သပြေညီနောင် အောင်ဇေယျမုနိစေတီတော် ရွှေထီးတော်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂၃

ရွမ္းျပည္နယ္(ေျမာက္ပုိင္း)၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ငုကၡေလးေက်းရြာအနီးရွိ သေျပညီေနာင္ ေအာင္ေဇယ်မုနိေစတီေတာ္ ေရႊထီးေတာ္ ႏွင့္ ဗုဒၶါဘိေသကအေနကဇာတင္ အလွဴေတာ္မဂၤလာအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ က်င္းပျပဳလုပ္ရာ ႏုိင္ငံေတာ္ၾသ၀ါ ဒါစရိယ၊ ေနာင္ခ်ိဳၿမိဳ႕၊ ဘန္႔ေဘြးေက်ာင္းတုိက္ ဆရာေတာ္ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲဥတၱရအမွဴးျပဳေသာ သံဃာေတာ္ အရွင္သူျမတ္မ်ားၾကြေရာက္ ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးဗုိလ္ခ်ဳပ္ ေအာင္ေဇာ္ ေအး၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္း၊ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ား စည္ကား သုိက္ၿမိဳက္စြာတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဓမၼာ႐ုံအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ျမသပိတ္ဆြမ္းေတာ္ႏွင့္ ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အခမ္းအနားတက္ေရာက္လာၾကသူမ်ားက ႏုိင္ငံေတာ္ဗဟုိသံဃာ့၀န္ေဆာင္ လား႐ႈိးၿမိဳ႕၊ ေအတီတပ္ဦးေက်ာင္းတုိက္ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲဥတၱမထံမွ ငါးပါး သီလခံယူေဆာက္တည္ၾကၿပီး ေမတၱသုတ္ပရိတ္ တရားေတာ္မ်ားနာယူၾကသည္။

ထုိ႔ေနာက္ ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္၊ ပရိတ္သဲမ်ားအား ေစတီေတာ္၀တၱဳကံ ေနရာတြင္ ပက္ဖ်န္းႀကဲျဖန္႔ခ်ည္ေႏွာင္ တားဆီးကာရံၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နား ေတာ္ႏွင့္လွဴဖြယ္ ပစၥည္းမ်ားအား ဘန္႔ေဘြးေက်ာင္းတုိက္ ဆရာေတာ္ထံဆက္ကပ္လွဴဒါန္းၿပီး သေျပညီေနာင္ ေအာင္ေဇယ် မုနိေစတီေတာ္ ျပဳျပင္မြန္းမံႏုိင္ရန္အတြက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားမွလွဴဒါန္းသည့္ အလွဴေငြက်ပ္သိန္း ၅၀ အား ငုကၡေလးေက်ာင္းတုိက္ ဆရာေတာ္ ဘဒၵႏၲ စႏၵိမာထံဆက္ကပ္လွဴဒါန္းသည္။

ဆက္လက္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ တုိင္းမွဴးမ်ားက ေရႊထီးေတာ္ဘုံအဆင့္ဆင့္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအား သံဃာေတာ္ အရွင္သူျမတ္မ်ားထံ ဆက္ကပ္လွဴဒါန္းၾကသည္။ ထုိ႔ေနာက္ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ၊ ေနာင္ခ်ိဳၿမိဳ႕၊ ဘန္႔ေဘြးေက်ာင္းတုိက္ဆရာေတာ္ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲဥတၱရထံမွ အႏုေမာဒနာတရားနာယူ၍ လွဴဒါန္းမႈအစုစုအတြက္ေရစက္သြန္းခ် အမွ်ေပးေ၀ၾကသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္ မ်ားသည္ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ေရႊထီးေတာ္ဘုံအဆင့္ဆင့္ အားပင့္ေဆာင္၍ ေစတီေတာ္ႀကီးအား လက္ယာ ရစ္သုံးႀကိမ္လွည့္လည္ပူေဇာ္ၾကသည္။

