ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်(၈/၂၀၂၃)ကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ – ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများ မှန်မှန်ကန်ကန်လည်ပတ်နိုင်ရေးနှင့် မြေနေရာများကို အကျိုးရှိရှိအသုံးချနိုင်ရေး စီမံဆောင်ရွက်ရန်လို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများနှင့်ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဈေးကွက်စီးပွားရေးစနစ်ဖြင့်ဆောင်ရွက်ချိန်တွင် ဝန်ကြီးဌာနများရှိ အချို့လုပ်ငန်း များဖျက်သိမ်းခြင်းများရှိသကဲ့သို့ အချို့လုပ်ငန်းများကို ပုဂ္ဂလိကသို့လုပ်ပိုင်ခွင့်များပေး ခြင်းနှင့် ဖက်စပ်ဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း၊ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းအချို့ကိုရပ်တန့်ခဲ့သဖြင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးများဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် လည်ပတ်သင့်သည့် စက်ရုံများနှင့် လုပ်ငန်းများကိုပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူဝန်ကြီးဌာနများ၌ လုပ်ငန်းလည်ပတ်မှုမရှိဘဲ ရပ်တန့်နေရသည့် လုပ်ငန်းရပ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်ရွက်ရန်အကြောင်းအမျိုးမျိုးဖြင့် မြေနေရာများ ရယူထား ရှိပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသည်များ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့ အကျိုးအတွက် ကြည့်မည်ဆိုပါက ၎င်းမြေနေရာများ၊ စက်ရုံ၊ အလုပ်ရုံများ လည်ပတ် နိုင်မည့်၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများက လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံအတွက်လိုအပ်သည့် ကုန်ထုတ်လုပ်မှု များဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရပိုင်းဆိုင်ရာနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာများ စသည်ဖြင့်အပိုင်းလိုက်ဆောင်ရွက်ရန်လိုကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် ချမှတ်ထားသည့် မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများ နှင့်အညီဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရန်အတွက် လွှဲပြောင်း ပေးရာတွင်လည်း အမှန်တကယ်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သူများကိုသာ ဆောင်ရွက်ခွင့်ပေးရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့်လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကိုအောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။

နိုင်ငံတော်ဘက်ဂျက်များကို အကျိုးရှိစွာဖြင့်အသုံးချနိုင်ရေးနှင့် သတ်မှတ်ကာလများအတွင်း လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လို

မိမိတို့အနေဖြင့် နှစ်စဉ် ဘက်ဂျက်ငွေများကို ချထားပေးလျက်ရှိပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ ဝန်ကြီးချုပ်များအနေဖြင့်လည်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမှန်တကယ် အကျိုးဖြစ်ထွန်းစေနိုင် မည့် လုပ်ငန်းများအတွက် အမှန်တကယ်လိုအပ်မည့် ငွေကြေးတောင်းခံမှုများကိုသာ ဖြစ်စေရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြား ကဏ္ဍများစွာတွင် သုံးစွဲရမည့်ငွေကြေးပမာဏ များစွာ ရှိနေသည်ဖြစ်သည့်အတွက် စနစ်တကျတွက်ချက် တောင်းခံသွားစေလို ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော် ဘက်ဂျက်များကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေး သတ်မှတ်ကာလများအတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းကောင်းမှသာ ပြည်တွင်းစားသုံးမှုကို ဖူလုံမည်ဖြစ်ပြီး ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်

မိုးသီးနှံစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်သည့် နိုင်ငံဖြစ်ကြောင်း၊ မိုးသီးနှံများကို ပြည့်ဝစွာစိုက်ပျိုး နိုင်ရေး မိမိအနေဖြင့်တိုက်တွန်းဆောင်ရွက်ခဲ့ကြောင်း၊ စိုက်ပျိုးထားသည့် စိုက်ပျိုးမြေများ၌ ရာနှုန်းပြည့်အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အထွက်နှုန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် နွေစပါးထွက်ရှိမှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအနေဖြင့် ပျမ်းမျှ ၉၆ ဒသမ ၂၄ တင်းထွက်ရှိခဲ့ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိုးသီးနှံများစိုက်ပျိုးရာတွင် ရာနှုန်းပြည့်အောင်မြင်ရေးနှင့် အထွက်နှုန်း များကောင်းမွန်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်း ကောင်းမှသာ ပြည်တွင်းစားသုံးမှုဖူလုံမည်ဖြစ်ပြီး ပြည်ပသို့လည်း တင်ပို့ နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့်ဝန်ကြီးဌာနများအားလုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစေရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် စီးပွားရေးရာကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စု ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

