္သြားရမယ့္ ကိစၥရပ္မ်ားလည္း အမ်ား အျပားက်န္ရွိေနၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားကို ဆက္လက္ေဆာင္႐ြက္သြား ရမည္ျဖစ္ပါေၾကာင္း၊ မိမိတို႔အေနျဖင့္ ျမန္မာႏိုင္ငံၿငိမ္းခ်မ္းၿပီး ဖြံ႕ၿဖိဳးတိုးတက္ေစလို ေသာ စိတ္ဆႏၵရွိသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို ၿငိမ္းခ်မ္းေရး ေဆြးေႏြးရန္ အစဥ္အၿမဲတံခါးဖြင့္ထားပါေၾကာင္းကိုလည္း ထည့္သြင္းေျပာၾကား လိုပါ ေၾကာင္း။

မိမိတို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ ေနာက္ဆုံး အခ်က္ကို “အေရးေပၚကာလဆိုင္ရာ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ၿပီးစီးပါက ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)ႏွင့္အညီ လြတ္လပ္ၿပီးတရားမွ်တေသာ ပါတီစုံ ဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲအား ျပန္လည္က်င္းပ၍ အႏိုင္ရသည့္ပါတီအား ဒီမိုကေရစီစံႏႈန္းမ်ားႏွင့္အညီ ႏိုင္ငံေတာ္တာဝန္အား လႊဲအပ္ႏိုင္ေရး ဆက္လက္ ေဆာင္႐ြက္သြားမည္” ဟု ခ်မွတ္ထားပါေၾကာင္း၊ မိမိတို႔ ႏိုင္ငံတြင္ ပါတီစုံဒီမိုကေရစီ စနစ္ စတင္က်င့္သုံးသည့္ ကာလကစၿပီး အေထြေထြေ႐ြးေကာက္ပြဲ(၃)ႀကိမ္ကို က်င္းပ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ႏိုင္ငံအတြင္း ၿမိဳ႕နယ္ေပါင္း ၃၃၀ ၿမိဳ႕နယ္ရွိၿပီး ၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ ၃၂၅ ၿမိဳ႕နယ္၊ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ၃၂၃ ၿမိဳ႕နယ္ကို ေ႐ြးေကာက္ပြဲက်င္းပ ေဆာင္႐ြက္ေပးႏိုင္ခဲ့ပါေၾကာင္း။

၂၀၁၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲႏွင့္ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတို႔တြင္ အျငင္းပြားမႈ အနည္းငယ္မွ်သာျဖစ္ေပၚခဲ့ၿပီး ၎ကာလမ်ားတြင္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ျပည္ ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မ်ား အေနျဖင့္ ေၾကလည္ေအာင္ ေျဖရွင္းေဆာင္႐ြက္ ေပးႏိုင္ခဲ့ပါေၾကာင္း။

မိမိတို႔ ျမန္မာႏိုင္ငံ၏ ၂၀၂၀ ျပည့္ႏွစ္၊ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ ပြဲကို တိုင္းေဒသႀကီးႏွင့္ျပည္နယ္အသီးသီးတြင္ရွိသည့္ ၿမိဳ႕နယ္ ၃၁၅ ၿမိဳ႕နယ္၌ မဲ႐ုံ ေပါင္း ၃၉,၉၆၃ ႐ုံဖြင့္လွစ္ၿပီး ျပဳလုပ္ခဲ့ပါေၾကာင္း၊ ေ႐ြးေကာက္ပြဲက်င္းပႏိုင္သည့္ ၿမိဳ႕ နယ္မ်ား က်ဆင္း လာၿပီး ျပည္သူ႔ဆႏၵေဖာ္ထုတ္ႏိုင္မႈ ေလ်ာ့နည္းသြားသည္ကို သတိ ျပဳဖြယ္ေတြ႕ျမင္ရမည္ျဖစ္ပါေၾကာင္း၊ ၎ကာလတြင္တာဝန္ယူထားသည့္ အစိုးရအေန ျဖင့္ လုံၿခဳံေရးဆိုင္ရာအေၾကာင္းျပခ်က္ျဖင့္ ၿမိဳ႕နယ္ ၁၅ ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္မႈမရွိေၾကာင္း ေၾကညာခဲ့သည့္အေပၚ အဆိုပါေဒသမ်ားတြင္ရွိသည့္ တိုင္းရင္း သားပါတီမ်ားမွ ေဝဖန္ေထာက္ျပမႈမ်ား အမ်ားအျပားျဖစ္ေပၚခဲ့ပါေၾကာင္း၊ ထို႔အျပင္ ေ႐ြးေကာက္ပြဲအတြက္ အဓိကအက်ဆုံးျဖစ္သည့္ ဆႏၵမဲေပးႏိုင္သည့္ လူဦးေရစာရင္း ထုတ္ျပန္ရာတြင္လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတြင္ ဆႏၵမဲေပးခြင့္ရွိသူ ၃၈,၂၇၁,၄၄၇ ဦး(၃၈.၂ သန္းေက်ာ္)ျဖစ္ၿပီး အလုပ္ သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ထုတ္ျပန္သည့္ စာရင္း အရ ၃၁,၇၇၅,၃၃၀ ဦး(၃၁.၇သန္းေက်ာ္) ျဖစ္ပါေၾကာင္း၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီး ဌာနက ထုတ္ျပန္သည့္စာရင္းအရ ၃၅,၄၇၆,၈၃၃ ဦး (၃၅.၄သန္းေက်ာ္) ျဖစ္သည့္ အတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္သည့္စာရင္းသည္ အလုပ္သမား၊ လူဝင္ မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ထုတ္ျပန္သည့္စာရင္းထက္ ၆.၅ သန္း၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္ စာရင္းထက္ ၂.၈ သန္း စသည္ျဖင့္ မဲစာရင္းကို ရည္႐ြယ္ခ်က္ရွိရွိ စာရင္းပိုျပထားသည္ကို သတိျပဳမိႏိုင္ ပါေၾကာင္း။

ဆႏၵမဲေပးအပ္ခ်ိန္တြင္လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ ေၾကညာခ်က္အရ ဆႏၵမဲေပးခြင့္ရွိသူ ၃၈,၂၇၁,၄၄၇ ဦး (၃၈.၂သန္းေက်ာ္)အနက္ ၂၇,၅၁၂,၈၅၅ ဦး (၂၇.၅သန္းေက်ာ္) ရာခိုင္ႏႈန္းအားျဖင့္ ၇၁.၈၉ ရာခိုင္ႏႈန္းက မဲေပးခဲ့ၾကေၾကာင္းကို ထုတ္ျပန္ေၾကညာခဲ့ပါေၾကာင္း၊ မိမိတို႔အစိုးရလက္ထက္တြင္ ေ႐ြးေကာက္ပြဲေကာ္မရွင္အသစ္ဖြဲ႕စည္းၿပီး မဲစာရင္းမ်ား စစ္ေဆးခဲ့ရာ၌ မဲမသမာမႈ ျဖစ္ ပြားခဲ့သည့္ မဲအေရအတြက္ ၁၁ ဒသမ ၃ သန္းေက်ာ္ရွိခဲ့ပါေၾကာင္း၊ ထို႔ေၾကာင့္ ခိုင္လုံ သည့္ မဲအေရအတြက္သည္ ၁၆ ဒသမ ၂ သန္းခန႔္ရွိၿပီး မဲေပးပိုင္ခြင့္ရွိသူအေရအတြက္ ႏွင့္ တြက္ၾကည့္ပါက ခိုင္မာသည့္မဲသည္ ၄၂ ရာခိုင္ႏႈန္းခန႔္သာရွိသည္ဟု ယူဆႏိုင္ပါ ေၾကာင္း။

ေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ခဲ့သည့္ပါတီမ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ားမွ တိုင္ၾကားခ်က္မ်ား၊ ထုတ္ေဖာ္ေျပာဆိုမႈမ်ား ျဖစ္ေပၚခဲ့သကဲ့သို႔ တရားမွ်တမႈကို လိုလားသည့္ ျပည္သူမ်ား၏ ဆႏၵထုတ္ေဖာ္မႈမ်ား ျဖစ္ေပၚခဲ့ပါေၾကာင္း၊ ႏိုင္ငံေတာ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)အရလည္းေကာင္း၊ ႏိုင္ငံ၏ႏိုင္ငံေရး သမိုင္းစဥ္ ျဖတ္သန္းမႈအရ စိစစ္ေပးရန္၊ သတိေပးရန္၊ အသိေပးရန္လိုအပ္သည့္ အဖြဲ႕ အစည္းသည္ တပ္မေတာ္ပင္ျဖစ္သည့္အတြက္လည္းေကာင္း လိုအပ္သည့္ စစ္ေဆးမႈ မ်ားကိုေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ၿပီးေနာက္ မဲစာရင္းမ်ား အရ မဲမသမာမႈျဖစ္ႏိုင္သည့္စာရင္းသည္ ၁၀,၄၈၂,၁၁၆ ဦး(၁၀.၄ သန္းေက်ာ္)ျဖစ္ သည့္အတြက္ မဲေပးပိုင္ခြင့္ရွိသူ ပမာဏ၏ ၄ ပုံ ၁ ပုံ ေက်ာ္ ျဖစ္ေပၚခဲ့သည္ကို အံ့ဩ ဖြယ္ရာ ေတြ႕ရွိရပါေၾကာင္း၊ စိစစ္ေတြ႕ရွိသည့္ အခ်က္အလက္မ်ားကို ေျဖရွင္းေဆာင္ ႐ြက္ေပးရန္ UEC၊ တည္ဆဲအစိုးရ၊ လႊတ္ေတာ္ႏွင့္ ျပည္ေထာင္စုတရား လႊတ္ေတာ္ ခ်ဳပ္တို႔ကို တိုက္တြန္းေဆာင္႐ြက္ခဲ့ေသာ္လည္း ေျဖရွင္းေဆာင္႐ြက္ေပးျခင္း မရွိခဲ့ပါ ေၾကာင္း၊ ထိုကဲ့သို႔ လုံးဝေျဖရွင္းေပးမႈမရွိျခင္းသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)အရ ႏိုင္ငံေတာ္အာဏာကို အတင္းအဓမၼရယူရန္ လုပ္ေဆာင္ခဲ့ျခင္းပင္ျဖစ္ပါ ေၾကာင္း၊ ယင္းေနာက္ အသစ္ျပန္လည္ ဖြဲ႕စည္းခဲ့သည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ျဖင့္ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲ မဲစာရင္းမ်ားကို လိုအပ္သည့္စစ္ေဆးမႈ မ်ား ဆက္လက္ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ အသစ္၏ မဲစာရင္းစစ္ေဆးမႈမ်ားအရ မဲမသမာမႈျဖစ္ပြားခဲ့သည့္ မဲစာရင္းအေရအတြက္ ၁၁,၃၀၅,၃၉၀ ဦး( ၁၁.၃ သန္းေက်ာ္) ျဖစ္ပြားခဲ့ေၾကာင္း ေဖာ္ထုတ္ေတြ႕ရွိခဲ့ရပါ ေၾကာင္း၊ မဲမသမာမႈျဖစ္ပြားေအာင္ စီစဥ္ေဆာင္႐ြက္ခဲ့သည့္ ယခင္ ျပည္ေထာင္စု ေ႐ြး ေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္မ်ားကိုလည္း ၎တို႔က်ဴးလြန္ခဲ့သည့္ ျပစ္မႈမ်ားအလိုက္ ထိုက္သင့္သည့္ အေရးယူမႈမ်ားကို ေဆာင္႐ြက္ခဲ့ပါေၾကာင္း။

