တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်၊ နိုင်ငံရေးခေတ် စနစ်မျိုးစုံတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြို ကွဲရေး၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို အစဉ်တစိုက် အလေးထား ဆောင်ရွက်ခဲ့ နေပြည်တော် ဒီဇင်ဘာ ၁၃ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦး စီးချုပ် (ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မ တော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင် ခဲ့ရခြင်းဖြစ်ကြောင်း၊ စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ဆူပူဆန္ဒပြမှုများ၊ လက်နက် ကိုင်အကြမ်းဖက်ခြင်းများ အတိုင်းအတာတစ်ခုအထိဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး၌ ပိုမိုများပြားခဲ့ကြောင်း၊ ထို့ပြင် ကိုဗစ်–၁၉ ရောဂါဖြစ်ပေါ်နေ သည့်ကာလ လည်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဆူပူဆန္ဒပြမှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ပြီးနောက်ပိုင်းတွင် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများကို လျော့ပါး သွားခဲ့ကြောင်း၊ ထိုကဲ့သို့ ဆူပူအကြမ်းဖက်မှုများ၊ ကိုဗစ်–၁၉ ရောဂါဖြစ်ပေါ်နေမှု များနှင့်ကြုံတွေ့နေရသည့်အချိန်တွင် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာ သိမြင်မှုမရှိဘဲ ဘေးပယောဂများ၊ လှုံ့ဆော်သွေးထိုးမှုများ၊ ခြိမ်းခြောက်အကြပ်ကိုင် မှုများကြောင့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင်မှုများကြောင့် အခက်အခဲ၊ အကြပ်အတည်းများ နှင့်လည်း ရင်ဆိုင်ခဲ့ကြရကြောင်း၊ ထို့နောက် ၂၀၂၃ ခုနှစ်တွင် ကိုဗစ်–၁၉ ရောဂါ ဖြစ်ပွားမှုများလျော့ပါးလာခဲ့ပြီး ဆူပူအကြမ်းဖက်မှုများသည်လည်း လျော့ပါးသွားခဲ့ ကြောင်း၊ သို့သော် ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးသွားနိုင်ရန် တပ်မတော်မှအရာရှိကြီးများအား တာဝန်ခွဲဝေ ပေးအပ်ခဲ့ပြီး ၆ လအတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။ ထို့ပြင် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးသဘောထားကွဲပြားမှုများနှင့် နိုင်ငံရေး လှုံ့ဆော်သွေးထိုးမှုများကြောင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာခဲ့ပြီး EAO များ မှလည်း အကြမ်းဖက်သင်တန်းများသင်ကြားပေးခဲ့ကြသည်ကို တွေ့မြင်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံရေးအရဖြစ်ပေါ်ခဲ့သည့် ပြဿနာကို နိုင်ငံရေးအရဖြေရှင်းရန် မကြိုးစား ဘဲ အကြမ်းဖက်သည့်နည်းလမ်းဖြင့် ဖြေရှင်းရန် လုပ်ဆောင်ခဲ့ကြခြင်းပင်ဖြစ်ကြောင်း။ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလသမိုင်းကြောင်းနှင့် လွတ်လပ်ရေး ရရှိပြီး ချိန်တွင် တပ်မတော်မှ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးဆောင်ရွက်ခဲ့ရသည့် သမိုင်း ကြောင်းများရှိပြီးဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် တပ်မတော်၏ သမိုင်းကြောင်းကို သိရှိနိုင်ရန်အတွက် သမိုင်းဖြစ်ရပ်မှန်များကို ဖတ်ရှု လေ့လာကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းများကို မှန်မှန်ကန်ကန် သိရှိမည်ဆိုပါက တပ်မတော်အနေဖြင့်အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင် နေရမှုအခြေအနေ များကိုလည်း သိရှိလာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ လွတ်လပ်ရေးရရှိပြီးချိန်၌ နိုင်ငံရေး အရ၊ တိုင်ရင်းသားရေးအရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီးပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့မှုကြောင့်နိုင်ငံ၏အချုပ်အခြာအာဏာ ထိခိုက်လာမှုအပေါ် တပ်မတော်မှကျားကုပ် ကျားခဲကြိုးပမ်းကာကွယ်ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်၊ နိုင်ငံရေးခေတ်စနစ်မျိုးစုံတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို အစဉ်တစိုက် အလေးထား