တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဧၿပီ  ၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံဆုိင္ရာ ကုိရီးယား သမၼတ ႏုိင္ငံသံအမတ္ႀကီး H.E. Mr. LEE Sang-hwa အား ယေန႔ မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ ရိပ္သာဧည့္ခန္းမေဆာင္၌လက္ခံေတြ႕ဆုံ သည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၿပီး ျမန္မာႏုိင္ငံဆုိင္ရာ ကုိရီးယားသမၼတ ႏုိင္ငံသံအမတ္ႀကီးႏွင့္အတူ စစ္သံမွဴး Col. HONG Jongkee ႏွင့္တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-ကုိရီးယား ႏွစ္ႏုိင္ငံသည္ ႏွစ္ေပါင္းမ်ားစြာ သံတမန္ဆက္ဆံေရးေကာင္းမြန္စြာတည္ရွိခဲ့သည့္ မိတ္ေဆြ ေကာင္းႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္ ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရးခရီးစဥ္ မ်ားအျပန္အလွန္လည္ပတ္ၿပီး ကာကြယ္ေရးဆုိင္ရာပူးေပါင္း ေဆာင္ရြက္မႈ မ်ားကုိ တုိးျမႇင့္ေဆာင္ရြက္ႏုိင္ခဲ့ေၾကာင္း၊ ၁၉၅၀ ျပည့္ႏွစ္ကုိရီးယားကြၽန္းဆြယ္ကိစၥတြင္ မိမိတုိ႔ႏုိင္ငံမွ ကုိရီးယား ႏုိင္ငံအေပၚ ကူညီေပးအပ္ခဲ့မႈမ်ားရွိေၾကာင္း၊ ႏွစ္ႏုိင္ငံဆက္ဆံေရးကုိ ဆက္လက္ထိန္းသိမ္းေဆာင္ရြက္ၿပီး စီးပြားေရး၊ ယဥ္ေက်းမႈ၊ က်န္းမာေရး၊ အားကစား၊ ကုန္သြယ္ေရး၊ စုိက္ပ်ိဳးေရးစသည့္ က႑စုံလင္စြာ ပူးေပါင္းေဆာင္ရြက္ႏုိင္သည့္ အခြင့္အေရးမ်ားရွိေနေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သည္ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ကုိ ထမ္းေဆာင္ေနေသာ္လည္း စစ္ပြဲျဖစ္ပြားမႈကုိမလုိလားေၾကာင္း၊ ထုိ႔ေၾကာင့္ ထာ၀ရၿငိမ္းခ်မ္းေရး ရရွိေအာင္ ေဆာင္ရြက္ေနေၾကာင္း၊ ႏုိင္ငံတုိင္းမွတပ္မေတာ္တုိင္းသည္ မိမိတုိ႔ ႏုိင္ငံ၊ မိမိတုိ႔ျပည္သူျပည္ သားမ်ား၏ အသက္အုိးအိမ္စည္းစိမ္ကုိ ကာကြယ္ႏုိင္ရန္အတြက္ ကာကြယ္ေရးစြမ္းရည္ျမႇင့္တင္ျခင္းကုိ အၿမဲမျပတ္ေဆာင္ရြက္ေနရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ဧည့္သည္ေတာ္သံအမတ္ႀကီးက မိမိတုိ႔ႏွစ္ႏုိင္ငံသည္ႏွစ္ေပါင္း မ်ားစြာဆက္ဆံေရးေကာင္းမြန္ခဲ့ၿပီး မိမိျမန္မာႏုိင္ငံသုိ႔မလာေရာက္မီ ကုိရီးယားသမၼတ ႏုိင္ငံသမၼတက ျမန္မာ-ကုိရီးယားႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈ တစ္ႏွစ္ထက္တစ္ႏွစ္ ပုိမုိတုိးတက္လာပါေၾကာင္း၊ သမုိင္းေၾကာင္းအရ၊ ယဥ္ေက်းမႈအရတူညီမႈမ်ားရွိသျဖင့္ ႏွစ္ႏုိင္ငံပူးေပါင္းၿပီး ဖြံ႕ၿဖိဳးတုိးတက္ေရးလုပ္ငန္းမ်ားကုိ ေဆာင္ရြက္ႏုိင္သည္ကုိမွာ ၾကားခဲ့ပါေၾကာင္းေျပာၾကား သည္။

ယင္းေနာက္ ျမန္မာႏုိင္ငံ၏ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ကာကြယ္ေရးဆုိင္ရာကိစၥရပ္မ်ားတြင္ ပူးေပါင္းေဆာင္ရြက္မႈတုိးျမႇင့္ေရး၊ ျမန္မာႏုိင္ငံ ၏စုိက္ပ်ိဳးေရးက႑ဖြံ႕ၿဖိဳးတုိးတက္ေရး ႏွင့္ အျခားစီးပြားေရးက႑မ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရး ဆုိင္ရာ ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာ ကုိရီးယားသမၼတႏုိင္ငံ သံအမတ္ႀကီးတုိ႔သည္အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္ အလွန္ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ  ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. LEE Sang-hwa အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံ သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံသံအမတ်ကြီးနှင့်အတူ စစ်သံမှူး Col. HONG Jongkee နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ကိုရီးယား နှစ်နိုင်ငံသည် နှစ်ပေါင်းများစွာ သံတမန်ဆက်ဆံရေးကောင်းမွန်စွာတည်ရှိခဲ့သည့် မိတ်ဆွေ ကောင်းနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ် များအပြန်အလှန်လည်ပတ်ပြီး ကာကွယ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၁၉၅၀ ပြည့်နှစ်ကိုရီးယားကျွန်းဆွယ်ကိစ္စတွင် မိမိတို့နိုင်ငံမှ ကိုရီးယား နိုင်ငံအပေါ် ကူညီပေးအပ်ခဲ့မှုများရှိကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ပြီး စီးပွားရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ အားကစား၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးစသည့် ကဏ္ဍစုံလင်စွာ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အရေးများရှိနေကြောင်း၊ မိမိတို့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေသော်လည်း စစ်ပွဲဖြစ်ပွားမှုကိုမလိုလားကြောင်း၊ ထို့ကြောင့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေကြောင်း၊ နိုင်ငံတိုင်းမှတပ်မတော်တိုင်းသည် မိမိတို့ နိုင်ငံ၊ မိမိတို့ပြည်သူပြည် သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ရေးစွမ်းရည်မြှင့်တင်ခြင်းကို အမြဲမပြတ်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဧည့်သည်တော်သံအမတ်ကြီးက မိမိတို့နှစ်နိုင်ငံသည်နှစ်ပေါင်း များစွာဆက်ဆံရေးကောင်းမွန်ခဲ့ပြီး မိမိမြန်မာနိုင်ငံသို့မလာရောက်မီ ကိုရီးယားသမ္မတ နိုင်ငံသမ္မတက မြန်မာ-ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာပါကြောင်း၊ သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှုအရတူညီမှုများရှိသဖြင့် နှစ်နိုင်ငံပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်ကိုမှာ ကြားခဲ့ပါကြောင်းပြောကြား သည်။

ယင်းနောက် မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ ၏စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် အခြားစီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးတို့သည်အမှတ်တရလက်ဆောင်ပစ္စည်းများအပြန် အလှန်ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။