ယင္းေနာက္ မဂၤလာအခ်ိန္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ား သည္ ေရႊထီးေတာ္ဘုံအဆင့္ဆင့္အား မဂၤလာရထားပ်ံျဖင့္ ေစတီေတာ္အထြတ္သုိ႔ ပင့္ေဆာင္တင္လွဴပူေဇာ္ၾကၿပီး ေရႊထီးေတာ္တင္လွဴပူေဇာ္မႈေအာင္ျမင္ျခင္း အထိမ္း အမွတ္ရတနာေရႊမုိးေငြမုိးမ်ားရြာသြန္းၿဖိဳးၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတုိ႔သည္ ေစတီေတာ္ ႀကီးျပန္လည္ျပဳျပင္မြမ္းမံတည္ေဆာက္ပူေဇာ္ျခင္း ေအာင္ပြဲမဂၤလာ ေမာ္ကြန္းအား အေမႊးနံ႔သာရည္မ်ားပက္ဖ်န္းၾကၿပီး ေစတီေတာ္လုိဏ္အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ျမသပိတ္ဆြမ္းေတာ္ႏွင့္ ပန္း၊ ေရခ်မ္းမ်ား ကပ္လွဴပူေဇာ္ၾကသည္။ ၎ေနာက္ သံဃာေတာ္မ်ားက ေစတီေတာ္ႀကီးအား ဗုဒၶါဘိေသကအေနကဇာတင္၍ ဗုဒၶါဘိသိက္ သြန္းေတာ္မူၾကသည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ ဆရာေတာ္ သံဃာေတာ္မ်ားအားေန႔ဆြမ္းဆက္ကပ္လွဴ ဒါန္းၾကသည္။ အဆုိပါသေျပညီေနာင္ေအာင္ေဇယ်မုနိဘုရားသည္ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ၇ မုိင္ခန္႔ေ၀းကြာသည့္ ငုကၡေလးေက်းရြာတြင္တည္ရွိသည္။ အေလာင္းမင္းတရားႀကီးသည္ ငုကၡေလးေက်းရြာတြင္အေျချပဳ၍ တ႐ုတ္တုိ႔၏က်ဴးေက်ာ္မႈအား ႏွိမ္နင္းေအာင္ျမင္ၿပီးေနာက္ က်ဆုံးစစ္သည္တုိ႔အားရည္စူး၍ သေျပညီေနာင္ေအာင္ေဇယ်မုနိ ေစတီေတာ္ အားတည္ထားခဲ့ၿပီး ဒုတိယကမၻာစစ္အတြင္း သိမ္၊ ေက်ာင္း၊ ဇရပ္မ်ား မီးေဘးသင့္ပ်က္စီးခဲ့သည္။ ၁၉၆၀ ခုႏွစ္ ၀န္းက်င္ခန္႔တြင္ေနာင္ခ်ိဳၿမိဳ႕နယ္၊ စစ္စဲကုန္းေက်းရြာမွ ဆရာေတာ္ ဦးပႏၷ၀မွႏွင့္ ဦးပဥၨင္းတစ္ပါး၊ ကုိရင္ႀကီးတစ္ပါးႏွင့္ သီလရွင္တစ္ပါးတုိ႔ေတာရေက်ာင္း ေဆာက္လုပ္သတင္းသုံးခဲ့ၿပီး ဆရာေတာ္ဦးပႏၷ၀ပ်ံလြန္ေတာ္မူၿပီးေနာက္ ဘုရားႀကီးမွာ ေခတၱတိမ္ျမဳပ္ေနခဲ့ပါသည္။ ထုိ႔ေနာက္ ၂၀၁၂ ခုႏွစ္မွစတင္၍ေဒသခံျပည္သူမ်ားႏွင့္ တပ္မေတာ္မွအႀကီးအကဲမ်ား ၀ုိင္း၀န္း လွဴဒါန္းမႈျဖင့္ ျပန္လည္ျပဳျပင္မြန္းမံခဲ့သည္။ ၂၀၁၇ ခုႏွစ္ေအာက္တုိဘာလတြင္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္ ေဒသခံျပည္သူမ်ား၏ စုေပါင္းလွဴဒါန္းမႈမ်ားျဖင့္ ျပန္လည္ျပဳျပင္မြန္းမံတည္ေဆာက္ခဲ့ၿပီး ယခုအခါ ေရႊထီးေတာ္တင္လွဴပူေဇာ္ပြဲ အားေအာင္ျမင္စြာက်င္းပျပဳလုပ္ခဲ့သည္။

 

(Unicode Version)