ယခုကဲ့သို႔ မဲမသမာမႈျဖစ္စဥ္ ျဖစ္ပြားခဲ့ရျခင္း အေၾကာင္းအရင္းမ်ားကို ျပန္ ေလ့လာၾကည့္ပါက ႏိုင္ငံေတာ္၏အာဏာကို မသမာသည့္နည္းလမ္းျဖင့္ ရယူရန္ ႀကိဳးစားခဲ့သည္ကို ေတြ႕ရွိရမည္ျဖစ္သကဲ့သို႔ မဲစာရင္းမ်ား တိက်ခိုင္မာမႈမရွိျခင္းကို လည္း ေတြ႕ရွိရမည္ျဖစ္ပါေၾကာင္း ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲတစ္ခုတြင္ မဲစာရင္း တိက်ခိုင္မာမႈရွိေရးသည္ အဓိကအခ်က္ပင္ ျဖစ္ပါေၾကာင္း၊ ခိုင္မာတိက်သည့္မဲစာရင္း ျဖစ္ေပၚလာေစေရးအတြက္ ႏိုင္ငံအတြင္းတြင္ရွိသည့္ ဆႏၵမဲေပးခြင့္ရွိသူ၊ ဆႏၵမဲေပးခြင့္ မရွိသူ၊ ဆႏၵမဲေပးအပ္ႏိုင္သူ၊ ဆႏၵမဲေပးအပ္ႏိုင္ျခင္းမရွိသူ စသည္တို႔ကို အေသးစိတ္ စာရင္း ရရွိေနရန္လိုအပ္မည္ျဖစ္ပါေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ ျပည္လုံးကြၽတ္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းကို ၂၀၁၄ ခုႏွစ္၊ ဧၿပီလတြင္ ေနာက္ဆုံးအႀကိမ္ ေကာက္ယူခဲ့ပါေၾကာင္း၊ ၂၀၁၉ ခုႏွစ္တြင္လည္း ၾကားျဖတ္လူဦးေရ သန္းေခါင္စာရင္းကို ေကာက္ခံခဲ့ၿပီး ၾကားျဖတ္သန္းေခါင္စာရင္း အစီရင္ခံစာကို ထုတ္ျပန္ခဲ့ပါေၾကာင္း၊ ျပည္လုံးကြၽတ္သန္းေခါင္စာရင္းႏွင့္ ၾကားျဖတ္အစီရင္ခံစာပါ စာရင္းမ်ားကို အေျချပဳသည့္ မဲဆႏၵစာရင္းကို ထုတ္ျပန္ခဲ့ပါက ယခုေလာက္ မဲစာရင္း ကြာျခားမႈမျဖစ္ႏိုင္သည္ကို သုံးသပ္ရရွိပါေၾကာင္း၊ ၂၀၁၄ ခုႏွစ္ႏွင့္ ၂၀၁၉ ခုႏွစ္တြင္ ေကာက္ယူခဲ့သည့္ သန္းေခါင္စာရင္းပါ အခ်က္အလက္မ်ားအရ ျမန္မာႏိုင္ငံ၏ လူဦး ေရ တိုးတက္မႈႏႈန္းသည္ ၂၀၁၄ ခုႏွစ္ႏွင့္ ၂၀၁၉ ခုႏွစ္ စာရင္းေတြအရ တစ္ႏွစ္လွ်င္ ၀.၈၈ ရာခိုင္ႏႈန္း၊ ၂၀၂၀ ျပည့္ႏွစ္စာရင္းအရ တစ္ႏွစ္လွ်င္ ၀.၈၇ ရာခိုင္ႏႈန္းမွ်သာ ရွိပါ ေၾကာင္း၊ အဆိုပါလူဦးေရတိုးတက္မႈႏႈန္းထားကိုသာ အေလးထား ေဆာင္႐ြက္ပါက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခဲ့ေသာမဲေပးပိုင္ခြင့္ရွိသည့္ အင္အား သည္ ယခုအတိုင္းအတာအထိေဖာင္းပြလာရန္ မရွိသည္ကိုလည္း သုံးသပ္ႏိုင္မည္ ျဖစ္ပါေၾကာင္း၊ ၂၀၁၄ ခုႏွစ္မွ ၂၀၂၀ ျပည့္ႏွစ္အထိ သန္းေခါင္စာရင္း ေကာက္ယူမႈ မရွိေသးသည္ကို အခြင့္ေကာင္းယူၿပီး မဲမသမာမႈ လုပ္ေဆာင္သြားသည္ဟုလည္း သုံးသပ္ရရွိပါေၾကာင္း။

မိမိတို႔အစိုးရအဖြဲ႕သည္ မဲမသမာမႈမ်ား ျဖစ္ေပၚခဲ့မႈေၾကာင့္ ႏိုင္ငံ့တာဝန္ကိုရယူ ခဲ့ရသည့္ အစိုးရျဖစ္သည့္အတြက္ မိမိတို႔အစိုးရ တာဝန္ယူေဆာင္႐ြက္ေပးရမည့္ ေ႐ြးေကာက္ပြဲတြင္ မဲစာရင္းမွန္ကန္မႈ ရွိေစေရးသည္ အဓိကအက်ဆုံးျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံအတြင္း အၾကားအလပ္မရွိသည့္ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ႏိုင္ေရး ႏွင့္ မဲစာရင္း မွန္ကန္တိက်မႈရွိေစေရးကို ရည္မွန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ လ်က္ရွိပါေၾကာင္း၊ ေ႐ြးေကာက္ပြဲက်င္းပရာတြင္ အဓိကအက်ဆုံးျဖစ္သည့္ မဲစာရင္း မ်ား မွန္ကန္တိက်မႈရွိေစေရးအတြက္ သန္းေခါင္စာရင္း ေကာက္ယူမႈလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ ရွိပါေၾကာင္း၊ တစ္တိုင္းျပည္လုံး လႊမ္းၿခဳံႏိုင္ သည့္ သန္းေခါင္စာရင္း ေကာက္ယူမႈေအာင္ျမင္မွသာ ခိုင္မာသည့္မဲဆႏၵရွင္စာရင္းကို ရရွိႏိုင္မည္ ျဖစ္သည့္အတြက္ အေလးထားေဆာင္႐ြက္ေနခ်ိန္တြင္ လက္နက္ကိုင္ အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တိုက္ခိုက္မႈ၊ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ လုပ္ငန္းေဆာင္႐ြက္မႈတြင္ ေႏွာင့္ေႏွးမႈမ်ား ျဖစ္ေပၚေနေၾကာင္းကိုလည္း အသိေပး ေျပာၾကားလိုပါေၾကာင္း၊ ႏိုင္ငံတစ္ဝန္း တည္ၿငိမ္ေအးခ်မ္းၿပီး ေ႐ြးေကာက္ပြဲအတြက္ လိုအပ္သည့္ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ၿပီးခ်ိန္တြင္ တစ္ႏိုင္ငံလုံး အတိုင္း အတာႏွင့္ အၾကားအလပ္မရွိ ေ႐ြးေကာက္ပြဲကိုက်င္းပႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ သြားရမည္ပင္ျဖစ္ပါေၾကာင္း။

အေထြေထြအေနျဖင့္ ၂၀၂၃ ခုႏွစ္၊ ေမလ ၁၄ ရက္ေန႔တြင္ ျမန္မာႏိုင္ငံ၊ စစ္ေတြ ၿမိဳ႕ကို တစ္နာရီ မိုင္ ၁၃၀ ေက်ာ္ျဖင့္ အလြန႔္အလြန္ အားေကာင္းေသာ မိုခါ ဆိုင္ကလုန္းမုန္တိုင္း တိုက္ခတ္ခဲ့ပါေၾကာင္း၊ မိုခါမုန္တိုင္းတိုက္ခတ္ႏိုင္သည့္အေျခ အေနကို ေမလ ၄ ရက္မွာ စတင္သိရွိခဲ့ပါေၾကာင္း၊ ေမလ ၆ ရက္ေန႔တြင္ အမ်ိဳးသား သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ေကာ္မတီ အေရးေပၚလုပ္ငန္းညႇိႏႈိင္း အစည္း အေဝးကို ျပဳလုပ္ခဲ့ၿပီး မုန္တိုင္းႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ား၊ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္အလက္မ်ားကို ႏိုင္ငံေတာ္ပိုင္မီဒီယာမ်ားမွ အခ်ိန္ႏွင့္ တစ္ေျပးညီ အသိေပးႏႈိးေဆာ္ခဲ့ပါေၾကာင္း၊ မိုခါမုန္တိုင္း ျဖတ္ေက်ာ္ဝင္ေရာက္ခ်ိန္တြင္ ရခိုင္ျပည္ နယ္အတြင္းရွိ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္ကို ေဘးအႏၲရာယ္က်ေရာက္ႏိုင္ေျချမင့္မားသည့္ အနီေရာင္အဆင့္ေဒသမ်ားအျဖစ္ ၂၀၂၃ ခုႏွစ္ ေမလ ၁၃ ရက္ေန႔တြင္ ႀကိဳတင္ ေၾကညာေစခဲ့ပါေၾကာင္း၊ မိုးေလဝသဆိုင္ရာ ႀကိဳတင္သတိေပးေရးလုပ္ငန္းစဥ္အရ မုန္တိုင္းမဝင္မီ ၁၂ နာရီအလိုတြင္ ထုတ္ျပန္ေလ့ရွိေသာ္လည္း မိမိအေနျဖင့္ မုန္တိုင္း မဝင္မီ တစ္ရက္ေက်ာ္ကတည္းက ႀကိဳတင္ေၾကညာေစခဲ့သည့္အျပင္ မုန္တိုင္း တိုက္ ခတ္ႏိုင္သည့္ ေဒသအသီးသီးမွ ျပည္သူမ်ားကိုလည္း အခ်ိန္မီ ေ႐ႊ႕ေျပာင္းေပးႏိုင္ခဲ့ ပါေၾကာင္း၊ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္မႈ ေကာင္းမြန္ခဲ့သည့္အတြက္ မုန္တိုင္းေၾကာင့္ ေသဆုံးရသည့္ အေရအတြက္နည္းပါးခဲ့ၿပီး တိုက္ခတ္ခဲ့သည့္ မုန္တိုင္း၏အရွိန္ႏွင့္ ႏႈိင္းယွဥ္ပါက မိမိတို႔၏ ျပည္သူလူထုအေပၚ အေလးထားေဆာင္႐ြက္ေပးႏိုင္ခဲ့မႈကို သုံးသပ္ႏိုင္မည္ပင္ျဖစ္ပါေၾကာင္း၊ မုန္တိုင္းတိုက္ခတ္ၿပီးေနာက္ ရခိုင္ျပည္နယ္ေျမာက္ ပိုင္း ၇ ၿမိဳ႕နယ္ႏွင့္ ခ်င္းျပည္နယ္မွ ၂ ၿမိဳ႕နယ္ တို႔သည္ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့ပါ ေၾကာင္း။

