တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ကဆုန်ညောင်ရေသွန်း လောင်းပူဇော်

ေနျပည္ေတာ္ ၊ ဧၿပီ- ၂၉

ျမန္မာတုိ႔၏ ၁၂ လရာသီပြဲေတာ္တြင္ တစ္ခုအပါအ၀င္ျဖစ္သည့္ ျမန္မာသကၠရာဇ္ ၁၃၈၀ ခုႏွစ္၊ ကဆုန္လျပည့္ ေန႔ ယေန႔တြင္က်ေရာက္ေသာ ေညာင္ေရသြန္းပြဲေတာ္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၊ ဇနီး ေဒၚၾကဴၾကဴလွ ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားသည္ ယေန႔ ညေနပိုင္းတြင္ ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေဇယ်ာသီရိကုန္တုိက္ေရွ႕ ေလာကခ်မ္းသာဆုေတာင္းျပည့္ ဘုရားႀကီးရွိ မဟာေဗာဓိေညာင္ပင္မ်ားကုိ ေညာင္ေရသြန္းေလာင္းပူေဇာ္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေလာကခ်မ္းသာ ဆုေတာင္းျပည့္ဘုရားႀကီးအား ပန္း၊ ဆီမီးႏွင့္ ေသာက္ေတာ္ေရခ်မ္းတုိ႔ ဆပ္ကပ္လွဴဒါန္းသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး အမွဴးျပဳေသာ အရာရွိ၊ စစ္သည္၊ မိသားစု၀င္မ်ားသည္ ေလာကခ်မ္းသာဆုေတာင္းျပည့္ဘုရားႀကီး ပရိ၀ုဏ္ေတာ္အတြင္းရွိ မဟာေဗာဓိေညာင္ပင္မ်ားအား ေညာင္ေရ သြန္းေလာင္းပူေဇာ္ရန္ ေနရာယူၾကၿပီး သတ္မွတ္ထားသည့္ေနရာမ်ားမွ အဖြဲ႕အလုိက္ မဟာေဗာဓိေညာင္ပင္ မ်ားကုိ ေညာင္ေရသြန္းေလာင္းပူေဇာ္ၾကကာ အေမႊးနံ႕သာရည္မ်ားပက္ျဖန္းပူေဇာ္ခဲ့ၾကသည္။

အဆိုပါ ေညာင္ေရသြန္းေလာင္းပူေဇာ္ပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီးစုိး၀င္း၊ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ဇနီး၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ဇနီး၊ ၫိႇႏိႈင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ ေတာ္တိုင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ဇနီး၊ ႐ံုး/ဌာနမ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစု၀င္မ်ား တက္ေရာက္ၾကကာ မဟာေဗာဓိေညာင္ပင္မ်ားကုိ ေညာင္ေရသြန္းေလာင္း ပူေဇာ္ခဲ့ၾကသည္။

အလားတူ တုိင္းစစ္ဌာနခ်ဳပ္မ်ားတြင္လည္း ကဆုန္လျပည့္ေန႔ ေညာင္ေရသြန္းပြဲမ်ားကို ျပဳလုပ္ၾကရာ ေနျပည္ ေတာ္တုိင္းစစ္ဌာနခ်ဳပ္၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕အလယ္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္၊ ကမ္း႐ိုးတန္းေဒသတုိင္း စစ္ဌာနခ်ဳပ္၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္၊ အေနာက္ေတာင္တုိင္းစစ္ဌာနခ်ဳပ္၊ အေနာက္ပိုင္း တုိင္းစစ္ဌာနခ်ဳပ္၊ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တို႔တြင္ ကဆုန္ ေညာင္ေရသြန္းေလာင္းပူေဇာ္ျခင္းမ်ားျပဳလုပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ကဆုန်ညောင်ရေသွန်း လောင်းပူဇော်

နေပြည်တော် ၊ ဧပြီ- ၂၉

မြန်မာတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ကဆုန်လပြည့် နေ့ ယနေ့တွင်ကျရောက်သော ညောင်ရေသွန်းပွဲတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများသည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်တိုက်ရှေ့ လောကချမ်းသာဆုတောင်းပြည့် ဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် လောကချမ်းသာ ဆုတောင်းပြည့်ဘုရားကြီးအား ပန်း၊ ဆီမီးနှင့် သောက်တော်ရေချမ်းတို့ ဆပ်ကပ်လှူဒါန်းသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များသည် လောကချမ်းသာဆုတောင်းပြည့်ဘုရားကြီး ပရိ၀ုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေ သွန်းလောင်းပူဇော်ရန် နေရာယူကြပြီး သတ်မှတ်ထားသည့်နေရာများမှ အဖွဲ့အလိုက် မဟာဗောဓိညောင်ပင် များကို ညောင်ရေသွန်းလောင်းပူဇော်ကြကာ အမွှေးနံ့သာရည်များပက်ဖြန်းပူဇော်ခဲ့ကြသည်။

အဆိုပါ ညောင်ရေသွန်းလောင်းပူဇော်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြကာ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်များတွင်လည်း ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲများကို ပြုလုပ်ကြရာ နေပြည် တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့တွင် ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ခြင်းများပြုလုပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။