တိုင်းပြည်၏အားသည်ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း အားလုံးစည်းလုံး ညီညွတ်မှုရှိမှသာ အားရှိမည်ဖြစ်၊ ပြည်တွင်း စည်းလုံးညီညွတ်မှုမရှိသည့်နိုင်ငံတိုင်း ပြိုကွဲသွားသည်ကိုတွေ့ရှိရမည်ဖြစ်

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၁

မိမိတုိ႔ႏုိင္ငံ၏ ကုိလုိနီေခတ္အတိတ္သမုိင္းတြင္ႏုိင္ငံ၏သယံဇာတသိမ္းပုိက္ခံရမႈ၊ ယဥ္ေက်းမႈ၊ မ်ိဳးခ်စ္စိတ္၊ အမ်ိဳးဘာသာ၊ သာသနာအားလုံးကုိ႐ုိက္ခ်ိဳးခံခဲ့ရသည့္ခါးသီးသည့္ အေတြ႕အႀကဳံမ်ား ရွိခဲ့သျဖင့္ ထုိကဲ့သုိ႔ေနာက္တစ္ႀကိမ္မျဖစ္ပြားေစရန္အတြက္ မိမိတုိ႔အေနျဖင့္ေဆာင္ရြက္ ရမည္ ျဖစ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ရန္အတြက္ ႏုိင္ငံေတာ္ကာကြယ္ေရးတြင္ အဓိကတာ၀န္ရွိသည့္ မိမိတုိ႔တပ္မေတာ္သည္ စြမ္းရည္ထက္ျမက္သည့္ တပ္မေတာ္၊ ႏုိင္ငံေတာ္ကုိကာကြယ္ႏုိင္စြမ္း ရွိသည့္တပ္မေတာ္ျဖစ္ရမည္ျဖစ္ေၾကာင္း၊ တုိင္းျပည္၏အားသည္ ျပည္တြင္းမွာသာရွိသည္ဆုိသည့္ အတုိင္း အားလုံးစည္းလုံး ညီၫြတ္မွသာအားရွိမည္ ျဖစ္ေၾကာင္း၊ ျပည္တြင္းစည္းလုံးညီၫြတ္မႈ မရွိသည့္ႏုိင္ငံတုိင္း ၿပိဳကြဲသြားသည္ကုိ ေတြ႕ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏုိင္ငံတြင္ တုိင္းရင္းသားလူမ်ိဳးမ်ား အေနျဖင့္လည္း စည္းစည္းလုံးလုံးညီညီၫြတ္ၫြတ္ေနထုိင္မွသာ တုိင္းျပည္အားရွိမည္ ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေဘာလခဲ တပ္နယ္ရွိအရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ ဖ႐ူဆုိတပ္နယ္ရွိ တပ္မေတာ္ တန္းျမင့္ေလ့က်င့္ေရးေက်ာင္းမွ နည္းျပအရာရွိ၊ စစ္သည္မ်ား၊ သင္တန္းသားအရာရွိ၊ စစ္သည္မ်ားႏွင့္ နယ္ျခားေစာင့္တပ္မွ သင္တန္းသားစစ္သည္မ်ားအား ယေန႔နံနက္ပုိင္းႏွင့္ မြန္းလြဲပုိင္းတုိ႔တြင္ သီးျခားစီေတြ႕ဆုံ အမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲမ်ားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိ္င္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္၊ တပ္နယ္မ်ားမွအရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ သင္တန္းနည္းျပအရာရွိ၊ စစ္သည္မ်ား၊ သင္တန္းသား အရာရွိ၊ စစ္သည္မ်ားႏွင့္ နယ္ျခားေစာင့္တပ္မွသင္တန္းသားစစ္သည္မ်ား တက္ေရာက္ၾကသည္။

ေတြ႕ဆုံပြဲမ်ား၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကအမွာစကားေျပာၾကားရာတြင္ ယခုနယ္ေျမမ်ား သည္ ယခင္ကသြားလာမႈခက္ခဲသည့္ေနရာမ်ားျဖစ္ၿပီး ယခုအခါတည္ၿငိမ္ ေအးခ်မ္းမႈအထုိက္ အေလ်ာက္ရရွိၿပီျဖစ္၍ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္လာေသာ္လည္း ထာ၀ရတည္ၿငိမ္ ေအးခ်မ္းမႈမရရွိေသးေၾကာင္း၊ အယူ၀ါဒမတူညီမႈမ်ားႏွင့္ တုိင္းရင္းသားေရးမ်ားေၾကာင့္ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရၿပီးခ်ိန္မွစ၍ ယေန႔ထက္တုိင္ မိမိတုိ႔ႏုိင္ငံတြင္တုိင္းရင္းသား လက္နက္ကုိင္ ပဋိပကၡ မ်ားရွိေနေသးေၾကာင္း၊ ယခင္တပ္မေတာ္အစုိးရတာ၀န္ယူခ်ိန္တြင္ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕မ်ားႏွင့္ ၿငိမ္းခ်မ္းေရးရရွိေအာင္ေဆာင္ရြက္ခဲ့သကဲ့သုိ႔ ၂၀၁၁ ခုႏွစ္ျပည္သူမ်ားမွေရြးခ်ယ္သည့္ ဒီမုိကေရစီအစုိးရတာ၀န္ယူခ်ိန္တြင္လည္း က်န္ရွိေနသည့္တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕မ်ားကုိ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚသုိ႕ေရာက္ရွိေအာင္ေဆာင္ရြက္ခဲ့ေၾကာင္း၊ ဒီမုိကေရစီစနစ္ဆုိသည္မွာ ဥပေဒေဘာင္အတြင္းမွသာၿငိမ္းခ်မ္းစြာ ေဆာင္ရြက္ရျခင္း ျဖစ္၍ ဥပေဒကုိေက်ာ္လြန္ေဆာင္ရြက္၍ မရေၾကာင္း၊ အယူ၀ါဒေရးရာအရကြဲျပားမႈႏွင့္ တုိင္းရင္းသားအေရးအရအျမင္ကြဲလြဲမႈမ်ားကုိ ဥေပဒေဘာင္အတြင္းမွသာေျဖရွင္း ေဆာင္ရြက္ရမည္ျဖစ္သျဖင့္ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕မ်ားကုိ ၿငိမ္းခ်မ္းေရး ကမ္းလွမ္းခဲ့ေၾကာင္း၊ မိမိတုိ႔ျမန္မာႏုိင္ငံအတြင္း တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အားလုံးရွိ ေဒသတုိင္းတြင္တုိင္းရင္းသား လူမ်ိဳးစုတစ္ခုတည္းသာေနထုိင္သည္မဟုတ္ဘဲ အားလုံးေပါင္းစည္းေနထုိင္ၾကေၾကာင္း၊ တုိင္းရင္းသားလူမ်ိဳးစုတစ္ခုတည္းကုိသာ အခြင့္အေရးေပး ထားသည့္ေနရာမ်ားမရွိဘဲ အားလုံးတန္းတူအခြင့္အေရးရရွိေအာင္ ေဆာင္ရြက္ေပးထားၿပီး တုိင္းရင္းသားေရးအရခြဲျခားမႈမရွိေၾကာင္း၊ ထာ၀ရ ၿငိမ္းခ်မ္းေရးရရွိေစရန္အတြက္ေဆာင္ရြက္ရာတြင္ ျပည္သူႏွင့္တပ္မေတာ္တစ္သားတည္း ရွိေနေစရန္၊ ျပည္သူကတပ္မေတာ္အေပၚ အားကုိး အားထားရွိေနေစရန္ႏွင့္ ယုံၾကည္မႈ ရွိေနေစရန္မိမိတုိ႔သက္ဆုိင္ရာနယ္ေျမမ်ားအလုိက္ ေဆာင္ရြက္ ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္၏အဓိကလုပ္ငန္းတာ၀န္မွာ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္၊ ေလ့က်င့္ေရးတာ၀န္ႏွင့္ျပည္သူ႕အက်ိဳးျပဳလုပ္ငန္း တာ၀န္မ်ားျဖစ္သည့္အားေလ်ာ္စြာ ျပည္သူမ်ား၏ လုိအပ္ခ်က္ျဖစ္သည့္ ပညာေရး၊ က်န္းမာေရးႏွင့္ဖြံ႕ၿဖိဳးတုိးတက္ေရး စသည့္အက်ိဳးျပဳလုပ္ငန္းမ်ား ကုိစဥ္ဆက္မပ်က္ေဆာင္ရြက္ေနျခင္းျဖင့္ ျပည္သူမ်ားမွ မိမိတုိ႔တပ္မေတာ္သားမ်ားအား ယုံၾကည္ အားကုိးလာမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ ေဆာင္ရြက္ရင္း မိမိတုိ႔တပ္မ်ား၏စြမ္းရည္ကုိလည္း ျမႇင့္တင္ ေဆာင္ရြက္ေနရမည္ျဖစ္ ေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ မိမိတုိ႔တပ္မေတာ္သားမ်ားသည္ တပ္တည္ေဆာက္ေရးတာ၀န္၊ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ႏွင့္ ေဒသလုံၿခဳံေရးတာ၀န္စသည့္တာ၀န္မ်ားကုိ အၿမဲအသင့္ ျဖစ္ေအာင္ေဆာင္ရြက္ေနရသူမ်ား ျဖစ္သျဖင့္ ၂၄ နာရီတာ၀န္ ထမ္းေဆာင္ေနၾကရသူမ်ားျဖစ္ေၾကာင္း၊မိမိတုိ႔သက္ဆုိင္ရာတပ္အလုိက္ ေန႔စဥ္ေလ့က်င့္ေရးလုပ္ငန္းစဥ္မ်ား ကုိလည္းအၿမဲမျပတ္ေလ့က်င့္ေဆာင္ရြက္ျခင္းျဖင့္ မိမိတုိ႔တပ္မ်ား သည္အၿမဲအသင့္ျဖစ္ေနမည္ျဖစ္ၿပီး တုိင္းျပည္ကုိကာကြယ္ႏိုင္မည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ တပ္မေတာ္သားမ်ား အေနျဖင့္က်န္းမာႀကံ့ခုိင္ေစရန္အတြက္ ေလ့က်င့္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ ေနရမည္ျဖစ္သကဲ့သုိ႔ အာဟာရျပည့္၀စြာစားေသာက္ႏုိင္ရန္လည္းလုိအပ္ေၾကာင္း၊ မိမိတုိ႔၏ က်န္းမာေရးကုိ ထိခုိက္ေစႏုိင္သည့္ ေဆးလိပ္၊ ကြမ္းႏွင့္အရက္ေသာက္သုံးျခင္းကုိ ေရွာင္က်ဥ္ရန္ လုိေၾကာင္း၊ တပ္မေတာ္သည္ဆင့္ကဲကြပ္ကဲမႈစနစ္က်င့္သုံးသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္သျဖင့္ မိမိတုိ႔ထက္ရာထူးႀကီးသည့္သူမွေပးအပ္သည့္အမိန္႔ကုိ နာခံရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားအားလုံးညီအစ္ကုိစိတ္ဓာတ္၊ မိသားစု စိတ္ဓာတ္ျဖင့္ ေနထုိင္ေျပာဆုိေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အဆင့္ဆင့္ေသာ သတင္းပုိ႔စနစ္ျဖင့္ မိမိတုိ႔၏ လုိအပ္ခ်က္မ်ားအားအုပ္ခ်ဳပ္သူမ်ား ထံတင္ျပၿပီးေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တပ္တြင္းစည္းလုံး ညီၫြတ္မႈကုိတည္ေဆာက္ျခင္းျဖင့္ျပည္သူမ်ားမွလည္း တပ္မေတာ္အေပၚေလးစားယုံၾကည္စြာ ဆက္ဆံမည္ျဖစ္ေၾကာင္းရွင္းလင္းမွာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္တန္းျမင့္သင္တန္းေက်ာင္းမ်ားသည္ တပ္မေတာ္၏စြမ္းရည္ ျမႇင့္တင္ ေပးရာတြင္အေရးပါသည့္သင္တန္းေက်ာင္းမ်ားျဖစ္ေၾကာင္း၊ တတ္ကြၽမ္းၿပီးေသာ စစ္ပညာမ်ားကုိ ပုိမုိတတ္ကြၽမ္းေစရန္ႏွင့္ အဆင့္တုိးျမႇင့္ျခင္းအတြက္လုိအပ္သည့္ပညာ ရပ္မ်ားကုိေလ့က်င့္သင္ၾကား ႏုိင္ရန္အတြက္ဖြင့္လွစ္ထားျခင္းျဖစ္ေၾကာင္း၊ သင္တန္း ေက်ာင္းမွေလ့က်င့္သင္ၾကားေပးလုိက္သည့္ ပညာရပ္မ်ားကုိလက္ေတြ႕နယ္ပယ္တြင္ မွန္မွန္ကန္ကန္ထိထိေရာက္ေရာက္အသုံးခ်ရန္လုိေၾကာင္း၊ ေလ့လာ၊ ေလ့က်င့္၊ လုိက္နာ ဆုိသည့္အတုိင္း ေခတ္ႏွင့္အညီအၿမဲတုိးတက္ေျပာင္းလဲေနသည့္ စစ္ပညာရပ္မ်ားႏွင့္ လက္နက္မ်ားကုိကြၽမ္းက်င္စြာကုိင္တြယ္အသုံးခ်ႏုိင္ရန္အတြက္ အၿမဲေလ့လာျခင္း၊ ၎တုိ႕ကုိ ကြၽမ္းက်င္မႈရွိေအာင္အၿမဲေလ့က်င့္ျခင္း၊ ထုိသုိ႔ေလ့လာေလ့က်င့္ခဲ့မႈ မ်ားအား လက္ေတြ႕ နယ္ပယ္၌ အၿမဲလုိက္နာက်င့္သုံးေနရမည္ျဖစ္ေၾကာင္း၊ သုိ႕မွသာႏုိင္ငံေတာ္ကုိ ကာကြယ္ႏုိင္ မည္ျဖစ္ေၾကာင္း၊ ႏုိင္ငံတုိင္းရွိတပ္မေတာ္တုိင္းသည္ မိမိတို႔၏ႏုိင္ငံကုိ ကာကြယ္ေနျခင္းျဖစ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ၏ႏုိင္ငံျခားေရးမူ၀ါဒမွာ လြတ္လပ္၍ တက္ၾကြေသာႏုိင္ငံျခားေရးမူ၀ါဒကုိက်င့္သုံးလ်က္ရွိၿပီး ႏုိင္ငံအားလုံးႏွင့္မိတ္၀တ္မပ်က္ ဆက္ဆံေရးကုိတည္ေဆာက္ထားေၾကာင္းရွင္းလင္းေျပာၾကားသည္။

ထုိ႕ေနာက္ ႏုိင္ငံတစ္ခုကုိတည္ေဆာက္ရာတြင္ ႏုိင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရး ႏွင့္ပတ္သက္ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒျဖင့္ ျပည္သူကုိအာမခံခ်က္ေပးရေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒအား ႏုိင္ငံသားအားလုံး၏အမ်ားဆႏၵႏွင့္အညီ အတည္ျပဳျခင္းျဖစ္ေၾကာင္း၊ ႏုိင္ငံေရးအရ တည္ၿငိမ္ ေအးခ်မ္းမႈ၊ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈစသည့္ အခ်က္မ်ားအားအာမခံခ်က္ ခုိင္ခိုင္မာမာ ရွိေနေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ဥပေဒႏွင့္အညီဖြဲ႕စည္းထားသည့္တပ္မေတာ္သည္ ဥပေဒႏွင့္အညီသာေဆာင္ရြက္ရမည္ျဖစ္ၿပီး ဥပေဒႏွင့္အညီေဆာင္ရြက္မႈမရွိသူမ်ား အားအေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္သားမ်ားသည္ျပည္သူၾကားမွ ေပါက္ဖြားလာသူမ်ားျဖစ္ၿပီး ျပည္သူမ်ား၏အစိတ္အပုိင္းတစ္ခုျဖစ္သျဖင့္ ျပည္သူမ်ားအတြက္ ထုတ္ျပန္ထားသည့္ ဥပေဒမ်ားအား ေလးစားလုိက္နာရသကဲ့သုိ႔ စစ္ဘက္ဆုိင္ရာစည္းမ်ဥ္း၊ ဥပေဒမ်ားကုိလည္း ေလးစားလုိက္နာ ရေၾကာင္း၊ စည္းကမ္းသည္တပ္မေတာ္၏ ေက်ာ႐ိုးမ႑ိဳင္ဆုိသည့္အတုိင္း စည္းကမ္းျဖင့္သာ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ႏုိင္ရန္အတြက္တပ္မေတာ္သားတုိင္း စစ္စည္းကမ္း ေကာင္းမြန္ရန္ လုိအပ္ေၾကာင္း၊ စည္းကမ္းဆုိသည္မွာတုိက္တြန္းခ်က္၊ တားျမစ္ခ်က္ပင္ျဖစ္ၿပီး စည္းကမ္းကုိ ဥပေဒျဖင့္ထိန္းခ်ဳပ္ထားေၾကာင္း၊ အေျခခံအက်ဆုံးျဖစ္သည့္စစ္စည္းကမ္းသည္ တပ္မေတာ္၏ အသက္ေသြးေၾကာပင္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔တပ္မေတာ္သား မ်ားအေနျဖင့္ စည္းကမ္းေကာင္းသည့္သူမ်ားျဖစ္ေအာင္ ေဆာင္ရြက္ၾကရန္လုိေၾကာင္း မွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေဘာလခဲတပ္နယ္ရွိ အရာရွိ၊ စစ္သည္မိသားစုမ်ားႏွင့္ ဖ႐ူဆုိတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ သင္တန္းသားမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား အားေပးအပ္ရာ ေဘာလခဲတပ္နယ္မွဴးႏွင့္ ဖ႐ူဆုိတပ္နယ္ရွိ တပ္မေတာ္တန္းျမင့္ ေလ့က်င့္ေရးေက်ာင္း ေက်ာင္းအုပ္ႀကီးတုိ႔မွလက္ခံရယူသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွက ေဘာလခဲတပ္နယ္ႏွင့္ ဖ႐ူဆုိတပ္နယ္ရွိ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ တာ၀န္ရွိ သူမ်ားကလက္ခံရယူၾကသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး တုိ႕က တပ္နယ္မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ သင္တန္းသားအရာရွိ၊ စစ္သည္မ်ားႏွင့္ နယ္ျခားေစာင့္တပ္မွအရာရွိ၊ စစ္သည္မ်ား အတြက္ စားေသာက္ဖြယ္ရာ မ်ား၊အားကစားပစၥည္းမ်ားႏွင့္သုတရသစာအုပ္စာေစာင္မ်ားအား အသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနား တက္ေရာက္လာၾကသည့္အရာရွိ၊ စစ္သည္မ်ားအားရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္ခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေဘာလခဲတပ္နယ္ရွိ နယ္ေျမခံ တပ္မေတာ္ေဆး႐ုံသုိ႔သြားေရာက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကအမ်ိဳးသားကုသေဆာင္တြင္ တက္ေရာက္ကုသလ်က္ရွိသည့္ အရာရွိ၊ စစ္သည္မ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီးလုိက္လံ အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပး အပ္သည္။ ထုိ႔အတူ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးေဒၚၾကဴၾကဴလွသည္လည္း