သစ်ပင်များစိုက်ပျိုးခြင်းသည် ရာသီဥတုအားအထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ ရတနာတန်းဝင်နှစ်ရှည်သီးပင်စားပင်များအား ဝင်ငွေရစေရန် ရည်ရွယ်၍စိုက်ပျိုးနေခြင်းဖြစ်

ေနျပည္ေတာ္၊ ဇြန္ ၂၉

သစ္ပင္မ်ားစုိက္ပ်ိဳးျခင္းသည္ ရာသီဥတုအားအေထာက္အကူျဖစ္ေစရန္၊ အရိပ္အာ၀ါသရရွိေစရန္၊ လုိအပ္ပါက ရတနာတန္း၀င္ႏွစ္ရွည္သီးပင္စားပင္မ်ားအား ၀င္ေငြရေစရန္ရည္ရြယ္၍ စုိက္ပ်ိဳးေနျခင္းျဖစ္ေၾကာင္း၊ သစ္ပင္ မ်ားစုိက္ပ်ိဳးရန္အတြက္ အခ်ိန္၊ ေငြႏွင့္ လူအင္အားမ်ားရင္းႏွီး၍စုိက္ပ်ိဳးရေၾကာင္း၊ သစ္ပင္မ်ားစုိက္ပ်ိဳးရာတြင္ ရွင္သန္မႈမရွိရျခင္းမွာ စုိက္ပ်ိဳးနည္းစနစ္မွန္ကန္မႈမရွိျခင္း၊ စုိက္ပ်ိဳးသည့္ ပ်ိဳးပင္မ်ားသည္ ပ်ိဳးသက္ငယ္ရြယ္ျခင္း၊ ထိန္းသိမ္းမႈအားနည္းျခင္းမ်ားေၾကာင့္ျဖစ္သည္ကုိေတြ႕ရွိရေၾကာင္း၊ ထုိ႔ေၾကာင့္သစ္ပင္မ်ားစုိက္ပ်ိဳးရာတြင္ စနစ္ တက်စုိက္ပ်ိဳးရန္လုိအပ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပုိင္းတြင္ေနျပည္ေတာ္၊ေဇယ်ာသီရိၿမိဳ႕နယ္၊ေရဆင္းဆည္အနီး၌က်င္းပျပဳလုပ္သည့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)၏ ၂၀၁၈ ခုႏွစ္ပထမအႀကိမ္မိုးရာသီသစ္ပင္စုိက္ပ်ိဳးပြဲအခမ္းအနားတြင္ အမွာစကား ေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ ထဲေရး၀န္ႀကီးဌာနျပည္ေထာင္စု ၀န္ႀကီး၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး၊ နယ္စပ္ ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ဇနီး၊ ၫႇိႏိႈင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ဇနီး၊ ႏုိင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွ သင္ တန္းသားအရာရွိႀကီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)ရွိ ႐ုံး/ဌာနအသီးသီမွ အရာရွိမ်ားႏွင့္ မိသားစု၀င္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကအမွာစကားေျပာၾကားရာတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) အေနျဖင့္ ၂၀၁၁ ခုႏွစ္မွစတင္စုိက္ပ်ိဳးခဲ့ရာ ယေန႔အခ်ိန္ အထိ ၇ ႏွစ္ကာလရွိၿပီျဖစ္ၿပီး တခ်ိဳ႕သစ္ပင္မ်ား သည္ရွင္သန္မႈမရွိသည္ကုိ ေတြ႕ရွိရ ေၾကာင္း၊ တပ္မေတာ္တစ္ရပ္လုံးအေနျဖင့္ ၇ ႏွစ္ေက်ာ္ကာလအတြင္း သစ္ပင္ေပါင္း ဆယ္သန္းငါးေသာင္းေက်ာ္၊ ဧကအားျဖင့္ငါးေသာင္းေက်ာ္စိုက္ပ်ိဳးခဲ့ေၾကာင္း၊ ထုိအထဲမွခုႏွစ္သန္း ေက်ာ္သာ ရွင္သန္ခဲ့သည္ကုိေတြ႕ရွိရသျဖင့္ စနစ္တက်စုိက္ပ်ိဳးရန္လုိအပ္ ေနေသးသည္ကုိေတြ႕ရွိရေၾကာင္း၊ ဥတုရာသီေတာကုိမွီဆုိသည့္အတုိင္း အညာေဒသ စိမ္းလန္းစုိေျပေစေရးအတြက္ ေဆာင္ရြက္ခဲ့သည္မ်ား ရွိသျဖင့္ ယခုအခါရာသီဥတုမွ်တ လာၿပီး စုိက္ပ်ိဳးေရးေအာင္ျမင္ျဖစ္ထြန္းလာသည္ကုိ ေတြ႕ရွိရေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ကမၻာ့ေဒသအသီးသီးတြင္ရာသီဥတုေျပာင္းလဲမႈမ်ားေၾကာင့္ မုိးသည္းထန္စြာအဆက္မျပတ္ ရြာသြန္းမႈမ်ားႏွင့္ အပူအေအးမမွ်တမႈမ်ားျဖစ္ေပၚလ်က္ရွိသည္ကုိေတြ႕ရွိရေၾကာင္း၊ မိမိတုိ႔ႏုိင္ငံတြင္လည္း ျဖစ္ေပၚသည္မ်ားရွိေၾကာင္း၊ ထုိသုိ႔ျဖစ္ပြားရျခင္းမွာသစ္ေတာ၊ သစ္ပင္မ်ားျပဳန္းတီးလာျခင္းေၾကာင့္ျဖစ္ေၾကာင္း ေျပာဆုိမႈမ်ားရွိ သျဖင့္ မိမိတုိ႔အေနျဖင့္ယခုကဲ့သုိ႔ သစ္ပင္မ်ားစုိက္ပ်ိဳးေနျခင္းျဖစ္ေၾကာင္း၊ ထုိသုိ႔စုိက္ပ်ိဳးရာတြင္ ေစတနာထား၍ သစ္ပင္မ်ားရွင္သန္ျဖစ္ထြန္းေအာင္ျမင္ေအာင္ စုိက္ပ်ိဳးၾကရန္လုိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံသည္၀င္ေငြနည္းပါးသူမ်ား သျဖင့္လည္းေကာင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လွ်ပ္စစ္စြမ္းအင္လုံေလာက္မႈ မရွိသျဖင့္လည္းေကာင္း ခ်က္ ျပဳတ္ေရးအတြက္ ထင္းမီးကုိအသုံးျပဳရသည္မ်ားရွိသကဲ့သုိ႔ အေဆာက္အဦ၊ ပရိေဘာဂ မ်ားျပဳလုပ္ရန္ အတြက္ သစ္အမ်ိဳးမ်ိဳးလုိအပ္ေနမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔ တပ္မ်ားႏွင့္တပ္အလိုက္ စည္း႐ုံးေရး နယ္ေျမမ်ား တြင္ ရတနာတန္း၀င္အပင္မ်ား၊ ထင္းစိုက္ခင္း မ်ားႏွင့္ အရိပ္ရေလကာပင္မ်ား စုိက္ပ်ိဳးေစျခင္းျဖစ္ၿပီး မိမိတုိ႔အ ေနျဖင့္လွ်ပ္စစ္မီးသုံးစြဲမႈႏွင့္ ထင္း၊ မီးေသြးမ်ားသုံးစြဲမႈကုိအတတ္ႏုိင္ဆုံး ထိန္းသိမ္းၿခိဳးၿခံ၍ အသုံးျပဳေစ လုိေၾကာင္း၊ မိမိတုိ႔တုိင္းျပည္၏ လုိအပ္ခ်က္အားတစ္ဖက္တစ္လမ္းမွ အေထာက္အကူျဖစ္ေစရန္ ေဆာင္ရြက္ ေပးသည့္ေနရာတြင္ေစတနာထား ၍ ေဆာင္ရြက္ၾကရန္လုိေၾကာင္းမွာၾကား သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ရတနာတန္း၀င္ မေဟာ္ဂနီပင္အား ဦးေဆာင္စုိက္ပ်ိဳးေပးၾကသည္။ ဆက္လက္ၿပီး ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္ေထာင္စု ၀န္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ အခမ္းအနား တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္မိသားစုမ်ားက သတ္မွတ္ေနရာအသီးသီးတြင္ စုိက္ပ်ိဳး ၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၏ စုေပါင္းသစ္ပင္စုိက္ပ်ိဳးေနမႈအားလွည့္လည္ၾကည့္႐ႈအားေပးၾကသည္။

