ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့်  မြန်မာ U-17 အသင်းအား ငွေကျပ် သိန်း ၁၀၀၀ ဂုဏ်ပြုချီးမြှင့်

နေပြည်တော် နိုဝင်ဘာ  ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့တွင် ၂၀၂၆ ခုနှစ်    အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ U-17 အသင်းအား ငွေကျပ် သိန်း ၁၀၀၀ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့သည်။

ပြိုင်ပွဲတွင်  မြန်မာ U-17  အမျိုးသားဘောလုံးအသင်းနှင့် ဆီးရီးယား U-17   အမျိုးသားဘောလုံး အသင်းတို့သည် ပထမပိုင်း  ၄၅ မိနစ်တွင် ဂိုးရရှိရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ  ၉ မိနစ် ၅၂ စက္ကန့်တွင် မြန်မာ U-17  အမျိုးသားဘောလုံးအသင်းမှ ညီညီသန့် ကျောနံပါတ်(၁၀) က မြန်မာအသင်းအတွက် ပထမအဖွင့်ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပြီး ၁၄ မိနစ် ၄၂ စက္ကန့်တွင် ဆီးရီးယား U-17   အမျိုးသားဘောလုံး အသင်းမှ AHMAD ALFARAJ ကျောနံပါတ် (၉)ကချေပဂိုးပြန်လည်သွင်းယူခဲ့ပြီး နောက်မြန်မာ U-17  အမျိုးသားဘောလုံးအသင်းမှ လင်းရောင် ကျောနံပါတ် (၈) အစား  ဝင်းမင်းသန့် ကျောနံပါတ် (၆)အား လူစားလဲလှယ်ကစားခဲ့ရာ  ၃၄ မိနစ် ၀၄  စက္ကန့်တွင် မြန်မာ U-17  အမျိုးသားဘောလုံးအသင်းမှ အန့်ထူးပိုင် ကျောနံပါတ်(၇) က ဒုတိယအနိုင်ဂိုးအား ထပ်မံသွင်းယူနိုင်ခဲ့သည်။

  ဆက်လက်ပြီး ဒုတိယပိုင်း ၈၅ မိနစ် ၄၀ စက္ကန့်တွင် ဆီးရီးယား U-17   အမျိုးသား ဘောလုံးအသင်းမှ ODEY ALFASHTAKI ကျောနံပါတ်  (၁၆) က ချေပဂိုးအား ထပ်မံသွင်းယူခဲ့သည်။ မြန်မာ U-17  အမျိုးသားဘောလုံးအသင်းအနေဖြင့် ဂိုးထပ်မံရရှိရေး အတွက်  အကြိတ်အနယ်တိုက်စစ်ဆင် ယှဉ်ပြိုင်ကစားခဲ့သော်လည်း  ပြိုင်ပွဲပြီးဆုံးချိန်တွင် တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

အဆိုပါပွဲစဉ်တွင် ပထမပိုင်း၌ ကျောနံပါတ် (၃) မြင့်မြတ်ကိုကို၊  ကျောနံပါတ် (၄)မျိုးခန့်ကျော်၊ ကျောနံပါတ် (၅) အသင်းခေါင်းဆောင် အောင်သီဟ၊ ကျောနံပါတ် (၇)အန့်ထူးပိုင် ၊ ကျောနံပါတ် (၈) လင်းရောင်၊ ကျောနံပါတ် (၁၀)ညီညီသန့် ၊ ကျောနံပါတ် (၁၃)မြတ်မင်းသူ ၊ ကျောနံပါတ် (၁၅) ဝင်းဇော် ၊ ကျောနံပါတ် (၁၆)ချန်လန်တိန့် ၊ ကျောနံပါတ် (၁၈) ထက်ဝေယံ၊ ကျောနံပါတ် (၁၉) ရဲနိုင်အောင်  အားကစားသမား (၁၁) ဦးတို့ကအကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ဒုတိယပိုင်း (၄၅) မိနစ်တွင်ကျောနံပါတ် (၁၉)ရဲနိုင်အောင်အစား  ကျောနံပါတ်(၉) ဒီဝေယံကလည်းကောင်း၊ ကျောနံပါတ်( ၁၆ )  ချန်လန်တိန့်အစား   ကျောနံပါတ်(၂)ပိုင်စိုးကျော်ကလည်းကောင်း၊ ကျောနံပါတ်( ၁၀ )ညီညီသန့်အစား ကျောနံပါတ်(၂၃)ကောင်းခန့်တို့အား လဲလှယ်ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့်ခြေစစ်ပွဲအဆုံးအဖြတ်သည် အာရှဖလားဝင်ခွင့်ဖြင့် ၁၉ နှစ်ကြာဝေးကွာခဲ့ရသည့် မြန်မာ U-17 အသင်းအတွက်  အာရှဖလားဝင်ခွင့်ကိုပြန်လည်ရယူနိုင်ခဲ့သည့် သမိုင်းဝင်နေ့ရက်တစ်ရက်ဖြစ်ခဲ့သည်။ မြန်မာ U-17  အသင်းသည် အုပ်စုပွဲစဉ်များတွင် အာဖဂန်နစ္စတန်အသင်းကို ၃ ဂိုး-၁ ဂိုး၊ နီပေါအသင်းကို ၄ ဂိုး – ဂိုးမရှိ၊ အိုမန်အသင်းကို ၂ဂိုး- ဂိုးမရှိ၊ ဆီးရီးယားအသင်းကို နှစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ကာ   အုပ်စုတွင်းရမှတ် ၁၀ မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ်၊ အာရှ U-17  ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မေလ ၇ ရက်မှ ၂၄ ရက်အထိ   ဆော်ဒီအာရေဗျနိုင်ငံက  အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။