နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၉/၂၀၂၂) ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ – ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၉/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ် ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့တက်ရောက်ကြသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာ၌ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်သကဲ့သို့ လက်မှတ်ရေးထိုး ထားခြင်းမရှိသေးသည့် အဖွဲ့များလည်းပါဝင်ကြောင်း၊ လာရောက်ဆွေးနွေးသည့် အဖွဲ့ များအားလုံးအနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလိုသည့် သဘောထားများ ရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပေါ်တွင်အခြေခံ၍ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၎င်းတို့နှင့် ဆွေးနွေးချိန်အတွင်း ဥပဒေအရ ဆောင်ရွက်၍ရသည်များကို ရှင်းလင်းပြောကြားခဲ့ ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေးအရအမြင့်ဆုံးရှိသည့် လွှတ်တော် ကိုတင်ပြရမည်ဖြစ်ကြောင်း၊ လွှတ်တော်တွင် ဆွေးနွေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ရန်လိုအပ်သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်များအားလုံးတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်လိုကြောင်း၊ လွှတ်တော်တွင် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ရမည်ဖြစ်ပြီး အဆိုပါကိုယ်စား လှယ်များအနေဖြင့် တိုင်းရင်းသားအရေး၊ ဒေသအရေးများကို စိတ်ပါဝင်စား၍ ဆွေးနွေးနိုင်သူများဖြစ်ရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားများပါဝင်နိုင်ရေး PR စနစ်ဖြင့် ဆောင်ရွက်နိုင်သည်ကို မိမိအနေဖြင့် ရှင်းလင်းပြောကြားခဲ့ရာ အချို့အဖွဲ့များ အနေဖြင့် သဘောတူညီမှုများရှိကြောင်း။
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်လက်ဆွေးနွေး လျက်ရှိကြောင်း၊ ဒီဇင်ဘာလအတွင်း သဘောတူ ညီချက်တစ်ခု ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ထိုက်သင့် သလောက် တိုးတက်မှုများရှိသည်ကိုတွေ့ရှိရကြောင်း၊ အချို့သော တိုင်းရင်းသား ဒေသများတွင် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ခြင်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မဲစာရင်းပြုစုခြင်း လုပ်ငန်းများကို အထောက်အကူဖြစ်စေပြီး လာမည့်အထွေထွေရွေးကောက်ပွဲတွင် ယခင်ရွေးကောက်ပွဲများ၌ ကျန်ရှိခဲ့သည့် တိုင်းရင်းသား ဒေသများ၌ပါ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိ
မိမိအနေဖြင့် နိုင်ငံ၏စီးပွားမြှင့်တင်နိုင်ရေးအတွက် စက်တင်ဘာ လမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွာရောက်ပြီး အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေး (MSME) လု်ပငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး MSME လုပ်ငန်းရှင် များနှင့်တွေ့ဆုံ၍ အကျိုးရှိသည့်တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်နိုင်ခဲ့ကြောင်း၊ မိမိအနေဖြင့် တိုင်းပြည်စီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင် ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် ကျေးလက်စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင် ရွက်နေခြင်းဖြစ်သည်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း။
ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ကုန်ကြမ်းသည် အဓိကလိုအပ်ချက်ဖြစ် ကြောင်း၊ အချို့ကုန်ကြမ်းများမှာ ပြည်ပမှတင်သွင်းရခြင်းဖြစ်ကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ထုတ်လုပ်မှုများကို ဆောင်ရွက်ခြင်းသည် သေချာသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်တွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရန် မိမိအနေဖြင့်တိုက်တွန်းနေခြင်းဖြစ်ကြောင်း၊ မိမိတို့၏ ရည်ရွယ်ချက်မှာ ပြည်တွင်းစီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပို့ကုန်များတင်ပို့နိုင်ရန်ဖြစ်ကြောင်း၊ ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ခြင်းမရှိဘဲ ပြည်ပမှ တင်သွင်းမှုများ ကိုသာ ဆောင်ရွက်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေများ မြင့်တက်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးမြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်း။
MSME လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ချေးငွေများလိုအပ်သည်ဟု တင်ပြမှုများရှိကြောင်း၊ မိမိတို့အနေဖြင့် သာမန်ချေးငွေနှင့် ကိုဗစ်ကြောင့်ပျက်စီး သွားသည့် လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေးအတွက် ချေးငွေများထုတ်ချေးပေး ထားကြောင်း၊ အဆိုပါချေးငွေများနှင့်ပတ်သက်၍ သက်တမ်းတိုးမြှင့်ပေးရန် တင်ပြ မှုများရှိကြောင်း၊ ထို့ကြောင့်၎င်းတို့အခက်အခဲများ လျော့နည်းစေရေး နိုင်ငံတော်မှ ချေးငွေသက်တမ်းကို ကာလတစ်ခုအထိ တိုးမြှင့်ပေးခဲ့ကြောင်း၊ မတည်ရင်းနှီးငွေများ ချေးပေးရန်တင်ပြမှုများနှင့် ပတ်သက်၍လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းများနှင့်အညီ နိုင်ငံတော်မှ ထုတ်ချေးပေးလျက်ရှိကြောင်း။
လူသားအရင်းအမြစ်များ ရရှိရေးအတွက်လည်း အလယ်တန်း၊ အထက်တန်း နှင့် အဆင့်ပညာအဆင့် လူသားအရင်းအမြစ်များကိုမွေးထုတ်ပေးရန်လိုကြောင်း၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက် အထက်တန်းကျောင်းများတွင် ဖွင့် လှစ်သင်ကြားပေးရန် ဆောင်ရွက်လျက်ရှိပြီး၊ ဒုတိယအဆင့်အနေဖြင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံနှင့် စက်မှုလက်မှုသိပ္ပံများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒနှင့် အညီ တက္ကသိုလ်များသို့ တက်ရောက် သင်ကြားရေးဆောင်ရွက်၍ရကြောင်း၊ ဝန်ကြီး ဌာနများအလိုက် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး သင်တန်းများဖွင့်လှစ် သင်ကြားပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းများကလည်း သင်တန်းများဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ဆောင်ရွက် ပေးခြင်းသည် MSME လုပ်ငန်းများကို များစွာအထောက်အကူပြုစေကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် MSME လုပ်ငန်းများကို မြှင့်တင်ပေးခြင်းသည် များစွာအကျိုးရှိကြောင်း၊ MSME လုပ်ငန်းတွင် ကဏ္ဍလေးခုရှိကြောင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဝန်ဆောင်မှုပြုလုပ်ခြင်းနှင့် အခြားလုပ်ငန်းရပ်များပင်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုမရှိဘဲနှင့် ရောင်းဝယ်မှုမရှိနိုင်ကြောင်း၊ ရောင်းဝယ်မှုမရှိပါက ဝန်ဆောင် မှုလည်းမရှိနိုင်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် အရေးကြီးလိုအပ် ချက်ပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေး ဇုန်များပြုလုပ်၍ MSME လုပ်ငန်းများဖြင့် အခြေခံကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းကို အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။

နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နေမှု
