တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ခ်စ္ခင္ေလးစားရပါေသာ တုိင္းရင္းသားျပည္သူလူထုမ်ားခင္ဗ်ာ ၂၀၁၈ ခုႏွစ္ရဲ႕ ႏွစ္သစ္ကူး အခါသမယမွာ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္ႏွင့္ တုိင္းရင္းသား ျပည္သူလူထုအားလုံးကုိ က်က္သေရ မဂၤလာအျဖာျဖာႏွင့္ ျပည့္စုံပါေစေၾကာင္းႏႈတ္ခြန္းဆက္သလုိက္ရပါတယ္။

ယခုဆုိရင္ ၂၀၁၇ ခုႏွစ္ကုန္ဆုံးခဲ့ၿပီျဖစ္လုိ႔ ဒီတစ္ႏွစ္တာအတြင္းမွာ ကြၽန္ေတာ္တုိ႔ ရင္ဆုိင္ျဖတ္သန္း ခဲ့ရတဲ့ ကိစၥရပ္မ်ားစြာရွိပါတယ္၊ ေအာင္ျမင္တဲ့လုပ္ငန္းရပ္ေတြရွိသလုိ ရင္ဆုိင္ေက်ာ္လႊားခဲ့ရတဲ့ လုပ္ငန္းရပ္ေတြ လည္းရွိပါတယ္၊ ဒါေတြကုိသင္ခန္းစာရယူၿပီးေတာ့ ဒီထက္ပုိၿပီးေကာင္းေအာင္လုပ္ေဆာင္သြားမယ္ဆုိရင္ ကြၽန္ေတာ္တုိ႔ တုိးတက္ေအာင္ျမင္မႈေတြ မလြဲမေသြရမွာပဲျဖစ္ပါတယ္။

လာမယ့္ဇန္န၀ါရီလ ၄ ရက္ေန႔ဆုိရင္ ကြၽန္ေတာ္တုိ႔ႏုိင္ငံလြတ္လပ္ေရးရတာ ႏွစ္ေပါင္း ၇၀ ရွိခဲ့ၿပီး ျဖစ္ပါတယ္၊ ကြၽန္ေတာ္တုိ႔ ျဖတ္သန္းလာခဲ့တဲ့သမုိင္းတစ္ေလွ်ာက္ ျပန္ၾကည့္မယ္ဆုိရင္ ပထမအခ်က္အေနနဲ႔ ႏုိင္ငံေတာ္ေအးခ်မ္းသာယာေရး၊ ဒုတိယအခ်က္အေနနဲ႔ ႏုိင္ငံေတာ္ဖြံ႕ၿဖိဳးတုိးတက္ေရး၊ တတိယအခ်က္အေနနဲ႔ ႏုိင္ငံေတာ္စည္းလုံးညီၫြတ္ေရးသုံးခ်က္ဟာ ကြၽန္ေတာ္တုိ႔ျပည္သူျပည္သားအားလုံး စုစည္းညီၫြတ္စြာနဲ႔ ေဆာင္ရြက္ဖုိ႔လုိအပ္တဲ့ လုပ္ငန္းရပ္ျဖစ္တယ္ဆုိတာေတြ႕ရပါလိမ့္မယ္၊ လူတုိင္းဟာ သူတုိ႔ရဲ႕ လူမႈစီးပြားဘဝ တုိးတက္ဖုိ႔အတြက္ လုိလားခ်က္ရွိၾကပါတယ္၊ ဒါကုိကြၽန္ေတာ္တုိ႔ တပ္မေတာ္အေနနဲ႔ ဒီလုပ္ငန္းရပ္ေတြ အားလုံးေအာင္ျမင္ေအာင္ ကူညီေဆာင္ရြက္သြားမယ္ဆုိတာ ကြၽန္ေတာ္ အျပည့္အဝဆႏၵျပဳေျပာၾကား လုိပါတယ္။

မိဘျပည္သူမ်ားအားလုံး ႏွစ္သစ္မွာကိုယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာပါေစေၾကာင္း ထပ္မံဆုမြန္ေကာင္း ေတာင္းအပ္ပါတယ္ခင္ဗ်ာ။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ချစ်ခင်လေးစားရပါသော တိုင်းရင်းသားပြည်သူလူထုများခင်ဗျာ ၂၀၁၈ ခုနှစ်ရဲ့ နှစ်သစ်ကူး အခါသမယမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုအားလုံးကို ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်းနှုတ်ခွန်းဆက်သလိုက်ရပါတယ်။

ယခုဆိုရင် ၂၀၁၇ ခုနှစ်ကုန်ဆုံးခဲ့ပြီဖြစ်လို့ ဒီတစ်နှစ်တာအတွင်းမှာ ကျွန်တော်တို့ ရင်ဆိုင်ဖြတ်သန်း ခဲ့ရတဲ့ ကိစ္စရပ်များစွာရှိပါတယ်၊ အောင်မြင်တဲ့လုပ်ငန်းရပ်တွေရှိသလို ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ လုပ်ငန်းရပ်တွေ လည်းရှိပါတယ်၊ ဒါတွေကိုသင်ခန်းစာရယူပြီးတော့ ဒီထက်ပိုပြီးကောင်းအောင်လုပ်ဆောင်သွားမယ်ဆိုရင် ကျွန်တော်တို့ တိုးတက်အောင်မြင်မှုတွေ မလွဲမသွေရမှာပဲဖြစ်ပါတယ်။

လာမယ့်ဇန်နဝါရီလ ၄ ရက်နေ့ဆိုရင် ကျွန်တော်တို့နိုင်ငံလွတ်လပ်ရေးရတာ နှစ်ပေါင်း ရ၀ ရှိခဲ့ပြီး ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့သမိုင်းတစ်လျှောက် ပြန်ကြည့်မယ်ဆိုရင် ပထမအချက်အနေနဲ့ နိုင်ငံတော်အေးချမ်းသာယာရေး၊ ဒုတိယအချက်အနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တတိယအချက်အနေနဲ့ နိုင်ငံတော်စည်းလုံးညီညွတ်ရေးသုံးချက်ဟာ ကျွန်တော်တို့ပြည်သူပြည်သားအားလုံး စုစည်းညီညွတ်စွာနဲ့ ဆောင်ရွက်ဖို့လိုအပ်တဲ့ လုပ်ငန်းရပ်ဖြစ်တယ်ဆိုတာတွေ့ရပါလိမ့်မယ်၊ လူတိုင်းဟာ သူတို့ရဲ့ လူမှုစီးပွားဘဝ တိုးတက်ဖို့အတွက် လိုလားချက်ရှိကြပါတယ်၊ ဒါကိုကျွန်တော်တို့ တပ်မတော်အနေနဲ့ ဒီလုပ်ငန်းရပ်တွေ အားလုံးအောင်မြင်အောင် ကူညီဆောင်ရွက်သွားမယ်ဆိုတာ ကျွန်တော် အပြည့်အဝဆန္ဒပြုပြောကြား လိုပါတယ်။

မိဘပြည်သူများအားလုံး နှစ်သစ်မှာကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်း ထပ်မံဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။