တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နီပေါနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးမိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၃

နီေပါဖက္ဒရယ္ဒီမုိကရက္တစ္သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ နီေပါႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံ႐ုံးမိသားစုမ်ားအား ဒီဇင္ဘာ ၁၂ ရက္ညပုိင္းတြင္ ခတၱမႏၵဴၿမိဳ႕ရွိ နီေပါႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံ႐ုံးဧည့္ခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ နီေပါႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးထြန္းေနလင္းႏွင့္ဇနီး၊ အိႏၵိယႏုိင္ငံဆုိင္ရာျမန္္မာစစ္သံ(ၾကည္း၊ေရ၊ေလ)ဗုိလ္မွဴးခ်ဳပ္ သိန္းေဇာ္ႏွင့္ဇနီးတုိ႔ လုိက္ပါၿပီး နီေပါႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံ႐ုံးသုိ႔ေရာက္ရွိၾကရာ သံ႐ုံး အမႈထမ္းမ်ားႏွင့္ နီေပါ-ျမန္္မာ ခ်စ္ၾကည္ေရးအသင္းမွ တာ၀န္ရွိသူမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္ တပ္္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံ႐ုံးမိသားစုမ်ားအားေတြ႕ဆုံ အမွာစကားေျပာၾကားရာတြင္ ယခုကဲ့သုိ႔႔မိမိခ်စ္ၾကည္ေရးခရီးစဥ္လာေရာက္ျခင္းသည္ ႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးျမႇင့္တင္ရန္ျဖစ္ေၾကာင္း၊ နီေပါႏုိင္ငံႏွင့္ျမန္မာႏုိင္ငံသည္အေျခခံဆက္စပ္မႈမ်ားရွိၿပီး နီေပါႏုိင္ငံဖြားျမန္မာႏုိင္ငံသားမ်ားရွိသကဲ့သုိ႔ ျမန္မာႏုိင္ငံတြင္ေမြးဖြားၿပီး နီေပါႏုိင္ငံတြင္ေနထုိင္ၾကသူမ်ားရွိေၾကာင္း၊ ျမန္မာ-နီေပါႏွစ္ႏုိင္ငံသမုိင္းေၾကာင္းအရ ယဥ္ေက်းမႈ၊ကုိးကြယ္မႈဘာသာမ်ား နီးစပ္မႈရွိသျဖင့္ ပုိမုိခ်စ္ၾကည္ရင္းႏွီးသည့္ ႏွစ္ႏုိင္ငံဆက္ဆံေရးရွိရန္လုိအပ္ေၾကာင္း၊ ယခုခရီးစဥ္အတြင္း နီေပါႏုိင္ငံသမၼတ၊ ၀န္ႀကီးခ်ဳပ္၊ ကာကြယ္ေရး၀န္ႀကီး၊ ၾကည္းတပ္ဦးစီးခ်ဳပ္တုိ႔ႏွင့္ ေတြ႕ဆုံေဆြးေႏြးစဥ္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈမ်ားႏွင့္ စီးပြားေရးဆုိင္ရာပူးေပါင္း ေဆာင္ရြက္မႈမ်ားျမႇင့္တင္ေဆာင္ရြက္ရန္ေဆြးေႏြးခဲ့ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ႏိုင္ရန္ အတြက္သံ႐ုံးအမႈထမ္းမ်ားကလည္း မိမိတုိ႔ တတ္ႏုိင္သည့္ဘက္မွေဆာင္ရြက္ေပးရန္ လုိေၾကာင္း၊ နီေပါႏုိင္ငံတြင္ရာသီဥတုျပင္းထန္သည္ဟု သိရွိရသျဖင့္ မိမိတုိ႔တစ္ဦးခ်င္း၏ က်န္းမာေရးကုိဂ႐ုစုိက္ထိမ္းသိမ္းၾကရန္လုိေၾကာင္း၊ ျမန္မာႏုိင္ငံဖြားနီေပါႏုိင္ငံသားမ်ားႏွင့္နီေပါႏုိင္ငံသားမ်ားႏွစ္ႏုိင္ငံအျပန္အလွန္သြားလာမႈမ်ား အဆင္ေျပေစရန္အတြက္လည္း ကူညီေဆာင္ရြက္ေပးေစလုိေၾကာင္းမွာၾကားသည္။

