တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို၊ တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၀

နီေပါဖက္ဒေရးရွင္းသမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အား နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ Gen. Ranjendra Chhetri က ယေန႔မြန္းလြဲပုိင္းတြင္ ခတၱမႏၵဴၿမိဳ႕ရွိ၊ နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္႐ုံးေရွ႕ ျမက္ခင္းျပင္၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆိုသည္။

အဆုိပါဂုဏ္ျပဳႀကိဆုိပြဲအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ နီေပါဖက္ဒေရးရွင္းသမၼတႏုိင္ငံဆုိင္ရာ ျမန္္မာႏုိင္ငံသံအမတ္ႀကီး ဦးထြန္းေနလင္း၊ အိႏၵိယႏုိင္ငံဆုိင္ရာ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗိုလ္မွဴးခ်ဳပ္ သိန္းေဇာ္တုိ႔တက္ေရာက္ၾကၿပီး နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ႏွင့္အတူ နီေပါတပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆုိမည့္ေနရာသုိ႔ေရာက္ရွိရာ နီေပါတပ္မေတာ္မွ Chief of General Staff ျဖစ္သူ Lt. Gen. Purna C Thapa က ႀကိဳဆုိႏႈတ္ဆက္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကုိခံယူၿပီး ဂုဏ္ျပဳတပ္ဖြဲ႕အား စစ္ေဆးသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္တုိ႔သည္ အစည္းအေ၀းခန္းမတြင္ ေတြ႕ဆုံေဆြးေႏြးၾကသည္။ ထုိသုိ႔ေတြ႕ဆုံေဆြးေႏြးရာတြင္ နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္က ယခုကဲ့သုိ႔တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ခ်စ္ၾကည္ေရးခရီးစဥ္သည္ ျမန္မာႏုိင္ငံမွနီေပါႏုိင္ငံသုိ႔ ပထဦးဆုံးလာေရာက္သည့္ျမန္မာ့တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တစ္ဦးအေနျဖင့္ သမုိင္း၀င္ခရီးစဥ္ျဖစ္ေၾကာင္းေျပာၾကားၿပီး ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ၾကား ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရးဆုိင္ရာကိစၥရပ္မ်ား၊ သင္တန္းသားမ်ားအျပန္အလွန္ ေစလႊတ္ေရးဆုိင္ရာကိစၥရပ္မ်ား၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ တုိးျမႇင့္ေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ားႏွင့္ ျမန္မာႏုိင္ငံတြင္ လြတ္လပ္ေရးႀကိဳးပမ္းမႈကာလမွစ၍ ယခုအခ်ိန္အထိ နီေပါလူမ်ိဳး ေဂၚရခါးအရာရွိ၊ စစ္သည္မ်ား တာ၀န္ထမ္းေဆာင္ခဲ့မႈႏွင့္ စြမ္းရည္သတၱိ၊ ဘြဲ႕ထူးဂုဏ္ထူမ်ားရရွိခဲ့သည့္အေျခအေနအား အျပန္အလွန္ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကသည္။

ထုိ႔ေနာက္ အစည္းအေ၀းခန္းမတြင္ နီေပါတပ္မေတာ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး Bri. Gen. Kaji Bahadur Khatri က နီေပါတပ္မေတာ္ေပၚေပါက္လာမႈသမုိင္းေၾကာင္း၊ နီေပါတပ္မေတာ္မွႏုိင္ငံတကာၿငိမ္းခ်မ္းေရးတပ္ဖြဲ႕မ်ားတြင္ တာ၀န္ထမ္းေဆာင္ေနမႈ အေျခအေနမ်ား၊ သဘာ၀ေဘးအႏၲရာယ္ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ခဲ့မႈ အေျခအေနမ်ားႏွင့္ နီေပါႏုိင္ငံ၏ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားေဆာင္ရြက္ခဲ့မႈ အေျခအေနမ်ားအား Power Point ျဖင့္ ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားအား ေမးျမန္းေဆြးေႏြးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္႐ုံးရွိဧည့္သည္ေတာ္မွတ္တမ္းတြင္ လက္မွတ္ေရးထုိးသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္တုိ႔သည္ တက္ေရာက္လာၾကသည့္ႏွစ္ႏုိင္ငံ တပ္မေတာ္အရာရွိႀကီးမ်ားႏွင္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။

ထုိ႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ မြန္းလြဲပုိင္းကလည္း Army Pavilion, Tundikh ရွိ Bir Smarak သူရဲေကာင္းစစ္သည္မ်ား၏အထိမ္းအမွတ္ေနရာသုိ႔ သြားေရာက္ၿပီး ပန္းေခြခ်အေလးျပဳခဲ့သည္။ ပန္းေခြခ်အေလးျပဳၿပီးခ်ိန္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထုိးၿပီး အဖြဲ႕၀င္မ်ားႏွင့္အတူအမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အားနီပေါ တပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

နီပေါဖက်ဒရေးရှင်းသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri က ယနေ့မွန်းလွဲပိုင်းတွင် ခတ္တမန္ဒူမြို့ရှိ၊ နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်ရုံးရှေ့ မြက်ခင်းပြင်၌ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

အဆိုပါဂုဏ်ပြုကြိဆိုပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ နီပေါဖက်ဒရေးရှင်းသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးထွန်းနေလင်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် သိန်းဇော်တို့တက်ရောက်ကြပြီး နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ်နှင့်အတူ နီပေါတပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုမည့် နေရာသို့ရောက်ရှိရာနီပေါတပ်မတော်မှ Chief of General Staff ဖြစ်သူ Lt. Gen. Purna C Thapa က ကြိုဆိုနှုတ်ဆက်သည်။ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်တို့သည် အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်က ယခုကဲ့သို့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ချစ်ကြည်ရေးခရီးစဉ်သည် မြန်မာနိုင်ငံမှနီပေါနိုင်ငံသို့ ပထဦးဆုံးလာရောက်သည့်မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးအနေဖြင့် သမိုင်းဝင်ခရီးစဉ် ဖြစ်ကြောင်းပြောကြားပြီး၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသားများအပြန်အလှန် စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ ယခုအချိန်အထိ နီပေါလူမျိုး ဂေါ်ရခါးအရာရှိ၊ စစ်သည်များ တာဝန်ထမ်းဆောင်ခဲ့မှုနှင့် စွမ်းရည်သတ္တိ၊ ဘွဲ့ထူးဂုဏ်ထူများရရှိခဲ့သည့်အခြေအနေအား အပြန်အလှန်ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ထို့နောက် အစည်းအဝေးခန်းမတွင် နီပေါတပ်မတော်စစ်ဆင်ရေးညွှန်ကြားရေးမှူး Bri. Gen. Kaji Bahadur Khatri က နီပေါတပ်မတော်ပေါ်ပေါက်လာမှုသမိုင်းကြောင်း၊ နီပေါတပ်မတော်မှနိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေမှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် နီပေါနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်းဆွေးနွေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်ရုံးရှိဧည့်သည်တော်မှတ်တမ်းတွင်လက်မှတ်ရေးထိုးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်တို့သည် တက်ရောက်လာကြသည့်နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများနှင်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့အတူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းကလည်း Army Pavilion, Tundikh ရှိ Bir Smarak သူရဲကောင်းစစ်သည်များ၏အထိမ်းအမှတ် နေရာသို့သွားရောက်ပြီး ပန်းခွေချအလေးပြုခဲ့သည်။ ပန်းခွေချအလေးပြုပြီးချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးပြီး အဖွဲ့ဝင်များနှင့်အတူအမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။