မိမိအပါအဝင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ အစိုးရအဖြဲ႕ တာဝန္ရွိသူမ်ား၊ တပ္မေတာ္အႀကီးအကဲမ်ားဟာ မုန္တိုင္းဒဏ္သင့္ေဒသမ်ားသို႔ သြား ေရာက္ၾကည့္ရႈခဲ့ၿပီး လိုအပ္သည္မ်ား ေဆာင္႐ြက္ျဖည့္ဆည္းေပးခဲ့ပါေၾကာင္း၊ ႏိုင္ငံ ေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ တာဝန္ရွိသူမ်ားႏွင့္ တပ္မေတာ္မွ အရာရွိႀကီးမ်ားကို လည္း ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားတြင္ အနီးကပ္ႀကီးၾကပ္ႏိုင္ေရး တာဝန္ ေပးအပ္ၿပီး ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း။

အေျခခံပညာေက်ာင္းမ်ားကို အခ်ိန္မီ ျပန္လည္ဖြင့္လွစ္ႏိုင္ေရး၊ သန႔္ရွင္းေသာ ေသာက္သုံးေရရရွိေရး၊ စားနပ္ရိကၡာျပတ္လပ္မႈ မရွိေရး၊ ဆက္သြယ္ေရးစနစ္ႏွင့္ လွ်ပ္စစ္ဓာတ္အား ျပန္လည္ရရွိေရး အပါအဝင္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားတြင္ အရွိန္အဟုန္ႏွင့္ ျပန္လည္ ေဆာင္႐ြက္ႏိုင္ေရးအတြက္ လိုအပ္သည့္လုပ္ငန္းစဥ္မွန္သမွ် ကို ျဖည့္ဆည္း ေဆာင္႐ြက္ေပးခဲ့ပါေၾကာင္း။

ႏိုင္ငံတကာ၏ ကူညီကယ္ဆယ္ေရးပစၥည္းမ်ား၊ ေပးပို႔လႉဒါန္းမႈကို သေဘာတူ ခြင့္ျပဳမႈ၊ စနစ္တက်ရွိမႈတို႔အတြက္ On-Site Operation Coordination Centre ဖြဲ႕စည္းေဆာင္႐ြက္ခဲ့ၿပီး အျပည့္အဝ ပူးေပါင္း ေဆာင္႐ြက္ျခင္းတို႔ကို ေဆာင္႐ြက္လ်က္ ရွိ ပါေၾကာင္း၊ ႏိုင္ငံတကာႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈအေနျဖင့္ ျပည္ပႏိုင္ငံမ်ားမွ အစိုးရ မ်ား၊ အေရးေပၚတုံ႔ျပန္မႈႏွင့္ ကြင္းဆင္းစစ္ေဆးေရးအဖြဲ႕(ERAT)၏ သတင္းထုတ္ျပန္ ေရးအဖြဲ႕၊ ကုလသမဂၢ၏ လူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီး႐ုံး(UNOHCHR) အဖြဲ႕ အစည္းမ်ား၊ AHA Centre ၊ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ ေစတနာရွင္မ်ား၏ ေထာက္ပံ့ေရးပစၥည္းမ်ားလႉဒါန္းမႈ၊ အလႉေငြမ်ားလႉဒါန္းမႈ၊ ျမန္မာႏိုင္ငံအတြင္းသို႔ လာေရာက္သတင္းရယူမည့္ ခရီးစဥ္မ်ားကို ခြင့္ျပဳေပးခဲ့ပါေၾကာင္း၊ မိမိတို႔အစိုးရ အေနျဖင့္ မုန္တိုင္းဒဏ္သင့္ေဒသမ်ားကို မူလအေျခအေနထက္ ပိုမိုေကာင္းမြန္ေအာင္ နည္းမ်ိဳးစုံျဖင့္ ႀကိဳးစားေဆာင္႐ြက္လ်က္ရွိေၾကာင္းကို ေျပာၾကားလိုပါေၾကာင္း။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအေနျဖင့္ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ကိုခ်မွတ္ၿပီး ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး စသည့္ ဦးတည္ခ်က္ ၁၂ ရပ္ကို ေရးဆြဲအေကာင္အထည္ ေဖာ္ ေဆာင္႐ြက္လ်က္ ရွိပါေၾကာင္း၊ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ဒီမိုကေရစီစနစ္ တြင္ ဆႏၵမဲေပးေ႐ြးခ်ယ္ျခင္းသည္ အဓိကအက်ဆုံးက႑ျဖစ္ပါေၾကာင္း၊ ျပည္သူတစ္ဦး တစ္ေယာက္ခ်င္းစီက ၿခိမ္းေျခာက္ခံရမႈ၊ စိုး႐ြံ႕မႈ၊ အေႏွာင္အဖြဲ႕ရွိမႈ အစရွိသည့္ အဂတိ တရားမ်ား ကင္းကင္းရွင္းရွင္းျဖင့္ လြတ္လပ္ျခင္း၊ တရားမွ်တျခင္း စသည့္အခ်က္မ်ား ျပည့္ျပည့္စုံစုံျဖင့္ မဲေပးႏိုင္ေရးသည္လည္း အေရးႀကီးသည့္က႑တြင္ ပါဝင္ပါေၾကာင္း၊ လက္ရွိအေျခအေနတြင္ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာထားသည့္ NUG၊ CRPH၊ PDF အစရွိသည့္ အၾကမ္းဖက္သမားမ်ားအျပင္၊ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္ မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)ကို ေဖာက္ဖ်က္ၿပီး ႏိုင္ငံ၏ အုပ္ခ်ဳပ္ေရး၊ တရား ဥပေဒစိုးမိုးေရးလုပ္ငန္းစဥ္မ်ား ထိခိုက္ပ်က္ျပားေအာင္ လုပ္ေဆာင္ေနသည့္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ ရွိေနပါေၾကာင္း၊ တင္ျပခဲ့သည့္ အၾကမ္းဖက္အဖြဲ႕အစည္း မ်ားႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ အခ်ိဳ႕တို႔သည္ စစ္ကိုင္းတိုင္းေဒသႀကီး အခ်ိဳ႕ၿမိဳ႕နယ္မ်ား၊ မေကြးတိုင္း ေဒသႀကီး ေျမာက္ဘက္ျခမ္း၊ ပဲခူးတိုင္းေဒသႀကီး အေရွ႕ဘက္ျခမ္း၊ တနသၤာရီတိုင္းေဒသႀကီး အခ်ိဳ႕ၿမိဳ႕နယ္မ်ား၊ ကရင္ျပည္နယ္၊ ကယား ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္ စသည္တို႔မွ အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ လက္နက္ ကိုင္ တိုက္ခိုက္မႈမ်ား၊ သတ္ျဖတ္မႈမ်ား၊ မိုင္းေထာင္တိုက္ခိုက္မႈ၊ မီးရႈိ႕ ဖ်က္ဆီးမႈ အပါအဝင္ အၾကမ္းဖက္လုပ္ရပ္မ်ားကို လုပ္ေဆာင္လ်က္ ရွိပါေၾကာင္း၊ ေဒသခံျပည္သူ လူထုမ်ား ၏ ေနအိမ္အေဆာက္အဦမ်ား၊ ဘာသာေရးအေဆာက္ အဦမ်ား၊ ပညာေရး၊ က်န္းမာေရး အစရွိသည့္ အေဆာက္အဦမ်ားကို အကာအကြယ္အျဖစ္ရယူၿပီး တိုက္ခိုက္ ျခင္း၊ အရပ္သားျပည္သူမ်ားကို လူသားဒိုင္းအျဖစ္ အသုံးျပဳတိုက္ခိုက္ျခင္းမ်ားေၾကာင့္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ထိန္းထိန္းသိမ္းသိမ္းျဖင့္ ၾကပ္မတ္ေဆာင္႐ြက္ လ်က္ရွိပါ ေၾကာင္း၊ မိမိတို႔၏ ရည္မွန္းခ်က္မ်ားတြင္ ေဖာ္ျပပါရွိသည့္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရးအတြက္ တင္ျပခဲ့သည့္ ေဒသမ်ား၌ အခက္အခဲအခ်ိဳ႕ရွိေနႏိုင္သည္ကို သတိျပဳ မိရန္ လိုအပ္ေၾကာင္း တင္ျပလိုပါေၾကာင္း၊ ေ႐ြးေကာက္ပြဲ ျဖစ္ေျမာက္ေအာင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ေဆာင္႐ြက္ေပးသည့္တိုင္ ေဒသခံမဲဆႏၵ ရွင္ ျပည္သူမ်ားကို လက္နက္အားကိုးျဖင့္ မဲမေပးေစေရး၊ မဲေပးပါကလည္း ၎တို႔ လိုလားသူကိုသာမဲေပးေစေရး၊ ဖိအားေပးအၾကပ္ကိုင္မႈမ်ား ျဖစ္ေပၚလာပါက ေ႐ြးေကာက္ပြဲ၏ မူလဦးတည္ခ်က္မ်ား ပေပ်ာက္သြားႏိုင္ပါေၾကာင္း၊ ဒီမိုကေရစီ အတြက္ မဲေပးေ႐ြးခ်ယ္မႈသည္ အာဏာရွင္ႏွင့္ အၾကမ္းဖက္အားေပးမ်ားကို မဲေပး ေ႐ြးခ်ယ္လိုက္ရသည့္ ျဖစ္စဥ္မ်ိဳး ျဖစ္ေပၚလာႏိုင္သည္ကိုလည္း သတိျပဳမိရန္ လိုအပ္ မည္ျဖစ္ပါေၾကာင္း။

