(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။

ဦးစွာ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့သည် ညစာစားပွဲအခမ်းအနား ကျင်းပရာနေရာသို့ရောက်ရှိကြ ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့နှင့် အတူ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး တို့သည် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ သတ်မှတ်နေရာအသီးသီး၌ နေရာယူကြသည်။
ထို့နောက် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် ဂုဏ်ပြုယာဉ်များ ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ကောင်စီ ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဂုဏ်ပြုဆု ရရှိခဲ့ကြသည့် ပြည်ထောင်စု ဂုဏ်ပြုယာဉ် ၂ စီးနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုယာဉ် ၅ စီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂုဏ်ပြုယာဉ်များနှင့် ပြည်ထောင်စု ဝန်ကြီးဌာန ဂုဏ်ပြုယာဉ်များမှ အထူးဆုရရှိသည့် ဂုဏ်ပြုယာဉ်များကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက တိုင်းဒေသကြီးနှင့် ပြည်နယ်ဂုဏ်ပြုယာဉ် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် ပြည်ထောင်စု ဝန်ကြီးဌာနဂုဏ်ပြုယာဉ်တတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့အတွက် ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကိုတာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က တိုင်းဒေသကြီးနှင့် ပြည်နယ်ဂုဏ်ပြုယာဉ် ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး အတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းအား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန ဂုဏ်ပြုယာဉ် ဒုတိယဆုရရှိသည့် ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းအားလည်းကောင်း ပေးအပ်ချီးမြှင့် သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် ဗိုလ်ရှုခံရင်ပြင်သို့ လေထီးအလွတ်ခုန်ဆင်းသက်ပြီး နိုင်ငံတော်အကြီးအကဲအား ဂါရဝပြုခဲ့ကြသည့် လေထီးအရာရှိ စစ်သည်၊ စစ်သမီးနှင့် အခြားအဆင့် လေထီးစစ်သည်၊ စစ်သမီး များအား ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဂုဏ်ပြုယာဉ် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ကို ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန ဂုဏ်ပြုယာဉ် ပထမဆုရရှိသည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအတွက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီအားလည်းကောင်း ဂုဏ်ပြုဆု နှင့် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး တို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှအနုပညာရှင်များက တေးသံသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး တို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ စာတန်း၊ ဗုဒ္ဓဘာသာကလျာနယုဝအသင်း တံဆိပ်၊ တို့ဗမာ အစည်းအရုံးတံဆိပ်၊ BIA တံဆိပ်၊ BDA တံဆိပ်၊ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားသရုပ်ဖော်ပုံ၊ လွတ်လပ်ရေးကျောက်တိုင်ပုံ၊ တပ်မတော်မှ ယာဉ်ယန္တရားများ ၊ ရေငုပ်သင်္ဘောနှင့် လေယာဉ်ပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ပုံ၊ မြန်မာနိုင်ငံမြေပုံတို့ကို Drone ယာဉ်ငယ်များဖြင့်သရုပ်ပြလွှတ်တင်မှုနှင့် မီးရှူးမီးပန်း များ ပစ်ဖောက်ခြင်းကို ကြည့်ရှုအားပေးကြသည်။


ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ပဒေသာ ကပွဲကျင်းပမည့်နေရာသို့ရောက်ရှိကြပြီး ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တေးသံရှင်များနှင့် အနုပညာရှင်များ၊ နိုင်ငံကျော်တေးသံရှင်များနှင့် အနုပညာရှင်များ၏ တေးသံသာများ ဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
ပဒေသာကပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တေးသံရှင်များနှင့် အနုပညာရှင်များ၊ နိုင်ငံကျော်တေးသံရှင်များနှင့် အနုပညာရှင် များ ကို အမှတ်တရပန်းခြင်းများပေးအပ်ပြီး ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့တက်‌ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ဒုတိယသမ္မတ(ငြိမ်း) သရေစည်သူ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်ဇနီး၊ ဒုတိယသမ္မတ(ငြိမ်း) သရေစည်သူ ဦးဉာဏ်ထွန်းနှင့်ဇနီး၊ ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ကြ သည့် နိုင်ငံတော်အကြီးအကဲများ၏ မိသားစုဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ တပ်မတော်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အသီးသီမှ တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ နှင့်သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင် စစ်ဝင်များ၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာအကြီးအကဲ များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားတိုင်းရင်းသူ များ၊ အနုပညာရှင်များ၊ အစိုးရမဟုတ်သောအသင်းအဖွဲ့များနှင့် အထူးဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။