မည်သူမဆို နိုင်ငံသား တစ်ဦးဖြစ်ရန်အတွက် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေအရ စစ်ဆေးမှုများ ခံယူရမည်ဖြစ်

နေပြည်တော် ၊ မေ ၈




အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံရေး၊ ဥပဒေရေးနှင့်လုံခြုံရေးရာ ညှိနှိုင်းရေးဝန်ကြီးနှင့် အတူ အင်ဒိုနီးရှားနိုင်ငံ၊ စစ်ဦးစီးအရာရှိချုပ် Vice Admiral Didit Herdiawan၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E.Prof. Dr. Iza Fadri နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံရေး၊ ဥပဒေရေးနှင့်လုံခြုံရေးရာ ညှိနှိုင်းရေးဝန်ကြီးက မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် အခက်အခဲများ အတွက် လိုအပ်သည့်အကူအညီများပေးနိုင်ရန်နှင့် နှစ်နိုင်ငံအကြားရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးတွင် ကူညီရန်အတွက် စိတ်အားထက်သန်လျက်ရှိသည်ကို အင်ဒိုနီးရှား နိုင်ငံသမ္မတ Joko Widodo ကလည်းအမှာစကားပါးလိုက်ကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အခြားသောနိုင်ငံများကဲ့သို့ ပြစ်တင်ပြောဆိုမှုများ ပြုလုပ်သွားမည်မဟုတ်ဘဲ မြန်မာနိုင်ငံမှ တာဝန်ရှိ သူများ၏ ကိုင်တွယ်ဖြေရှင်းနေမှုများကိုအပြည့်အ၀နားလည်သဘောပေါက်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွား သူများအား ပြန်လည်လက်ခံရေးအတွက် ၁၉၉၃ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် လက်ခံသွားမှာ ဖြစ်ကြောင်း၊ မည်သူမဆို နိုင်ငံသားတစ်ဦး ဖြစ်ရန်အတွက် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေအရ စစ်ဆေးမှုများ ခံယူရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောဒေသဖြစ်စဉ်နှင့်ပတ်သက်၍ ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံ တော်၏ အချုပ်အခြာအဏာနှင့် ပြည်သူတို့၏ လုံခြုံရေးကို ကာကွယ်ခဲ့ရာမှစတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်ရပ်မှန်များကို သက်သေ အထောက်အထားများနှင့်တကွ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကိုယ်စားလှယ်များအား မိမိကိုယ်တိုင် ရှင်းလင်းပြောကြားခဲ့ ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့လာရောက်ခဲ့စဉ်ကလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ယခုအဆွေ တော် သိရှိနိုင်ရန်အတွက် အထောက်အထားမှတ်တမ်းများကို ပေးအပ်လိုက်မည်ဖြစ်ပါကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေသည့် ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဤအရေးကိစ္စတွင် မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေရှ့် နယ်စပ်၌ရှိနေသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းပြဿနာ၊ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုပြဿနာများလည်း ပတ်သက်ဆက်နွယ်မှုများ ရှိနေ ကြောင်း၊ လက်ရှိအခြေအနေတွင် သာမန်လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂါလီများပြန်လည် ၀င်ရောက်ရာတွင် နိုင်ငံ၏အချုပ်အခြာအာဏာ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက်လာမည့် အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပေါ်လာမည်ဆိုပါက တပ်မတော်မှ ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့တွင် အိမ်နီးချင်း ၅ နိုင်ငံရှိပြီး လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နယ်စပ်ပြဿနာများကို တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် နှစ်နိုင်ငံ Biliteral သာ ပြေလည်အောင်ဖြေရှင်းခဲ့ကြကြောင်း၊ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း နှစ်နိုင်ငံပြေလည်အောင်ဖြေရှင်းနိုင်သည့် နည်းလမ်းများ ရှာဖွေနိုင်သော်လည်း နိုင်ငံတကာပြဿနာဖြစ်အောင် ဆောင်ရွက်နေခြင်းသည် အပြုသဘောဆောင်သည့် လုပ်ရပ်မဟုတ်ကြောင်း၊ ယင်းအတွက် အစိုးရကဖြေရှင်း ဆောင်ရွက်နေသည်များကို တပ်မတော်က ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံရေး၊ ဥပဒေရေးနှင့်လုံခြုံရေးရာ ညှိနှိုင်းရေးဝန်ကြီးက ယခုလိုအသေးစိတ် ရှင်းလင်း ပြောကြား မှုများကြောင့် မိမိတို့ပို၍ အမြင်ကျယ်လာရပါကြောင်း၊ အင်ဒိုနီးရှားတွင်လည်း နိုင်ငံတကာ၏ ဖိအားပေးမှုများနှင့် ကြုံတွေ့ ခဲ့သဖြင့် အတွေ့အကြုံများမျှဝေကူညီပေးလိုခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဖြစ်စဉ်ဖြစ်ရပ်မှန်များကို Third Party ဖြစ်သည့် အာဆီယံအဖွဲ့မှတစ်ဆင့် အခြားနိုင်ငံများနှင့် အစည်း အဝေးများ၊ ဖိုရမ်များတွင်သိရှိအောင် ဆောင်ရွက်နိုင်ပါကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ လက်ရှိမြန်မာနိုင်ငံအဖြစ် ရပ်တည်နိုင်အောင် တပ်မတော်က ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ခြင်းဖြစ်ရာ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ မဖောက်ဘဲ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားကိုသာဖော်ဆောင် ပေးသွားမည်ဖြစ်ကြောင်း၊ အရေးအကြီးဆုံးမှာ ဘင်္ဂါလီပြဿနာသည် လူဝင်မှုကြီးကြပ်ရေး ပြဿနာမှစတင်ခဲ့ခြင်းဖြစ်ပြီး ဘာသာရေးနှင့် မပတ်သက်ကြောင်း၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအနေဖြင့် ဖြစ်စဉ်ဖြစ်ရပ်မှန်များကို အခြေအနေမှန်အတိုင်း သိရှိနိုင်ရန်နှင့် သတင်းမှန်များ ဖြန့်ချိ ပေးနိုင်ရန်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံက ကူညီပေးမည်ဆိုခြင်းအတွက် ကြိုဆိုပါကြောင်း၊ သို့သော် ယင်းကိစ္စများအတွက် အစိုးရကသာ ဦးစီး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံရေး၊ ဥပဒေရေးနှင့်လုံခြုံရေးရာ ညှိနှိုင်းရေး ၀န်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်၍တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

