တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရာမှ ပြန်လည်ရောက်ရှိ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၁၈

ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ၏ ဖိတ္ၾကားခ်က္အရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ထုိင္းႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးႏွင့္ ထုိင္းဘုရင္မင္းျမတ္ကေပးအပ္သည့္ ျမင့္ျမတ္ေသာ ဆင္ျဖဴေတာ္၀င္သူရဲေကာင္းဘြဲ႕တံဆိပ္(ပထမအဆင့္) ”The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” အပ္ႏွင္းျခင္းအခမ္းအနားသုိ႔ တက္ေရာက္ခဲ့ၿပီး ယေန႔မြန္းလြဲပုိင္းတြင္ ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ဒြန္ေမာင္း တပ္မေတာ္ေလဆိပ္ (Wing-6)မွျပန္လည္ထြက္ခြာသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးေဒၚၾကဴၾကဴလွ ဦးေဆာင္သည့္ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕အား ထုိင္းဘုရင့္တပ္မေတာ္မွ Deputy Chief of Joint Staff ျဖစ္သူ Gen. Chaichana Nakkerd ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

 

 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေနျပည္ေတာ္ ေလဆိပ္သုိ႔ေရာက္ရွိၾကရာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕တြင္ အဖြဲ႕၀င္မ်ားအျဖစ္လုိက္ပါသြားသည့္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးတုိ႔ ျပန္လည္လုိက္ပါလာခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရာမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးနှင့် ထိုင်းဘုရင်မင်းမြတ်ကပေးအပ်သည့် မြင့်မြတ်သော ဆင်ဖြူတော်ဝင်သူရဲကောင်းဘွဲ့တံဆိပ်(ပထမအဆင့်) ”The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဒွန်မောင်း တပ်မတော်လေဆိပ် (Wing-6)မှပြန်လည်ထွက်ခွာသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ထိုင်းဘုရင့်တပ်မတော်မှ Deputy Chief of Joint Staff ဖြစ်သူ Gen. Chaichana Nakkerd နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နေပြည်တော် လေဆိပ်သို့ရောက်ရှိကြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ်လိုက်ပါသွားသည့် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ပြန်လည်လိုက်ပါလာခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။