နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 နေပြည်တော် ဒီဇင်ဘာ – ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန် မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့သင်္ဘော ကျင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးကျော်နိုင်အေးတို့က မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ သမိုင်းအကျဉ်းနှင့် လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာ့ သင်္ဘောကျင်းလုပ်ငန်းမှ ပြည်တွင်း၊ ပြည်ပမှ ရေယာဉ်များကိုတည်ဆောက်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ယခုသင်္ဘောကျင်းသည် နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိ အစဉ်အလာ ကြီးမားသည့် သင်္ဘောကျင်းတစ်ခု ဖြစ်ပြီး ရေကြောင်းပို့ဆောင်ရေး၏ သမိုင်းသစ်ကို အစပျိုးခဲ့ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံ၏ ရှည်လျားသည့်ကမ်းရိုးတန်းနယ်နိမိတ်နှင့် ရေပိုင်နက် နယ်နိမိတ်အတွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးတို့ အတွက် လိုအပ်သည့်ရေယာဉ်များကို တည်ဆောက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ရေကြောင်းပို့ဆောင်ရေးစနစ်သည် အကျိုး များစွာရှိသည့် ပို့ဆောင်ရေးစနစ်တစ်ခုပင် ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီ သင်္ဘောကြီးများကို မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၌ ပင် တည်ဆောက်နိုင်ရမည်ဖြစ်ပြီး ရေကြောင်းပို့ဆောင်ရေး ပြန်လည်ဖွံ့ဖြိုးလာရေး အတွက် အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကမ်းရိုးတန်းသွားသင်္ဘောများ၊ ငါးဖမ်းသင်္ဘောများ နှင့် အမြန်ရေယာဉ်များကို တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်း ဒေသတွင်းနိုင်ငံများသို့ သွားလာကူးသန်းပြီး ကုန်စည်များပို့ဆောင်နိုင်သည့် သင်္ဘောများတည်ဆောက်ပြီး ရေကြောင်းပို့ဆောင်ရေး ကို အဆင့်မြှင့်တင်နိုင်ရမည်ဖြစ်ကြောင်း၊ ကမ်းရိုးတန်းသွား Cruise Liner သင်္ဘော များကို တည်ဆောက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရေး အတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ရေယာဉ်တည်ဆောက်ခြင်း၊ ပြင်ဆင် ခြင်းနှင့် ပတ်သက်၍ နှစ်ပေါင်း ၅၀ ကျော်ကြာ   အတွေ့အကြုံရှိပြီးဖြစ်သဖြင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း အခန်းကဏ္ဍသစ်ကို ပြန်လည်စတင်ရမည်ဖြစ်ပြီး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းအတွင်းလှည့်လည်ကြည့်ရှု၍ တန်ချိန် ၁၂၀၀၀ ရေလုံသင်္ဘောကျင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။