 

(Unicode Version)

မည်သူမဆို နိုင်ငံသား တစ်ဦးဖြစ်ရန်အတွက် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေအရ စစ်ဆေးမှုများ ခံယူရမည်ဖြစ်

နေပြည်တော် ၊ မေ ၈

တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသူများအား ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘော တူညီချက်ဖြင့် လက်ခံသွားမှာဖြစ်ကြောင်းနှင့် မည်သူမဆို နိုင်ငံသားတစ်ဦးဖြစ်ရန်အတွက် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေအရ စစ်ဆေးမှုများခံယူရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံရေး၊ ဥပဒေရေးနှင့်လုံခြုံရေးရာ ညှိနှိုင်းရေးဝန်ကြီး H. E.Dr.H. Wiranto ဦးဆောင်သည့်အဖွဲ့အား ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံရေး၊ ဥပဒေရေးနှင့်လုံခြံုရေးရာ ညှိနှိုင်းရေးဝန်ကြီးနှင့် အတူ အင်ဒိုနီးရှားနိုင်ငံ၊ စစ်ဦးစီးအရာရှိချုပ် Vice Admiral Didit Herdiawan၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E.Prof. Dr. Iza Fadri နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံရေး၊ ဥပဒေရေးနှင့်လုံခြံုရေးရာ ညှိနှိုင်းရေးဝန်ကြီးက မြန်မာနိုင်ငံတွင် ကြံုတွေ့နေရသည့် အခက်အခဲများ အတွက် လိုအပ်သည့်အကူအညီများပေးနိုင်ရန်နှင့် နှစ်နိုင်ငံအကြားရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးတွင် ကူညီရန်အတွက် စိတ်အားထက်သန်လျက်ရှိသည်ကို အင်ဒိုနီးရှား နိုင်ငံသမ္မတ Joko Widodo ကလည်းအမှာစကားပါးလိုက်ကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အခြားသောနိုင်ငံများကဲ့သို့ ပြစ်တင်ပြောဆိုမှုများ ပြုလုပ်သွားမည်မဟုတ်ဘဲ မြန်မာနိုင်ငံမှ တာဝန်ရှိ သူများ၏ ကိုင်တွယ်ဖြေရှင်းနေမှုများကိုအပြည့်အဝနားလည်သဘောပေါက်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွား သူများအား ပြန်လည်လက်ခံရေးအတွက် ၁၉၉၃ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် လက်ခံသွားမှာ ဖြစ်ကြောင်း၊ မည်သူမဆို နိုင်ငံသားတစ်ဦး ဖြစ်ရန်အတွက် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေအရ စစ်ဆေးမှုများ ခံယူရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောဒေသဖြစ်စဉ်နှင့်ပတ်သက်၍ ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံ တော်၏ အချုပ်အခြာအဏာနှင့် ပြည်သူတို့၏ လုံခြံုရေးကို ကာကွယ်ခဲ့ရာမှစတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်ရပ်မှန်များကို သက်သေ အထောက်အထားများနှင့်တကွ ကုလသမဂ္ဂလုံခြံုရေးကောင်စီမှ ကိုယ်စားလှယ်များအား မိမိကိုယ်တိုင် ရှင်းလင်းပြောကြားခဲ့ ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့လာရောက်ခဲ့စဉ်ကလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ယခုအဆွေ တော် သိရှိနိုင်ရန်အတွက် အထောက်အထားမှတ်တမ်းများကို ပေးအပ်လိုက်မည်ဖြစ်ပါကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေသည့် ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ဆောင်ရွက််လျက်ရှိကြောင်း၊ ဤအရေးကိစ္စတွင် မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေရှ့် နယ်စပ်၌ရှိနေသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းပြဿနာ၊ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုပြဿနာများလည်း ပတ်သက်ဆက်နွယ်မှုများ ရှိနေ ကြောင်း၊ လက်ရှိအခြေအနေတွင် သာမန်လုံခြံုရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂါလီများပြန်လည် ၀င်ရောက်ရာတွင် နိုင်ငံ၏အချုပ်အခြာအာဏာ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက်လာမည့် အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပေါ်လာမည်ဆိုပါက တပ်မတော်မှ ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့တွင် အိမ်နီးချင်း ၅ နိုင်ငံရှိပြီး လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နယ်စပ်ပြဿနာများကို တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် နှစ်နိုင်ငံ Biliteral သာ ပြေလည်အောင်ဖြေရှင်းခဲ့ကြကြောင်း၊ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း နှစ်နိုင်ငံပြေလည်အောင်ဖြေရှင်းနိုင်သည့် နည်းလမ်းများ ရှာဖွေနိုင်သော်လည်း နိုင်ငံတကာပြဿနာဖြစ်အောင် ဆောင်ရွက်နေခြင်းသည် အပြုသဘောဆောင်သည့် လုပ်ရပ်မဟုတ်ကြောင်း၊ ယင်းအတွက် အစိုးရကဖြေရှင်း ဆောင်ရွက်နေသည်များကို တပ်မတော်က ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံရေး၊ ဥပဒေရေးနှင့်လုံခြံုရေးရာ ညှိနှိုင်းရေးဝန်ကြီးက ယခုလိုအသေးစိတ် ရှင်းလင်း ပြောကြား မှုများကြောင့် မိမိတို့ပို၍ အမြင်ကျယ်လာရပါကြောင်း၊ အင်ဒိုနီးရှားတွင်လည်း နိုင်ငံတကာ၏ ဖိအားပေးမှုများနှင့် ကြံုတွေ့ ခဲ့သဖြင့် အတွေ့အကြံုများမျှဝေကူညီပေးလိုခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဖြစ်စဉ်ဖြစ်ရပ်မှန်များကို Third Party ဖြစ်သည့် အာဆီယံအဖွဲ့မှတစ်ဆင့် အခြားနိုင်ငံများနှင့် အစည်း အဝေးများ၊ ဖိုရမ်များတွင်သိရှိအောင် ဆောင်ရွက်နိုင်ပါကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ လက်ရှိမြန်မာနိုင်ငံအဖြစ် ရပ်တည်နိုင်အောင် တပ်မတော်က ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ခြင်းဖြစ်ရာ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ မဖောက်ဘဲ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားကိုသာဖော်ဆောင် ပေးသွားမည်ဖြစ်ကြောင်း၊ အရေးအကြီးဆုံးမှာ ဘင်္ဂါလီပြဿနာသည် လူဝင်မှုကြီးကြပ်ရေး ပြဿနာမှစတင်ခဲ့ခြင်းဖြစ်ပြီး ဘာသာရေးနှင့် မပတ်သက်ကြောင်း၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအနေဖြင့် ဖြစ်စဉ်ဖြစ်ရပ်မှန်များကို အခြေအနေမှန်အတိုင်း သိရှိနိုင််ရန်နှင့် သတင်းမှန်များ ဖြန့်ချိ ပေးနိုင်ရန်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံက ကူညီပေးမည်ဆိုခြင်းအတွက် ကြိုဆိုပါကြောင်း၊ သို့သော် ယင်းကိစ္စများအတွက် အစိုးရကသာ ဦးစီး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံရေး၊ ဥပဒေရေးနှင့်လုံခြံုရေးရာ ညှိနှိုင်းရေး ၀န်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်၍တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။