လႊတ္ေတာ္မ်ား၏ အခန္းက႑ႏွင့္ဆက္စပ္ၿပီး ထပ္မံတင္ျပလိုပါေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)အရ မိမိတို႔ျမန္မာႏိုင္ငံတြင္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ဟူ၍ လႊတ္ေတာ္ ၃ ရပ္ႏွင့္ ဖြဲ႕စည္းထားရွိပါေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္) အရ လႊတ္ေတာ္အစည္းအေဝးတစ္ခု အထေျမာက္ရန္ဆိုပါက လႊတ္ေတာ္စတက္သည့္ ပထမေန႔တြင္ တက္ေရာက္ခြင့္ရွိသည့္ ကိုယ္စားလွယ္ထက္ဝက္ေက်ာ္ဦးေရ တက္ ေရာက္ပါက အစည္းအေဝးသည္ အထေျမာက္ပါေၾကာင္း၊ ပထမေန႔ အစည္းအေဝး အထမေျမာက္သျဖင့္ ဆက္လက္က်င္းပသည့္ လႊတ္ေတာ္အစည္းအေဝးမ်ားတြင္ တက္ ေရာက္ခြင့္ရွိသည့္ လႊတ္ေတာ္ကိုယ္စားလွယ္အေရအတြက္၏ သုံးပုံတစ္ပုံ တက္ ေရာက္ႏိုင္သည္ႏွင့္ အစည္းအေဝးသည္ အထေျမာက္ေနၿပီျဖစ္ပါေၾကာင္း၊ ပထမဆုံး က်င္းပမည့္ လႊတ္ေတာ္အစည္းအေဝး အထေျမာက္ရန္လိုအပ္သည့္ ၅၀ ရာခိုင္ႏႈန္း ေသာ ကိုယ္စားလွယ္ေတြအတြက္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္း ရွိၿပီးျဖစ္ပါေၾကာင္း၊ က်န္ ၂၅ ရာခိုင္ႏႈန္းေသာ လႊတ္ေတာ္ကိုယ္စားလွယ္ ရွိ႐ုံမွ်ျဖင့္ လႊတ္ေတာ္အစည္းအေဝးကို အထေျမာက္ေအာင္ ေဆာင္႐ြက္ႏိုင္ပါေၾကာင္း၊ သို႔ေသာ္ ယခုေဆြးေႏြးခဲ့သကဲ့သို႔ လႊတ္ေတာ္အစည္းအေဝးကို က်င္းပလိုက္သည္ႏွင့္ လႊတ္ေတာ္အစည္းအေဝး အထေျမာက္ေအာင္ တပ္မေတာ္က အတင္း လုပ္ယူသည္ဟူ သည့္ပုံရိပ္တစ္ခုကို သတ္မွတ္သြားႏိုင္သည့္ အေနအထားရွိပါေၾကာင္း၊ အလားတူ သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား၏ ဝန္ႀကီးခ်ဳပ္မ်ား၊ အစိုးရအဖြဲ႕ဝင္မ်ား၊ ျပည္ေထာင္စုအဆင့္ သမၼတ၊ ဒုသမၼတ စသည္တို႔ ေ႐ြးခ်ယ္သည့္အခါတြင္လည္း အထက္တြင္ မိမိေျပာခဲ့သကဲ့သို႔ ေဆာင္႐ြက္ႏိုင္ေသာ္လည္း ပုံရိပ္အရ မသင့္ေတာ္ျခင္း မ်ား ျဖစ္ေပၚလာႏိုင္ပါေၾကာင္း၊ ေ႐ြးေကာက္ပြဲသည္ အေထြေထြေ႐ြးေကာက္ပြဲျဖစ္ သည္ႏွင့္အညီ ျပည္သူမ်ားက ၎တို႔ဆႏၵျဖင့္ေ႐ြးခ်ယ္သည့္ ေ႐ြးေကာက္ခံ ကိုယ္စား လွယ္မ်ား ပါဝင္ေနရန္လိုပါေၾကာင္း၊ အနည္းဆုံး ၇၅ ရာခိုင္ႏႈန္းခန႔္အထိ ကိုယ္စား လွယ္မ်ား ေ႐ြးခ်ယ္ခြင့္ရရွိေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ေ႐ြးေကာက္ပြဲ တြင္ ၁၀၀ ရာခိုင္ႏႈန္းေအာင္ျမင္ရန္ဆိုသည္မွာ ခက္ခဲမည္ျဖစ္ပါေၾကာင္း။

ထိုကဲ့သို႔ ျပည္သူမ်ားေ႐ြးခ်ယ္သည့္ ကိုယ္စားလွယ္မ်ား မ်ားမ်ားပါဝင္ႏိုင္ေရး၊ ၎တို႔ႀကိဳက္ႏွစ္သက္သည့္ ကိုယ္စားလွယ္ကို မဲေပးေ႐ြးခ်ယ္ႏိုင္ေရး ကိုယ္စား လွယ္မ်ားသည္ မဲဆႏၵနယ္အလိုက္ ျပည္သူမ်ားဆီ ကြင္းဆင္း မဲဆြယ္စည္း႐ုံးႏိုင္ရန္ လိုအပ္ပါေၾကာင္း၊ ျမန္မာႏိုင္ငံ၏လူဦးေရ ၃၀ ရာခိုင္ႏႈန္းခန႔္သည္ ၿမိဳ႕ေနျဖစ္ၿပီး၊ က်န္ ၇၀ ရာခိုင္ႏႈန္းေက်ာ္သည္ ေက်းလက္ေန ျပည္သူမ်ားျဖစ္ၾကပါေၾကာင္း၊ မိမိ အထက္ တြင္တင္ျပခဲ့သည့္ ေဒသမ်ားမွ ၿမိဳ႕ေပၚေနျပည္သူလူထုအေနျဖင့္ ေအးခ်မ္းစြာ ေနထိုင္ ႏိုင္ၿပီး ေက်းလက္မ်ားတြင္မူ ၿခိမ္းေျခာက္မႈမ်ားရွိေနဆဲ ျဖစ္ပါေၾကာင္း၊ လြတ္လပ္စြာ မဲဆြယ္စည္း႐ုံးႏိုင္မႈ၊ လြတ္လပ္စြာမဲေပးႏိုင္မႈမ်ားအတြက္ အခက္အခဲမ်ား ရွိလာမည္ ျဖစ္ေၾကာင္း၊ ေနာက္ဆက္တြဲအေနျဖင့္ ေဒသ၏ဖြံ႕ၿဖိဳးတိုးတက္မႈ၊ လိုလားမႈမ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပးႏိုင္မည္ မဟုတ္ေတာ့သည္ကို သတိျပဳမိရန္လိုအပ္ပါ ေၾကာင္း၊ ထို႔ေၾကာင့္ နယ္ေျမေဒသမ်ား တည္ၿငိမ္ေအးခ်မ္းေစေရး လုံၿခဳံေရး အားေကာင္းေအာင္ တည္ေဆာက္ရန္ လိုအပ္လ်က္ရွိပါေသးေၾကာင္း။

ျမန္မာႏိုင္ငံ၏ တည္ဆဲလြတ္ေတာ္ဥပေဒမ်ားတြင္လည္း မဲဆႏၵရွင္ ျပည္သူလူထု ဘယ္ႏွစ္ရာခိုင္ႏႈန္းက မဲေပးမွ အထေျမာက္မည္ဟု သတ္မွတ္ထားျခင္းမ်ိဳး မရွိပါ ေၾကာင္း၊ ၂၀၁၉ ခုႏွစ္တြင္ ျပဳလုပ္ခဲ့သည့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရး ေကာ္မတီအတြက္ ေ႐ြးေကာက္ပြဲကို ဥပမာထား တင္ျပရမည္ဆိုပါက မဲေပးပိုင္ခြင့္ရွိသူ မ်ား၏ ပ်မ္းမွ် ၁၄ ရာခိုင္ႏႈန္းကသာ မဲေပးခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ယင္း ပ်မ္းမွ် ၁၄ ရာခိုင္ႏႈန္းေပၚ၌ အႏိုင္အရႈံးကို တြက္ခ်က္သြားသည္ျဖစ္သည့္အတြက္ ျပည္သူကို ကိုယ္စားျပဳႏိုင္သည့္ ကိုယ္စားလွယ္မ်ား ျဖစ္၊ မျဖစ္ကို သုံးသပ္ေတြ႕ရွိႏိုင္ပါေၾကာင္း၊ ျပည္သူလူထုကို ကိုယ္စားျပဳမႈအားနည္းခဲ့သည့္အတြက္ ေနာက္ပိုင္းတြင္ ျပႆနာမ်ား ျဖစ္ပြားလာသည္ကိုလည္း ေတြ႕ရွိရမည္ ျဖစ္ပါေၾကာင္း။

