တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်၊ မြန်မာ့တပ်မတော်သေနတ်ပစ်အသင်း၏ လေ့ကျင့်ပစ်ခတ်နေမှုများအားကြည့်ရှုအားပေး

ေနျပည္ေတာ္၊ စက္တင္ဘာ ၂၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ စက္တင္ဘာ ၁၉ ရက္ႏွင့္ ယေန႔တုိ႔တြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္နည္းပညာတကၠသုိလ္၌ ျပဳလုပ္သည့္ တပ္မေတာ္ နည္းပညာတကၠသုိလ္ ဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္(၂၁) စစ္လက္႐ုံးေရြးခ်ယ္ပြဲသုိ႔ တက္ေရာက္ စိစစ္ေရြးခ်ယ္သည္။

အဆုိပါစစ္လက္႐ုံးေရြးခ်ယ္ပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ တပ္မေတာ္နည္းပညာတကၠသုိလ္ ေက်ာင္းအုပ္ႀကီး ဗုိလ္မွဴးခ်ဳပ္ ႏုိင္ႏုိင္ဦးတုိ႔ တက္ေရာက္ၾကၿပီး ဗုိလ္ေလာင္းမ်ားအား စစ္လက္႐ုံး အသီးသီးအတြက္ စိစစ္ေရြးခ်ယ္ေပးၾကသည္။

ေန႔လယ္ပုိင္းမ်ားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္နည္းပညာတကၠသုိလ္ဗုိလ္ေလာင္းစားရိပ္သာ၌ သင္တန္းသားဗုိလ္ေလာင္းမ်ားႏွင့္အတူ ေန႔လယ္စာကုိ အတူတကြသုံးေဆာင္ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္နည္းပညာတကၠသုိလ္ စာသင္ေဆာင္အတြင္းရွိ စာသင္ခန္းမ်ားအတြင္း ဗုိလ္ေလာင္းမ်ား စာသင္ၾကားေနမႈအေျခအေနမ်ား လွည့္လည္ၾကည့္႐ႈစစ္ေဆး၍ ဗုိလ္ေလာင္းအိပ္ေဆာင္မ်ားႏွင့္ စာၾကည့္တုိက္အတြင္း လွည့္လည္ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚလုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္နည္းပညာတကၠသုိလ္ စုိက္ပ်ိဳးေမြးျမဴေရးၿခံအတြင္း DYL ၀က္မ်ားေမြးျမဴ ထားရွိမႈ၊ ဥစားၾကက္မ်ားေမြးျမဴထားရွိမႈႏွင့္ အစာေမႊစက္႐ုံအတြင္း လွည့္လည္ၾကည့္႐ႈစစ္ေဆးရာ ေက်ာင္းအုပ္ႀကီးႏွင့္တာ၀န္ရွိသူမ်ားကလုိက္လံရွင္းလင္းတင္ျပၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ မေလးရွားႏုိင္ငံ၌ႏုိ၀င္ဘာလတြင္ က်င္းပျပဳလုပ္မည့္(၂၈)ႀကိမ္ေျမာက္အာဆီယံ တပ္မေတာ္ၾကည္းမ်ားေသနတ္ပစ္ၿပိဳင္ပြဲတြင္ ၀င္ေရာက္ ယွဥ္ၿပိဳင္ရန္အတြက္ ျပင္ဦးလြင္ တပ္နယ္ရွိ တပ္မေတာ္စက္ပစ္ကြင္းအတြင္းေလ့က်င့္ေနၾကသည့္ ျမန္မာ့တပ္မေတာ္ ေသနတ္ပစ္အသင္းမွ အရာရွိ၊ စစ္သည္မ်ား၏ ပစၥတုိအမ်ိဳးသားပစ္ခတ္စဥ္၊ ပစၥတုိ အမ်ိဳးသမီးပစ္ခတ္စဥ္၊ ကာဘုိင္အမ်ိဳးသားပစ္ခတ္စဥ္၊ စက္ေသနတ္ပစ္ခတ္စဥ္ႏွင့္ ႐ုိင္ဖယ္ပစ္ခတ္စဥ္မ်ား ေလ့က်င့္ပစ္ခတ္ေနမႈအေျခအေနမ်ားအား ၾကည့္႐ႈအားေပးသည္။

