နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ – ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်အတူ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွက်အရေးကြီးသည့် ငြိမ်းချမ်းရေးနှစ်ပတ် လည်နေ့ အခမ်းအနားကို တရုတ်နိုင်ငံကိုယ်စား လာရောက်တက်ရောက်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ NCA လမ်းကြောင်းပေါ်မှခိုင်မာစွာရပ်တည်၍ ကြိုးပမ်းဆောင်ရွက်လျက် သကဲ့သို့ တရုတ်နိုင်ငံမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ခိုင်မာစွာ ရပ်တည်ထောက်ခံလျက်ရှိသည့်အခြေအနေများနှင့် နိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှုများကို လက်ခံမှုမရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် အခြေပြု၍ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကိုထိခိုက်စေမည့် လုပ်ဆောင်ချက်များကို လက်သင့်ခံမှုမရှိသည့် အခြေအနေများ၊ အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် NCA စာချုပ်ကဲ့သို့ခိုင်မာမှု၊ တရားဝင်မှုရှိသည့် စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိဘဲ သဘောတူညီချက်များ၊ ကတိကဝတ်များဖြင့်သာဆောင်ရွက်ခဲ့ကြမှု အခြေအနေများနှင့် ခိုင်မာလေးနက်တရားဝင်မှုရှိသည့် NCA လမ်းကြောင်းအပေါ် လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရန်တိုက် တွန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်လျှောက်လှမ်းမှုအပေါ် ခိုင်မာစွာရပ်တည်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရေးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ခဲ့ကြကြောင်းသတင်းရရှိသည်။

Zawgyi Version

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၁၅

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ထံသို႔ ယေန႔နံနက္ပိုင္းတြင္က်င္းပျပဳလုပ္ခဲ့သည့္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) (၈)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားသို႔တက္ေရာက္ခဲ့ေသာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အာရွေရးရာ အထူးကိုယ္စားလွယ္ Mr. Deng Xijun ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕က ယေန႔ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒႐ုံး၊ ဧည့္ခန္းမ၌ လာေရာက္ဂါရဝျပဳေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ေကာင္စီဝင္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြ ႏွင့္တာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွေရးရာ အထူးကိုယ္စားလွယ္ႏွင့္အတူ အဖြဲ႕ဝင္မ်ားႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္ႏိုင္ငံသံ႐ုံးမွ တာဝန္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က ျမန္မာႏိုင္ငံအတြက္အေရးႀကီးသည့္ ၿငိမ္းခ်မ္းေရးႏွစ္ပတ္ လည္ေန႔ အခမ္းအနားကို တ႐ုတ္ႏိုင္ငံကိုယ္စား လာေရာက္တက္ေရာက္သည့္ အတြက္ ေက်းဇူးတင္ရွိပါေၾကာင္းေျပာၾကားၿပီး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွေရးရာ အထူးကိုယ္စားလွယ္က တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) (၈)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားကို ခမ္းနားထည္ဝါစြာျဖင့္ ေအာင္ျမင္ေအာင္ေဆာင္႐ြက္ႏိုင္ခဲ့သျဖင့္ ဂုဏ္ယူဝမ္းေျမာက္ပါေၾကာင္းျဖင့္ ျပန္လည္ ေျပာၾကားသည္။

ထို႔ေနာက္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေရးအတြက္ ႏိုင္ငံေတာ္အစိုးရႏွင့္ တပ္မေတာ္မွ NCA လမ္းေၾကာင္းေပၚမွခိုင္မာစြာရပ္တည္၍ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ သကဲ့သို႔ တ႐ုတ္ႏိုင္ငံမွလည္း ကူညီေဆာင္႐ြက္ေပးလ်က္ရွိမႈအေျခအေနမ်ား၊ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေပၚ ခိုင္မာစြာ ရပ္တည္ေထာက္ခံလ်က္ရွိသည့္အေျခအေနမ်ားႏွင့္ ႏိုင္ငံၿပိဳကြဲေစမည့္ လုပ္ေဆာင္မႈ မ်ားကို လက္ခံမႈမရွိသည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံအေနျဖင့္လည္း တ႐ုတ္ႏိုင္ငံ ႏွင့္ နယ္စပ္ေဒသတည္ၿငိမ္ေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးကို အေလးထားေဆာင္႐ြက္သြား မည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံနယ္စပ္ေဒသမ်ားတြင္ အေျချပဳ၍ အိမ္နီးခ်င္းႏိုင္ငံမ်ား ၏ အက်ိဳးစီးပြားကိုထိခိုက္ေစမည့္ လုပ္ေဆာင္ခ်က္မ်ားကို လက္သင့္ခံမႈမရွိသည့္ အေျခ အေနမ်ား၊ အခ်ိဳ႕တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရး ေဆာင္႐ြက္ရာတြင္ NCA စာခ်ဳပ္ကဲ့သို႔ခိုင္မာမႈ၊ တရားဝင္မႈရွိသည့္ စာခ်ဳပ္ခ်ဳပ္ဆို ႏိုင္ျခင္းမရွိဘဲ သေဘာတူညီခ်က္မ်ား၊ ကတိကဝတ္မ်ား ျဖင့္သာေဆာင္႐ြက္ခဲ့ၾကမႈ အေျခအေနမ်ားႏွင့္ ခိုင္မာေလးနက္တရားဝင္မႈရွိသည့္ NCA လမ္းေၾကာင္းအေပၚ ေလွ်ာက္လွမ္းၿပီး ထာဝရၿငိမ္းခ်မ္းေရး တည္ေဆာက္ၾကရန္တိုက္ တြန္းေဆာင္႐ြက္ လ်က္ရွိမႈ အေျခအေနမ်ား၊ တပ္မေတာ္အေနျဖင့္ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္း ေပၚတြင္ေလွ်ာက္လွမ္းမႈအေပၚ ခိုင္မာစြာရပ္တည္ေဆာင္႐ြက္လ်က္ရွိမႈ အေျခအေန မ်ား၊ အြန္လိုင္းေလာင္းကစားမႈမ်ားႏွင့္ အြန္လိုင္းလိမ္လည္မႈမ်ား ပေပ်ာက္ ေစေရးႏွစ္ႏိုင္ငံပူးေပါင္း ေဆာင္႐ြက္သြားမည့္ကိစၥရပ္မ်ား၊ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ မႈမ်ား ဆက္လက္ တိုးျမႇင့္ေဆာင္႐ြက္သြားမည့္ ကိစၥရပ္မ်ား၊ ရခိုင္ျပည္နယ္အတြင္းရွိ ေနရပ္စြန႔္ခြာသူမ်ား ျပန္လည္လက္ခံေရးႏွင့္ပတ္သက္၍ ေဆာင္႐ြက္လ်က္ရွိမႈ အေျခအေနမ်ားႏွင့္ပတ္သက္ၿပီး ရင္းႏွီးပြင့္လင္းစြာျဖင့္ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အာရွေရးရာ အထူးကိုယ္စားလွယ္ အား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ခဲ့ၿပီး စုေပါင္းမွတ္တမ္းတင္ ဓာတ္ပုံ႐ိုက္ ခဲ့ၾကေၾကာင္းသတင္းရရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။