တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်းကွန်းပုထိုး တော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၊ တိပိဋကနိကာယကျောင်းတိုက်သို့ ကထိန် အလှူတော်ငွေများလှူဒါန်း

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ စစ္ကုိင္းတုိင္းေဒသႀကီး၊ မင္းကြန္းေဒသရွိ ေရွးေဟာင္းပုထုိးေတာ္ႀကီးသုိ႔ေရာက္ရွိၾကၿပီး ပုထိုးေတာ္ႀကီးရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္၍ ဖူးေျမာ္ၾကည္ညိဳသည္။

ယင္းေနာက္ ဘုရားႀကီးဘက္စုံျပဳျပင္မြန္းမံရန္အတြက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က အလွဴေငြမ်ားအားေဂါပကအဖြဲ႕ထံေပးအပ္လွဴဒါန္းသည္။ ထုိ႔ေနာက္ တိပိဋကနိကာယေက်ာင္းတုိက္ သုိ႔ ေရာက္ရွိၾကၿပီး ကထိန္အလွဴေတာ္ေငြမ်ားလွဴဒါန္းျခင္း အခမ္းအနားအားက်င္းပျပဳလုပ္ရာ ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က တိပိဋကနိကာယစာခ်ေက်ာင္းေတာ္အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ျမသပိတ္ဆြမ္းေတာ္ႏွင့္၊ ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္၍ ဖူးေျမာ္ၾကည္ညိဳသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ေရႊရတုတိပဋကဓရ ဓမၼဘ႑ာဂါရိက ဘဒၵႏၲ၀ံသပါလာလကၤာရ ဆရာေတာ္ထံမွ ကုိးပါး သီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္အရွင္သူျမတ္မ်ားရြတ္ပြား သရဇၨာယ္ခ်ီးျမႇင့္ေတာ္မူၾကသည့္ ေမတၱသုတ္ပရိတ္ တရားေတာ္မ်ားအားနာယူၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔က ေရႊရတုတိပဋကဓရ ဓမၼဘ႑ာ ဂါရိက ဘဒၵႏၲ၀ံသ ပါလာလကၤာရဆရာေတာ္ထံ ကထိန္လ်ာ သကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ားအား လည္းေကာင္း၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ တုိင္းမွဴးတုိ႔က သံဃာေတာ္အရွင္သူျမတ္မ်ားအား လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း အသီးသီး ဆက္ကပ္ လွဴဒါန္းၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔က ကထိန္အလွဴေတာ္ ေငြမ်ားအား ေပးအပ္ လွဴဒါန္းရာ တိပိဋကနိကာယသာသနာျပဳ ဥပ႒ာကအဖြဲ႕ ဥကၠ႒ ဦးေက်ာ္ျမင့္ကလက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာျပန္လည္ေပးအပ္သည္။ ထုိ႔ေနာက္ ေရႊရတုတိပဋကဓရ ဓမၼဘ႑ာဂါရိက ဘဒၵႏၲ၀ံသပါလာလကၤာရ ဆရာေတာ္ထံမွ အႏုေမာဒနာ တရားနာယူၾကၿပီး လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ား သည္ သံဃာေတာ္မ်ားအား ေန႔ဆြမ္း ဆက္ကပ္လွဴဒါန္းၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဓမၼနာဒ ေက်ာင္းတုိက္ရွိ ေရႊစင္တိပိဋကေက်ာင္းေတာ္သုိ႔ေရာက္ရွိၾကၿပီး ဆရာေတာ္ တိပိဋကဓရ ဓမၼဘ႑ာဂါရိက ဘဒၵႏၲ ဂႏၶမာလာလကၤာရအားဖူးေျမာ္ၾကည္ညိဳ၍ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ န၀ကမၼအလွဴေငြမ်ားေပးအပ္လွဴဒါန္းရာ ေဂါပက အဖြဲ႕မွ တာ၀န္ရွိသူတစ္ဦးကလက္ခံရယူ ၿပီး မင္းကြန္းတိပိဋကဓရ ဆရာေတာ္ဘုရားႀကီး၏ ပုံေတာ္ႏွင့္ ဂုဏ္ျပဳမွတ္တမ္းလႊာအား ျပန္လည္ေပးအပ္သည္။