ယေန႔က်င္းပျပဳလုပ္သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၏ ၂၀၁၈ ခုႏွစ္၊ ပထမအႀကိမ္မုိးရာသီသစ္ပင္ စုိက္ပ်ိဳးပြဲတြင္ ရတနာတန္း၀င္ပ်ဥ္းကတုိးပင္ ၅၀၀ ပင္၊ မေဟာ္ဂနီ ၂၀၀၀ ပင္၊ ပိေတာက္ ၂၈၈၀ ပင္ စုစုေပါင္း ၅၃၈၀ ပင္အားစုေပါင္း စုိက္ပ်ိဳးခဲ့ၾကသည္။ ေရဆင္းဆည္ပတ္၀န္းက်င္၌ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးႏွင့္ ေဂဟစနစ္ထိန္းသိမ္းေရးအတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)အေနျဖင့္ ၂၀၁၁ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ မုိးရာသီသစ္ပင္စုိက္ပ်ိဳးပြဲမ်ားတြင္ ရတနာတန္း၀င္ပင္၊ ႏွစ္ရွည္သီးႏွံပင္ႏွင့္အရိပ္ရေလကာပင္ စုစုေပါင္း ၁၂၁၈၃၀ ပင္အားစုိက္ပ်ိဳးခဲ့ၿပီးျဖစ္သည္။