အမ်ိဳးသမီးေဆာင္တြင္ တက္ေရာက္ကုသ လ်က္ရွိသည့္ မိသားစု၀င္မ်ားအားရင္းရင္း ႏွီးႏွီးလုိက္လံႏႈတ္ဆက္အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္ခဲ့ သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေန႔လယ္ပုိင္းတြင္ ဖ႐ူဆုိတပ္နယ္ရွိ တပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးေက်ာင္းရွိ သင္တန္းသားစားရိပ္သာ၌ သင္တန္းသားမ်ားႏွင့္ ေန႔လယ္စာအား အတူတကြသုံးေဆာင္ခဲ့သည္။

(Unicode Version)

တိုင်းပြည်၏အားသည်ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း အားလုံးစည်းလုံး ညီညွတ်မှုရှိမှသာ အားရှိမည်ဖြစ်၊ ပြည်တွင်း စည်းလုံးညီညွတ်မှုမရှိသည့်နိုင်ငံတိုင်း ပြိုကွဲသွားသည်ကိုတွေ့ရှိရမည်ဖြစ်

နေပြည်တော်၊ စက်တင်ဘာ – ၁၁

မိမိတို့နိုင်ငံ၏ ကိုလိုနီခေတ်အတိတ်သမိုင်းတွင်နိုင်ငံ၏သယံဇာတသိမ်းပိုက်ခံရမှု၊ ယဉ်ကျေးမှု၊ မျိုးချစ်စိတ်၊ အမျိုးဘာသာ၊ သာသနာအားလုံးကိုရိုက်ချိုးခံခဲ့ရသည့်ခါးသီးသည့် အတွေ့အကြုံများ ရှိခဲ့သဖြင့် ထိုကဲ့သို့နောက်တစ်ကြိမ်မဖြစ်ပွားစေရန်အတွက် မိမိတို့အနေဖြင့်ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသည့် မိမိတို့တပ်မတော်သည် စွမ်းရည်ထက်မြက်သည့် တပ်မတော်၊ နိုင်ငံတော်ကိုကာကွယ်နိုင်စွမ်း ရှိသည့်တပ်မတော်ဖြစ်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့် အတိုင်း အားလုံးစည်းလုံး ညီညွတ်မှသာအားရှိမည် ဖြစ်ကြောင်း၊ ပြည်တွင်းစည်းလုံးညီညွတ်မှု မရှိသည့်နိုင်ငံတိုင်း ပြိုကွဲသွားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်တိုင်းရင်းသားလူမျိုးများ အနေဖြင့်လည်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နေထိုင်မှသာ တိုင်းပြည်အားရှိမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘောလခဲ တပ်နယ်ရှိအရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖရူဆိုတပ်နယ်ရှိ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်များ၊ သင်တန်းသားအရာရှိ၊ စစ်သည်များနှင့် နယ်ခြားစောင့်တပ်မှ သင်တန်းသားစစ်သည်များအား ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် သီးခြားစီတွေ့ဆုံ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ တပ်နယ်များမှအရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြအရာရှိ၊ စစ်သည်များ၊ သင်တန်းသား အရာရှိ၊ စစ်သည်များနှင့် နယ်ခြားစောင့်တပ်မှသင်တန်းသားစစ်သည်များ တက်ရောက်ကြသည်။

တွေ့ဆုံပွဲများ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမှာစကားပြောကြားရာတွင် ယခုနယ်မြေများ သည် ယခင်ကသွားလာမှုခက်ခဲသည့်နေရာများဖြစ်ပြီး ယခုအခါတည်ငြိမ် အေးချမ်းမှုအထိုက် အလျောက်ရရှိပြီဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသော်လည်း ထာဝရတည်ငြိမ် အေးချမ်းမှုမရရှိသေးကြောင်း၊ အယူဝါဒမတူညီမှုများနှင့် တိုင်းရင်းသားရေးများကြောင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့ထက်တိုင် မိမိတို့နိုင်ငံတွင်တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ များရှိနေသေးကြောင်း၊ ယခင်တပ်မတော်အစိုးရတာဝန်ယူချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ခဲ့သကဲ့သို့ ၂၀၁၁ ခုနှစ်ပြည်သူများမှရွေးချယ်သည့် ဒီမိုကရေစီအစိုးရတာဝန်ယူချိန်တွင်လည်း ကျန်ရှိနေသည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ရောက်ရှိအောင်ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ ဥပဒေဘောင်အတွင်းမှသာငြိမ်းချမ်းစွာ ဆောင်ရွက်ရခြင်း ဖြစ်၍ ဥပဒေကိုကျော်လွန်ဆောင်ရွက်၍ မရကြောင်း၊ အယူဝါဒရေးရာအရကွဲပြားမှုနှင့် တိုင်းရင်းသားအရေးအရအမြင်ကွဲလွဲမှုများကို ဥပေဒဘောင်အတွင်းမှသာဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ကြောင်း၊ မိမိတို့မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ ဒေသတိုင်းတွင်တိုင်းရင်းသား လူမျိုးစုတစ်ခုတည်းသာနေထိုင်သည်မဟုတ်ဘဲ အားလုံးပေါင်းစည်းနေထိုင်ကြကြောင်း၊ တိုင်းရင်းသားလူမျိုးစုတစ်ခုတည်းကိုသာ အခွင့်အရေးပေး ထားသည့်နေရာများမရှိဘဲ အားလုံးတန်းတူအခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးထားပြီး တိုင်းရင်းသားရေးအရခွဲခြားမှုမရှိကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးရရှိစေရန်အတွက်ဆောင်ရွက်ရာတွင် ပြည်သူနှင့်တပ်မတော်တစ်သားတည်း ရှိနေစေရန်၊ ပြည်သူကတပ်မတော်အပေါ် အားကိုး အားထားရှိနေစေရန်နှင့် ယုံကြည်မှု ရှိနေစေရန်မိမိတို့သက်ဆိုင်ရာနယ်မြေများအလိုက် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်၏အဓိကလုပ်ငန်းတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့်ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များဖြစ်သည့်အားလျော်စွာ ပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး စသည့်အကျိုးပြုလုပ်ငန်းများ ကိုစဉ်ဆက်မပျက်ဆောင်ရွက်နေခြင်းဖြင့် ပြည်သူများမှ မိမိတို့တပ်မတော်သားများအား ယုံကြည် အားကိုးလာမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရင်း မိမိတို့တပ်များ၏စွမ်းရည်ကိုလည်း မြှင့်တင် ဆောင်ရွက်နေရမည်ဖြစ် ကြောင်းပြောကြားသည်။

ထို့နောက် မိမိတို့တပ်မတော်သားများသည် တပ်တည်ဆောက်ရေးတာဝန်၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်နှင့် ဒေသလုံခြုံရေးတာဝန်စသည့်တာဝန်များကို အမြဲအသင့် ဖြစ်အောင်ဆောင်ရွက်နေရသူများ ဖြစ်သဖြင့် ၂၄ နာရီတာဝန်ထမ်းဆောင်နေကြရသူများဖြစ်ကြောင်း၊မိမိတို့သက်ဆိုင်ရာတပ်အလိုက် နေ့စဉ်လေ့ကျင့်ရေးလုပ်ငန်းစဉ်များ ကိုလည်းအမြဲမပြတ်လေ့ကျင့်ဆောင်ရွက်ခြင်းဖြင့် မိမိတို့တပ်များ သည်အမြဲအသင့်ဖြစ်နေမည်ဖြစ်ပြီး တိုင်းပြည်ကိုကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သားများ အနေဖြင့်ကျန်းမာကြံ့ခိုင်စေရန်အတွက် လေ့ကျင့်ရေးလုပ်ငန်းများဆောင်ရွက် နေရမည်ဖြစ်သကဲ့သို့ အာဟာရပြည့်ဝစွာစားသောက်နိုင်ရန်လည်းလိုအပ်ကြောင်း၊ မိမိတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်၊ ကွမ်းနှင့်အရက်သောက်သုံးခြင်းကို ရှောင်ကျဉ်ရန် လိုကြောင်း၊ တပ်မတော်သည်ဆင့်ကဲကွပ်ကဲမှုစနစ်ကျင့်သုံးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် မိမိတို့ထက်ရာထူးကြီးသည့်သူမှပေးအပ်သည့်အမိန့်ကို နာခံရမည်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံးညီအစ်ကိုစိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်ဖြင့် နေထိုင်ပြောဆိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆင့်ဆင့်သော သတင်းပို့စနစ်ဖြင့် မိမိတို့၏ လိုအပ်ချက်များအားအုပ်ချုပ်သူများ ထံတင်ပြပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံး ညီညွတ်မှုကိုတည်ဆောက်ခြင်းဖြင့်ပြည်သူများမှလည်း တပ်မတော်အပေါ်လေးစားယုံကြည်စွာ ဆက်ဆံမည်ဖြစ်ကြောင်းရှင်းလင်းမှာကြားသည်။

ဆက်လက်ပြီး တပ်မတော်တန်းမြင့်သင်တန်းကျောင်းများသည် တပ်မတော်၏စွမ်းရည် မြှင့်တင် ပေးရာတွင်အရေးပါသည့်သင်တန်းကျောင်းများဖြစ်ကြောင်း၊ တတ်ကျွမ်းပြီးသော စစ်ပညာများကို ပိုမိုတတ်ကျွမ်းစေရန်နှင့် အဆင့်တိုးမြှင့်ခြင်းအတွက်လိုအပ်သည့်ပညာ ရပ်များကိုလေ့ကျင့်သင်ကြား နိုင်ရန်အတွက်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ သင်တန်း ကျောင်းမှလေ့ကျင့်သင်ကြားပေးလိုက်သည့် ပညာရပ်များကိုလက်တွေ့နယ်ပယ်တွင် မှန်မှန်ကန်ကန်ထိထိရောက်ရောက်အသုံးချရန်လိုကြောင်း၊ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့်အတိုင်း ခေတ်နှင့်အညီအမြဲတိုးတက်ပြောင်းလဲနေသည့် စစ်ပညာရပ်များနှင့် လက်နက်များကိုကျွမ်းကျင်စွာကိုင်တွယ်အသုံးချနိုင်ရန်အတွက် အမြဲလေ့လာခြင်း၊ ၎င်းတို့ကို ကျွမ်းကျင်မှုရှိအောင်အမြဲလေ့ကျင့်ခြင်း၊ ထိုသို့လေ့လာလေ့ကျင့်ခဲ့မှုများအား လက်တွေ့ နယ်ပယ်၌ အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ကြောင်း၊ သို့မှသာနိုင်ငံတော်ကို ကာကွယ်နိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းရှိတပ်မတော်တိုင်းသည် မိမိတို့၏နိုင်ငံကို ကာကွယ်နေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်၍ တက်ကြွသောနိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးလျက်ရှိပြီး နိုင်ငံအားလုံးနှင့်မိတ်ဝတ်မပျက် ဆက်ဆံရေးကိုတည်ဆောက်ထားကြောင်းရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတစ်ခုကိုတည်ဆောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြည်သူကိုအာမခံချက်ပေးရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား နိုင်ငံသားအားလုံး၏အများဆန္ဒနှင့်အညီ အတည်ပြုခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုစသည့် အချက်များအားအာမခံချက် ခိုင်ခိုင်မာမာ ရှိနေအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီဖွဲ့စည်းထားသည့်တပ်မတော်သည် ဥပဒေနှင့်အညီသာဆောင်ရွက်ရမည်ဖြစ်ပြီး