နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ကြမည့် ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ကြသော နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်

နေပြည်တော် ဒီဇင်ဘာ – ၃၁

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားသို့ ပါဝင်တက်ရောက်ကြမည့် ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲ များနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များအားနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ၎င်းတို့ခေတ္တတည်းခိုနေထိုင်သည့် နေပြည်တော်ရှိဘုရင့်နောင် ဧည့်ရိပ်သာ၌ သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။

ထိုသို့ သွားရောက်တွေ့ဆုံနှုတ်ဆက်ရာ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည်ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော် အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များဖြစ်ကြသည့် ဦးနု ၏သမီး ဒေါ်သန်းသန်းနု၊ ဦးစန်းယု၏သမီး ဒေါ်လဲ့လဲ့ယု၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ သား ဦးသီဟစော၊ ဦးနေဝင်း၏သမီး ဒေါက်တာခင်စန္ဒာဝင်း၊ ဦးဗဆွေ၏သမီး             ဒေါ်နေရည် ဗဆွေ၊ ဦးကျော်ငြိမ်း၏သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ ၏သား ဦးဇော်ထွန်း နှင့် ဦးစိန်လွင်၏သမီး ဒေါက်တာချိုလွင်ဦးတို့အား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ နေထိုင်စားသောက်မှု အခြေအနေများ၊ တစ်ဦးချင်းစီ၏ကျန်းမာရေးအခြေအနေများနှင့် အခြားလိုအပ်ချက်များကို မေးမြန် အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။