မဲဆႏၵရွင္ျပည္သူအားလုံးကို ေအးခ်မ္းလုံၿခဳံစြာ မဲေပးႏိုင္ခြင့္ရွိေရး ေဆာင္႐ြက္ ေပးရမည္မွာ အစိုးရတာဝန္ျဖစ္သကဲ့သို႔ မဲေပးျခင္း၊ မဲမေပးၾကျခင္းမွာ ျပည္သူတစ္ဦး တစ္ေယာက္ခ်င္း၏ ဒီမိုကေရစီအခြင့္အေရးပင္ျဖစ္ပါေၾကာင္း၊ မဲမသမာမႈျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့သည့္အတြက္ မိမိတို႔အစိုးရအဖြဲ႕ ျဖစ္ေပၚလာျခင္းျဖစ္ၿပီး မိမိတို႔အစိုးရက တာဝန္ယူက်င္းပရသည့္ ေ႐ြးေကာက္ပြဲသည္ ႏိုင္ငံေတာ္အတြက္ အေရးႀကီးသည့္ အဆုံးအျဖတ္ေပးမည့္ ကိစၥျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔လက္ထက္တြင္ က်င္းပ မည့္ အေထြေထြေ႐ြးေကာက္ပြဲတြင္ မဲမသမာမႈျဖစ္စဥ္မ်ား ထပ္မံျဖစ္ေပၚမႈမရွိေစေရး အထူးဂ႐ုျပဳ ေဆာင္႐ြက္သြားရမည္ ျဖစ္ပါေၾကာင္း၊ မဲေပးသည့္ေနရာတြင္ လုံၿခဳံမႈရွိရန္၊ မဲစာရင္းမွန္ကန္ရန္ အဓိကထားေဆာင္႐ြက္ရမည္ျဖစ္ၿပီး ဆုံးျဖတ္ခ်က္မ်ား၊ ေဆာင္ ႐ြက္ခ်က္မ်ားထဲမွ အားနည္းခ်က္ျဖစ္ေပၚခဲ့ပါက မိမိတို႔တပ္မေတာ္ကို ျပည္သူလူထု အေနျဖင့္ အျပစ္ျမင္လာမည္ပင္ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ က်င္းပျပဳလုပ္မည့္ ေ႐ြး ေကာက္ပြဲကို အေလာတႀကီးေစာလ်င္စြာ ေဆာင္႐ြက္၍မရဘဲ စနစ္တက်ျပင္ဆင္ ေဆာင္႐ြက္သြားရမည္ျဖစ္သည့္အတြက္ အခ်ိန္တစ္ခုအထိ မိမိတို႔အေနျဖင့္ ဆက္လက္ တာဝန္ယူ ေဆာင္႐ြက္သြားရန္ လိုအပ္လ်က္ရွိပါေၾကာင္း။

မိမိတို႔အေနျဖင့္ ျမန္မာႏိုင္ငံ၏ဒီမိုကေရစီအေရးကိုေရွးရႈၿပီး ေ႐ြးေကာက္ပြဲကို မျဖစ္မေနက်င္းပရန္ ဦးတည္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ေ႐ြးေကာက္ပြဲက်င္းပမႈ ႏွင့္ပတ္သက္ၿပီး အခင္းအက်င္းသည္ ၂ ခု ထြက္ေပၚလာႏိုင္ပါေၾကာင္း၊ ပထမတစ္ခုမွာ လတ္တေလာ လက္နက္ကိုင္တိုက္ခိုက္မႈ၊ မတည္ၿငိမ္မႈမ်ားျဖစ္ေပၚလ်က္ရွိသည့္ ေဒသ မ်ားကိုခ်န္လွပ္ၿပီး ေ႐ြးေကာက္ပြဲက်င္းပျခင္းႏွင့္ ဒုတိယတစ္ခုအေနျဖင့္ ေ႐ြးေကာက္ ပြဲကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ မျဖစ္မေနျပဳလုပ္ျခင္းျဖစ္ပါေၾကာင္း၊ ပထမ ျဖစ္ေပၚလာႏိုင္သည့္ အခင္းအက်င္းျဖစ္သည့္ တည္ၿငိမ္မႈအားနည္းေနဆဲ ေဒသမ်ား ကိုခ်န္လွပ္ၿပီး က်န္ေဒသေတြမွာ ေ႐ြးေကာက္ပြဲကိုက်င္းပပါက ျဖစ္ေပၚလာႏိုင္သည့္ အက်ိဳးဆက္မ်ားမွာ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ က်င္းပခဲ့သည့္ ၃၁၅ ၿမိဳ႕နယ္ ထက္ပိုမို၍ က်င္းပႏိုင္မည့္ၿမိဳ႕နယ္အေရအတြက္ နည္းပါးသြားႏိုင္ပါေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ ေ႐ြးေကာက္ပြဲမျပဳလုပ္ႏိုင္ခဲ့သည့္ တိုင္းရင္းသားေဒသမ်ား ၏ မေက်နပ္မႈမ်ားကိုလည္းေတြ႕ျမင္ရၿပီးျဖစ္မည္ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲမက်င္းပ ႏိုင္သည့္ ၿမိဳ႕နယ္မ်ားတြင္ရွိသည့္ ျပည္သူလူထုသည္၎တို႔၏ မူလအခြင့္အေရးျဖစ္ သည့္ မဲေပးပိုင္ခြင့္ႏွင့္ ဒီမိုကေရစီနည္းလမ္းက် ဆႏၵေဖာ္ထုတ္ႏိုင္မႈ အခြင့္အေရးမ်ား ဆုံးရႈံးသြားမည္ျဖစ္ပါေၾကာင္း၊ ၿမိဳ႕နယ္တစ္ခုလုံးအလိုက္ ေ႐ြးေကာက္ပြဲ မက်င္းပ ႏိုင္ သည္ထက္စာပါက လုံၿခဳံမႈရွိသည့္ေနရာမ်ားတြင္ က်င္းပေပးႏိုင္ရန္လည္း စဥ္းစား ေဆာင္႐ြက္သင့္ပါေၾကာင္း၊ ထို႔ျပင္ ေ႐ြးေကာက္ပြဲက်င္းပမႈမွ ခ်န္လွပ္ခဲ့သည့္ သက္ဆိုင္ ရာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ လႊတ္ေတာ္ေခၚယူရန္၊ သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား ေ႐ြးခ်ယ္ျခင္း၊ အစိုးရအဖြဲ႕ ဖြဲ႕စည္းျခင္း စသည့္ ကိစၥရပ္မ်ားတြင္ အားနည္းခ်က္မ်ားျဖစ္လာမွာျဖစ္သလို အမ်ိဳးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္တို႔တြင္လည္း အလားတူေဒသကိုယ္စားျပဳသည့္ ကိုယ္စားလွယ္ ပါဝင္မႈမရွိျခင္း၊ အစိုးရအဖြဲ႕ ဖြဲ႕စည္းရာတြင္ အားနည္းခ်က္မ်ားျဖစ္ေပၚလာႏိုင္ျခင္း စသည့္ အက်ိဳးဆက္မ်ားကို ရင္ဆိုင္ၾကရမည္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံတကာအျမင္၊ ျပည္သူလူထုအျမင္တြင္ လႊတ္ေတာ္ကိုမျဖစ္ျဖစ္ေအာင္ ေခၚသည္ဆိုသည့္ အေန အထားကို ေရာက္ရွိသြားႏိုင္ပါေၾကာင္း၊ ဒုတိယျဖစ္ေပၚလာႏိုင္သည့္ တစ္ႏိုင္ငံလုံး အတိုင္းအတာႏွင့္ ေ႐ြးေကာက္ပြဲက်င္းပပါက ျဖစ္ေပၚလာႏိုင္ေသာ အက်ိဳးဆက္မ်ားကို ဆက္လက္တင္ျပလိုပါေၾကာင္း၊ အဓိကအားျဖင့္ လက္နက္ကိုင္ဆန႔္က်င္မႈ၊ အၾကမ္း ဖက္တိုက္ခိုက္မႈမ်ား ျဖစ္ေပၚေနသည့္ေဒသမ်ားတြင္ လက္နက္အားကိုးၿခိမ္းေျခာက္ၿပီး မဲေပးမႈကို တားျမစ္ပိတ္ပင္ျခင္း၊ အၾကမ္းဖက္ ဗုံးေဖာက္ခြဲျခင္း၊ တိုက္ခိုက္ျခင္း၊ အၾကမ္းဖက္သမားမ်ား လိုလားသည့္သူမ်ားကို ၿခိမ္းေျခာက္မဲထည့္ေစျခင္းမ်ား ျဖစ္ေပၚလာႏိုင္ပါေၾကာင္း၊ ရလဒ္အေနျဖင့္ မဲဆႏၵရွင္မ်ား ကိုယ္တိုင္မဲေပးေ႐ြးခ်ယ္ သည့္ ရာႏႈန္းက်ဆင္းျခင္း၊ အၾကမ္းဖက္အားေပး လႊတ္ေတာ္ကိုယ္စားလွယ္မ်ား လႊတ္ေတာ္အသီးသီးကို ေရာက္ရွိလာျခင္းမ်ား ျဖစ္ေပၚလာႏိုင္သည့္ အတြက္ ႏိုင္ငံ၏ ဒီမိုကေရစီလမ္းေၾကာင္း ေလွ်ာက္လွမ္းေနမႈကို ပိုမိုဆိုး႐ြားလာေစႏိုင္ပါေၾကာင္း၊ ထိုသို႔ေသာအေျခအေနမ်ား ျဖစ္ေပၚလာမႈ မရွိေစေရးအတြက္ လတ္တေလာ အၾကမ္း ဖက္တိုက္ခိုက္မႈမ်ား ျဖစ္ေပၚေနသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ ေနရာ ေဒသမ်ားကို တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး စသည့္လုပ္ငန္းစဥ္မ်ားကို အရွိန္အဟုန္ျဖင့္ ဆက္လက္ေဆာင္႐ြက္သြားရန္ အေရးတႀကီးလိုအပ္လ်က္ ရွိပါေၾကာင္း။

