တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ေရွ႕၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆုိသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔သည္ ဂုဏ္ျပဳ တပ္ဖြဲ႕၏အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကိုလုိက္လံ ၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔သည္ အခမ္းအနား တက္ေရာက္လာၾကေသာ ႏွစ္ႏိုင္ငံတပ္မေတာ္အရာရွိႀကီးမ်ားကို အျပန္အလွန္မိတ္ဆက္ေပးၾကသည္။

အဆိုပါဂုဏ္ျပဳႀကဳိဆိုပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Haspong Yuvarnavandhana၊ ထုိင္းဘုရင့္တပ္မေတာ္မွ အရာရွိႀကီးမ်ားႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းဘုရင့္တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) စစ္သံမွဴးမ်ား တက္ေရာက္ၾကသည္။

ထုိ႔ေနာက္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္း စာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြးသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-ထုိင္းႏွစ္ႏုိင္ငံသည္ နယ္နိမိတ္ခ်င္း ထိစပ္လ်က္ရွိၿပီး ယဥ္ေက်းမႈအရ၊ ကုိးကြယ္မႈဘာသာအရ ခြဲျခား၍ မရသည့္ႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ ႏွစ္ႏုိင္ငံျပည္သူမ်ား ခ်စ္ၾကည္ရင္းႏွီးမႈရွိေစရန္အတြက္ တပ္မေတာ္အေနျဖင့္ ခုိင္ခုိင္မာမာေဆာင္ရြက္လ်က္ရွိေၾကာင္း၊ အေဆြေတာ္ ယခုလာေရာက္သည့္ခရီးစဥ္သည္ ႏွစ္ႏုိင္ငံဆက္ဆံေရး၊ တပ္မေတာ္ႏွစ္ရပ္ဆက္ဆံေရးႏွင့္ ျပည္သူခ်င္းဆက္ဆံေရးကုိ ပုိမုိတုိးတက္ခုိင္မာေစမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ဦးေဆာင္မႈျဖင့့္ ႏုိင္ငံေတာ္တာ၀န္ယူသည့္အခ်ိန္မွစ၍ ႏွစ္ႏုိင္ငံဆက္ဆံေရးပုိမုိတုိးတက္ေကာင္းမြန္ခဲ့ေၾကာင္း၊ ၂၀၁၁ ခုႏွစ္ ေနာက္ပုိင္းတြင္ ႏွစ္ႏုိင္ငံ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား ပုိမုိနီးကပ္စြာျဖင့္ ခ်စ္ၾကည္ရင္းႏွီးမႈ ပုိမုိတုိးျမႇင့္ေဆာင္ရြက္ႏုိင္ခဲ့ၿပီး ျမန္မာ-ထုိင္းအဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေ၀း(HLC)အား စတင္က်င္းပျပဳလုပ္ႏုိင္ခဲ့ေၾကာင္း ေျပာၾကားသည္။