ဆောင်ရွက်ခဲ့ကြောင်း။ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ပြီး ၎င်း နောက်တွင် ဆိုရှယ်လစ်စနစ်ဗဟိုဦးစီးစနစ်ကိုကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ ဆိုရှယ် လစ်စနစ်တွင် ကောင်းမွန်သည့်အချက်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးရာတွင် မြန်မာ့နည်း မြန်မာ့ ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို ဖော်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆိုရှယ် လစ်စနစ်ဗဟိုဦးစီးစနစ်ကိုကျင့်သုံးရာတွင် နိုင်ငံရေးအရ တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့၍ နိုင်ငံရေးထွက်ပေါက်ပိတ်သွားသူများ၏ မကျေနပ်မှု၊ စီမံကိန်းစီးပွားရေးစနစ်ကြောင့် စီးပွားရေးအရထွက်ပေါက်ပိတ်ဆို့သွားသူများ၏ မကျေနပ်မှု၊ အုပ်ချုပ်ရေးကဏ္ဍများ၌ ပါတီဝင်များကိုသာဦးစားပေးမှုများကြောင့် မကျေနပ်မှုများ ရှိခဲ့ကြောင်း၊ ၎င်းအပြင် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်လာခဲ့ရကြောင်း၊ စနစ်၏ အားနည်းချက်ဆိုသည်ထက် လက်တွေ့အကောင်အထည်ဖော်မှု အားနည်းချက် ကြောင့်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးပြီး အောင်မြင်နေသည့် နိုင်ငံများလည်းရှိနေဆဲဖြစ်ကြောင်း။ နိုင်ငံတစ်ခုရပ်တည်နိုင်ရေးအတွက် စီးပွားရေးသည် အဓိက အခရာကျသည့် အချက်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမွန်မှသာလျှင် နိုင်ငံရေးအားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် အုပ်ချုပ်ရေးအရ စီမံခန့်ခွဲမှုအားနည်းချက်များ၊ စီးပွားရေးအရ ပိတ်ဆို့မှုများ၊ မှောင်ခို စီးပွားရေးစနစ်ဖြစ်ပေါ်လာခြင်း၊သယံဇာတများတရားမဝင်ထုတ်ယူရောင်းစားခံရခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းလာပြီး ၁၉၈၈ ခုနှစ်အရေး အခင်းဖြစ်ပေါ်လာစေခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်လာခဲ့သဖြင့် တပ်မတော်မှ နိုင်ငံတော် ၏တာဝန်များကို မလွှဲသာမရှောင်သာဖြင့် ယူခဲ့ရကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ၏အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများ၏အစိတ်အပိုင်းတစ်ရပ် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၁၉၈၈ ခုနှစ်တွင် ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တနေ ကြသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန်အတွက် အုတ်မြစ်ချ ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်း နိုင်ရေးစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပကာ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ဒီမို ကရေစီအစိုးရ ပထမသက်တမ်းကာလတွင် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် အသားကျနိုင်ရေးလိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက်ခဲ့ကြောင်း၊တပ်မတော်အနေဖြင့်လည်း အစိုးရနှင့် လက်တွဲညီစွာဆောင်ရွက်ခဲ့ကြောင်း။ သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် ဒီမိုကရေစီပထမအစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် ဆောင်ရွက်ခဲ့သော်လည်း ဒီမို ကရေစီစနစ်နှင့်အသားကျမှုမရှိခြင်း၊ အဖွဲ့အစည်းအသီးသီး၏ နိုင်ငံတော်တွင်ဖြစ် ပေါ်ခဲ့သည့် အတိတ်ကာလကဖြစ်ရပ်များအပေါ် သွေးထိုးလှုံ့ဆော်ခြင်းများလည်း ရှိခဲ့ကြောင်း၊ ဆိုရှယ်လစ်စနစ်ကျင့်သုံးခဲ့စဉ်ကာလ၌ ဖြစ်ပေါ်ခဲ့သည့် မကျေနပ် ချက်များကို ဒီမို ကရေစီစနစ်ကျင့်သုံးချိန်တွင် အတိတ်၊ ပစ္စုပ္ပန်ရောထွေး၍ အတိုက် အခံပြုလုပ်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်ဟု သင်ခန်းစာဖော်ထုတ်ရရှိခဲ့ကြောင်း။ ထို့နောက် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရအဖြစ် နိုင်ငံတော်၏တာဝန်များကိုဆောင်ရွက်ခဲ့ ကြောင်း၊ ထိုသို့တာဝန်ယူဆောင်ရွက်ချိန်တွင် ၎င်းတို့အပေါ် ပြည်သူလူထုမှ များစွာ မျှော်လင့် ထားခဲ့သော်လည်း စီမံခန့်ခွဲမှု အတွေ့အကြုံအားနည်းမှုများ၊ ယခင်အစိုးရ၏ လုပ်ဆောင်မှုများကို အတိုက်အခံဆောင်ရွက်မှုများကြောင့် စီးပွားရေးအရ အားနည်း ချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ စတင်တာဝန်ယူစဉ် နှစ်နှစ်အတွင်း ပြည်ပအကူ အညီများများစွာရရှိခဲ့ပြီး နိုင်ငံ့စီးပွားရေးအားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံခန့်ခွဲမှု အားနည်းခြင်း၊ ပြည်ပနိုင်ငံများမှ အထောက်အပံ့များဖြင့်သာ စီးပွားရေး လည်ပတ် လျက်ရှိပြီး ပြည်တွင်းစီးပွားရေးအားပေးမှုမရှိခြင်း၊ ပြည်တွင်းကုန် ထုတ်လုပ်မှုများမရှိခြင်း၊ နိုင်ငံ၏ပကတိအခြေအနေနှင့်မကိုက်ညီသည့် နိုင်ငံခြား သားအကြံပေးများ၏အကြံဉာဏ်များအတိုင်းဩဇာခံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့ စီးပွားရေးကျဆင်းခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လုပ်ဆောင်မှုအားနည်း ချက်များ၊ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် ပြည်သူလူထုမှလည်း ၎င်းတို့အပေါ် အယုံအကြည်အားနည်းလာသဖြင့် ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရန်စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ချိန်တွင် မဲမသမာမှုများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်တွေ့ရှိရကြောင်း။ ထိုကဲ့သို့ မဲစာရင်းကွဲလွဲမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့မှုအပေါ် တပ်မတော်အနေဖြင့် တာဝန်ရှိသူများမှ စိစစ်အရေးယူဆောင်ရွက်ပေးရန်အတွက် သက်ဆိုင်ရာအစိုးရ အဖွဲ့ထံသို့ အကြိမ်ကြိမ်အသိပေးအကြောင်းကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ခြင်း မရှိသည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန်ဆောင်ရွက် ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရ ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေရချိန်အတွင်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေချဲ့ အမြတ်ထုတ်လိုမှုများ၊ ကိုဗစ်–၁၉ ရောဂါဖြစ်ပွားမှုများ၊ မုန်တိုင်းတိုက်ခတ်မှု၊ ရေကြီး ရေလျှံမှု စသည့်သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှုများ၊ ထိခိုက်ဆုံးရှုံးမှုအများအပြား ဖြစ်ပေါ်စေခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုများ စသည့် အခက်အခဲ၊ အကြပ် အတည်းမျိုးစုံကြားမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင် ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက် ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာကျင်းပပေးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းအပါအဝင် လိုအပ်သည့်ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ မကြာ မီရက်သတ္တပတ်ကာလအတွင်း လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့်ဒေသ ကောင်းကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ် ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ လွတ်လပ်ရေး ရရှိပြီးကတည်းက ယနေ့ထက်တိုင်ခိုင်မာစွာတည်ရှိနေသည့် တပ်မတော်နှင့် စိတ် တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့် ထိန်းနိုင်သည့်သူ၊ ဥပဒေနှင့်ပတ်သက်၍ အသိပညာရှိသူများကို ရွေးချယ်၍ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်နှင့် အမျိုးသားရေးကိုသစ္စာရှိစွာဖြင့် ခေတ်အဆက်ဆက်ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း၊ လွှတ်တော်ဆိုသည်မှာ ဥပဒေပြုရေးကို ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော်ကို အုပ်ချုပ် ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး စသည့် မဏ္ဍိုင်ကြီးသုံးခုအပြန်အလှန် ထိန်းကျောင်း ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွားကိုထိခိုက်စေနိုင်သည့် ဥပဒေများကို ဥပဒေနှင့် အညီ ပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်းများကိုလည်း ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဥပဒေပြုရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဥပဒေပညာ ရပ်များကိုသိရှိနေရန်လို ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ၏ဥပဒေပြုရေးဖြစ်သည့် လွှတ်တော် တွင်ကိုယ်စား လှယ်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများအနေဖြင့် ထိုက်သင့်သည့် အတန်း ပညာ ရှိရန်လိုကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် သူများအနေဖြင့် အနည်းဆုံးအဆင့် တက္ကသိုလ်ဝင်တန်း တက်ရောက်ပြီး ဆုံးသူများဖြစ်ရန် သတ်မှတ်ထားရှိခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် ဥပဒေကို မဖြစ်မနေသိရှိနေရန်လိုကြောင်း၊ KG + 12 တက်ရောက်ပြီးသူများအနေဖြင့် အခြေခံ ပညာအဆင့်သင်ကြားပြီးချိန်တွင် အနည်းဆုံးအသက် ၁၈ နှစ်ပြည့်သူများဖြစ် လာမည်ဖြစ်သဖြင့် ဆန္ဒမဲပေးနိုင်သည့် အသက်အရွယ်များဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေအသိပညာများသိရှိစေရေး မိမိတို့အနေဖြင့် KG+12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေအသိပညာများကို သင်ကြားပေးနေခြင်း ဖြစ်ကြောင်း။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့အစိုးရတာဝန်ထမ်းဆောင်ချိန်တွင် စီးပွားရေး အရပိတ်ဆို့မှုများရှိခဲ့ပြီး ပြည်ပထောက်ပံ့မှုများများစွာလျော့နည်းသွားခဲ့ကြောင်း၊ ထို့ပြင် ပြည်ပနိုင်ငံများသို့ပေးဆပ်ရန်ကျန်ရှိနေသည့်ကြွေးမြှီများအား ပြန်လည်ပေးဆပ် နိုင်ရေး မိမိတို့အနေဖြင့်ဆောင်ရွက်ခဲ့ရကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများတိုးမြှင့်၍ ပြည်ပသို့ပို့ကုန်များတင်ပို့နိုင်ရေးဆောင်ရွက်ခဲ့ရကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက် ရာတွင် အခြေခံစာရင်းဇယားအချက်အလက်များမှန်ကန်မှုရှိရန်လိုကြောင်း၊ ခေတ်အ ဆက် ဆက်တွင် အချက်အလက်များမှန်ကန်စွာရရှိမှုမရှိခြင်းကြောင့် နိုင်ငံတော်၏ အကျိုးစီးပွားကိုထိခိုက်စေခဲ့ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၌ တစ်ဧက အထွက်နှုန်းပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါကစိုက်ပျိုးရေးထုတ်ကုန်များပြည်ပ သို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ခန့်ဝင်ငွေပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးကဝိုင်းဝန်ဆောင်ရွက်ကြရန်လိုပြီးလူတစ်ဦးချင်းစီအလိုက် ကျရာအခန်းကဏ္ဍတွင် အမှန်တကယ်အလုပ်လုပ်ကြရန်လိုကြောင်း။ တပ်မတော်သားများ၏ သက်သာချောင်ချိရေးနှင့် စွမ်းရည်၊ စွမ်းအား ပြည့်ဝကောင်း မွန်စေရေး တပ်မတော်သားများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် တတ်နိုင်သရွေ့ခံစားခွင့်များ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်တွင် စစ်သည်အဆင့်အတန်းအားလုံး၏ နေရေး၊ စားရေး၊ ဝတ်ရေးတို့အပါအဝင် ရသင့် ရထိုက်သည့်ခံစားခွင့်များအားလုံး ရရှိစေရေး ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့်လည်း မိမိကိုယ်ကို အကျိုးမဖြစ်စေနိုင်သည့် အသောက် အစား၊ အပျော်အပါးနှင့် အစားအသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ရရှိ သည့်ဝင် ငွေနှင့် ထွက်ငွေကို မျှတအောင်သုံးစွဲခြင်းဖြင့် သက်သာချောင်ချိမှု ကိုဖန်တီး နိုင်မည်ဖြစ်ပြီး ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့် အဖြုန်းကို ခွဲခြားသိရှိ ဆောင်ရွက်ကြစေ လိုကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်ပိုင်နှင့် တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို မှန်မှန်ကန်ကန်ဆောင်ရွက် သွားမည်ဆိုပါက သက်သာချောင်ချိရေးအတွက် များစွာအထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ မိမိတို့ဘဝတိုးတက်ရေးအတွက် ငွေကြေးသုံးစွဲမှုများမျှတမှုရှိ စေရေး ဆောင်ရွက်ရန်၊ ကြိုးစားအားထုတ်မှုများ အမြဲမပြတ်ဆောင်ရွက်ရန်လိုကြောင်း။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် အမြဲတိုက်ပွဲဝင်အသင့် (Fit for