နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြုစစ်ကြောင်းများ၏ အလေးပြုခြင်းခံယူ  

နေပြည်တော် ဇန်နဝါရီ ၄

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြု စစ်ကြောင်းများ၏ အလေးပြုခြင်းကို ခံယူသည်။


အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ဒုတိယသမ္မတ(ငြိမ်း) သရေစည်သူ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်ဇနီး၊ ဒုတိယသမ္မတ(ငြိမ်း) သရေစည်သူ ဦးဉာဏ်ထွန်း နှင့်ဇနီး၊ ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများ၏ မိသားစုဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ တပ်မတော်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အသီးသီမှ တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ နှင့်သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝင်များ၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူများ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်မှ အရာရှိကြီး များ၊ နိုင်ငံရေးပတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား တိုင်းရင်းသူ များ၊ အနုပညာရှင်များ၊ အစိုးရမဟုတ်သောအသင်းအဖွဲ့များနှင့် အထူးဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကို ချီတက် အလေးပြုကြမည့် စစ်ရေးပြမှူးကြီး ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင် ဦးဆောင်သော နိုင်ငံတော်အလံအဖွဲ့နှင့် စစ်ရေးပြတပ်ရင်းများသည် စုရပ်ကွင်းမှ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပမည့် ဥပစာရင်ပြင်သို့ ချီတက်နေရာယူကြသည်။


နံနက်(၇)နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် အခမ်းအနားကျင်းပမည့် ဥပစာရင်ပြင်ရှိ အလေးပြုခံစင်မြင့်သို့ ရောက်ရှိရာ တပ်ပေါင်းက အလေးပြုကြသည်။ တစ်ချိန်တည်းတွင် အမြောက်တပ်ဖွဲ့က အမြောက်(၂၁)ချက် ပစ်ဖောက်ဂုဏ်ပြုပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ငြိမ်းချမ်းရေးချိုးဖြူငှက် အကောင်(၇၅၀)ကို လွှတ်တင်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ တပ်ပေါင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် နိုင်ငံတော် အလံကို အလေးပြုကြပြီး ဆက်လက်၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများနှင့် ရဲဘော်များကို အလေးပြုကြသည်။


ယင်းနောက် နိုင်ငံတော်လွတ်လပ်ရေးရရှိရန်နှင့် လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့ရန်အတွက် အသက်ခန္ဓာပေးဆပ်ခဲ့သူများကို ဂုဏ်ပြုအောက်မေ့ သတိရသော အားဖြင့် ၂ မိနစ်ငြိမ်သက်ကြပြီး ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ သစ္စာအဓိဌာန်ကို ရွတ်ဆိုကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် စစ်ရေးပြတပ်ရင်း၊ ဂုဏ်ပြုယာဉ်များ၊ တပ်မတော်နှင့် ပြည်ထဲရေးမှ ယန္တရားတပ်ခွဲများ ကို မော်တော်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ မိန့်ခွန်းပြောကြားသည်။ (နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ မိန့်ခွန်းအပြည့်အစုံကို သီးခြားဖော်ပြထားပါသည်။)


ထို့နောက် တပ်မတော်(လေ)မှ စမ်းသပ်ထုတ်လုပ်သည့် MTX-1A အပါအဝင် PT-6 လေယာဉ် ၁၅ စီး ဖြင့် အင်္ဂလိပ်အက္ခရာ 75 ပုံစံ အုပ်ဖွဲ့၍ ဗိုလ်ရှုခံအဆောက်အဦ၏ ရှေ့တူရူမှ ပျံသန်းဝင်ရောက်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကို အလေးပြုကြသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကို စစ်ရေးပြမှူးကြီး ဦးဆောင်သည့် နိုင်ငံတော်အလံအဖွဲ့၊ တပ်မတော်(ကြည်း) အလံ တော်ဖွဲ့၊ တပ်မတော်(ကြည်း)ကိုယ်စားပြုတပ်ခွဲ၊ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စား ပြုတပ်ခွဲ၊ ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲတို့က တပ်ရင်း(၁)အဖြစ်လည်းကောင်း၊ တပ်မတော်(ရေ) အလံတော် အဖွဲ့၊ တပ်မတော်(ရေ) ကိုယ်စားပြုတပ်ခွဲ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ကိုယ်စားပြုတပ်ခွဲ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲနှင့် တပ်မတော် (ကြည်း) စစ်တီးဝိုင်းအဖွဲ့တို့က တပ်ရင်း(၂)အဖြစ်လည်းကောင်း၊ တပ်မတော်(လေ) အလံတော်အဖွဲ့၊ တပ်မတော်(လေ) ကိုယ်စားပြုတပ်ခွဲ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ကိုယ်စားပြု တပ်ခွဲ၊ ဥပဒေရေးရာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲတို့က တပ်ရင်း(၃)အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အလံတော်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြုရဲတပ်ခွဲ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တီးဝိုင်းတပ်ခွဲတို့က တပ်ရင်း(၄) အဖြစ်လည်းကောင်း ချီတက်အလေးပြုကြသည်။


