တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Lt. Gen. Perry Lim အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ စင္ကာပူတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ Lt. Gen. Perry Lim အား ယေန႔မြန္းလြဲပုိင္း တြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ေရွ႕၌ ဂုဏ္ျပဳ တပ္ဖြဲ႕ျဖင့္ႀကိဳဆုိသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ စင္ကာပူတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တုိ႔သည္ဂုဏ္ျပဳတပ္ဖြဲ႕ ၏ အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကို လုိက္လံၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္ စင္ကာပူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔သည္ အခမ္းအနားတက္ေရာက္ လာၾကေသာ ႏွစ္ႏိုင္ငံတပ္မေတာ္အရာရွိႀကီးမ်ားကို အျပန္အလွန္မိတ္ဆက္ေပးၾကသည္။

အဆိုပါဂုဏ္ျပဳႀကဳိဆိုပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ စင္ကာပူတပ္မေတာ္ စစ္ဘက္ ေလ့က်င့္ေရးတကၠသုိလ္ ေက်ာင္းအုပ္ႀကီး Brig. Gen. Chua Boon Keat ႏွင့္တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာစင္ကာပူႏုိင္ငံစစ္သံမွဴး Col. Edmund Tan တုိ႔ တက္ေရာက္ၾကသည္။

ထုိ႔ေနာက္ စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္း စာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြးၾကသည္။