ထုိ႔အတူယေန႔နံနက္ပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္အသီးသီးတြင္လည္း မုိးရာသီ သစ္ပင္စုိက္ပ်ိဳးပြဲပထမအႀကိမ္ က်င္းပျပဳလုပ္၍ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားစုေပါင္း စုိက္ပ်ိဳးၾကသည္။ ထုိသုိ႔စုိက္ပ်ိဳးရာ၌ ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၃၈၉၀၅ ပင္၊ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တြင္စုိက္ပ်ိဳးပင္ ၂၂၅၄၄ ပင္၊ အေရွ႕ေျမာက္ တုိင္းစစ္ဌာနခ်ဳပ္တြင္စုိက္ပ်ိဳးပင္ ၁၂၀၀၇ ပင္၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၃၀၅၂၆ ပင္၊ အေရွ႕အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၁၁၃၅၀ ပင္၊ ႀတိဂံေဒသ တုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၃၄၅၉၀ ပင္၊ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၄၇၂၆၅ ပင္၊ ကမ္း႐ုိးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၁၈၁၄၀ ပင္၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၂၃၇၅၆ ပင္၊ အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၂၂၁၈၉ ပင္၊ အေနာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တြင္ စုိက္ပ်ိဳးပင္ ၃၄၄၅၄ ပင္၊ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၂၇၇၀၂ ပင္၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၇၄၆၉၅ ပင္ႏွင့္ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တြင္ ၃၅၅၃၇ ပင္ စုစုေပါင္း ၄၃၃၆၆၀ ပင္အားစုေပါင္းစုိက္ပ်ိဳးခဲ့ၾကသည္။

(Unicode Version)

သစ်ပင်များစိုက်ပျိုးခြင်းသည် ရာသီဥတုအားအထောက်အကူဖြစ်စေရန်၊ အရိပ် အာဝါသရရှိစေရန်၊ ရတနာ တန်းဝင်နှစ်ရှည်သီးပင်စားပင်များအား ၀င်ငွေရစေရန် ရည်ရွယ်၍စိုက်ပျိုးနေခြင်းဖြစ်