ဆက်လက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အလံတော်အဖွဲ့၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ကိုယ်စားပြုတပ်ခွဲ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကိုယ်စားပြု တပ်ခွဲ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲနှင့် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲတို့က တပ်ရင်း (၅)အဖြစ်လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အလံတော်အဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ စွမ်းအင်ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တီးဝိုင်းတို့က တပ်ရင်း(၆)အဖြစ်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန အလံတော်အဖွဲ့၊ စက်မှုဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ အလုပ် သမားဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ကိုယ်စားပြုတပ်ခွဲနှင့် ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲတို့က တပ်ရင်း (၇)အဖြစ်လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန အလံတော်အဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု တပ်ခွဲနှင့် အ.ထ.က(၁) နေပြည်တော် ကျောင်းသားကျောင်းသူလေးများ၏ ဘင်ခရာ အဖွဲ့တို့က တပ်ရင်း(၈)အဖြစ်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အလံတော် အဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲတို့က တပ်ရင်း(၉)အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဗဟိုစစ်တီးဝိုင်းက လည်းကောင်း ချီတက်အလေးပြုကြသည်။


ထိုသို့ ချီတက်အလေးပြုနေစဉ်အတွင်း Mi-35 P ရဟတ်ယာဉ်က နိုင်ငံတော်အလံ ကို ချိတ်ဆွဲပြီး Eurocopter ရဟတ်ယာဉ် ၂ စီးတို့က စောင့်ကြပ်လိုက်ပါ ပျံသန်း၍ လည်းကောင်း၊ Mi-2 , H-120, H-125 လေယာဉ်များ အုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊ Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ် ၃ စီး အုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊ ATR 72 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးနှင့် Beech သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စီးတို့ကအုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊ Fokker 70 သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စီးနှင့် MiG -29 ဘက်စုံသုံးတိုက်လေယာဉ် ၂ စီးတို့က အုပ်ဖွဲ့ပျံသန်း၍ လည်း ကောင်း၊ K-8 W ဂျက်တိုက်လေယာဉ် ၅ စီးက (Smoke Trail ) အသုံးပြုပြီး နိုင်ငံတော် အလံ ကိုယ်စားပြုအရောင်များ ထုတ်လွှတ်ကာ အုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊ A-5 ဗုံးကြဲလေယာဉ်တစ်စီးနှင့် Yak – 130 ဂျက်တိုက်လေယာဉ် ၃ စီးတို့က အုပ်ဖွဲ့ပျံသန်း၍ လည်းကောင်း၊ F-7 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ၄ စီးတို့ကအုပ်ဖွဲ့ပျံသန်း၍ လည်းကောင်း၊ FTC – 2000 G ဂျက်တိုက်လေယာဉ် ၄ စီးတို့က အုပ်ဖွဲ့ပျံသန်း၍ လည်းကောင်း အလေးပြုကြသည်။
တစ်ချိန်တည်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူလေးများက “(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့” (၄-၁-၂၀၂၃) စာသား၊ “75th Anniversary of Diamond Jubilee Independence Day ”(4.1.2023) စားသား၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ ပုံရိပ်၊ “စည်းလုံး ခြင်းသည်အင်အား” စာသား၊ စည်းလုံးညီညွတ်မှု၏ အရေးပါမှုကို သရုပ်ဖော်ထားသည့် ထင်းစည်းချိုးရုပ်ထုအား တိုင်းရင်းသား လူမျိုး(၈)မျိုး ခြံရံထားသည့် ပုံရိပ်၊ “လွတ်လပ် ရေးကို ကာကွယ်ပါ”ဆိုသည့် သရုပ်ဖော်စာလုံး၊ ချိုးဖြူငှက်က သံလွင်ခက်ကို ချီ၍ ပျံသန်းနေသည့်ပုံရိပ်၊ “ရှေ့သို့ချီမည်၊ ပန်းတိုင်ဆီ” စာသား၊ “Keep Moving Forward to Achieve Our Goal” စာသား၊ “ပြန်လည် ဆုံတွေ့ကြပါစို့” စာသားတို့ကို ညီညာလှပစွာ သရုပ်ဖော်တင်ဆက်ပြသကြသည်။