ထုိ႔ေနာက္ မင္းကြန္းတိပိဋကဓရ ဆရာေတာ္ဘုရားႀကီး၏ သက္ေတာ္ရာျပည့္ အထိမ္းအမွတ္ မင္းကြန္းတိပိဋက ရာျပည့္ေက်ာင္းေတာ္သုိ႔ေရာက္ရွိၾကၿပီး မင္းကြန္း တိပိဋကဆရာေတာ္ဘုရားႀကီး၏ ပုံတူ႐ုပ္တုေတာ္မ်ားႏွင့္ သာသနာေရးဆုိင္ရာ ေဆာင္ရြက္ခ်က္မွတ္တမ္းဓာတ္ပုံမ်ားအား လွည့္လည္ ၾကည့္႐ႈသည္။ ယင္းေနာက္ ဆရာေတာ္ႀကီး သီတင္းသုံးေတာ္မူခဲ့သည့္ မဟာဗုဒၶ၀င္ မင္းကြန္းေထရ္အရွင္က်မ္းျပဳေက်ာင္းေတာ္ႀကီးသုိ႔ေရာက္ရွိၿပီး ဆရာေတာ္ႀကီး၏ ပုံတူ႐ုပ္တုေတာ္ အားဖူးေျမာ္၍ ဆရာေတာ္ႀကီး သက္ရွိထင္ရွားရွိစဥ္ကအသုံးျပဳခဲ့သည့္ အသုံးအေဆာင္ပစၥည္းမ်ား၊ ရရွိခဲ့သည့္သာသနာေရး ဆုိင္ရာဘြဲ႕တံဆိပ္ေတာ္မ်ား၊ ဆရာေတာ္ႀကီးကုိယ္တုိင္ေရးသားခဲ့သည့္ က်မ္း စာေပမ်ားႏွင့္ ဆရာေတာ္ႀကီးသီတင္းသုံးေတာ္မူခဲ့သည့္ ပုံတူ႐ုပ္တုမ်ားအားၾကည့္႐ႈၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေက်ာင္းေတာ္ႀကီးေရရွည္တည္တံ့ခုိင္ၿမဲေစေရးအတြက္ ထိန္းသိမ္း ေဆာင္ရြက္ရန္၊ မီးေဘးအႏၲရာယ္ကင္းရွင္းေစေရးစီမံေဆာင္ရြက္ေပးရန္၊ ဆရာေတာ္ႀကီး၏ ပုံတူ႐ုပ္တုမ်ားအားၾကာရွည္ခံသည့္ ဆီလီကြန္႐ုပ္တုမ်ားျဖင့္ အစားထုိး ေဆာင္ရြက္ေပးရန္ႏွင့္ ဆရာေတာ္ႀကီး၏ ေထ႐ုပၸတၱိဓာတ္ပုံမွတ္တမ္းစာအုပ္မ်ား ျပဳစုထုတ္ေ၀ရန္တုိ႔အားမွာၾကားသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ မင္းကြန္း ဗုဒၶဘာသာ ဘုိးဘြား ရိပ္သာသုိ႔ေရာက္ရွိၾကၿပီး အဘုိး၊ အဘြားမ်ားအားတစ္ဦးခ်င္း လုိက္လံေတြ႕ဆုံႏႈတ္ဆက္ အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။ ထုိ႔ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔က ဘုိးဘြားရိပ္သာဥကၠ႒ထံ အလွဴေငြမ်ားေပးအပ္လွဴဒါန္းရာ ဘုိးဘြားရိပ္သာဥကၠ႒က ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ မင္းကြန္း ေခါင္းေလာင္းႀကီးသုိ႔ ေရာက္ရွိလွည့္လည္ၾကည့္႐ႈၾကၿပီး တာ၀န္ရွိသူမ်ားအား ေခါင္းေလာင္းႀကီးေရရွည္တည္တံ့ ခုိင္ၿမဲေရးအတြက္ ေဆာင္ရြက္သင့္သည့္အခ်က္မ်ားအား အႀကံျပဳေျပာၾကားသည္။ အဆုိပါမင္းကြန္း ေခါင္းေလာင္းႀကီးအား ဘုိးေတာ္ဘုရားလက္ထက္တြင္ စတင္သြန္းေလာင္းခဲ့ျခင္းျဖစ္ၿပီး ေၾကးပိႆာခ်ိန္ ၅၅၅၅၅ ပိႆာ၊ တန္ခ်ိန္ ၉၀ ခန္႔ရွိ ေၾကာင္းႏွင့္ ကမၻာေပၚတြင္ ဒုတိယအႀကီးဆုံး ေခါင္းေလာင္းႀကီးျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်းကွန်းပုထိုး တော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၊ တိပိဋကနိကာယကျောင်းတိုက်သို့ ကထိန် အလှူတော်ငွေများလှူဒါန်း

နေပြည်တော်၊ နို၀င်ဘာ – ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသရှိ ရှေးဟောင်းပုထိုးတော်ကြီးသို့ရောက်ရှိကြပြီး ပုထိုးတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုသည်။