နေပြည်တော်၊ ဇွန် ၂၉

သစ်ပင်များစိုက်ပျိုးခြင်းသည် ရာသီဥတုအားအထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ လိုအပ်ပါက ရတနာတန်းဝင်နှစ်ရှည်သီးပင်စားပင်များအား ၀င်ငွေရစေရန်ရည်ရွယ်၍ စိုက်ပျိုးနေခြင်းဖြစ်ကြောင်း၊ သစ်ပင် များစိုက်ပျိုးရန်အတွက် အချိန်၊ ငွေနှင့် လူအင်အားများရင်းနှီး၍စိုက်ပျိုးရကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင် ရှင်သန်မှုမရှိရခြင်းမှာ စိုက်ပျိုးနည်းစနစ်မှန်ကန်မှုမရှိခြင်း၊ စိုက်ပျိုးသည့် ပျိုးပင်များသည် ပျိုးသက်ငယ်ရွယ်ခြင်း၊ ထိန်းသိမ်းမှုအားနည်းခြင်းများကြောင့်ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်သစ်ပင်များစိုက်ပျိုးရာတွင် စနစ် တကျစိုက်ပျိုးရန်လိုအပ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင်နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ရေဆင်းဆည်အနီး၌ကျင်းပပြုလုပ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၏ ၂၀၁၈ ခုနှစ်ပထမအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည် ထဲရေးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင် တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံး/ဌာနအသီးသီမှ အရာရှိများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမှာစကားပြောကြားရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနေဖြင့် ၂၀၁၁ ခုနှစ်မှစတင်စိုက်ပျိုးခဲ့ရာ ယနေ့အချိန် အထိ ရ နှစ်ကာလရှိပြီဖြစ်ပြီး တချို့သစ်ပင်များ သည်ရှင်သန်မှုမရှိသည်ကို တွေ့ရှိရ ကြောင်း၊ တပ်မတော်တစ်ရပ်လုံးအနေဖြင့် ရ နှစ်ကျော်ကာလအတွင်း သစ်ပင်ပေါင်း ဆယ်သန်းငါးသောင်းကျော်၊ ဧကအားဖြင့်ငါးသောင်းကျော်စိုက်ပျိုးခဲ့ကြောင်း၊ ထိုအထဲမှခုနှစ်သန်း ကျော်သာ ရှင်သန်ခဲ့သည်ကိုတွေ့ရှိရသဖြင့် စနစ်တကျစိုက်ပျိုးရန်လိုအပ် နေသေးသည်ကိုတွေ့ရှိရကြောင်း၊ ဥတုရာသီတောကိုမှီဆိုသည့်အတိုင်း အညာဒေသ စိမ်းလန်းစိုပြေစေရေးအတွက် ဆောင်ရွက်ခဲ့သည်များ ရှိသဖြင့် ယခုအခါရာသီဥတုမျှတ လာပြီး စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းလာသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ့ဒေသအသီးသီးတွင်ရာသီဥတုပြောင်းလဲမှုများကြောင့် မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်း မှုများနှင့် အပူအအေးမမျှတမှုများဖြစ်ပေါ်လျက် ရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဖြစ်ပေါ်သည် များရှိကြောင်း၊ ထိုသို့ဖြစ်ပွားရခြင်းမှာသစ်တော၊ သစ်ပင်များပြုန်းတီးလာခြင်းကြောင့်ဖြစ်ကြောင်း ပြောဆိုမှုများရှိ သဖြင့် မိမိတို့အနေဖြင့်ယခုကဲ့သို့ သစ်ပင်များစိုက်ပျိုးနေခြင်းဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် စေတနာထား၍ သစ်ပင်များရှင်သန်ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည်ဝင်ငွေနည်းပါးသူများ သဖြင့်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်စွမ်းအင်လုံလောက်မှု မရှိသဖြင့်လည်းကောင်း ချက် ပြုတ်ရေးအတွက် ထင်းမီးကိုအသုံးပြုရသည်များရှိသကဲ့သို့ အဆောက်အဦ၊ ပရိဘောဂ များပြုလုပ်ရန် အတွက် သစ်အမျိုးမျိုးလိုအပ်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့ တပ်များနှင့်တပ်အလိုက် စည်းရုံးရေး နယ်မြေများ တွင် ရတနာတန်းဝင်အပင်များ၊ ထင်းစိုက်ခင်း များနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးစေခြင်းဖြစ်ပြီး မိမိတို့အ နေဖြင့်လျှပ်စစ်မီးသုံးစွဲမှုနှင့် ထင်း၊ မီးသွေးများသုံးစွဲမှုကိုအတတ်နိုင်ဆုံး ထိန်းသိမ်းခြိုးခြံ၍ အသုံးပြုစေ လိုကြောင်း၊ မိမိတို့တိုင်းပြည်၏ လိုအပ်ချက်အားတစ်ဖက်တစ်လမ်း မှအထောက်အကူဖြစ်စေရန် ဆောင်ရွက် ပေးသည့်နေရာတွင်စေတနာထား ၍ ဆောင်ရွက်ကြရန်လိုကြောင်းမှာကြား သည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင် မဟော်ဂနီပင်အား ဦးဆောင် စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စု ၀န်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုး ကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအားလှည့်လည်ကြည့်ရှုအားပေးကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ၂၀၁၈ ခုနှစ်၊ ပထမအကြိမ်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ပျဉ်းကတိုးပင် ၅၀၀ ပင်၊ မဟော်ဂနီ ၂၀၀၀ ပင်၊ ပိတောက် ၂၈၈၀ ပင် စုစုပေါင်း ၅၃၈၀ ပင်အားစုပေါင်း စိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့်အရိပ်ရလေကာပင် စုစုပေါင်း ၁၂၁၈၃၀ ပင်အားစိုက်ပျိုးခဲ့ပြီးဖြစ်သည်။

ထို့အတူယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီးတွင်လည်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲပထမအကြိမ် ကျင်းပပြုလုပ်၍ အရာရှိ၊ စစ်သည်၊ မိသားစုများစုပေါင်း စိုက်ပျိုးကြသည်။ ထိုသို့စိုက်ပျိုးရာ၌ နေပြည်တော်တိုင်း စစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၃၈၉၀၅ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တွင်စိုက်ပျိုးပင် ၂၂၅၄၄ ပင်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တွင်စိုက်ပျိုးပင် ၁၂၀၀၇ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၃၀၅၂၆ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၁၃၅၀ ပင်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၃၄၅၉၀ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၄၇၂၆၅ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၈၁၄၀ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၂၃၇၅၆ ပင်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၂၂၁၈၉ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တွင် စိုက်ပျိုးပင် ၃၄၄၅၄ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၂၇၇၀၂ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ရ၄၆၉၅ ပင်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ၃၅၅၃၇ ပင် စုစုပေါင်း ၄၃၃၆၆၀ ပင်အားစုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။