နိုင်ငံစီးပွားရေးမြှင့်တင်မှုအတွက် နိုင်ငံတိုင်းက ကြိုးပမ်းဆောင်ရွက်နေကြရ ကြောင်း၊ မိမိတို့နိုင်ငံတွင် စီးပွားရေးမြှင့်တင်နိုင်သည့် အလားအလာများစွာ ရှိသော် လည်း မျှော်လင့်သလောက်တင်ပို့နိုင်မှုမရှိသည်ကို တွေ့မြင်နေရကြောင်း၊ ကုန်သွယ်မှု နှင့် ပတ်သက်၍ နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းပို့ဆောင်ရေးလုပ်ငန်း များရှိကြောင်း၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေးသည် မိမိတို့နိုင်ငံ၏ကုန်သွယ်မှု အားလုံး၏ ၇၅ ရာခိုင်နှုန်းခန့်ရှိပြီး နယ်စပ်ကုန်သွယ်ရေးသည် ၂၅ ရာခိုင်နှုန်းခန့်ရှိ ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ကြကြောင်း၊ ထို့ကြောင့် နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် ယခုထက်ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
တိုင်းပြည်စည်းလုံးညီညွတ်မှုမပျက်ပြားစေရေး တပ်မတော်မှကြိုးပမ်းဆောင်ရွက်
တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ် – ၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအကျပ် အတည်း များကြောင့် စီးပွားရေးထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံရေးအကျပ် အတည်းများကြောင့် တိုင်းပြည်ဆူပူမှုများဖြစ်ပေါ်ပြီး လုယက်မှု၊ အကြမ်းဖက်တိုက် ခိုက်မှုနှင့် မိုင်းထောင်ဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်နေသူများထံမှ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ယခုအခါ အကြမ်းဖက်တိုက်ခိုက်မှုများ နည်းပါးသွားသော်လည်း အချို့သောနေရာ များတွင်ကျန်ရှိနေသေးကြောင်း။
တပ်မတော်သည် တိုင်းပြည်၏ အစိတ်အပိုင်း၊ ပြည်သူများ၏ အစိတ်အပိုင်း ဖြစ်သည်ဟု မိမိအနေဖြင့် မကြာခဏပြောကြားခဲ့ကြောင်း၊ တပ်မတော်သားများသည် ပြည်သူများမှ မွေးဖွားလာကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် တပ်မတော်အနေဖြင့် အကောင်းဆုံးဖြစ်အောင် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါတွင်လည်း မိမိတို့အနေဖြင့် နိုင်ငံတော်အား အရေးပေါ်ခြေအနေကြေညာခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီသာ ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် စောင့်ထိန်း၍ အတတ်နိုင်ဆုံးထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုဖြစ်ပေါ် နေသည့် အရေးပေါ်အခြေအနေမှာ တိုက်ရင်းသားလက်နက်ကိုင် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် အရေးပေါ်အခြေအနေဖြစ် သဖြင့် အခြေအနေချင်းမတူညီကြောင်း၊ ပြည်သူနှင့်တပ်မတော် ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်ခြင်းသည် တိုင်းပြည်၏ အနာဂတ်အတွက် အကောင်းဆုံးဖြစ်ကြောင်း၊ တပ်မတော်သည်အမြဲတမ်းတည်ရှိနေမည်ဖြစ်သကဲ့သို့ ပြည်သူများ သည်လည်း အမြဲတမ်းရှိနေမည်ဖြစ်ကြောင်း၊ စုစည်းညီညွတ်မှုအားသည် တိုင်းပြည်၏ အားဖြစ်ကြောင်း၊ တိုင်းပြည်၏ စုစည်းညီညွတ်မှုများမပြိုကွဲရေး တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံရေးကြောင့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်မြှင့်တင်ဆောင်ရွက်ရာတွင် ကုန်စည်စီးဆင်းမှုချောမွေ့စေရေးအတွက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ကောင်းမွန်နေရန်နှင့် အနှောင့်အယှက်အတားအဆီးများမရှိရန် လိုအပ်ကြောင်း၊ အချို့ သော ကုန်စည်စီးဆင်းသည့် လမ်းကြောင်းများနှင့် ရထားလမ်းများ၌ အနှောင့်အယှက် အတားအဆီးများ ရှိနေသေးသောကြောင့် နိုင်ငံတော်မှ လုံခြုံရေး ဆောင်ရွက်ရခြင်း များ ရှိကြောင်း။