ေ႐ြးေကာက္ပြဲက်င္းပႏိုင္သည့္ အခင္းအက်င္း ၂ ခု လုံးအတြက္ အဓိက လိုအပ္ခ်က္မ်ားကို သုံးသပ္ေလ့လာၾကည့္ပါက တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ေ႐ြးေကာက္ပြဲက်င္းပရန္၊ မဲေပးေ႐ြးခ်ယ္မည့္ မဲဆႏၵရွင္ျပည္သူလူထုအေနျဖင့္ အမွီအခို ကင္းကင္း၊ အေၾကာက္တရား ကင္းကင္းျဖင့္ မဲေပးေ႐ြးခ်ယ္ႏိုင္ရန္၊ တစ္ႏိုင္ငံလုံး အတိုင္းအတာႏွင့္ တည္ၿငိမ္ေအးခ်မ္းၿပီး တရားဥပေဒစိုးမိုးမႈ အျပည့္အဝရရွိရန္ဆို သည့္ အဓိကအေၾကာင္းအရာမ်ားကို ေတြ႕ရွိရမည္ျဖစ္ပါေၾကာင္း၊ မိမိတို႔ က်င္းပေပး ရမည့္ ေ႐ြးေကာက္ပြဲသည္ အေထြေထြေ႐ြးေကာက္ပြဲ (General Election)ျဖစ္ပါ ေၾကာင္း၊ ႏိုင္ငံအတြက္အေရးႀကီးသည့္ ႏိုင္ငံေရးအဆုံးအျဖတ္ျဖစ္လာမည္ျဖစ္သည့္ အတြက္ အားလုံးက အထူးအေလးအနက္ထား ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္ လိုအပ္ မည္ျဖစ္ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ျပည္သူလူထုတစ္ရပ္လုံး၏ ဆႏၵျဖစ္သည့္ စစ္မွန္ၿပီး စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာမွန္ကန္စြာ ေပၚထြန္း ေဖာ္ေဆာင္ႏိုင္ေစေရး ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္း မ်ား၊ သက္ဆိုင္သူပုဂၢိဳလ္မ်ားအားလုံး၊ ျပည္သူျပည္သားမ်ားအားလုံး၊ ျပည္တြင္းျပည္ပ အဖြဲ႕အစည္းမ်ားႏွင့္ ႏိုင္ငံတကာအသိုက္အဝန္းအားလုံးမွ အျပဳသေဘာေဆာင္ၿပီး နားလည္မႈအျပည့္အဝျဖင့္ ပူးေပါင္းေဆာင္႐ြက္ရန္ လိုအပ္ပါေၾကာင္း၊ ထို႔ေၾကာင့္ လတ္တေလာ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ျဖစ္ေပၚေနသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ ေနရာေဒသမ်ားကို တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒ စိုးမိုးေရး စသည့္လုပ္ငန္းစဥ္မ်ားကို အရွိန္အဟုန္ျဖင့္ ဆက္လက္ေဆာင္႐ြက္သြားရန္ လိုအပ္ လ်က္ရွိသည့္အတြက္ အေရးေပၚအေျခအေနအျဖစ္ ေၾကညာထားမႈကိုထပ္မံၿပီး( ၆ လ) သက္တမ္း တိုးျမႇင့္တာဝန္ထမ္းေဆာင္ ခြင့္ျပဳရန္တင္ျပလိုပါေၾကာင္း ျဖင့္ေျပာၾကား သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း ၍ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ား ေဆြးေႏြးတင္ျပၾကရာ ဦးစြာ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ေဆြးေႏြးေျပာၾကားရာတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ တင္ျပခ်က္ကိုေထာက္ခံပါေၾကာင္းေဆြးေႏြး ေျပာၾကား သည္။

ထို႔ေနာက္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကေဆြးေႏြးေျပာၾကား ရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တင္ျပမႈတြင္ လက္ရွိႏိုင္ငံေတာ္တြင္ ျဖစ္ေပၚ ေနသည့္ အေျခအေနမ်ားႏွင့္ ႏိုင္ငံေတာ္မွေဆာင္႐ြက္ေနမႈမ်ားႏွင့္ ဆက္လက္ေဆာင္ ႐ြက္ သြားရန္လိုအပ္သည္မ်ားကို အက်ယ္တဝင့္သုံးသပ္ေဆြးေႏြး သြားသည္ကို ေတြ႕ရွိ ခဲ့ပါေၾကာင္း၊ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီ ၃၁ ရက္တြင္ က်င္းပခဲ့သည့္ အမ်ိဳးသားကာကြယ္ ေရးႏွင့္လုံၿခဳံေရးေကာင္စီအစည္းအေဝး(၁/၂၀၂၃)၌ ႏိုင္ငံတစ္ဝန္းလုံးအေရးေပၚအေျခ အေန ေၾကညာထားသည့္ကာလအား သက္တမ္းတိုးျမႇင့္မႈႏွင့္ပတ္သက္၍ အက်ယ္တဝံ့ ရွင္းလင္းခဲ့ရာတြင္ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံ ဥပေဒဆိုင္ရာခုံ႐ုံး၏ သေဘာထားမွတ္ ခ်က္ႏွင့္ ပတ္သက္၍လည္းေကာင္း အမ်ားသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္အားလုံး၏ သေဘာတူညီခ်က္မ်ားအရလည္းေကာင္း ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မွစ၍ ဆက္လက္သက္တမ္းတိုးျမႇင့္ရန္ တစ္ညီတစ္ၫြတ္တည္းဆုံးျဖတ္ ေဆာင္႐ြက္ ခဲ့ၾကေၾကာင္း၊ မိမိအေနျဖင့္ အထူးျပဳတင္ျပလိုသည္မွာဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၃၂၄ တြင္ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံ ဥပေဒဆိုင္ရာခုံး၏ ဆုံးျဖတ္ခ်က္သည္ အၿပီး အျပတ္အတည္ျဖစ္သည္ဟုပါရွိေၾကာင္း၊ ထို႔ေၾကာင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၃၂၄ ႏွင့္အညီ ႏိုင္ငံတစ္ဝန္းလုံးအေရးေပၚ အေျခအေနေၾကညာထားသည့္ကာလအား ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၂၅ အရ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ က တစ္ႀကိမ္လွ်င္(၆)လအထိ ၂၀၂၃ ခုႏွစ္၊ ဩဂုတ္လ ၁ ရက္ေန႔မွစ၍ ဆက္လက္ သက္တမ္း တိုးျခင္းကိုေထာက္ခံပါေၾကာင္းျဖင့္ေဆြးေႏြးသည္။

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေဆြးေႏြးေျပာၾကားရာတြင္ အၾကမ္းဖက္သမားမ်ားေၾကာင့္ ျဖစ္ေပၚခဲ့သည့္ လူမႈစီးပြားဘဝ ထိခိုက္မႈမ်ားျဖစ္ေပၚခဲ့မႈမ်ားႏွင့္ ျပည္သူမ်ား၏ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ခဲ့မႈေၾကာင့္ အၾကမ္းဖက္မႈမ်ား ေလ်ာ့ပါးလာေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့မႈ၊ တပ္မေတာ္အေနျဖင့္လည္း အၾကမ္းဖက္မႈမ်ား ေလ်ာ့ပါးေစေရးအတြက္ လိုအပ္သည့္ စစ္ဆင္ေရး၊ လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္မ်ားကို ေဆာင္႐ြက္သြားရန္အတြက္ အခ်ိန္တစ္ခုလိုအပ္ေနမႈ တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရးရရွိေရး တပ္မေတာ္ အေန ျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားကို စဥ္ဆက္မျပတ္ ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိမႈ၊ မဲစာရင္းမ်ား မွန္ကန္မႈရွိရန္အတြက္ ႀကိဳတင္ျပင္ဆင္ ေဆာင္႐ြက္ရန္လိုအပ္မႈႏွင့္ ယခုကဲ့သို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ ႏိုင္ငံတစ္ဝန္းလုံးအေရးေပၚ အေျခအေန ေၾကညာထားသည့္ကာလအား (၆)လ သက္တမ္းတိုးျမႇင့္ျခင္းအေပၚ ေထာက္ခံမႈ ႏွင့္ ပတ္သက္၍ ေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက ေဆြးေႏြးတင္ျပရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ရွင္းလင္း ေဆြးေႏြးမႈမ်ားႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ ႏိုင္ငံတစ္ဝန္းလုံးအေရးေပၚ အေျခ အေန ေၾကညာထားသည့္ကာလအား (၆)လ သက္တမ္းတိုးျမႇင့္ျခင္းအေပၚ ေထာက္ခံ ပါေၾကာင္းေဆြးေႏြးေျပာၾကားသည္။

ယင္းေနာက္ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္က ေဆြးေႏြး တင္ျပရာတြင္ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ ျဖစ္ေပၚခဲ့သည့္ မဲမသမာမႈျဖစ္စဥ္ မ်ားမွအစျပဳ၍ ႏိုင္ငံအတြင္းအၾကမ္းဖက္လုပ္ရပ္မ်ား ျဖစ္ေပၚခဲ့မႈႏွင့္လုံၿခဳံေရး၊ တည္ ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးဆိုင္ရာ ေဆာင္႐ြက္ခဲ့မႈမ်ားႏွင့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒႏွင့္အညီ ႏိုင္ငံတစ္ဝန္းလုံးအေရးေပၚ အေျခအေန ေၾကညာထားသည့္ ကာလအား(၆)လ သက္တမ္းတိုးျမႇင့္ျခင္းအေပၚ ေထာက္ခံပါေၾကာင္း ေဆြးေႏြး ေျပာၾကားသည္။

၎ေနာက္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြက လြန္ခဲ့သည့္ ၆ လ တာကာလအတြင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရ၏ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး အဘက္ဘက္မွတိုးတက္ေအာင္ ေဆာင္႐ြက္လ်က္ရွိမႈ အေျခအေနမ်ားကို ႏိုင္ငံတကာမွ သိရွိေစေရး ေဆာင္႐ြက္လ်က္ရွိမႈအေျခ အေနမ်ားႏွင့္ ႏိုင္ငံတစ္ဝန္းလုံးအေရးေပၚ အေျခအေနေၾကညာထားသည့္ ကာလအားထပ္မံ သက္တမ္းတိုးျမႇင့္ျခင္းအေပၚ ေထာက္ခံပါေၾကာင္းေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ က အၾကမ္းဖက္မႈျဖစ္စဥ္မ်ား ေလ်ာ့ပါးလာသည္ ျဖစ္ေသာ္လည္း အခ်ိဳ႕ေနရာမ်ား၌ ျဖစ္ေပၚေနဆဲျဖစ္သည့္ အေျခအေနမ်ား၊ အစိုးရ၏အုပ္ခ်ဳပ္မႈယႏၲရား ပ်က္ျပားေစေရးအတြက္ နည္းလမ္းမ်ိဳးစုံျဖင့္ ေဆာင္႐ြက္ လ်က္ရွိမႈအေျခအေနမ်ားႏွင့္ လက္နက္ကိုင္ အၾကမ္းဖက္လုပ္ရပ္မ်ား ဆက္လက္ ျဖစ္ေပၚေနဆဲျဖစ္သည့္အတြက္ ႏိုင္ငံတစ္ဝန္းလုံး အေရးေပၚအေျခအေန ေၾကညာ ထားသည့္ ကာလအားသက္တမ္းထပ္မံတိုးျမႇင့္ျခင္းအေပၚ ေထာက္ခံပါေၾကာင္း ျဖင့္ေဆြးေႏြးေျပာၾကားသည္။