ထိုအချိန်တွင်အလွတ်ခုန်လေထီးအဖွဲ့မှ လေထီးအရာရှိ စစ်သည်၊ စစ်သမီးနှင့် အခြားအဆင့် လေထီးစစ်သည်၊ စစ်သမီး စုစုပေါင်း (၇၅)ဦးတို့က ဝေဟင်အမြင့်ပေ ၇၅၀၀ မှ အလွတ်ခုန်၍ တပ်မတော်အလံ၊ ကြည်း၊ ရေ၊ လေ အလံများ၊ နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုအလံများ၊ ဝန်ကြီးဌာန ကိုယ်စားပြု အလံများ၊ ကာကွယ်ရေးအလံနှင့် ရောင်စုံအလံများ ချိတ်ဆွဲသယ်ဆောင် ကာ ဝေဟင်ထက်မှ မြေပြင်သို့ ဆင်းသက်၍ ချီတက်အလေးပြုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကို စိန်ရတု လွတ်လပ်ရေးနေ့ ဦးဆောင်ဂုဏ်ပြုယာဉ်ဖြင့် လည်းကောင်း၊ ဘုရင်၊ အိမ်ရှေ့စံ၊ မိဖုရား များ၊ သားတော်သမီးတော်များ၊ ရံရွေတော်များ၊ ဝန်ကြီးများ၊ ပညာရှိအမတ်များ၊ စစ်သူ ကြီးများ၊ သူဌေးသူကြွယ်များ၊ ဆွေတော်မျိုးတော်များ၊ ဆင်၊ မြင်း၊ ဗိုလ်ပါ မူးမတ်များ နှင့် ရဲမက်တော်များပါဝင်သည့် ရာဇာဝင်းခင်း၍လည်းကောင်း ချီတက်အလေးပြုကြ သည်။
ထို့နောက် တပ်မတော်၏ ခေတ်အဆက်ဆက်ကို ဖော်ညွှန်းသည့်တပ်ခွဲများဖြစ် သော BIA တပ်ခွဲ၊ BDA တပ်ခွဲ၊ BNA တပ်ခွဲ၊ PBF တပ်ခွဲ၊ BA တပ်ခွဲ၊ ဘယ်ရီတပ်ခွဲ၊ ဂေါ်ရခါးတပ်ခွဲ၊ ပွိုင့် ၃၀၃ တပ်ခွဲ၊ ၅၂ စတင်းတပ်ခွဲတို့နှင့်အတူ တပ်မတော်(ကြည်း) ဂုဏ်ပြုယာဉ် အမှတ်(၁)က လိုက်ပါချီတက်၍လည်းကောင်း၊ တပ်မတော်(ကြည်း) ဂုဏ်ပြုယာဉ် အမှတ်(၂)က လည်းကောင်း၊ မြန်မာ့တပ်မတော်မှ စစ်သမီးများက မြန်မာ့သိုင်းစွမ်းရည်သရုပ်ပြသ၍ လည်းကောင်း၊ တပ်မတော်(ကြည်း) ဂုဏ်ပြုယာဉ် အမှတ်(၃)ကလည်းကောင်း၊ မြန်မာ့တပ်မတော်မှ စစ်သည်များက မြန်မာ့သိုင်း စွမ်းရည် သရုပ်ပြသ၍ လည်းကောင်း၊ တပ်မတော်(ရေ) ဂုဏ်ပြုယာဉ်ကလည်းကောင်း၊ အကြမ်းဖက်နှိမ်နင်းရေးတပ်နှင့် လုံခြုံရေးတပ်ရင်းမှ စစ်သည်များက စွမ်းရည်ပြကွက်များ ပြသ၍လည်းကောင်း၊ တပ်မတော်(လေ)ဂုဏ်ပြုယာဉ်က လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စစ်သည်များနှင့် ရဲမေများက စွမ်းရည်ပြကွက်များ ပြသ၍လည်းကောင်း ချီတက်အလေးပြုကြသည်။


