နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုဖွင့်လှစ်သည့် ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုဖွင့်လှစ်

နေပြည်တော် ၊ ဇန်နဝါရီ – ၂၁

(၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အနော်ရထာလမ်းရှိ အဆိုပါ ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဘရွှေ၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဆေးပညာ ရှင်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ  တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြပြီး ကျောင်းသူလေးများက ဘင်ခရာ၊ ပန်းပွားအကတို့ဖြင့် တီးမှုတ်ကြိုဆိုကြသည်။ယင်းနောက် အခမ်းအနားအစီအစဉ် ပထမ ပိုင်းအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဖွင့်လှစ်သည့် ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ကျောင်းသူလေးများက ဘင်ခရာ၊ ပန်းပွားအကတို့ဖြင့် တီးမှုတ်ဂုဏ်ပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ် အား  စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တီးမှုတ်ဂုဏ်ပြုပေးကြသည့် ဘင်ခရာ၊ ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ် ကမ္ပည်းမော်ကွန်း ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ်အတွင်းရှိ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာဌာန၊ ဓာတ်ခွဲခန်း များ၊ သွေးရောဂါကုသဆောင်များနှင့် ဆေးကုသဆောင်များအား လှည့်လည်ကြည့်ရှု ကြရာ ဌာနအလိုက်တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက် (၇)ထပ်ကုသဆောင်သစ်၊ အစည်းအဝေးခန်းမ၌ အခမ်းအနားအစီအစဉ် တတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အား ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ် ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ တော်အဖြစ် တည်ဆောက်ရာတွင် ပညာအရည်အချင်း ပြည့်ဝသည့် လူ့စွမ်းအား အရင်း အမြစ်များစွာ လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ကျန်းမာရေးသည် အခြေခံကျလှပါကြောင်း၊ ကျန်းမာကြံ့ခိုင် မှသာ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်နိုင်ကြမည်ဖြစ် သဖြင့် နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍအတွက် မူဝါဒများ ချမှတ် ကာ “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင် မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”ကို ရည်မှန်းချက် ထားပြီး အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလမှစတင်ပြီး ကျေးလက်ကျန်းမာရေးဌာနများနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ် ပေးခြင်း၊ မကွေးမြို့ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ပြည်သူ့ ဆေးရုံကြီး၊ ဘားအံမြို့ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံ ကြီး၊ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးစသည့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ရှိသည့် ဆေးရုံကြီးများတွင် ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ အရိုးရောဂါအထူးကု ဆေးရုံကြီး(ရန်ကုန်)တို့တွင် တိုးချဲ့ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ခုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံများတွင် (၂)ထပ် ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ဆေးတက္ကသိုလ်နှင့် သူနာပြုတက္ကသိုလ်တို့အတွက် သင်ကြားရေးဆိုင်ရာ အဆောက်အဦ များ ဆောက်လုပ်ပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ဌာနခွဲများ ဖွင့်လှစ်ပေးခြင်း စသည်တို့ကို မြှင့်တင် ဆောင် ရွက်ပေးနိုင်ခဲ့ပါကြောင်း။

နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ် ပေးနိုင်ရေး မည်မျှပင်စီမံဆောင်ရွက်ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းအခွင့် အရေးကို ခံစားနိုင်ရန် အနှောက်အယှက်များ၊ အခက်အခဲများ ရှိနေမည်ဆိုပါက အကျိုးရှိ နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်သူများအားလုံး တိုင်းပြည်နှင့် ပြည်သူကို ကောင်းစေလိုသည်ဆိုပါက စဉ်းစားဆင်ခြင်ဆောင်ရွက်ကြရန်လိုပါကြောင်း။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင်တည်ရှိပြီး မြန်မာနိုင်ငံ၏အကြီးဆုံး ဆေးရုံကြီးဖြစ်သောကြောင့် တစ် နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများ အားကိုးအားထားပြုရပြီး ဆေးပညာသင်ကြားရေး အတွက်လည်း ခေတ်အဆက်ဆက်  အဓိကကျသည့် ဆေးရုံကြီးလည်းဖြစ်ပါကြောင်း။