ယင္းေနာက္ အေထြေထြေဆြးေႏြးရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က EAO အဖြဲ႕မ်ားႏွင့္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားအေနျဖင့္ အၾကမ္းဖက္လုပ္ရပ္ မ်ားဆက္လက္ေဆာင္႐ြက္ေနမႈ၊ ျပည္တြင္းအင္အားျဖင့္ စီးပြားေရးပိတ္ဆို႔မႈမ်ားအား ေက်ာ္လႊားႏိုင္ေရးေဆာင္႐ြက္ေနမႈ၊ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ဆက္လက္ ေဆာင္႐ြက္လ်က္ရွိမႈ၊ ေ႐ြးေကာက္ပြဲဆိုင္ရာအခင္းအက်င္းမ်ားႏွင့္ ႏိုင္ငံတည္ၿငိမ္ေအး ခ်မ္းေရးအတြက္ ဆက္လက္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားႏွင့္ ပတ္သက္၍ ရွင္းလင္းေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ ယာယီသမၼတဦးျမင့္ေဆြက ယခင္က်င္းပခဲ့သည့္ အမ်ိဳးသားကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီအစည္းအေဝး အမွတ္စဥ္(၁/၂၀၂၃) အစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အေနျဖင့္ ႏိုင္ငံေတာ္၏တာဝန္အရပ္ရပ္ကို ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁)ရက္ေန႔မွ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁)ရက္ေန႔အထိ တာဝန္ ထမ္းေဆာင္ခဲ့သည့္ (၂)ႏွစ္တာ ကာလအတြင္း ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ားအက်ိဳးကို ေရွးရႈၿပီး ေဆာင္႐ြက္ခဲ့သည့္ အေျခအေနမ်ားကိုသာမက လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ား၊ ႏိုင္ငံေရးဆိုင္ရာကိစၥရပ္မ်ား၊ စီးပြားေရးဆိုင္ရာကိစၥရပ္မ်ား၊ က်န္းမာေရးဆိုင္ရာကိစၥရပ္ မ်ားအပါအဝင္ ဆက္လက္ေဆာင္႐ြက္ရန္ လိုအပ္ေနသည့္ အေျခအေနမ်ားကိုေဆြးေႏြး တင္ျပခဲ့သည့္အတြက္ “ႏိုင္ငံေတာ္၏ အေျခအေနအရပ္ရပ္သည္ သာမန္မဟုတ္သည့္ အေျခအေန” အျဖစ္ သတ္မွတ္ခဲ့ပါေၾကာင္း။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္လည္း ႏိုင္ငံအတြင္း ျဖစ္ေပၚေန သည့္ သာမန္မဟုတ္သည့္ ျဖစ္စဥ္၊ ျဖစ္ရပ္မ်ား၊ ေျပာင္းလဲလာသည့္ ကာကြယ္ေရး၊ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး အစရွိသည့္ အေၾကာင္းအရာမ်ားကိုမူတည္ၿပီး လက္ရွိ အေျခအေနႏွင့္ ကိုက္ညီသည့္ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ေဆာင္႐ြက္ခဲ့သည္ကိုလည္း သတိျပဳမိပါေၾကာင္း။

ယခင္ (၂)ႏွစ္တာကာလ တာဝန္ထမ္းေဆာင္ခ်ိန္မွာ ခ်မွတ္ခဲ့သည့္ ေရွ႕လုပ္ငန္း စဥ္ (၅)ရပ္အနက္ ေဆာင္႐ြက္ၿပီးစီးခဲ့သည့္ အခ်က္အလက္မ်ားအစား ဆက္လက္ ေဆာင္႐ြက္ရန္ က်န္ရွိေနသည့္ အခ်က္အလက္မ်ားႏွင့္ ျပင္ဆင္၊ ျဖည့္စြက္ ေဆာင္ ႐ြက္ခဲ့သည္ကို ျမင္ေတြ႕ခဲ့ရပါေၾကာင္း၊ ထို႔အျပင္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား ၏ အမ်ိဳးသားအက်ိဳးစီးပြားႏွင့္ လူမႈစီးပြားဘဝ ျမင့္မားတိုးတက္ေစရန္ ရည္႐ြယ္ၿပီး ယခင္ (၂)ႏွစ္တာကာလအတြင္း ခ်မွတ္ခဲ့သည့္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး ဦးတည္ ခ်က္မ်ားကို ျပင္ဆင္၊ ျဖည့္စြက္ေျပာင္းလဲမႈမ်ား ေဆာင္႐ြက္ခဲ့တာကိုလည္း ေတြ႕ရွိရပါ ေၾကာင္း၊ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသူ၊ ႏိုင္ငံသား မ်ား၏ အက်ိဳးကိုေရွးရႈသည့္ ေဆာင္႐ြက္ ခ်က္မ်ားျဖစ္သည့္အတြက္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအေနျဖင့္ အသိအမွတ္ျပဳ ဂုဏ္ျပဳပါေၾကာင္း ကိုေျပာၾကားလိုပါေၾကာင္း။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒အေနျဖင့္လည္း ယခုအစည္းအေဝး တြင္ ျပင္ဆင္ခ်မွတ္ခဲ့သည့္ ေရွ႕လုပ္ငန္းစဥ္ (၅)ရပ္၊ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး ဦးတည္ခ်က္ (၁၂)ရပ္တို႔ကို ၿပီးခဲ့သည့္ကာလအတြင္း အေကာင္အထည္ေဖာ္ ေဆာင္ ႐ြက္ႏိုင္ခဲ့သည့္ အေျခအေနမ်ားကို ျပည့္စုံစြာ ရွင္းလင္းေဆြးေႏြးသြားသည္ကို ေတြ႕ရွိရ ပါေၾကာင္း။

လက္ရွိႏိုင္ငံေရးအခင္းအက်င္းကို ျဖစ္ေပၚေစခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြး ေကာက္ပြဲ မဲမသမာမႈကို ေျဖရွင္းေဆာင္႐ြက္ၿပီးခ်ိန္၌ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအေနျဖင့္ မူလဦးတည္ရည္မွန္းခ်က္ျဖစ္သည့္ ေ႐ြးေကာက္ပြဲ အခင္းအက်င္း ျဖစ္ေပၚလာေစေရးအတြက္ ဦးတည္ေဆာင္႐ြက္ေနသည္ကိုလည္း သတိျပဳမိပါ ေၾကာင္း။

ဒီမိုကေရစီစနစ္၏ အသက္ျဖစ္သည့္ လြတ္လပ္ၿပီးတရားမွ်တသည့္ ေ႐ြးေကာက္ပြဲတစ္ရပ္ ျဖစ္ေပၚလာေစေရး၊ စုစည္းမႈအင္အားရွိသည့္ ႏိုင္ငံေရးပါတီမ်ား ျဖစ္ေပၚလာေစေရး၊ တိုင္းရင္းသားျပည္သူလူထုမ်ား၏အသံကို ၾကားသိႏိုင္သည့္ အခင္းအက်င္းျဖစ္ေပၚလာေစေရးအတြက္ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒကို ျပင္ဆင္ေပးခဲ့ျခင္းမွာလည္း သင့္ေလ်ာ္ေကာင္းမြန္သည့္ ေဆာင္႐ြက္ခ်က္တစ္ခုျဖစ္ သည္ဟု ေျပာၾကားလိုပါေၾကာင္း။

လက္ရွိျဖစ္ေပၚေနသည့္ အေျခအေနမ်ားႏွင့္ အျခားပုဂၢိဳလ္ေရး၊ စည္း႐ုံးေရး ဆိုင္ရာ အေျခအေနအခ်ိဳ႕ေၾကာင့္ ယခင္တည္ရွိခဲ့သည့္ ပါတီမ်ားအနက္ အခ်ိဳ႕ပါတီ မ်ားသည္ မွတ္ပုံတင္ရန္ ပ်က္ကြက္ခဲ့ၾကပါေၾကာင္း၊ ယင္းျဖစ္စဥ္၏ အျခားတစ္ဘက္ တြင္ ႏိုင္ငံေရးပါတီတခ်ိဳ႕ ပူးေပါင္းျခင္း၊ ပါတီသစ္တခ်ိဳ႕ မွတ္ပုံတင္ျခင္း စသည္မ်ား လည္း ျဖစ္ထြန္းလာသည္ကို ေတြ႕ျမင္ရသည့္အတြက္ ျပင္ဆင္ျပဌာန္းလိုက္သည့္ ႏိုင္ငံ ေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒသည္ အႏွစ္သာရအားျဖင့္ ျပည့္စုံသည့္ ဥပေဒျဖစ္ သည္ကို သက္ေသျပေနျခင္း ျဖစ္ေၾကာင္းကိုလည္း ထည့္သြင္းေျပာၾကားလိုပါေၾကာင္း၊ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒႏွင့္အညီ မွတ္ပုံတင္ျခင္းလုပ္ငန္းစဥ္မ်ား ၿပီးဆုံးခ်ိန္တြင္ ေ႐ြးေကာက္ပြဲက်င္းပျခင္းဟူသည့္ လုပ္ငန္းစဥ္ကို ေရာက္ရွိႏိုင္ေရး ျပင္ဆင္ျခင္း အဆင့္ကို ေက်ာ္ျဖတ္ရဦးမည္ျဖစ္ပါေၾကာင္း။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၏ ေဆြးေႏြးခ်က္တြင္ ေ႐ြးေကာက္ပြဲ က်င္းပမႈကို အခင္းအက်င္း(၂)ခုျဖင့္ ေဆြးေႏြးသြားသည္ကို ေတြ႕ရပါေၾကာင္း၊ ပထမ အခင္းအက်င္းအရ လက္ရွိပစ္ခတ္တိုက္ခိုက္မႈ၊ အၾကမ္းဖက္မႈ၊ ဥပေဒမဲ့ျပဳက်င့္မႈမ်ား ျဖစ္ပြားေနသည့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီးေျမာက္ဘက္ျခမ္း ေနရာအခ်ိဳ႕၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ပဲခူးတိုင္းေဒသႀကီး အေရွ႕ျခမ္းႏွင့္ တနသၤာရီတိုင္းေဒသႀကီး အတြင္းရွိ ေနရာအနည္းငယ္တို႔ကို ခ်န္လွပ္ၿပီး ေ႐ြးေကာက္ပြဲျပဳလုပ္ရန္ ျဖစ္ပါေၾကာင္း။