၎င်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက် လျက်ရှိမှု၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်လျက်ရှိမှုများ ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်က မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှုများ မွေးမြူရေးထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိမှုနှင့် ယခုထက်ပိုမိုတင်ပို့ နိုင်ရေးနိုင်ငံတကာနှင့်ဆွေးနွေးဆောင်ရွက်လျက်ရှိမှုများနှင့်ပတ်သက်၍လည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ရုံအလုပ်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရေးနှင့် စည်းကမ်း စနစ်တကျဖြစ်စေရေး တို့နှင့်ပတ်သက်၍လည်းကောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သီတာဦး က စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်း များဆောင်ရွက်ရာတွင် ဥပဒေပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး သဘောထား မှတ်ချက်များ တောင်းခံမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်လျက်ရှိမှုနှင့် အခြားလိုအပ်သည် များကို အသီးသီးဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ဆွေးနွေးသည်။

ထို့နောက် စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများအလိုက် ဥပဒေအကြံပေးများ ခန့်အပ်ထားရှိခြင်းသည် ဥပဒေပိုင်းဆိုင်ရာများတွင် မှန် မှန်ကန်ကန်နှင့် နည်းလမ်းတကျဖြစ်စေလို၍ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေပိုင်းဆိုင်ရာ အကြံပေးချက်များကို အကျိုးရှိရှိအသုံးပြုရန်လိုကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအနေဖြင့် ခွင့်ပြုပေးထားသည့် ဘတ်ဂျက်ငွေများကို အကျိုးရှိရှိ ဖြင့် အသုံးချသွားရန်လိုကြောင်း၊ ထို့ကြောင့် ဘတ်ဂျက်ငွေ ကြိုတင်စိစစ်ရေး ကော်မတီ တစ်ခုကို ဖွဲ့စည်း၍ ထိထိရောက်ရောက် စိစစ်ဆောင်ရွက်သင့်သည်ဟု မြင်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရေးအတွက် အမှန်တကယ်လုပ်ငန်းဆောင်ရွက်ရန်လိုပြီး လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက တိုင်းပြည်၏ GDP သည်လည်း များစွာပြောင်းလဲသွားမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

Zawgyi Version

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ စီးပြားေရးရာေကာ္မတီ အစည္းအေဝးအမွတ္စဥ္(၈/၂၀၂၃)က်င္းပႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကား
ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၁၈

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ စီးပြားေရးရာေကာ္မတီ အစည္းအေဝး အမွတ္စဥ္(၈/၂၀၂၃)ကို ယေန႔မြန္းလြဲပိုင္းတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္ရာ စီးပြားေရးရာေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ ဦးေ႐ႊႀကိမ္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ဒုတိယဝန္ႀကီး မ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ မ်ားက Video Conferencing ျဖင့္ တက္ေရာက္ၾကသည္။

ႏိုင္ငံပိုင္ စက္႐ုံ၊ အလုပ္႐ုံမ်ား မွန္မွန္ကန္ကန္လည္ပတ္ႏိုင္ေရးႏွင့္ ေျမေနရာမ်ားကို အက်ိဳးရွိရွိအသုံးခ်ႏိုင္ေရး စီမံေဆာင္႐ြက္ရန္လို