ဆေးရုံကြီး၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ၁၈၇၃ ခုနှစ် ကတည်းက (၄၈၃)ခုတင်နှင့် တည်ဆောက်ခဲ့ပြီး ခေတ်အဆက်ဆက်တွင် ခုတင်များ တိုးမြှင့်လာခဲ့ သည်မှာ ၂၀၁၆ ခုနှစ်တွင် ခုတင်(၂၀၀၀)ဆံ့ဆေးရုံအထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူများစွာကို အကျိုးပြုနေသည့် ဆေးရုံကြီးလည်းဖြစ်ပါကြောင်း၊ ယနေ့အသစ် ဖွင့်လှစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ဆောင်အသစ်ကြီး ဆောက်လုပ်ရ ခြင်း၏ ရည်ရွယ်ချက်မှာ ခုတင်(၂၀၀၀)ဆံ့ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တိုး တက် များပြားလာသည့် လူနာများ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရန်နှင့် နိုင်ငံ တကာအဆင့်မီ ဆေးကုသမှုကို ပြည်သူများ ရရှိခံစားနိုင်စေရန်အတွက် ထပ်မံ ဆောက် လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းကို အသိပေးပြောကြားလိုပါကြောင်း။

ယခု(၇)ထပ်ဆေးကုသဆောင်သစ်ကြီးကို ၂၀၁၅ ခုနှစ်က  စတင် ဆောက်လုပ်ခဲ့ ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့ရပါကြောင်း၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ပြည်သူများအကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန်ရည်ရွယ်ပြီး ဆေးရုံဆောက်လုပ်ခြင်းကို ပြီးစီးအောင် တစ်စိုက် မတ်မတ် ဆက်လက်တည်ဆောက်ပေးသည့်အတွက် ယနေ့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အခက် အခဲအမျိုးမျိုးဖြင့် ကြန့်ကြာနေသည့်(၇)ထပ်ဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်း များ အမြန်ပြီးစီးအောင် ကြိုးပမ်းတည်ဆောက်ပေးခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိတ်ရောကိုယ်ပါကူညီဆောင်ရွက်ပေးကြသည့်ဌာန အသီးသီးက တာဝန်ရှိသူများကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော် ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံ တည်ဆောက်ထားသည့် (၇)ထပ်ကုသဆောင် သစ်ကြီးအတွင်း၌ နိုင်ငံတကာအဆင့်မီ ဆေးကုသမှုခံစားရရှိနိုင်ရန် အဆင့်မြင့်ရောဂါ ရှာဖွေကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းထားသည့် ဓာတ်ခွဲခန်းများ၊ ပုံရိပ်ဖော်နည်းပညာဆိုင်ရာ ဓာတ်မှန်ဌာန၊ သွေးရောဂါလူနာဌာန၊ ရိုးတွင်းချဉ်ဆီ လဲလှယ် ကုသဌာနတို့ပါဝင်ပြီး ပြည်သူများအနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ နည်းပညာ အဆင့် မြင့်မားသည့် ကုသမှုများကို ပိုမိုရရှိနိုင်တော့မည် ဖြစ်ပါကြောင်း။

ပြည်သူများ၏ မျှော်မှန်းလူ့သက်တမ်း မြင့်မားလာစေရေးနှင့် ပြည်သူများ တစ်ဦး ချင်းစီက စိုက်ထုတ်သုံးစွဲရသည့် ကုန်ကျစရိတ်သက်သက်သာသာနှင့် အားလုံး လက်လှမ်းမီ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရေးတို့အတွက် ကျန်းမာရေးနှင့်သက်ဆိုင်သည့် ဝန်ထမ်းအသီးသီး၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့က ကောင်းမြတ်သည့်စေတနာ၊ မွန်မြတ်သည့် စိတ်ထား၊ ပြည့်ဝသည့်မေတ္တာတရား၊ အကြင်နာများနှင့် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြား သည်။

ယင်းနောက် (၇)ထပ်ကုသဆောင်သစ်နှင့် ပတ်သက်သည့် Video Clip ကို ဖွင့်လှစ် ပြသသည်။ ထို့နောက် အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဝမ်း မြောက်ကြောင်းပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ထံသို့ ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြု ပေးအပ်သည်။

အခမ်းအနားများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု လက်ဖက်ရည်ကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။