ဧည့္သည္ေတာ္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုလာေရာက္သည့္ခ်စ္ၾကည္ေရး ခရီးစဥ္အတြင္း ေဖေဖာ္၀ါရီ ၄ ရက္တြင္ က်င္းပျပဳလုပ္ခဲ့သည့္ သံဃာေတာ္အပါး(၁၀၀၀)အား ဆြမ္းဆန္ ေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားေလာင္းလွဴပြဲ မဂၤလာအခမ္းအနားအားႀကီးက်ယ္ခမ္းနားစြာ စီစဥ္ ေဆာင္ရြက္ေပးခဲ့သည့္အတြက္ အထူးပင္ေက်းဇူးတင္ပါေၾကာင္း၊ ယခုကဲ့သုိ႔ တပ္မေတာ္ႏွစ္ရပ္ပူးေပါင္း၍ အလွဴမဂၤလာအခမ္းအနားက်င္းပျပဳလုပ္ခဲ့ျခင္းသည္ မိမိတုိ႔တပ္မေတာ္ႏွစ္ရပ္၏ ခ်စ္ခင္စည္းလုံးမႈကုိ ျပသျခင္းပင္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္ႏွစ္ရပ္ပူးေပါင္းေဆာင္ရြက္မႈမ်ားသည္ ယခင္ကထက္ပုိမုိတုိးတက္ေကာင္းမြန္လာၿပီး မိမိအေနျဖင့္ ဆက္လက္ထိန္းသိမ္းေဆာင္ရြက္၍ ပုိမုိတုိးတက္ေအာင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကား အဆင့္အလုိက္ေကာ္မတီမ်ားဖြဲ႔စည္းေဆာင္ရြက္ခဲ့သျဖင့္ ႏွစ္ႏုိင္ငံ၏ခ်စ္ၾကည္ေရးသည္ ပုိမုိတုိးတက္ေကာင္းမြန္လာၿပီး ယခုအခါ ႏွစ္ႏုိင္ငံနယ္နိမိတ္ျပႆနာမ်ားကုိလည္း ေကာင္းမြန္စြာ ေျဖရွင္း ေဆာင္ရြက္လာႏုိင္ေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတုိ႔ႏုိင္ငံသည္ ၂၀၁၁ တြင္ ပါတီစုံဒီမုိကေရစီ စနစ္ကုိက်င့္သုံးခဲ့ၿပီး ထုိင္းႏုိင္ငံအေနျဖင့္ ဘုရင္၏ဦးေဆာင္မႈျဖင့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းခဲ့သည္မွာ ၾကာျမင့္ၿပီျဖစ္ေၾကာင္း၊ ယခင္ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ထုိင္းႏုိင္ငံ၏ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ေလွ်ာက္လွမ္းစဥ္ ေတြ႕ႀကဳံခဲ့ရမႈမ်ားကုိ မိမိအားအႀကံျပဳေျပာၾကားခဲ့သျဖင့္ အသုံးခ်ေဆာင္ရြက္ခဲ့ရာ ေအာင္ျမင္မႈမ်ားရရွိခဲ့ပါေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္သားမ်ား အဆင့္အလုိက္ ပုိမုိခ်စ္ၾကည္ရင္းႏွီးမႈရွိေစရန္အတြက္ ထုိင္းႏုိင္ငံသုိ႔ သင္တန္းသားမ်ား ေစလႊတ္လ်က္ရွိေၾကာင္း၊ ယခု အေဆြေတာ္၏ ျမန္မာႏုိင္ငံသုိ႔ပထမဦးဆုံးအႀကိမ္ ခ်စ္ၾကည္ေရးခရီးစဥ္တြင္ ႏွစ္ႏုိင္ငံယဥ္ေက်းမႈႏွင့္ ဘာသာေရးကုိ အေျခခံသည့္ပူးေပါင္းေဆာင္ရြက္မႈကုိ စတင္ေဆာင္ရြက္ႏုိင္ခဲ့ၿပီး သမုိင္းမွတ္တိုင္သစ္တစ္ခု စုိက္ထူႏုိင္ခဲ့ေၾကာင္း၊ ယခုကဲ့သုိ႔ ပူးေပါင္းေဆာင္ရြက္မႈမွတစ္ဆင့္ ႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏီွးမႈကိုု ပုိမုိတုိးတက္ခုိင္မာေစပါေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈပုိမုိတုိးတက္ ခုိင္မာေရးဆုိင္ရာကိစၥရပ္မ်ား၊ သင္တန္းသားမ်ားေစလႊတ္ေရးႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕ႏွင့္ အားကစားအဖြဲ႕မ်ား အျပန္အလွန္ေစလႊတ္ေရး၊ စစ္သေဘၤာမ်ား အျပန္အလွန္လည္ပတ္ေရး၊ တပ္မေတာ္ႏွစ္ရပ္အၾကား အဆင့္အလုိက္ အျပန္အလွန္ပူေပါင္းေဆာင္ရြက္ေရးကိစၥရပ္မ်ားႏွင့္ ျမန္မာႏိုင္ငံ၏ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔ သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဖေဖော်ဝါရီ – ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် ဂုဏ်ပြု တပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုလိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အခမ်းအနား တက်ရောက်လာကြသော နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများကို အပြန်အလှန်မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Haspong Yuvarnavandhana၊ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်တပ်မတော် (ကြည်း၊ရေ၊လေ) စစ်သံမှူးများ တက်ရောက်ကြသည်။