ထုိသို႔ေတြ႕ဆုံေဆြးေႏြးရာတြင္ ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-စင္ကာပူ ႏွစ္ႏုိင္ငံသည္ မိတ္ေဆြေဟာင္း မိတ္ေဆြေကာင္းႏုိင္ငံမ်ားျဖစ္ၿပီး ႏွစ္ႏုိင္ငံေခါင္း ေဆာင္မ်ားအဆက္ဆက္ ခ်စ္ၾကည္ ရင္းႏွီးခဲ့သည့္မိတ္ေဆြမ်ားျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံ၏ ျဖစ္ေပၚေျပာင္းလဲမႈတုိင္းတြင္ စင္ကာပူႏုိင္ငံအေနျဖင့္ မိတ္ေဆြေကာင္းပီသစြာ ရပ္တည္ေဆာင္ရြက္ေပးခဲ့ေၾကာင္း၊ ယခုခ်စ္ၾကည္ေရးခရီးစဥ္သည္လည္းႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈကုိပုိမုိခိုင္မာေစမည္ျဖစ္ၿပီး မိမိတို႔တပ္မေတာ္အေနျဖင့္ လည္း ခ်စ္ၾကည္ရင္းႏွီးမႈကုိ ဆက္လက္ထိန္းသိမ္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ မိမိစင္ကာပူႏုိင္ငံ ေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံခဲ့ခ်ိန္မ်ားတြင္ ျမန္မာႏုိင္ငံသူ၊ ႏုိင္ငံသားမ်ားႏွင့္ကုိက္ညီသည့္ ဒီမုိကေရစီစနစ္ကုိ သြားရန္အႀကံျပဳေျပာၾကားခဲ့ေၾကာင္း၊ မိမိတို႔ႏုိင္ငံသည္အာဆီယံအဖြဲ႕၀င္ႏုိင္ငံျဖစ္သည့္အတြက္ အာဆီယံ လႈပ္ရွားမႈမ်ားတြင္လည္း အျပည့္အ၀ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း၊ ၂၀၁၁ ခုႏွစ္ေနာက္ပုိင္း ျမန္မာအပါအ၀င္ အာဆီယံႏုိင္ငံမ်ားပူးေပါင္း ေဆာင္ရြက္မႈမ်ားေၾကာင့္ မလကၠာေရလက္ၾကားတြင္ျဖစ္ပြားလ်က္ရွိသည့္ သေဘၤာ ျပန္ေပးဆြဲမႈ၊ အၾကမ္းဖက္မႈမ်ား သိသိသာသာေလ်ာ့နည္းသြားသည္ကုိေတြ႕ရွိရၿပီး ဆက္လက္ထိန္းသိမ္း ပူးေပါင္း ေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ ရခုိင္ျပည္နယ္အေရးကိစၥႏွင့္ပတ္သက္ၿပီး စင္ကာပူႏုိင္ငံက အျပည့္အ၀နားလည္စြာျဖင့္ ျမန္မာႏုိင္ငံဘက္မွရပ္တည္ေဆာင္ရြက္ေပးခဲ့သည့္အတြက္ ေက်းဇူးတင္ရွိေၾကာင္း၊ မၾကာမီအခ်ိန္ကလည္း မိမိတုိ႔လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားကုိ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားက မုိင္းဆြဲတုိက္ခုိက္ ခဲ့ေၾကာင္း၊ အဆုိပါ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ေနာက္ကြယ္တြင္လည္း အျခားႏုိင္ငံမ်ား၌ အေျခခ်လ်က္ရွိသည့္အျခားအၾကမ္းဖက္အဖြဲ႕မ်ားရွိႏုိင္ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတို႔အေနျဖင့္ အၾကမ္းဖက္သမားမ်ား၏ရန္မွ ကာကြယ္ႏုိင္ရန္အတြက္ မိတ္ေဆြႏုိင္ငံမ်ားႏွင့္ပူးေပါင္း ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း၊ အျခားႏုိင္ငံတခ်ိဳ႕တြင္လည္း အလားတူအၾကမ္းဖက္တုိက္ခုိက္မႈမ်ားရွိေနသျဖင့္ အေလးထား ေဆာင္ရြက္ေနရၿပီး ယခုထက္ပုိမိုပူးေပါင္း ေဆာင္ရြက္သြားရန္လုိေၾကာင္း၊ အဆုိပါဘဂၤါလီလူမ်ိဳးမ်ားသည္ မိမိတုိ႔ႏုိင္ငံ ကုိလုိနီလက္ေအာက္က်ေရာက္ခဲ့ခ်ိန္က ဘဂၤလားနယ္မွေခၚေဆာင္လာသူ မ်ားျဖစ္ၿပီး တခ်ိဳ႕က ၎တုိ႔အား႐ုိဟင္ဂ်ာလူမ်ိဳးဟုသုံးႏံႈးေျပာဆုိေနသည္မ်ားရွိေၾကာင္း၊ သုိ႔ေသာ္ ၎တုိ႔သည္ဘဂၤလားနယ္မွ ျမန္မာႏုိင္ငံသုိ႔လာေရာက္ေနထုိင္သည့္ ဘဂၤါလီလူမ်ိဳးမ်ားသာျဖစ္ၿပီး မိမိတို႔ႏုိင္ငံ၏တုိင္းရင္းသားမ်ား မဟုတ္သည့္အတြက္ ဘဂၤါလီဟုသာ ေခၚဆုိရမည္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံမွဘဂၤလားေဒ့ရွ္ႏုိင္ငံသုိ႔ အေၾကာင္း အမ်ိဳးမ်ိဳးျဖင့္ ထြက္ခြာသြားသည့္ ဘဂၤါလီလူမ်ိဳးမ်ားအားဥပေဒႏွင့္အညီစိစစ္၍ ျပန္လည္လက္ခံသြားရန္ ရွိပါေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ဧည့္သည္ေတာ္ စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အာဆီယံအဖြဲ႕၀င္ႏုိင္ငံမ်ားျဖစ္သည့္ ျမန္မာ-စင္ကာပူႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ဆက္ဆံမႈ သည္ေႏြးေထြးမႈရွိပါေၾကာင္း၊ ရခုိင္ျပည္နယ္အေရးႏွင့္ ပတ္သက္ၿပီး တပ္မေတာ္မွ ႏုိင္ငံသားမ်ားအေပၚ ကာကြယ္ေစာင့္ေရွာက္မႈမ်ားေပးေနသည္ကုိ သိရွိနားလည္ ပါေၾကာင္း၊ စင္ကာပူႏုိင္ငံအေနျဖင့္လုိအပ္သည့္အကူအညီမ်ားကုိ ေပးအပ္သြားရန္ အသင့္ရွိပါေၾကာင္း၊ ျမန္မာ့တပ္မေတာ္အေနျဖင့္ ေအာင္ျမင္စြာေျဖရွင္းႏုိင္မည္ဟု ယုံၾကည္ၿပီး မိမိတုိ႔အေနျဖင့္ဖိအားေပး လုပ္ေဆာင္မႈမ်ားျပဳလုပ္မည္မဟုတ္ေၾကာင္း၊ အၾကမ္းဖက္တုိက္ခိုက္မႈမ်ားကုိအခ်ိန္မီေျဖရွင္း ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံ၏ႏုိင္ငံေရးျပဳျပင္ေျပာင္းလဲမႈမ်ားကုိလည္း အခ်ိန္ယူေဆာင္ရြက္သြား ရမည္ျဖစ္ၿပီး မိမိတုိ႔ႏုိင္ငံႏွင့္ကုိက္ညီသည့္ စနစ္ကုိက်င့္သုံးေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံ၏ၿငိမ္းခ်မ္းေရးႏွင့္ ေဒသတြင္းၿငိမ္းခ်မ္းေရးကုိမိမိတုိ႔အေနျဖင့္ လုိလားပါေၾကာင္းျပန္လည္ေဆြးေႏြးေျပာၾကားသည္။

ထုိ႔ေနာက္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္မႈ၊ စင္ကာပူ ႏုိင္ငံသုိ႔ ျမန္မာ့တပ္မေတာ္မွသင္တန္းသားအရာရွိမ်ား ေစလႊတ္မႈႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကားပူးေပါင္း ေဆာင္ရြက္မႈတုိးျမႇင့္ေဆာင္ရြက္ေရး ဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္း ဖလွယ္ေဆြးေႏြး ခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ စင္ကာပူတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Lt. Gen. Perry Lim အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ – ၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စင်ကာပူတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Lt. Gen. Perry Lim အား ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြု တပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် စင်ကာပူတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည်ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် စင်ကာပူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အခမ်းအနားတက်ရောက် လာကြသော နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများကို အပြန်အလှန်မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ စင်ကာပူတပ်မတော် စစ်ဘက် လေ့ကျင့်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး Brig. Gen. Chua Boon Keat နှင့်တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာစင်ကာပူနိုင်ငံစစ်သံမှူး Col. Edmund Tan တို့ တက်ရောက်ကြသည်။