ဒုတိယအခင္းအက်င္းအေနျဖင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေ႐ြးေကာက္ပြဲ ကို ျဖစ္ေျမာက္ေအာင္ ေဆာင္႐ြက္ျခင္းပင္ျဖစ္ပါေၾကာင္း၊ အခင္းအက်င္းတိုင္းတြင္ အားသာခ်က္၊ အားနည္းခ်က္မ်ားရွိသည္ကို ေတြ႕ရပါေၾကာင္း၊ လက္ရွိ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ တပ္မေတာ္ကိုအေျချပဳၿပီး ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည့္ အတြက္ တပ္မေတာ္၏မူလရပ္တည္ခ်က္ျဖစ္သည့္ ဒို႔တာဝန္အေရးသုံးပါးကို ကာကြယ္ ေစာင့္ေရွာက္ေရး၊ ႏိုင္ငံေတာ္၏ အမ်ိဳးသားအက်ိဳးစီးပြား ထိခိုက္မႈ မရွိေစေရး၊ ဖြဲ႕စည္း ပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)၊ ပုဒ္မ-၆(စ)ပါ ႏိုင္ငံေတာ္၏ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈအခန္းက႑တြင္ တပ္မေတာ္က ပါဝင္ထမ္းေဆာင္ႏိုင္ေရးတို႔ကို အစဥ္ တစိုက္ဦးတည္သည္ဟူသည့္ တာဝန္ႀကီးမ်ားကို မမွိတ္မသုန္ထမ္းေဆာင္ရမည္ လည္း ျဖစ္ပါေၾကာင္း၊ ေ႐ြးေကာက္ပြဲ အခင္းအက်င္း ႏွစ္ခု၏ အားသာခ်က္၊ အားနည္းခ်က္ မ်ားအနက္ ေလွ်ာက္လွမ္းမဲ့ ဒီမိုကေရစီလမ္းေၾကာင္းသည္ ျပည္သူအႏိုင္ရေရးကိုသာ ဦးတည္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒အေနျဖင့္ ေဆြးေႏြးသြားသည္ကို လည္း ေလးေလးနက္နက္ သတိျပဳမိပါေၾကာင္း။

တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးအတြက္ ႏိုင္ငံ တစ္ဝန္းလုံးတြင္ရွိသည့္ ျပည္သူအားလုံး၏ ဆႏၵသေဘာထားကို ထင္ဟပ္ေစမည့္ တစ္ႏိုင္ငံလုံးအတိုင္းအတာႏွင့္ ေ႐ြးေကာက္ပြဲက်င္းပရမည္ျဖစ္ပါေၾကာင္း၊ ထိုကဲ့သို႔ က်င္းပရာတြင္လည္း အေၾကာက္တရားကင္းကင္း၊ အမွီအခိုကင္းကင္းျဖင့္ မဲေပးခြင့္ရ ေစေရး၊ အၾကမ္းဖက္မႈကို လိုလားသူမ်ားႏွင့္ အားေပးသူမ်ား လႊတ္ေတာ္အတြင္း ေရာက္ရွိ မလာေစေရး စသည့္ ျပည္သူကိုေရွးရႈသည့္ ရည္မွန္းခ်က္မ်ားသည္ ျပည့္စုံလွ သည့္ ေဆြးေႏြးခ်က္မ်ားျဖစ္သည္ဟု ဆိုရမည္ျဖစ္ပါေၾကာင္း၊ လြတ္လပ္ၿပီး တရားမွ်တ သည့္ ေ႐ြးေကာက္ပြဲတစ္ရပ္က်င္းပႏိုင္ရန္အတြက္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး စသည့္ လုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ ဆက္လက္အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ေနရမည္ျဖစ္ပါေၾကာင္း။

လတ္တေလာ ႏိုင္ငံတကာဆက္ဆံေရးနယ္ပယ္တြင္လည္း ႏိုင္ငံေတာ္ စီမံ အုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ လြတ္လပ္တက္ႂကြ၍ ဘက္မလိုက္သည့္မူဝါဒကို က်င့္သုံးၿပီး ျပည္ပႏိုင္ငံအသီးသီးႏွင့္ ဆက္ဆံေရးကိစၥရပ္မ်ား၊ စီးပြားေရး၊ က်န္းမာေရး၊ ပညာေရး အစရွိသည့္ နယ္ပယ္အသီးသီးမွ ဘက္စုံဖြံ႕ၿဖိဳး တိုးတက္ေအာင္ တိုးျမႇင့္ ေဆာင္႐ြက္ေနသည္ကို ေတြ႕ရွိရပါေၾကာင္း၊ ဆက္လက္ၿပီး တိုးတက္မႈမ်ားရရွိေအာင္ အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ေနသည္ကိုလည္း ျမင္ေတြ႕ေနရပါေၾကာင္း။

ထို႔အျပင္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားအတြက္ ခ်မွတ္ထားသည့္ အမ်ိဳးသားေရး လုပ္ငန္းစဥ္ (၂)ရပ္ႏွင့္ ႏိုင္ငံေရးလုပ္ငန္းစဥ္ (၂)ရပ္ကိုလည္း လက္ရွိရထားသည့္ အေျခအေနေကာင္းတစ္ရပ္မွ ဆက္လက္ျမႇင့္တင္ႏိုင္ေရး ေဆာင္႐ြက္သြားရန္ အခ်ိန္ အတိုင္းအတာအရ လိုအပ္လ်က္ရွိေနေၾကာင္း ေတြ႕ရွိရပါေၾကာင္း၊ အခု ေဆြးေႏြးခဲ့ သည့္ ၆ လတာ ကာလအတြင္း ႀကဳံေတြ႕ခဲ့ရသည့္ ေလေဘး အပါအဝင္ မိုခါမုန္တိုင္း ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးဆုံးရႈံးခဲ့ရသည့္ ေဒသခံျပည္သူလူထုမ်ား၏ အေျခခံ အေဆာက္အအုံမ်ား ျပန္လည္တည္ေဆာက္ျခင္း အပါအဝင္ ျပန္လည္ ထူေထာင္ေရး ႏွင့္ မူလအေျခအေနသို႔ ျပန္လည္ေရာက္ရွိေစေရးအတြက္ စိတ္ခြန္အား၊ ေငြအား၊ လူအားတို႔ကို အရွိန္အဟုန္ႏွင့္ ျဖည့္ဆည္းေပးရန္ လိုအပ္လ်က္ရွိေနဆဲျဖစ္သည္ ကိုလည္း ေတြ႕ရွိရပါေၾကာင္း။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံ့တာဝန္ကို ထိန္းသိမ္း ေဆာင္႐ြက္လ်က္ရွိသည့္ ကာလအတြင္း ႏိုင္ငံတကာႏွင့္ ဘက္ေပါင္းစုံမွ ထိုးႏွက္ တိုက္ခိုက္မႈၾကားမွ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ အက်ိဳးစီးပြားတိုးတက္ ေရးကို ေရွးရႈၿပီး ေဆာင္႐ြက္ခဲ့မႈမ်ားကို ေလးစားစြာ အသိအမွတ္ျပဳပါေၾကာင္း၊ ျဖစ္ေပၚေျပာင္းလဲလာမႈမ်ားအေပၚ မူတည္ၿပီး ေရွ႕လုပ္ငန္းစဥ္ႏွင့္ ဦးတည္ခ်က္မ်ား ျပင္ဆင္၊ ျဖည့္စြက္ ေဆာင္႐ြက္ခ်က္မ်ားႏွင့္ လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြး ေကာက္ပြဲတစ္ရပ္ ျဖစ္ေပၚလာေစေရး ႀကိဳးပမ္းေဆာင္႐ြက္ခ်က္မ်ားသည္ သမိုင္း မွတ္တမ္း ေရးထိုးႏိုင္ခဲ့ၿပီဟု ဆိုႏိုင္ပါေၾကာင္း။

တိုင္းျပည္ တည္ၿငိမ္ေအးခ်မ္းမႈရရွိေစေရး၊ တရားဥပေဒစိုးမိုးေရး၊ ျပည္သူ တစ္ဦးခ်င္းစီ၏ လြတ္လပ္မႈ၊ အမွီအခိုကင္းမႈ၊ အေၾကာက္တရား ကင္းမဲ့စြာ မဲေပးႏိုင္မႈ စသည့္ ေ႐ြးေကာက္ပြဲအခင္းအက်င္းတစ္ရပ္ ျဖစ္ေပၚလာေစေရးအတြက္ အားလုံး ဝိုင္းဝန္း ပူးေပါင္းေဆာင္႐ြက္သြားၾကရမည္ ျဖစ္ပါေၾကာင္း။

ယေန႔အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ မိမိအပါအဝင္ အမ်ိဳးသား ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ား အားလုံး၏ သေဘာတူ ေဆြးေႏြး ဆုံးျဖတ္ခ်က္မ်ားအရ လည္းေကာင္း၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၄၂၁၊ ပုဒ္မခြဲ(ခ) ၏ လုပ္ပိုင္ခြင့္မ်ားအရ လည္းေကာင္း၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒပုဒ္မ ၄၂၅ ႏွင့္အညီ ႏိုင္ငံေတာ္၏ ႏိုင္ငံေရးအေျခအေနအရ “ႏိုင္ငံ တစ္ဝန္းလုံး အေရးေပၚအေျခအေန ေၾကညာထားသည့္ကာလကို ၁-၈-၂၀၂၃ ရက္ေန႔ မွ စ၍ ေနာက္ထပ္ ၆ လ တိုးျမႇင့္သတ္မွတ္ေၾကာင္း” ႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၉ အရ ႏိုင္ငံေတာ္၏ တာဝန္အရပ္ရပ္ကို “ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္” ထံသို႔ထပ္မံအပ္ႏွံေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီသို႔ အသိေပးေၾကညာအပ္ပါေၾကာင္း၊ “အမ်ိဳးသား ကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီ” အေနျဖင့္လည္း ေၾကညာခ်က္ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ျဖင့္ ေျပာၾကားၿပီး ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ အမ်ိဳးသား ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအစည္းအေဝး (၂/၂၀၂၃)ကို ႐ုပ္သိမ္းလိုက္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။