ေလ့က်င့္ပစ္ခတ္မႈမ်ားအားေပးၾကည့္႐ႈၿပီး ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ့ တပ္မေတာ္ေသနတ္ပစ္အသင္းမွ အရာရွိ၊ စစ္သည္မ်ားအားေတြ႕ဆုံ အမွာစကားေျပာၾကားရာတြင္ ယခုကဲ့သုိ႔ေလ့က်င့္ပစ္ခတ္ခ်ိန္တြင္စံခ်ိန္ေကာင္းမ်ား ရရွိသည္ကုိေတြ႕ရွိရသျဖင့္ ေလ့က်င့္သား ျပည့္၀မႈကုိ ေတြ႕ရွိရေၾကာင္း၊ တပ္မေတာ္သားမ်ားအတြက္ ေသနတ္ပစ္အားကစားသည္အေရးႀကီး သည့္ အားကစားတစ္ခုျဖစ္ေၾကာင္း၊ အားကစားျမႇင့္တင္ျခင္းသည္ ႏုိင္ငံခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္ႏွင့္ တုိင္းျပည္ကာကြယ္လုိစိတ္ ကုိျမႇင့္တင္ေပးျခင္းပင္ျဖစ္ေၾကာင္း၊ ျမန္မာ့တပ္မေတာ္ေသနတ္ပစ္ အသင္းအေနျဖင့္ ယခုထက္ပုိမုိေကာင္းမြန္သည့္ရလဒ္ေကာင္းမ်ားရရွိၿပီး ၿပိဳင္ဘက္အသင္းမ်ားထက္ သာလြန္ေအာင္ႀကိဳးစားရမည္ျဖစ္ေၾကာင္း၊ မည္သည့္အားကစားမဆုိနည္းစနစ္ပုိင္း ဆုိင္ရာနည္းျပႏွင့္ ႀကံ့ခုိင္ေရးဆုိင္ရာနည္းျပလုိအပ္ၿပီး ကုိယ္လက္ႀကံ့ခုိင္မႈႏွင့္ သက္လုံေကာင္းေစရန္ႏွင့္ နည္းစနစ္က်န ေစရန္အတြက္ စိတ္ေရာကုိယ္ပါေလ့က်င့္ေနရန္ လုိအပ္ေၾကာင္း၊ ထုိ႔အတူမိမိတုိ႔၏ က်န္းမာေရးကုိ အေထာက္အကူျဖစ္ေစႏုိင္သည့္ ေနထုိင္ စားေသာက္မႈႏွင့္ ၀တ္စားဆင္ယင္မႈမ်ားရွိရန္လိုအပ္ၿပီး တစ္ဦးႏွင့္တစ္ဦး မိသားစု စိတ္ဓာတ္၊ ညီအစ္ကုိေမာင္ႏွမစိတ္ဓာတ္ျဖင့္ စည္းစည္းလုံးလုံး ေနထုိင္ၾကရန္လိုေၾကာင္း မွာၾကားသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ့တပ္မေတာ္ေသနတ္ပစ္ အသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ တာ၀န္ရွိသူတစ္ဦးကလက္ခံရယူခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်၊ မြန်မာ့ တပ်မတော်သေနတ်ပစ်အသင်း၏ လေ့ကျင့်ပစ်ခတ်နေမှုများအားကြည့်ရှုအားပေး

နေပြည်တော်၊ စက်တင်ဘာ ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၉ ရက်နှင့် ယနေ့တို့တွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၌ ပြုလုပ်သည့် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက် စိစစ်ရွေးချယ်သည်။

အဆိုပါစစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးတို့ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးကြသည်။