ထို့နောက် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-စင်ကာပူ နှစ်နိုင်ငံသည် မိတ်ဆွေဟောင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံခေါင်း ဆောင်များအဆက်ဆက် ချစ်ကြည် ရင်းနှီးခဲ့သည့်မိတ်ဆွေများဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုတိုင်းတွင် စင်ကာပူနိုင်ငံအနေဖြင့် မိတ်ဆွေကောင်းပီသစွာ ရပ်တည်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုချစ်ကြည်ရေးခရီးစဉ်သည်လည်းနှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကိုပိုမိုခိုင်မာစေမည်ဖြစ်ပြီး မိမိတို့တပ်မတော်အနေဖြင့် လည်း ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိစင်ကာပူနိုင်ငံ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ချိန်များတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို သွားရန်အကြံပြုပြောကြားခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည်အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အာဆီယံ လှုပ်ရှားမှုများတွင်လည်း အပြည့်အဝပူးပေါင်းဆောင်ရွက်နေကြောင်း၊ ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာအပါအဝင် အာဆီယံနိုင်ငံများပူးပေါင်း ဆောင်ရွက်မှုများကြောင့် မလက္ကာရေလက်ကြားတွင်ဖြစ်ပွားလျက်ရှိသည့် သင်္ဘော ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှုများ သိသိသာသာလျော့နည်းသွားသည်ကိုတွေ့ရှိရပြီး ဆက်လက်ထိန်းသိမ်း ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံက အပြည့်အဝနားလည်စွာဖြင့် မြန်မာနိုင်ငံဘက်မှရပ်တည်ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ မကြာမီအချိန်ကလည်း မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များကို ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း၊ အဆိုပါ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏နောက်ကွယ်တွင်လည်း အခြားနိုင်ငံများ၌ အခြေချလျက်ရှိသည့်အခြားအကြမ်းဖက်အဖွဲ့များရှိနိုင်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် အကြမ်းဖက်သမားများ၏ရန်မှ ကာကွယ်နိုင်ရန်အတွက် မိတ်ဆွေနိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခြားနိုင်ငံတချို့တွင်လည်း အလားတူအကြမ်းဖက်တိုက်ခိုက်မှုများရှိနေသဖြင့် အလေးထား ဆောင်ရွက်နေရပြီး ယခုထက်ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆိုပါဘင်္ဂါလီလူမျိုးများသည် မိမိတို့နိုင်ငံ ကိုလိုနီလက်အောက်ကျရောက်ခဲ့ချိန်က ဘင်္ဂလားနယ်မှခေါ်ဆောင်လာသူ များဖြစ်ပြီး တချို့က ၎င်းတို့အားရိုဟင်ဂျာလူမျိုးဟုသုံးနှုံးပြောဆိုနေသည်များရှိကြောင်း၊ သို့သော် ၎င်းတို့သည်ဘင်္ဂလားနယ်မှ မြန်မာနိုင်ငံသို့လာရောက်နေထိုင်သည့် ဘင်္ဂါလီလူမျိုးများသာဖြစ်ပြီး မိမိတို့နိုင်ငံ၏တိုင်းရင်းသားများ မဟုတ်သည့်အတွက် ဘင်္ဂါလီဟုသာ ခေါ်ဆိုရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြောင်း အမျိုးမျိုးဖြင့် ထွက်ခွာသွားသည့် ဘင်္ဂါလီလူမျိုးများအားဥပဒေနှင့်အညီစိစစ်၍ ပြန်လည်လက်ခံသွားရန် ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်ဧည့်သည်တော် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မြန်မာ-စင်ကာပူနှစ်နိုင်ငံတပ်မတော်နှစ်ရပ်ဆက်ဆံမှု သည်နွေးထွေးမှုရှိပါကြောင်း၊ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး တပ်မတော်မှ နိုင်ငံသားများအပေါ် ကာကွယ်စောင့်ရှောက်မှုများပေးနေသည်ကို သိရှိနားလည် ပါကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့်လိုအပ်သည့်အကူအညီများကို ပေးအပ်သွားရန် အသင့်ရှိပါကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် အောင်မြင်စွာဖြေရှင်းနိုင်မည်ဟု ယုံကြည်ပြီး မိမိတို့အနေဖြင့်ဖိအားပေး လုပ်ဆောင်မှုများပြုလုပ်မည်မဟုတ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများကိုအချိန်မီဖြေရှင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကိုလည်း အချိန်ယူဆောင်ရွက်သွား ရမည်ဖြစ်ပြီး မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် စနစ်ကိုကျင့်သုံးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေးကိုမိမိတို့အနေဖြင့် လိုလားပါကြောင်းပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှု၊ စင်ကာပူ နိုင်ငံသို့ မြန်မာ့တပ်မတော်မှသင်တန်းသားအရာရှိများ စေလွှတ်မှုနှင့် တပ်မတော်နှစ်ရပ်အကြားပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။