ယင္းေနာက္ ျမန္မာႏုိင္ငံတြင္ျပည္သူမ်ားမွ ေရြးခ်ယ္သည့္ပါတီစုံဒီမုိကေရစီ လမ္းေၾကာင္းေပၚတြင္ေလွ်ာက္လွမ္းေနမႈအေျခအေနမ်ားႏွင့္ ခုိင္မာမႈရွိေစရန္တပ္မေတာ္မွေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ တပ္မေတာ္အေနျဖင့္ႏုိင္ငံေရးႏွင့္ပတ္သက္မႈ မရွိေၾကာင္းႏွင့္ အမ်ိဳးသားႏုိင္ငံေရးကုိသာေဆာင္ရြက္လ်က္ရွိၿပီး ႏုိင္ငံ့၀န္ထမ္းမ်ားအေနျဖင့္လည္း ႏုိင္ငံေရးကိစၥရပ္မ်ားႏွင့္ကင္းရွင္းရန္လုိအပ္မႈအေျခအေနမ်ားႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေအာင္ေဆာင္ရြက္ေနမႈအေျခအေနမ်ားအားရွင္းလင္း ေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံ႐ုံးမိသားစုမ်ားအတြက္ လက္ေဆာင္ပစၥည္းမ်ားႏွင့္ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ သံအမတ္ႀကီးႏွင့္ဇနီး၊ အိႏၵိယႏုိင္ငံဆုိင္ရာျမန္္မာစစ္သံ(ၾကည္း၊ေရ၊ေလ)ႏွင့္ဇနီး၊ သံ႐ုံးမိသားစုမ်ားက အသီးသီးလက္ခံရယူၾကသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးဦးေဆာင္သည့္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အား နီေပါႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီးႏွင့္ဇနီးတုိ႔က ညစာျဖင့္ တည္ခင္းဧည့္ခံခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နီပေါနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးမိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမိသားစုများအား ဒီဇင်ဘာ ၁၂ ရက်ညပိုင်းတွင် ခတ္တမန္ဒူမြို့ရှိ နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးဧည့်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ နီပေါနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးထွန်းနေလင်းနှင့်ဇနီး၊ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် သိန်းဇော်နှင့်ဇနီးတို့လိုက်ပါပြီး နီပေါနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးသို့ရောက်ရှိကြရာ သံရုံး အမှုထမ်းများနှင့် နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်းမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက်တပ််မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံးမိသားစုများအားတွေ့ဆုံ အမှာစကားပြောကြားရာတွင် ယခုကဲ့သို့မိမိချစ်ကြည်ရေးခရီးစဉ်လာရောက်ခြင်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားဆက်ဆံရေးမြှင့်တင်ရန်ဖြစ်ကြောင်း၊ နီပေါနိုင်ငံနှင့်မြန်မာနိုင်ငံသည်အခြေခံဆက်စပ်မှုများရှိပြီး နီပေါနိုင်ငံဖွားမြန်မာနိုင်ငံသား များရှိသကဲ့သို့ မြန်မာနိုင်ငံတွင်မွေးဖွားပြီး နီပေါနိုင်ငံတွင်နေထိုင်ကြသူများရှိကြောင်း၊ မြန်မာ-နီပေါနှစ်နိုင်ငံသမိုင်းကြောင်းအရ ယဉ်ကျေးမှု၊ကိုးကွယ်မှုဘာသာများ နီးစပ်မှုရှိသဖြင့် ပိုမိုချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေးရှိရန်လိုအပ်ကြောင်း၊ ယခုခရီးစဉ် အတွင်းနီပေါနိုင်ငံသမ္မတ၊ ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ကြည်းတပ်ဦးစီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများနှင့် စီးပွားရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက်သံရုံးအမှုထမ်းများကလည်းမိမိတို့ တတ်နိုင်သည့်ဘက်မှဆောင်ရွက်ပေးရန် လိုကြောင်း၊ နီပေါနိုင်ငံတွင်ရာသီဥတုပြင်းထန်သည်ဟုသိရှိရသဖြင့် မိမိတို့တစ်ဦးချင်း၏ ကျန်းမာရေးကိုဂရုစိုက်ထိမ်းသိမ်းကြရန်လိုကြောင်း၊ မြန်မာနိုင်ငံဖွားနီပေါနိုင်ငံသားများနှင့် နီပေါနိုင်ငံသားများနှစ်နိုင်ငံအပြန်အလှန်သွားလာမှုများအဆင်ပြေစေရန်အတွက်လည်း ကူညီဆောင်ရွက်ပေးစေ လိုကြောင်းမှာကြားသည်။

ယင်းနောက် မြန်မာနိုင်ငံတွင်ပြည်သူများမှ ရွေးချယ်သည့်ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုအခြေအနေများနှင့် ခိုင်မာမှုရှိစေရန်တပ်မတော် မှဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော်အနေဖြင့်နိုင်ငံရေးနှင့်ပတ်သက်မှု မရှိကြောင်းနှင့်အမျိုးသားနိုင်ငံရေးကိုသာဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများ အနေဖြင့်လည်း နိုင်ငံရေးကိစ္စရပ်များနှင့်ကင်းရှင်းရန်လိုအပ်မှုအခြေအနေများနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံးမိသားစုများအတွက် လက်ဆောင်ပစ္စည်းများနှင့်ချီးမြှင့်ငွေများပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး၊ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာစစ်သံ(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ သံရုံးမိသားစုများက အသီးသီးလက်ခံရယူကြသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့်ဇနီးတို့က ညစာဖြင့်တည်ခင်းဧည့်ခံခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။