နေ့လယ်ပိုင်းများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်နည်းပညာ တက္ကသိုလ်ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသားဗိုလ်လောင်းများ နှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်နည်းပညာတက္ကသိုလ် စာသင်ဆောင်အတွင်းရှိ စာသင်ခန်းများအတွင်း ဗိုလ်လောင်းများ စာသင်ကြားနေမှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဗိုလ်လောင်းအိပ်ဆောင် များနှင့် စာကြည့်တိုက်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်နည်းပညာတက္ကသိုလ် စိုက်ပျိုးမွေးမြူရေးခြံအတွင်း DYL ၀က်များမွေးမြူ ထားရှိမှု၊ ဥစားကြက်များမွေးမြူထားရှိမှုနှင့် အစာမွှေစက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများကလိုက်လံရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မလေးရှားနိုင်ငံ၌နို၀င်ဘာလတွင် ကျင်းပပြုလုပ်မည့်(၂၈)ကြိမ်မြောက်အာဆီယံ တပ်မတော်ကြည်းများသေနတ်ပစ်ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် ပြင်ဦးလွင် တပ်နယ်ရှိ တပ်မတော်စက်ပစ်ကွင်းအတွင်းလေ့ကျင့်နေကြသည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းမှ အရာရှိ၊ စစ်သည်များ၏ ပစ္စတိုအမျိုးသားပစ်ခတ်စဉ်၊ ပစ္စတို အမျိုးသမီးပစ်ခတ်စဉ်၊ ကာဘိုင်အမျိုးသားပစ်ခတ်စဉ်၊ စက်သေနတ်ပစ်ခတ်စဉ်နှင့် ရိုင်ဖယ် ပစ်ခတ်စဉ်များ လေ့ကျင့်ပစ်ခတ်နေမှုအခြေအနေများအား ကြည့်ရှုအားပေး သည်။

လေ့ကျင့်ပစ်ခတ်မှုများအားပေးကြည့်ရှုပြီး နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့ တပ်မတော်သေနတ်ပစ်အသင်းမှ အရာရှိ၊ စစ်သည်များအားတွေ့ဆုံ အမှာစကားပြောကြားရာတွင် ယခုကဲ့သို့လေ့ကျင့်ပစ်ခတ်ချိန်တွင်စံချိန်ကောင်းများ ရရှိသည်ကိုတွေ့ရှိရသဖြင့် လေ့ကျင့်သား ပြည့်ဝမှုကို တွေ့ရှိရကြောင်း၊ တပ်မတော်သားများအတွက် သေနတ်ပစ်အားကစားသည်အရေးကြီး သည့် အားကစားတစ်ခုဖြစ်ကြောင်း၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် တိုင်းပြည်ကာကွယ်လိုစိတ် ကိုမြှင့်တင်ပေးခြင်းပင်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်သေနတ်ပစ် အသင်းအနေဖြင့် ယခုထက်ပိုမိုကောင်းမွန်သည့်ရလဒ်ကောင်းများရရှိပြီး ပြိုင်ဘက်အသင်းများထက် သာလွန်အောင်ကြိုးစားရမည်ဖြစ်ကြောင်း၊ မည်သည့်အားကစားမဆိုနည်းစနစ်ပိုင်း ဆိုင်ရာနည်းပြနှင့် ကြံ့ခိုင်ရေးဆိုင်ရာနည်းပြလိုအပ်ပြီး ကိုယ်လက်ကြံ့ခိုင်မှုနှင့် သက်လုံကောင်းစေရန်နှင့် နည်းစနစ်ကျန စေရန်အတွက် စိတ်ရောကိုယ်ပါလေ့ကျင့်နေရန် လိုအပ်ကြောင်း၊ ထို့အတူမိမိတို့၏ ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်သည့် နေထိုင် စားသောက်မှုနှင့် ၀တ်စားဆင်ယင်မှုများရှိရန်လိုအပ်ပြီး တစ်ဦးနှင့်တစ်ဦး မိသားစု စိတ်ဓာတ်၊ ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး နေထိုင်ကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော်သေနတ်ပစ် အသင်းအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးကလက်ခံရယူခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။