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က အဖြင့္ အမွာစကားေျပာၾကားရာတြင္ ဝန္ႀကီးဌာနမ်ားႏွင့္ပတ္သက္၍ လုပ္ငန္းမ်ား ေဆာင္႐ြက္ ရာ၌ ေဈးကြက္စီးပြားေရးစနစ္ျဖင့္ေဆာင္႐ြက္ခ်ိန္တြင္ ဝန္ႀကီးဌာနမ်ားရွိ အခ်ိဳ႕လုပ္ငန္း မ်ားဖ်က္သိမ္းျခင္းမ်ားရွိသကဲ့သို႔ အခ်ိဳ႕လုပ္ငန္းမ်ားကို ပုဂၢလိကသို႔လုပ္ပိုင္ခြင့္မ်ားေပး ျခင္းႏွင့္ ဖက္စပ္ေဆာင္႐ြက္ခဲ့ျခင္းမ်ားရွိေၾကာင္း၊ ၿပီးခဲ့သည့္ အစိုးရလက္ထက္တြင္ ဝန္ႀကီးဌာနမ်ားမွ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိသည့္ စီးပြားေရးလုပ္ငန္း အခ်ိဳ႕ကိုရပ္တန႔္ခဲ့သျဖင့္ ႏိုင္ငံအတြက္ ဝန္ထုပ္ဝန္ပိုးမ်ား ျဖစ္ေပၚေစခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔တာဝန္ယူေဆာင္႐ြက္ခ်ိန္တြင္ လည္ပတ္သင့္သည့္ စက္႐ုံမ်ားႏွင့္ လုပ္ငန္းမ်ားကိုျပန္လည္ လည္ပတ္ႏိုင္ေရး ေဆာင္႐ြက္ခဲ့ေၾကာင္း၊ အလားတူဝန္ႀကီး ဌာနမ်ား၌ လုပ္ငန္းလည္ပတ္မႈမရွိဘဲ ရပ္တန႔္ေနရသည့္ လုပ္ငန္းရပ္မ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ လုပ္ငန္းေဆာင္႐ြက္ရန္အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေျမေနရာမ်ား ရယူထား ရွိၿပီး လုပ္ငန္းေဆာင္႐ြက္ႏိုင္ျခင္းမရွိသည္မ်ား ရွိေနသည္ကို ေတြ႕ရွိရေၾကာင္း၊ ႏိုင္ငံ့ အက်ိဳးအတြက္ ၾကည့္မည္ဆိုပါက ၎ေျမေနရာမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ား လည္ပတ္ ႏိုင္မည့္၊ ကုန္ထုတ္လုပ္မႈ ေဆာင္႐ြက္ႏိုင္မည့္ အဖြဲ႕အစည္းမ်ားက လုပ္ေဆာင္ႏိုင္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ အဓိကအားျဖင့္ ႏိုင္ငံအတြက္လိုအပ္သည့္ ကုန္ထုတ္လုပ္မႈ မ်ားေဆာင္႐ြက္ႏိုင္ရန္လိုေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ရာတြင္ အစိုးရပိုင္းဆိုင္ရာႏွင့္ ပုဂၢလိကပိုင္းဆိုင္ရာမ်ား စသည္ျဖင့္အပိုင္းလိုက္ေဆာင္႐ြက္ရန္လိုေၾကာင္း။

ထိုသို႔ေဆာင္႐ြက္ရာတြင္ ခ်မွတ္ထားသည့္ မူဝါဒမ်ား၊ စည္းမ်ဥ္း စည္းကမ္းမ်ား ႏွင့္အညီေဆာင္႐ြက္ရန္လိုေၾကာင္း၊ လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ လႊဲေျပာင္း ေပးရာတြင္လည္း အမွန္တကယ္ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားကို ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္သူမ်ားကို သာ ေဆာင္႐ြက္ခြင့္ေပးရန္လိုေၾကာင္း၊ ႏိုင္ငံေတာ္အစိုးရမွ ေဆာင္႐ြက္ေနသည့္ လုပ္ငန္းမ်ားသည္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ျပည္သူလူထုအတြက္ အေထာက္အကူျပဳသည့္ လုပ္ငန္းမ်ားျဖစ္သျဖင့္ ႏိုင္ငံပိုင္ စီးပြားေရးလုပ္ငန္းမ်ားကိုေအာင္ျမင္ေအာင္ ေဆာင္႐ြက္သြားရန္လိုေၾကာင္း။

ႏိုင္ငံေတာ္ဘက္ဂ်က္မ်ားကို အက်ိဳးရွိစြာျဖင့္ အသုံးခ်ႏိုင္ေရးႏွင့္ သတ္မွတ္ကာလမ်ားအတြင္း လုပ္ငန္းမ်ားေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္လို