ယင်းနောက် ဘုရားကြီးဘက်စုံပြုပြင်မွန်းမံရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က အလှူငွေများအားဂေါပကအဖွဲ့ထံပေးအပ်လှူဒါန်းသည်။ ထို့နောက် တိပိဋကနိကာယကျောင်းတိုက် သို့ ရောက်ရှိကြပြီး ကထိန်အလှူတော်ငွေများလှူဒါန်းခြင်း အခမ်းအနားအားကျင်းပပြုလုပ်ရာ ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က တိပိဋကနိကာယစာချကျောင်းတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်နှင့်၊ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရွှေရတုတိပဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝံသပါလာလင်္ကာရ ဆရာတော်ထံမှ ကိုးပါး သီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များရွတ်ပွား သရဇ္ဇာယ်ချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ် တရားတော်များအားနာယူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရွှေရတုတိပဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက ဘဒ္ဒန္တဝံသ ပါလာလင်္ကာရဆရာတော်ထံ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ တပ်မတော်အရာရှိကြီးများနှင့် တိုင်းမှူးတို့က သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများအားလည်းကောင်း အသီးသီး ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ကထိန်အလှူတော် ငွေများအား ပေးအပ် လှူဒါန်းရာ တိပိဋကနိကာယသာသနာပြု ဥပဋ္ဌာကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ ထို့နောက် ရွှေရတုတိပဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝံသပါလာလင်္ကာရ ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဓမ္မနာဒ ကျောင်းတိုက်ရှိ ရွှေစင်တိပိဋကကျောင်းတော်သို့ရောက်ရှိကြပြီး ဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရအားဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် နဝကမ္မအလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလက်ခံရယူ ပြီး မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ ပုံတော်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်သည်။

ထို့နောက် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သက်တော်ရာပြည့် အထိမ်းအမှတ် မင်းကွန်းတိပိဋက ရာပြည့်ကျောင်းတော်သို့ရောက်ရှိကြပြီး မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီး၏ ပုံတူရုပ်တုတော်များနှင့် သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများအား လှည့်လည် ကြည့်ရှုသည်။ ယင်းနောက် ဆရာတော်ကြီး သီတင်းသုံးတော်မူခဲ့သည့် မဟာဗုဒ္ဓဝင် မင်းကွန်းထေရ်အရှင်ကျမ်းပြုကျောင်းတော်ကြီးသို့ရောက်ရှိပြီး ဆရာတော်ကြီး၏ ပုံတူရုပ်တုတော် အားဖူးမြော်၍ ဆရာတော်ကြီး သက်ရှိထင်ရှားရှိစဉ်ကအသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ ရရှိခဲ့သည့်သာသနာရေး ဆိုင်ရာဘွဲ့တံဆိပ်တော်များ၊ ဆရာတော်ကြီးကိုယ်တိုင်ရေးသားခဲ့သည့် ကျမ်း စာပေများနှင့် ဆရာတော်ကြီးသီတင်းသုံးတော်မူခဲ့သည့် ပုံတူရုပ်တုများအားကြည့်ရှုပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျောင်းတော်ကြီးရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ထိန်းသိမ်း ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးစီမံဆောင်ရွက်ပေးရန်၊ ဆရာတော်ကြီး၏ ပုံတူရုပ်တုများအားကြာရှည်ခံသည့် ဆီလီကွန်ရုပ်တုများဖြင့် အစားထိုး ဆောင်ရွက်ပေးရန်နှင့် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိဓာတ်ပုံမှတ်တမ်းစာအုပ်များ ပြုစုထုတ်ဝေရန်တို့အားမှာကြားသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မင်းကွန်း ဗုဒ္ဓဘာသာ ဘိုးဘွား ရိပ်သာသို့ရောက်ရှိကြပြီး အဘိုး၊ အဘွားများအားတစ်ဦးချင်း လိုက်လံတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဘိုးဘွားရိပ်သာဥက္ကဋ္ဌထံ အလှူငွေများပေးအပ်လှူဒါန်းရာ ဘိုးဘွားရိပ်သာဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မင်းကွန်း ခေါင်းလောင်းကြီးသို့ ရောက်ရှိလှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများအား ခေါင်းလောင်းကြီးရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များအား အကြံပြုပြောကြားသည်။ အဆိုပါမင်းကွန်း ခေါင်းလောင်းကြီးအား ဘိုးတော်ဘုရားလက်ထက်တွင် စတင်သွန်းလောင်းခဲ့ခြင်းဖြစ်ပြီး ကြေးပိဿာချိန် ၅၅၅၅၅ ပိဿာ၊ တန်ချိန် ၉၀ ခန့်ရှိ ကြောင်းနှင့် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီးဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။