သပြေညီနောင် အောင်ဇေယျမုနိစေတီတော် ရွှေထီးတော်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ငုက္ခလေးကျေးရွာအနီးရှိ သပြေညီနောင် အောင်ဇေယျမုနိစေတီတော် ရွှေထီးတော် နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သြဝါ ဒါစရိယ၊ နောင်ချိုမြို့၊ ဘန့်ဘွေးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥတ္တရအမှူးပြုသော သံဃာတော် အရှင်သူမြတ်များကြွရောက် ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် အောင်ဇော် အေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စည်ကား သိုက်မြိုက်စွာတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဓမ္မာရုံအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် လားရှိုးမြို့၊ အေတီတပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တမထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး မေတ္တသုတ်ပရိတ် တရားတော်များနာယူကြသည်။

ထို့နောက် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား စေတီတော်ဝတ္တုကံ နေရာတွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်နှင့်လှူဖွယ် ပစ္စည်းများအား ဘန့်ဘွေးကျောင်းတိုက် ဆရာတော်ထံဆက်ကပ်လှူဒါန်းပြီး သပြေညီနောင် အောင်ဇေယျ မုနိစေတီတော် ပြုပြင်မွန်းမံနိုင်ရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများမှလှူဒါန်းသည့် အလှူငွေကျပ်သိန်း ၅၀ အား ငုက္ခလေးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ စန္ဒိမာထံဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် တိုင်းမှူးများက ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်နိုင်ငံတော်သြဝါဒါစရိယ၊ နောင်ချိုမြို့၊ ဘန့်ဘွေးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥတ္တရထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင် များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော်ဘုံအဆင့်ဆင့် အားပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာ ရစ်သုံးကြိမ်လှည့်လည်ပူဇော်ကြသည်။

ယင်းနောက် မင်္ဂလာအချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူပူဇော်ကြပြီး ရွှေထီးတော်တင်လှူပူဇော်မှုအောင်မြင်ခြင်း အထိမ်း အမှတ်ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုးကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် စေတီတော် ကြီးပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ပူဇော်ခြင်း အောင်ပွဲမင်္ဂလာ မော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကြပြီး စေတီတော်လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။ ၎င်းနောက် သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ဆရာတော် သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူ ဒါန်းကြသည်။ အဆိုပါသပြေညီနောင်အောင်ဇေယျမုနိဘုရားသည် နောင်ချိုမြို့နှင့် ၇ မိုင်ခန့်ဝေးကွာသည့် ငုက္ခလေးကျေးရွာတွင်တည်ရှိသည်။ အလောင်းမင်းတရားကြီးသည် ငုက္ခလေးကျေးရွာတွင်အခြေပြု၍ တရုတ်တို့၏ကျူးကျော်မှုအား နှိမ်နင်းအောင်မြင်ပြီးနောက် ကျဆုံးစစ်သည်တို့အားရည်စူး၍ သပြေညီနောင်အောင်ဇေယျမုနိ စေတီတော် အားတည်ထားခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း သိမ်၊ ကျောင်း၊ ဇရပ်များ မီးဘေးသင့်ပျက်စီးခဲ့သည်။ ၁၉၆၀ ခုနှစ် ဝန်းကျင်ခန့်တွင်နောင်ချိုမြို့နယ်၊ စစ်စဲကုန်းကျေးရွာမှ ဆရာတော် ဦးပန္နဝမှနှင့် ဦးပဉ္ဇင်းတစ်ပါး၊ ကိုရင်ကြီးတစ်ပါးနှင့် သီလရှင်တစ်ပါးတို့တောရကျောင်း ဆောက်လုပ်သတင်းသုံးခဲ့ပြီး ဆရာတော်ဦးပန္နဝပျံလွန်တော်မူပြီးနောက် ဘုရားကြီးမှာ ခေတ္တတိမ်မြုပ်နေခဲ့ပါသည်။ ထို့နောက် ၂၀၁၂ ခုနှစ်မှစတင်၍ဒေသခံပြည်သူများနှင့် တပ်မတော်မှအကြီးအကဲများ ဝိုင်းဝန်း လှူဒါန်းမှုဖြင့် ပြန်လည်ပြုပြင်မွန်းမံခဲ့သည်။ ၂၀၁၇ ခုနှစ်အောက်တိုဘာလတွင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် ဒေသခံပြည်သူများ၏ စုပေါင်းလှူဒါန်းမှုများဖြင့် ပြန်လည်ပြုပြင်မွန်းမံတည်ဆောက်ခဲ့ပြီး ယခုအခါ ရွှေထီးတော်တင်လှူပူဇော်ပွဲ အားအောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။