စစ်တက္ကသိုလ်တွင်ပညာသင်ကြားပေးခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများအား စတုတ္ထအကြိမ်မြောက်အာစရိယပူဇော်ပွဲကျင်းပ

ေနျပည္ေတာ္၊ ဒီဇင္ဘာ- ၂၃

စစ္တကၠသုိလ္တြင္ စာေပပညာ၊ စစ္ပညာမ်ားသင္ၾကားေပးခဲ့သည့္ စစ္ဘက္၊ နယ္ဘက္ ဆရာႀကီး၊ ဆရာမႀကီးမ်ားအား စစ္တကၠသုိလ္ဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္ (၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉)တုိ႔၏ စတုတၳအႀကိမ္ေျမာက္အာစရိယပူေဇာ္ပြဲအခမ္းအနားကုိ ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ ေရႊတိဂုံဘုရားေတာင္ဘက္မုခ္ရွိ တပ္မေတာ္ ဓမၼာ႐ုံတြင္ က်င္းပျပဳလုပ္သည္။

အဆုိပါအခမ္းအနားသို႔ စစ္တကၠသုိလ္တြင္တာ၀န္ထမ္းေဆာင္ခဲ့ၾကသည့္ စစ္ဘက္၊ နယ္ဘက္၊ ဆရာႀကီး၊ ဆရာမႀကီးမ်ား ၉၀ ဦး တက္ေရာက္ကန္ေတာ့ခံၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္အတူ တာ၀န္ထမ္းေဆာင္ဆဲႏွင့္ အၿငိမ္းစား ေက်ာင္းဆင္းအရာရွိမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ေက်ာင္းဆင္းအရာရွိမ်ားကုိယ္စား ဗုိလ္မွဴးခ်ဳပ္ တင္ဦး(အၿငိမ္းစား)က အာစရိယပူေဇာ္ပြဲ အခမ္းအနားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပသည္။ ထုိ႔ေနာက္ ဒုတိယ သမၼတ ဦးျမင့္ေဆြမွေပးပုိ႔သည့္ ကန္ေတာ့ပန္းဆင္စာလႊာအား ဗုိလ္မွဴးႀကီး ႐ႈေမာင္က လည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္၏ ကန္ေတာ့ပန္းဆင္စာလႊာအား ဗုိလ္မွဴးႀကီးေအးေသာ္ကလည္းေကာင္း အသီးသီးဖတ္ၾကားၾကသည္။

ယင္းေနာက္ အခမ္းအနားသုိ႔တက္ေရာက္လာသည့္ စစ္တကၠသုိလ္ဗုိလ္ေလာင္း သင္တန္းအမွတ္စဥ္(၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉)ေက်ာင္းဆင္းအရာရွိမ်ားက ေက်းဇူးရွင္ ဆရာႀကီး၊ ဆရာမႀကီးမ်ားအား လက္အုပ္ခ်ီမုိး၍ ထုံးတမ္းစဥ္လာႏွင့္အညီ ႐ိုေသစြာ ကန္ေတာ့ၾကရာ ကန္ေတာ့ခံဆရာႀကီး၊ ဆရာမႀကီးတုိ႔ ကုိယ္စား ဗုိလ္မွဴးႀကီး သိန္းျမင့္ (အၿငိမ္းစား)က ၾသ၀ါဒစကားခ်ီးျမႇင့္ေျပာၾကားသည္။

ဆက္လက္ၿပီး ဂါရ၀ျပဳကန္ေတာ့လက္ေဆာင္ပစၥည္းမ်ားအား ဆရာႀကီး၊ ဆရာမႀကီးမ်ားထံ ေက်ာင္းဆင္းအရာရွိမ်ားက သင္တန္းအမွတ္စဥ္အလုိက္ ႐ိုေသစြာေပးအပ္ၾက သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကန္ေတာ့ခံ ဆရာႀကီး၊ ဆရာမႀကီးမ်ားအား ရင္းရင္းႏွီးႏွီးဂါရ၀ျပဳႏႈတ္ဆက္သည္။ ယင္းေနာက္ ကန္ေတာ့ခံဆရာႀကီး၊ ဆရာမႀကီးမ်ားႏွင့္အတူ သင္တန္းအမွတ္စဥ္အလုိက္ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

 

(Unicode Version)

စစ်တက္ကသိုလ်တွင်ပညာသင်ကြားပေးခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများအား စတုတ္ထအကြိမ်မြောက်အာစရိယပူဇော်ပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ- ၂၃

စစ်တက္ကသိုလ်တွင် စာပေပညာ၊ စစ်ပညာများသင်ကြားပေးခဲ့သည့် စစ်ဘက်၊ နယ်ဘက် ဆရာကြီး၊ ဆရာမကြီးများအား စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉)တို့၏ စတုတ္ထအကြိမ်မြောက်အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ တပ်မတော် ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ စစ်တက္ကသိုလ်တွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် စစ်ဘက်၊ နယ်ဘက်၊ ဆရာကြီး၊ ဆရာမကြီးများ ၉၀ ဦး တက်ရောက်ကန်တော့ခံကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား ကျောင်းဆင်းအရာရှိများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းဆင်းအရာရှိများကိုယ်စား ဗိုလ်မှူးချုပ် တင်ဦး(အငြိမ်းစား)က အာစရိယပူဇော်ပွဲ အခမ်းအနားနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယ သမ္မတ ဦးမြင့်ဆွေမှပေးပို့သည့် ကန်တော့ပန်းဆင်စာလွှာအား ဗိုလ်မှူးကြီး ရှုမောင်က လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကန်တော့ပန်းဆင်စာလွှာအား ဗိုလ်မှူးကြီးအေးသော်ကလည်းကောင်း အသီးသီးဖတ်ကြားကြသည်။

ယင်းနောက် အခမ်းအနားသို့တက်ရောက်လာသည့် စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉)ကျောင်းဆင်းအရာရှိများက ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးများအား လက်အုပ်ချီမိုး၍ ထုံးတမ်းစဉ်လာနှင့်အညီ ရိုသေစွာ ကန်တော့ကြရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးတို့ ကိုယ်စား ဗိုလ်မှူးကြီး သိန်းမြင့် (အငြိမ်းစား)က သြဝါဒစကားချီးမြှင့်ပြောကြားသည်။

ဆက်လက်ပြီး ဂါရဝပြုကန်တော့လက်ဆောင်ပစ္စည်းများအား ဆရာကြီး၊ ဆရာမကြီးများထံ ကျောင်းဆင်းအရာရှိများက သင်တန်းအမှတ်စဉ်အလိုက် ရိုသေစွာပေးအပ်ကြ သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ရင်းရင်းနှီးနှီးဂါရဝပြုနှုတ်ဆက်သည်။ ယင်းနောက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများနှင့်အတူ သင်တန်းအမှတ်စဉ်အလိုက် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။