ဥပဒေနှင့်အညီဆောင်ရွက်မှုမရှိသူများ အားအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သားများသည်ပြည်သူကြားမှ ပေါက်ဖွားလာသူများဖြစ်ပြီး ပြည်သူများ၏အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် ပြည်သူများအတွက် ထုတ်ပြန်ထားသည့် ဥပဒေများအား လေးစားလိုက်နာရသကဲ့သို့ စစ်ဘက်ဆိုင်ရာစည်းမျဉ်း၊ ဥပဒေများကိုလည်း လေးစားလိုက်နာ ရကြောင်း၊ စည်းကမ်းသည်တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဆိုသည့်အတိုင်း စည်းကမ်းဖြင့်သာ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်တပ်မတော်သားတိုင်း စစ်စည်းကမ်း ကောင်းမွန်ရန် လိုအပ်ကြောင်း၊ စည်းကမ်းဆိုသည်မှာတိုက်တွန်းချက်၊ တားမြစ်ချက်ပင်ဖြစ်ပြီး စည်းကမ်းကို ဥပဒေဖြင့်ထိန်းချုပ်ထားကြောင်း၊ အခြေခံအကျဆုံးဖြစ်သည့်စစ်စည်းကမ်းသည် တပ်မတော်၏ အသက်သွေးကြောပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်သား များအနေဖြင့် စည်းကမ်းကောင်းသည့်သူများဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘောလခဲတပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများနှင့် ဖရူဆိုတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများ အားပေးအပ်ရာ ဘောလခဲတပ်နယ်မှူးနှင့် ဖရူဆိုတပ်နယ်ရှိ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးတို့မှလက်ခံရယူသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက ဘောလခဲတပ်နယ်နှင့် ဖရူဆိုတပ်နယ်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိ သူများကလက်ခံရယူကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး တို့က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသားအရာရှိ၊ စစ်သည်များနှင့် နယ်ခြားစောင့်တပ်မှအရာရှိ၊ စစ်သည်များ အတွက် စားသောက်ဖွယ်ရာ များ၊အားကစားပစ္စည်းများနှင့်သုတရသစာအုပ်စာစောင်များအား အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက်လာကြသည့်အရာရှိ၊ စစ်သည်များအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘောလခဲတပ်နယ်ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့သွားရောက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကအမျိုးသားကုသဆောင်တွင် တက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေး အပ်သည်။ ထို့အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှသည်လည်း အမျိုးသမီးဆောင်တွင် တက်ရောက်ကုသ လျက်ရှိသည့် မိသားစုဝင်များအားရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့ သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် ဖရူဆိုတပ်နယ်ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းရှိ သင်တန်းသားစားရိပ်သာ၌ သင်တန်းသားများနှင့် နေ့လယ်စာအား အတူတကွသုံးဆောင်ခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။