ဆက်လက်၍ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ထင်ရှား သည့်အထိမ်းအမှတ်များ၊ လူနေမှုစရိုက်လက္ခဏာများ၊ ဓလေ့ထုံးတမ်း အစဉ်အလာများ နှင့်ထုတ်ကုန်များကို သရုပ်ဖော်ပြသထားသည့် နေပြည်တော် ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ဂုဏ်ပြုယာဉ်များနှင့်ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်း အကအလှများဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လှုဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန တို့မှ ဂုဏ်ပြုယာဉ်များက ဝန်ကြီးဌာနအလိုက် ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို သရုပ်ဖော်ပြသ၍လည်းကောင်း ချီတက်သရုပ်ပြဖျော်ဖြေ တင်ဆက်ကြသည်။


ထို့နောက် ယန္တရားစစ်ကြောင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းသိန်း ဦးဆောင်သည့် ယန္တရားစစ်ကြောင်းတွင် ခေတ်လွန်အမြောက် ယန္တရားတပ်ခွဲ၊ ခေတ်လွန်သံချပ်ကာ ယန္တရားတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ ယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ယန္တရားတပ်ခွဲ၊ သံချပ်ကာ တပ်ဖွဲ့ ယန္တရားတပ်ခွဲ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ယန္တရားတပ်ခွဲ၊ စစ်အင်ဂျင် နီယာတပ်ဖွဲ့ ယန္တရား တပ်ခွဲ၊ တပ်မတော်(ရေ) ယန္တရားတပ်ခွဲ၊ ပြည်ထဲရေးဝန်ကြီးဌာန ယန္တရားတပ်ခွဲတို့ လိုက်ပါချီတက်ပြီး အလေးပြုကြသည်။
ထိုသို့ချီတက်အလေးပြုနေစဉ် တပ်မတော်(လေ)မှ K-8 W ဂျက်တိုက်လေယာဉ် များ အုပ်စုဖွဲ့ပြီး နိုင်ငံတော်အလံကိုယ်စားပြု အရောင်များဖြစ်သည့် အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင် Smoke Trail များထုတ်လွှတ်၍ပျံသန်းခြင်း၊ Su -30 ဘက်စုံသုံးအကြီးစား တိုက်လေယာဉ် ၂ စီးနှင့် MIG-29 ဘက်စုံသုံးတိုက် လေယာဉ် ၂ စီးတို့က Composite Box Formation ဖြင့်အုပ်ဖွဲ့ပျံသန်းခြင်းနှင့် Fan Break ခေါ်ယပ်တောင်ပုံစံဖြင့် ဖြန့်ခွဲပျံသန်းခြင်းများဆောင်ရွက်၍ အလေးပြုကြသည်။
ယင်းနောက် စိန်ရတုလွတ်လပ်ရေး ဂုဏ်ပြုယာဉ်နှင့်အတူ ယဉ်ကျေးမှု အကအဖွဲ့ များက “ပြည့်ရတနာသီချင်း” ဖြင့် ကပြဖျော်ဖြေတင်ဆက် ချီတက်အလေးပြုကြပြီး Su -30 ဘက်စုံသုံးအကြီးစား တိုက်လေယာဉ်တစ်စီးက တိုက်လေယာဉ်များ၏ အဆင့်မြင့် လှုပ်ရှားစစ်ကစားမှု High Performance Maneuver များကိုစွမ်းရည်ပြ ပျံသန်းခြင်းများ ဆောင်ရွက်၍ပျံသန်းအလေးပြုကြပြီး Day Time Colour Smoke မီးရှုးမီးပန်းများ ဂုဏ်ပြုပစ်ဖောက်ကြသည်။
ချီတက်အလေးပြုစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့်ဇနီး၊ ဧည်သည်တော်များသည် ချီတက်အလေးပြုသည့် ဂုဏ်ပြုယာဉ် များ၊ သရုပ်ပြအဖွဲ့များနှင့် ဂုဏ်ပြုအကအဖွဲ့များကို ရင်းရင်းနှီးနှီးလက်ပြ နှုတ်ဆက် ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်း နှုတ်ဆက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရာ ဥပစာရင်ပြင်မှ ပြန်လည်ထွက်ခွာသွားကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။