နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးရှိ နယ်မြေခံရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်၏ လေ့ကျင့်ရေးဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ – ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးရှိ နယ်မြေခံပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်၏ လေ့ကျင့်ရေး ဆောင်ရွက်နေမှုများနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် ရေတပ်လေ့ကျင့်ခန်း သရုပ်ပြသမှုနှင့် သရုပ်ပြလေ့ကျင့်နေ မှုများ ဆောင်ရွက်မည့် နယ်မြေခံရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ် Floating Jetty သို့ ရောက်ရှိရာ တပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ် လေ့ကျင့်ရေးကမ်းခြေတွင် ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၈ ဦးမှ ရန်သူ့ရေယာဉ်အား တိတ်တဆိတ် ဝင်ရောက်ဖောက်ခွဲ၍ ပြန်လည်ထွက်ခွာခြင်း (Cast & Recovery) လေ့ကျင့်ခန်းသရုပ် ပြသခြင်းနှင့် သရုပ်ပြလေ့ကျင့်နေမှုအား ကြည့်ရှုသည်။ လေ့ကျင့်မှုအပြီးတွင် လေ့ကျင့် ခန်းတွင် ပါဝင်ခဲ့သည့် ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ၏ အလေးပြုခြင်းကို ခံယူကာ ယခုထက်စွမ်းရည်ပိုမိုမြင့်မားစေရေးအတွက် လေ့ကျင့်မှုများကို ပိုမို အားထည့် လုပ်ဆောင်သွားရန်လိုအပ်သည်များကို မှာကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား နယ်မြေခံတပ်မှူးက တပ်သမိုင်းအကျဉ်းနှင့် တပ်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရည်မှန်းချက်တာဝန်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ လေ့ကျင့်ရေးဆိုင်ရာဆောင်ရွက်နေမှု၊ ပြည်ပနိုင်ငံများသို့ သင်တန်းသားများစေလွှတ်မှု၊ သွားရောက်လေ့လာမှုနှင့် ပြည်ပနိုင်ငံများမှ လာရောက် လေ့လာမှု၊ ပြည်သူလူထုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုနှင့် သဘာဝ ဘေအန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် ပေးလျက်ရှိမှု၊ တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့် မိသားစုများ၏ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှုနှင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စသည်တို့ကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြား၍ တပ်၏ လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်ရှိ Training Pool အတွင်းသို့ ရောက်ရှိကြပြီး တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များ၏ ၁၀ မီတာ Tower Jump လေ့ကျင့်မှု၊ ၅ မီတာ အမြင့်မှ ခုန်ချ၍ ၅၀ မီတာ ခြေတုပ်၊ လက်တုပ် ကူးခတ် လေ့ကျင့်နေမှု၊ ၅၀ မီတာ အလွတ်ရေအောက်မှ ကူးခတ်လေ့ကျင့်နေမှု၊ လေဘူး၊ ဖြုတ်၊ တပ်ခြင်းလေ့ကျင့်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တပ်မတော်(ရေ)၏ လေ့ကျင့်ရေး၊ ဆယ်ယူရေးနှင့် လုံခြုံရေး တာဝန်များ၊ ရေပြင်သက်စောင့်လုပ်ငန်းတာဝန်များ၊ မိုင်း ရှင်းလင်းရေးနှင့် ရေပြင်ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့် အသုံး အဆောင်ပစ္စည်းများနှင့် လက်နက်များကို ကြည့်ရှု၍ လေ့ကျင့်ရေးလုပ်ငန်းများနှင့် တာဝန်ထမ်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကိုကြည့်ရှုကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေအောက်အနှောင့်အယှက်လေ့ကျင့်ခန်း လေ့ကျင့်နေ မှု၊ နှစ်ယောက်တွဲ လေဝေရှူခြင်း လေ့ကျင့်နေမှု၊ Closed Circuit အသုံးပြု၍ Underwater Compass ဖြင့် ရေအောက်ကူးခတ်ခြင်း လေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး 10 Men Hyperbaric Medical Treatment Chamber နှင့် Diving Tower တို့အား လှည့်လည်ကြည့်ရှုကြပြီး တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များ၏ Escape Training သရုပ်ပြသလေ့ကျင့်နေမှုအား ကြည့်ရှုသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ရေ)မှ ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် နည်းပြ ၈ ဦး၏ လေ့ကျင့်ရေးစင်မြင့် (Training Tower)တွင် Climbing Wall၊ Fast Rope နှင့် Rappelling Rope ဖြင့် ဆင်းသက်ခြင်း၊ အခက်အခဲအတားအဆီး ယုံကြည် မှုကွင်း ဖြတ်ကျော်ခြင်းတို့အား သရုပ်ပြသ လေ့ကျင့်နေမှုများကို ကြည့်ရှုပြီး ချီးမြှင့်ငွေ များ ပေးအပ်ကာ လေ့ကျင့်ရေးဆိုင်ရာများကို ကောင်းမွန်စွာ သင်ကြားပြသနိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။