တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးနှင့် ထိုင်းဘုရင်မင်းမြတ်ကပေးအပ်ချီးမြှင့်သည့် “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” အပ်နှင်းခြင်း အခမ်းအနား တက်ရောက်ရန်ထွက်ခွာ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၁၅

ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ၏ ဖိတ္ၾကားခ်က္အရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ထုိင္းႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီး သြားေရာက္ရန္ႏွင့္ ထိုင္းဘုရင္မင္းျမတ္ကေပးအပ္ခ်ီးျမွင့္သည့္ “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” အပ္ႏွင္းျခင္း အခမ္းအနားတက္ေရာက္ရန္အတြက္ ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ေလဆိပ္မွ ထြက္ခြာသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕အား ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းႏုိင္ငံသံ႐ုံးမွ သံ႐ုံးယာယီတာ၀န္ခံ Mr. Narong Boonsatheanwong ၊ ထုိင္းဘုရင့္တပ္မေတာ္ေလတပ္စစ္သံမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕တြင္ အဖြဲ႕၀င္မ်ားအျဖစ္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးတုိ႔ အဖြဲ႕၀င္အျဖစ္ လုိက္ပါသြားၾကၿပီး ခရီးစဥ္အတြင္း ထိုင္းဘုရင္မင္းျမတ္ကေပးအပ္ခ်ီးျမွင့္သည့္ “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” အား လက္ခံရယူျခင္းႏွင့္ အထင္ကရေနရာမ်ားအား လွည့္လည္ၾကည့္ရႈ ေလ့လာသြားမည္ျဖစ္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕ သည္ ေန႔လယ္ပုိင္းတြင္ ထုိင္းႏုိင္ငံ၊ ဘန္္ေကာက္ၿမိဳ႕ရွိ ဒြန္ေမာင္းတပ္မေတာ္ေလဆိပ္(Wing-6) သုိ႔ေရာက္ရွိရာ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ အရာရွိႀကီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးနှင့် ထိုင်းဘုရင်မင်းမြတ်ကပေးအပ်ချီးမြှင့်သည့် “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” အပ်နှင်းခြင်း အခမ်းအနား တက်ရောက်ရန်ထွက်ခွာ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်နှင့် ထိုင်းဘုရင်မင်းမြတ်ကပေးအပ်ချီးမြှင့်သည့် “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” အပ်နှင်းခြင်း အခမ်းအနားတက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Narong Boonsatheanwong ၊ ထိုင်းဘုရင့်တပ်မတော်လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြပြီး ခရီးစဉ်အတွင်း ထိုင်းဘုရင်မင်းမြတ်ကပေးအပ်ချီးမြှင့်သည့် “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” အား လက်ခံရယူခြင်းနှင့် အထင်ကရနေရာများအား လှည့်လည်ကြည့်ရှု လေ့လာသွားမည်ဖြစ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ သည် နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန််ကောက်မြို့ရှိ ဒွန်မောင်းတပ်မတော်လေဆိပ်(Wing-6) သို့ရောက်ရှိရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။