ရွေးကောက်ပွဲကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိ
ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်နောက်ဆုံး အချက်၌ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင် ရွက်သွားမည် ဟု ပါဝင်ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို သတ်မှတ်ထားသည့် အချိန် ကာလအတွင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲ ၃ ကြိမ်၌ ပထမအကြိမ်ရွေးကောက်ပွဲတွင် မြို့နယ် ၃၂၅ မြို့နယ်၊ ဒုတိယ အကြိမ်တွင် ၃၂၃ မြို့နယ်၊ တတိယအကြိမ်တွင် ၃၁၅ မြိုနယ်တို့တွင် ကျင်းပခဲ့ ကြောင်း။
ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် နယ်မြေများအားလုံးတွင် မှန်ကန်သည့် ရွေးကောက်ပွဲ၊ ပြည်သူအများစုက လက်ခံသည့်ရွေးကောက်ပွဲဖြစ်မှသာ နောင်တက်လာမည့် အစိုးရကလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက် နိုင်မည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်ရန်အတွက် ပါတီများ စနစ်တကျဖွဲ့နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေး လျက်ရှိကြောင်း၊ ပါတီများအနေဖြင့် ပြည်သူများကအားကိုးရသည့် ပါတီ၊ ရွေးချယ်ခံ ရသည့် ပါတီကိုယ်စားလှယ်သည်လည်း ပြည်သူကအမှန်ယုံကြည်စိတ်ချစွာဖြင့် ရွေးချယ်သည့် လွှတ်တော်အမတ်များဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပနိုင်ရေးရည်မှန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ကောင်စီဝင်များ အနေဖြင့်လည်း ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပေးကြ စေလိုကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက်ကောင်စီဝင်များက အကြမ်းဖက်လုပ်ဆောင်ချက်များကိုထိရောက် စွာ အရေးယူနိုင်ရန် ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအား ပြစ်မှု၊ ပြစ်ဒဏ်မျှတရေးလိုအပ်သလို ပြင်ဆင်ဖြည့်စွက်မှုများဆောင်ရွက်ရေး၊ အခြေခံမဲ ဆန္ဒရှင်စာရင်း မှန်ကန်ရေး၊ စိစစ်ဆောင်ရွက်မှု အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ ဦးဆောင်သည့် ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေး၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်အား ဆောလျင်စွာဖွဲ့စည်းပေးနိုင်ရေး၊ အချိုးကျကိုယ်စားပြုစနစ်(PR) အောင်မြင်စွာ ကျင့်သုံး နိုင်ရေးအတွက် အခြေခံလိုအပ်ချက်များကြိုတင် ဖြည့်ဆည်းဆောင်ရွက်ရေး၊ ကျောက်စိမ်းတရားမဝင်တူးဖော် နေမှုများအား အရေးယူဆောင်ရွက်ပေးရေး၊ ကျောက် မျက်၊ ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ငန်းအပေါ်အခွန်ကောက်ခံမှုအား ပြန်လည်သုံး သပ်ပေးရေး၊ နိုင်ငံတော်အနေဖြင့် သတ်မှတ်အခွန်ကောက်ခံ၍ မြေရှားသတ္တုတူးဖော် ခွင့်ပြုရေး၊ လယ်ယာဖွံဖြိုးတိုးတက်ရေးအတွက် ငွေကြေးအရင်းအနှီးနှင့် ထောက်ပံ့ရေး ကွင်းဆက်အစီအမံများ ဆောင်ရွက်ပေးရေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကာလရှည်တာ ဝန်ပေးအပ်နိုင်ရန် ဥပဒေပြင်ဆင်ပြဌာန်းပေးရေး၊ ကျင်းပမည့် ရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ပါတီစုံစနစ်ပီပြင်စေရေးနှင့် ရွေးကောက် ပွဲအပေါ် အများပြည်သူယုံကြည်မှုရှိစေရေး အတွက်လိုအပ်ချက်များအား ကြိုတင် ဆောင်ရွက်ထားနိုင်ရေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင် ရေချိုရရှိရေးနှင့် စိုက်ပျိုးရေရရှိရေးအတွက် သံလွင်မြစ်ပေါ်တွင် ရေပိုလွှဲတည် ဆောက်၍ မြစ်ငယ်မြစ်သို့ ရေလွှဲသွယ်ယူနိုင်ရေးစီမံကိန်းကို စဉ်းစားသုံးသပ်ရေး၊ စိန်ရတုလွတ်လပ်ရေးနေ့အကြိုကာလတွင် (၂၃) ကြိမ်မြောက်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ ဆုရရှိခဲ့သည့် ပွဲစဉ်များအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးရေး၊ ရခိုင်ပြည်နယ်ရှိ MSME လုပ်ငန်းများဖွံ့ ဖြိုးတိုးတက်ရေး အတွက် ပြည်ထောင်စုအစိုးရမှ ကူညီပံ့ပိုးဆောင်ရွက်ပေးရေး၊ ရွေးကောက်ပွဲပျက် ပြားစေရန် ဟန့်တားနှောင့်ယှက်နိုင်သည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင် ခြင်းမရှိစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ရေး၊ နေပြည်တော်၌ ၂၀၂၂ ခုနှစ် ခရစ်စမတ်ပွဲတော် ကျင်းပနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် ကောင်စီအတွင်းရေးမှူးက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်များကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အကြမ်းဖက်လုပ်ဆောင် ချက်များအား ထိထိရောက်ရောက် အရေးယူနိုင်ရန် တရားရေးမဏ္ဏိုင်မှကြပ်မတ် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရေးအတွက် အခြေခံအချက်အလက်များ ပြည့်စုံမှန်ကန်အောင် သက်ဆိုင်ရာဌာနများက ဆောင်ရွက်လျက်ရှိကြောင်း၊ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်း များကို အဆင့်လိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်ထမ်းဆောင်သက်တမ်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တွင် ပြဌာန်းပြီးဖြစ်ကြောင်း၊ ယင်းကိုပြင်ဆင်လိုပါက လွှတ်တော်တွင်သာ ပြင်ဆင် နိုင်မည်ဖြစ်ကြောင်း၊ တရားမဝင်ကျောက်စိမ်း၊ မြေရှားသတ္တုတူးဖော်ထုတ်လုပ်နေမှု များနှင့်စပ်လျဉ်း၍ တားဆီးကာကွယ်ထိန်းသိမ်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များအတွက် သမဝါယမအစုအဖွဲ့များ စုဖွဲ့ဆောင် ရွက်ပါက နိုင်ငံတော်မှ ချေးငွေများပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ သံလွင်မြစ်ပေါ်တွင် ရေပိုလွှဲ တည်ဆောက်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်ချက်နှင့်စပ်လျဉ်း သည့်ဆွေးနွေးချက် များအား ပြန်လည်စဉ်းစားသုံးသပ်သွားမည်ဖြစ်ကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အကြိုကာလတွင် (၂၃) ကြိမ်မြောက်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ ဆုရရှိခဲ့သည့် ပွဲစဉ်များအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ခမ်းနားထည်ဝါစွာကျင်းပ နိုင်ရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို နေပြည်တော်အပါ အဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် သက်ဆိုင်ရာအဖွဲ့အစည်းများက ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
မိမိတို့အစိုးရ လက်ထက်တွင် နိုင်ငံခြားချေးငွေပြန်လည်ပေးဆပ်မှုနှင့် ပတ်သက် ၍ နိုင်ငံတော်ဝင်ငွေမှ အမေရိကန်ဒေါ်လာ ၁၄၉၅ သန်း ပြန်လည်ပေးဆပ်ပြီးဖြစ် ကြောင်း ပြည်ပချေးငွေနှင့်ထောက်ပံ့ငွေများ ရယူခဲ့ခြင်းမရှိဘဲ ကုန်သွယ်မှုရငွေ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုရငွေ၊ အခွန်အခရငွေများဖြင့် ပေးဆပ်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာအတွက် ယခင်အစိုးရ၏ နိုင်ငံခြားချေးငွေများကို နှစ်စဉ်ပုံမှန် ပေးဆပ် လျက်ရှိပါကြောင်း၊ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်းထုတ်လုပ်မှု နှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လွတ်လပ်၍တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးတည်ဆောင်ရွက်သွား ရမည် ဖြစ်ပြီး ယင်းအတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးရရှိရန် တာဝန်ရှိသူအားလုံးက ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။