ထို့နောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ထိုင်းနှစ်နိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ယဉ်ကျေးမှုအရ၊ ကိုးကွယ်မှုဘာသာအရ ခွဲခြား၍ မရသည့်နိုင်ငံများဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရင်းနှီးမှုရှိစေရန်အတွက် တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာဆောင်ရွက်လျက်ရှိကြောင်း၊ အဆွေတော် ယခုလာရောက်သည့်ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး၊ တပ်မတော်နှစ်ရပ်ဆက်ဆံရေးနှင့် ပြည်သူချင်းဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေမည်ဖြစ်ကြောင်း၊ တပ်မတော်ဦးဆောင်မှုဖြင့့် နိုင်ငံတော်တာဝန်ယူသည့်အချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် နှစ်နိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ ပိုမိုနီးကပ်စွာဖြင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာ-ထိုင်းအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(HLC)အား စတင်ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြားသည်။

ဧည့်သည်တော် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုလာရောက်သည့်ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် သံဃာတော်အပါး(၁၀၀၀)အား ဆွမ်းဆန် တော်နှင့် လှူဖွယ်ပစ္စည်းများလောင်းလှူပွဲ မင်္ဂလာအခမ်းအနားအားကြီးကျယ်ခမ်းနားစွာ စီစဉ် ဆောင်ရွက်ပေးခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်း၊ ယခုကဲ့သို့ တပ်မတော်နှစ်ရပ်ပူးပေါင်း၍ အလှူမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ခြင်းသည် မိမိတို့တပ်မတော်နှစ်ရပ်၏ ချစ်ခင်စည်းလုံးမှုကို ပြသခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်နှစ်ရပ်ပူးပေါင်းဆောင်ရွက်မှုများသည် ယခင်ကထက်ပိုမိုတိုးတက်ကောင်းမွန်လာပြီး မိမိအနေဖြင့် ဆက်လက်ထိန်းသိမ်းဆောင်ရွက်၍ ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက်ကော်မတီများဖွဲ့စည်းဆောင်ရွက်ခဲ့သဖြင့် နှစ်နိုင်ငံ၏ချစ်ကြည်ရေးသည် ပိုမိုတိုးတက်ကောင်းမွန်လာပြီး ယခုအခါ နှစ်နိုင်ငံနယ်နိမိတ်ပြဿနာများကိုလည်း ကောင်းမွန်စွာ ဖြေရှင်း ဆောင်ရွက်လာနိုင်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံသည် ၂၀၁၁ တွင် ပါတီစုံဒီမိုကရေစီ စနစ်ကိုကျင့်သုံးခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် ဘုရင်၏ဦးဆောင်မှုဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ ယခင်ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံ၏ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းစဉ် တွေ့ကြုံခဲ့ရမှုများကို မိမိအားအကြံပြုပြောကြားခဲ့သဖြင့် အသုံးချဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်သားများ အဆင့်အလိုက် ပိုမိုချစ်ကြည်ရင်းနှီးမှုရှိစေရန်အတွက် ထိုင်းနိုင်ငံသို့ သင်တန်းသားများ စေလွှတ်လျက်ရှိကြောင်း၊ ယခု အဆွေတော်၏ မြန်မာနိုင်ငံသို့ပထမဦးဆုံးအကြိမ် ချစ်ကြည်ရေးခရီးစဉ်တွင် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ဘာသာရေးကို အခြေခံသည့်ပူးပေါင်းဆောင်ရွက်မှုကို စတင်ဆောင်ရွက်နိုင်ခဲ့ပြီး သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကိုု ပိုမိုတိုးတက်ခိုင်မာစေပါကြောင်း ပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက် ခိုင်မာရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသားများစေလွှတ်ရေးနှင့် နှစ်နိုင်ငံတပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့် အားကစားအဖွဲ့များ အပြန်အလှန်စေလွှတ်ရေး၊ စစ်သင်္ဘောများ အပြန်အလှန်လည်ပတ်ရေး၊ တပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက် အပြန်အလှန်ပူပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။