တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နီပေါနိုင်ငံရှိဧဝရက်တောင်ထိပ် အပါအဝင်ဟိမဝန္တာတောင်တန်းများနှင့် Birendra Peace Operation Training Center သို့သွားရောက် ကြည့်ရှုလေ့လာ

ေနျပည္ေတာ္၊ ဒီဇင္ဘာ  ၁၁

နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ Gen. Ranjendra Chhetri ၏ဖိတ္ၾကားခ်က္ အရ နီေပါဖက္ဒရယ္ဒီမုိကရက္တစ္သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ သည္ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ နီေပါႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးထြန္းေနလင္းႏွင့္ဇနီး၊ အိႏၵိယႏုိင္ငံဆုိင္ရာ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ သိန္းေဇာ္ႏွင့္ဇနီး၊ တာဝန္ရွိသူမ်ားလုိက္ပါ၍ ယေန႔နံနက္ပုိင္းတြင္ ဟိမဝႏၲာ ေတာင္တန္းမ်ားအား နီေပါတပ္မေတာ္ အထူးရဟတ္ယာဥ္မ်ားျဖင့္သြားေရာက္ၾကည့္႐ႈေလ့လာၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ခတၱမႏၵဴၿမိဳ႕ရွိ Nepal Army Mid Air Base မွရဟတ္ယာဥ္မ်ားျဖင့္ထြက္ခြာၾကၿပီး ဟိမ၀ႏၲာေတာင္တန္းမ်ား အား ရဟတ္ယာဥ္ေပၚမွေန၍ ၾကည့္႐ႈေလ့လာၾကသည္။ ယင္းေနာက္ ဟိမဝႏၲာ ေတာင္တန္းေပၚရွိ ကမၻာ့အျမင့္ဆုံးဟုိတယ္အျဖစ္ ဂင္းနစ္စာရင္း၀င္ Hotel Everest View သုိ႔ ေရာက္ရွိၾကၿပီး ဧဝရက္ေတာင္ထိပ္ႏွင့္ ဟိမ၀ႏၲာေတာင္တန္းမ်ားအား ၾကည့္႐ႈေလ့လာၾကရာတာ၀န္ရွိသူမ်ားက ရွင္းလင္းျပသၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Birendra Peace Operation Training Center သုိ႔ေရာက္ရွိၾကရာ နီေပါၾကည္းတပ္မေတာ္၊ ကုလသမဂၢၿငိမ္းခ်မ္းေရးထိန္းသိမ္းေရးဌာန ဒုတိယၫႊန္ၾကားေရးမွဴး Col. Yog Raj Sharma ႏွင့္တာ၀န္ရွိသူမ်ားကႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ယင္းေနာက္အစည္းအေ၀း ခန္းမတြင္ Col. Yog Raj က သင္တန္းေက်ာင္းဖြင့္လွစ္သင္ၾကားေနမႈအေျခအေနမ်ား၊ ကုလသမဂၢၿငိမ္းခ်မ္းမႈထိန္းသိမ္းေရးတပ္ဖြဲ႕မ်ားတြင္ နီေပါတပ္ဖြဲ႕၀င္မ်ားတာ၀န္ ထမ္းေဆာင္ေနမႈအေျခအေနမ်ားအား Powerpoint ျဖင့္ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားအားေမးျမန္းေဆြးေႏြးသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား သင္တန္းေက်ာင္း လက္ေတြ႕ ေလ့က်င့္ကြင္းတြင္ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈေလ့က်င့္ခန္းမ်ားေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား လက္ေတြ႕သ႐ုပ္ျပသခဲ့ၾကသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္ Col. Yog Raj တုိ႔သည္အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ ေပးအပ္ခဲ့ၾကသည္။

( Unicode Version )

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နီပေါနိုင်ငံရှိဧဝရက်တောင်ထိပ် အပါအဝင်ဟိမဝန္တာတောင်တန်းများနှင့် Birendra Peace Operation Training Center သို့သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri ၏ဖိတ်ကြားချက်အရ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည်ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နီပေါနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးထွန်းနေလင်းနှင့်ဇနီး၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် သိန်းဇော်နှင့်ဇနီး၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဟိမဝန္တာတောင်တန်းများအား နီပေါတပ်မတော် အထူးရဟတ်ယာဉ်များဖြင့်သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခတ္တမန္ဒူမြို့ရှိ Nepal Army Mid Air Base မှရဟတ်ယာဉ်များဖြင့်ထွက်ခွာကြပြီး ဟိမဝန္တာတောင်တန်းများအား ရဟတ်ယာဉ်ပေါ်မှနေ၍ ကြည့်ရှုလေ့လာကြသည်။ ယင်းနောက် ဟိမဝန္တာ တောင်တန်းပေါ်ရှိ ကမ္ဘာ့အမြင့်ဆုံးဟိုတယ်အဖြစ် ဂင်းနစ်စာရင်းဝင် Hotel Everest View သို့ ရောက်ရှိကြပြီး ဧဝရက်တောင်ထိပ်နှင့် ဟိမဝန္တာတောင်တန်းများအား ကြည့်ရှုလေ့လာကြရာတာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Birendra Peace Operation Training Center သို့ရောက်ရှိကြရာ နီပေါကြည်းတပ်မတော်၊ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး Col. Yog Raj Sharma နှင့်တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက်အစည်းအဝေးခန်းမတွင် Col. Yog Raj က သင်တန်းကျောင်းဖွင့်လှစ်သင်ကြားနေမှုအခြေအနေများ၊ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့များတွင် နီပေါတပ်ဖွဲ့ဝင်များတာဝန်ထမ်းဆောင်နေမှုအခြေအနေများအား Powerpoint ဖြင့်ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအားမေးမြန်းဆွေးနွေးသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား သင်တန်းကျောင်း လက်တွေ့ လေ့ကျင့်ကွင်းတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှုလေ့ကျင့်ခန်းများဆောင်ရွက်နေမှု အခြေအနေများအား လက်တွေ့သရုပ်ပြသခဲ့ကြသည်။ ယင်းနောက်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် Col. Yog Raj တို့သည်အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။