မိမိတို႔အေနျဖင့္ ႏွစ္စဥ္ ဘက္ဂ်က္ေငြမ်ားကို ခ်ထားေပးလ်က္ရွိၿပီး ဝန္ႀကီးဌာန မ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္မွ ဝန္ႀကီးခ်ဳပ္မ်ားအေနျဖင့္လည္း ဖြံ႕ၿဖိဳး တိုးတက္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ အမွန္တကယ္ အက်ိဳးျဖစ္ထြန္းေစႏိုင္ မည့္ လုပ္ငန္းမ်ားအတြက္ အမွန္တကယ္လိုအပ္မည့္ ေငြေၾကးေတာင္းခံမႈမ်ားကိုသာ ျဖစ္ေစရန္လိုေၾကာင္း၊ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ လမ္းပန္းဆက္သြယ္ေရး၊ က်န္းမာေရး၊ ပညာေရးႏွင့္ အျခား က႑မ်ားစြာတြင္ သုံးစြဲရမည့္ေငြေၾကးပမာဏ မ်ားစြာ ရွိေနသည္ျဖစ္သည့္အတြက္ စနစ္တက်တြက္ခ်က္ ေတာင္းခံသြားေစလို ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ား၌ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ႏိုင္ငံေတာ္ ဘက္ဂ်က္မ်ားကို အက်ိဳးရွိစြာျဖင့္ အသုံးခ်ႏိုင္ေရး သတ္မွတ္ကာလမ်ားအတြင္း ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္လိုေၾကာင္း။

စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား အထြက္ႏႈန္းေကာင္းမွသာ ျပည္တြင္းစားသုံးမႈကို ဖူလုံမည္ျဖစ္ၿပီး ျပည္ပသို႔လည္း တင္ပို႔ႏိုင္မည္ျဖစ္

မိုးသီးႏွံစိုက္ပ်ိဳးမႈႏွင့္ပတ္သက္၍ မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေရးလုပ္ငန္းကို အဓိကထားေဆာင္႐ြက္သည့္ ႏိုင္ငံျဖစ္ေၾကာင္း၊ မိုးသီးႏွံမ်ားကို ျပည့္ဝစြာစိုက္ပ်ိဳး ႏိုင္ေရး မိမိအေနျဖင့္တိုက္တြန္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ စိုက္ပ်ိဳးထားသည့္ စိုက္ပ်ိဳးေျမ မ်ား၌ ရာႏႈန္းျပည့္ ေအာင္ျမင္ျဖစ္ထြန္းေစေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ အထြက္ ႏႈန္းႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္ ၂၀၂၂-၂၀၂၃ ခုႏွစ္ စိုက္ပ်ိဳးရာသီတြင္ ေႏြစပါးထြက္ရွိ မႈႏွင့္ပတ္သက္၍ တစ္ႏိုင္ငံလုံးအေနျဖင့္ ပ်မ္းမွ် ၉၆ ဒသမ ၂၄ တင္းထြက္ရွိခဲ့ေၾကာင္း၊ ပန္းတိုင္ရည္မွန္းခ်က္ျပည့္မီစြာ စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ရန္ လိုေၾကာင္း၊ မိုးသီးႏွံမ်ားစိုက္ပ်ိဳးရာတြင္ ရာႏႈန္းျပည့္ေအာင္ျမင္ေရးႏွင့္ အထြက္ႏႈန္း မ်ားေကာင္းမြန္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား အထြက္ႏႈန္း ေကာင္းမွသာ ျပည္တြင္းစားသုံးမႈဖူလုံမည္ျဖစ္ၿပီး ျပည္ပသို႔လည္း တင္ပို႔ ႏိုင္မည္ျဖစ္ ေၾကာင္း၊ ထို႔ေၾကာင့္ဝန္ႀကီးဌာနမ်ားအားလုံးႏွင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရ မ်ားအေနျဖင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားေအာင္ျမင္ျဖစ္ထြန္းေစေရး ဝိုင္းဝန္း ႀကိဳးပမ္း ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္းျဖင့္ မွာၾကားသည္။

ထို႔ေနာက္ စီးပြားေရးရာေကာ္မတီအတြင္းေရးမႉး စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္ က ရွင္းလင္းတင္ျပသည္။

ယင္းေနာက္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားႏွင့္ ျပည္ေထာင္စု ဝန္ႀကီးမ်ားက သက္ဆိုင္ရာက႑အလိုက္ ရွင္းလင္းတင္ျပၾကသည္။

