နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များရှိ စာသင်တိုက်များသို့ ပဉ္စမအကြိမ်မြောက် သောတာပန်ဆီအလှူတော် မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၇






အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြ သူများသည် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ယနေ့ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် သောတာပန်ဆီအလှူတော်မင်္ဂလာ မဟာအခမ်းအနားတွင် နေပြည်တော် ကောင်စီနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း မြို့နယ်များရှိ ကျောင်းတိုက် ၆၈ ကျောင်းသို့ သောတာပန်ဆီ ၃၆၀၂ ပိဿာနှင့် လှူဖွယ်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၅၄ သိန်းကျော်အား လှူဒါန်းခဲ့သည်။

(Unicode Version)

နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များရှိ စာသင်တိုက်များသို့ ပဥ္စမအကြိမ်မြောက် သောတာပန်ဆီအလှူတော် မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၇

နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များရှိ စာသင်တိုက်များတွင် ၀ါဆို ၀ါကပ်တော်မူကြသော စာချ၊ စာသင် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအား အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ မဟာကမ္မဌာနာစရိယ၊ မဟာသဒ္ဒမ္မဇောတိကဓဇ ဓမ္မကထိက ဗဟုဇနဟိတဓရ ဓမ္မဒူတ ဒေါက်တာအရှင် ဆေကိန္ဒ ဦးစီးသည့် ဒါယိကာ၊ ဒါယိကာမများက သောတာပန် ဆီလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ရှိ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့မှူးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များအားနာယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှတို့က ပေါက်မြိုင်ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများက ကြွရောက် ချီးမြှင့်တော်မူကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများက သီလရှင် ဆရာကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြ သူများသည် ဓမ္မဒူတဒေါက်တာအရှင် ဆေကိန္ဒထံမှ အနုမောဒနာတရားနာယူတော်မူကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြ သူများသည် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက််ကပ်လှူဒါန်းကြသည်။ ယနေ့ကျင်းပပြုလုပ်သည့် ပဥ္စမအကြိမ်မြောက် သောတာပန်ဆီအလှူတော်မင်္ဂလာ မဟာအခမ်းအနားတွင် နေပြည်တော် ကောင်စီနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း မြို့နယ်များရှိ ကျောင်းတိုက် ၆၈ ကျောင်းသို့ သောတာပန်ဆီ ၃၆၀၂ ပိဿာနှင့် လှူဖွယ်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၅၄ သိန်းကျော်အား လှူဒါန်းခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။