၎ေနာက္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္ က ဘ႑ာေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ ပတ္သက္၍လည္းေကာင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ကံေဇာ္က ျပည္တြင္းျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစေရး ေဆာင္႐ြက္ လ်က္ရွိမႈ၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္လ်က္ရွိမႈမ်ား ကိုလည္းေကာင္း၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးမင္းေနာင္က ေမြးျမဴေရးက႑ဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္လ်က္ရွိမႈမ်ား ေမြးျမဴေရးထုတ္ကုန္မ်ားကို ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔လ်က္ရွိမႈႏွင့္ ယခုထက္ပိုမိုတင္ပို႔ ႏိုင္ေရးႏိုင္ငံတကာႏွင့္ေဆြးေႏြးေဆာင္႐ြက္လ်က္ရွိမႈမ်ားႏွင့္ပတ္သက္၍လည္းေကာင္း၊ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ခ်ာလီသန္းက စက္မႈ လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး၊ စက္႐ုံအလုပ္႐ုံမ်ား စြမ္းအားျပည့္လည္ပတ္ႏိုင္ေရးႏွင့္ စည္းကမ္း စနစ္တက်ျဖစ္ေစေရး တို႔ႏွင့္ပတ္သက္၍လည္းေကာင္း၊ ဥပေဒေရးရာ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ေဒၚသီတာဦး က စီးပြားေရးဆိုင္ရာ စာခ်ဳပ္စာတမ္း မ်ားေဆာင္႐ြက္ရာတြင္ ဥပေဒပိုင္းဆိုင္ရာႏွင့္ပတ္သက္ၿပီး သေဘာထား မွတ္ခ်က္မ်ား ေတာင္းခံမႈမ်ားႏွင့္ ပတ္သက္၍လည္းေကာင္း၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီး ဌာနျပည္ေထာင္စုဝန္ႀကီး ေဒၚသက္သက္ခိုင္က ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳး တိုးတက္ေရး အတြက္ ျပည္တြင္း၊ ျပည္ပမွ ပုဂၢလိကအဖြဲ႕အစည္းမ်ား၊ အစိုးရအဖြဲ႕မွ တာဝန္ရွိသူမ်ား ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားေဆာင္႐ြက္လ်က္ရွိမႈႏွင့္ အျခားလိုအပ္သည္ မ်ားကို အသီးသီးေဆြးေႏြးတင္ျပၾကရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က လိုအပ္သည္မ်ား လမ္းၫႊန္မွာၾကား ေဆြးေႏြးသည္။

ထို႔ေနာက္ စီးပြားေရးရာေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာတြင္ ဝန္ႀကီးဌာနမ်ား အလိုက္ ဥပေဒအႀကံေပးမ်ား ခန႔္အပ္ထားရွိျခင္းသည္ ဥပေဒပိုင္းဆိုင္ရာမ်ားတြင္ မွန္ မွန္ကန္ကန္ႏွင့္ နည္းလမ္းတက်ျဖစ္ေစလို၍ျဖစ္ေၾကာင္း၊ ဝန္ႀကီးဌာနမ်ား၊ ျပည္နယ္ ႏွင့္ တိုင္းေဒသႀကီးမ်ားအေနျဖင့္ လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ဥပေဒပိုင္းဆိုင္ရာ အႀကံေပးခ်က္မ်ားကို အက်ိဳးရွိရွိအသုံးျပဳရန္လိုေၾကာင္း၊ ဝန္ႀကီးဌာနမ်ား၊ တိုင္းေဒသ ႀကီးႏွင့္ ျပည္နယ္မ်ားအေနျဖင့္ ခြင့္ျပဳေပးထားသည့္ ဘတ္ဂ်က္ေငြမ်ားကို အက်ိဳးရွိရွိ ျဖင့္ အသုံးခ်သြားရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ ဘတ္ဂ်က္ေငြ ႀကိဳတင္စိစစ္ေရး ေကာ္မတီ တစ္ခုကို ဖြဲ႕စည္း၍ ထိထိေရာက္ေရာက္ စိစစ္ေဆာင္႐ြက္သင့္သည္ဟု ျမင္ပါေၾကာင္း၊ လုပ္ငန္းမ်ား ေအာင္ျမင္ေစေရးအတြက္ အမွန္တကယ္လုပ္ငန္းေဆာင္႐ြက္ရန္လိုၿပီး လုပ္ေဆာင္ႏိုင္သည့္ အခြင့္အလမ္းမ်ားကို ေဖာ္ေဆာင္ေပးႏိုင္မည္ဆိုပါက တိုင္းျပည္၏ GDP သည္လည္း မ်ားစြာေျပာင္းလဲသြားမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့ေၾကာင္း သတင္း ရရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။