တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် သတင်းမီဒီယာများအားတွေ့ဆုံ၊ “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” ကြေညာ

ေနျပည္ေတာ္၊ ဒီဇင္ဘာ  ၂၁

၂၀၁၈ ခုႏွစ္၊ ေအာက္တုိဘာလ ၃၀ ရက္ေန႔တြင္ အသစ္ျပန္လည္ဖြဲ႕စည္းလိုက္သည့္ ျမန္မာႏုိင္ငံသတင္း မီဒီေကာင္စီအဖြဲ႕မွ ဥကၠ႒ဦးအုန္းႀကိဳင္ ဦးေဆာင္သည့္အဖြဲ႕အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ ေဆာင္ တြင္ေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီဥကၠ႒ႏွင့္အတူ ဒုတိယဥကၠ႒(၁) ေဒါက္တာမ်ိဳးသန္႔တင္၊ ဒုတိယ ဥကၠ႒(၂) ဦးေက်ာ္ႏုိင္၊ အတြင္းေရးမွဴး ဦးေက်ာ္စြာမင္းႏွင့္ ေကာင္စီ၀င္မ်ားတက္ေရာက္ခဲ့ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အသစ္ဖြဲ႕စည္းခဲ့သည့္ ျမန္မာႏုိင္ငံသတင္းမီဒီယာ ေကာင္စီအဖြဲ႕၀င္မ်ားအား၀မ္းေျမာက္စြာႀကိဳဆုိပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ မည္သည့္အဖြဲ႕အစည္းႏွင့္ ျဖစ္ေစ ရင္းရင္းႏွီးႏွီးႏွင့္လုပ္ေဖာ္ကုိင္ဖက္၊ တုိင္ပင္ေဖာ္တုိင္ပင္ဖက္အေနျဖင့္ ဆက္ဆံေဆာင္ရြက္လ်က္ ရွိေၾကာင္း၊ တုိင္းျပည္အတြက္ ေဆာင္ရြက္ေနသည့္အဖြဲ႕အစည္းမ်ားအသီးသီးရွိၾကၾကာင္း၊ အဖြဲ႕အစည္းတုိင္း ႏုိင္ငံတကာတြင္မရွိေသာ္လည္း ႏုိင္ငံတုိင္းတြင္မီဒီယာအဖြဲ႕အစည္းမ်ားရွိေၾကာင္း၊ မီဒီယာအမ်ိဳးမ်ိဳး ရွိၾကၿပီး တုိင္းျပည္အတြက္အက်ိဳးရွိသည့္ ေဖာ္ျပခ်က္မ်ားအား မိမိတုိ႔အေနျဖင့္ႀကိဳဆုိ လက္ခံပါေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီဥကၠ႒က ယခုကဲ့သုိ႔ေတြ႕ဆုံခြင့္ရ သည့္အတြက္၀မ္းေျမာက္ပါ ေၾကာင္း၊ တပ္မေတာ္ႏွင့္မိမိတုိ႔ ျမန္မာႏုိင္ငံသတင္းမီဒီယာ ေကာင္စီတုိ႔သည္ ယုံၾကည္မႈတည္ေဆာက္ႏုိင္ခဲ့ၿပီး ပုိမုိခုိင္ၿမဲၿပီး ေရရွည္တည္တံ့သည့္ ခုိင္မာသည့္ဆက္ဆံေရး တည္ေဆာက္ႏုိင္မည္ဟုယုံၾကည္ပါေၾကာင္း၊ မိမိတုိ႔အေနျဖင့္ တုိင္းသူျပည္သားမ်ားႏွင့္လက္တြဲၿပီး ႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္ေရး၊ အနာဂတ္ေကာင္းမြန္ေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ မိမိတို႔အခ်င္းခ်င္းယုံယုံၾကည္ၾကည္ျဖင့္ လက္တြဲေဆာင္ရြက္ မွသာ ေအာင္ ျမင္မည္ဟုယုံၾကည္ပါေၾကာင္း၊ သူတစ္လူငါတမင္းေဆာင္ရြက္ေနပါက တုိင္းျပည္ဖြ႔ံၿဖိဳးတုိးတက္မည္ မဟုတ္ ေၾကာင္း၊ ယခုအခါတပ္္မေတာ္အေနျဖင့္ ျပည္တြင္း ၿငိမ္းခ်မ္းေရးရရွိေအာင္ေဆာင္ရြက္ေနသည္ကုိလည္း ၀မ္းသာလႈိက္လွဲစြာႀကိဳဆုိပါေၾကာင္း၊ တပ္မေတာ္၏သေဘာထားမ်ားကုိလည္းနားလည္ပါေၾကာင္း၊ သတင္း မီဒီယာသမားတုိင္းသည္ ျမန္မာႏုိင္ငံသားမ်ား၊ တုိင္းရင္းသားမ်ားျဖစ္ပါေၾကာင္း၊ သုိ႔ေသာ္အေတြ႕အႀကဳံ အႏုအရင့္ကြာျခားမႈရွိပါေၾကာင္း၊ ထုိ႔ေၾကာင့္နားလည္မႈရွိရွိျဖင့္ေဆာင္ရြက္ရန္၊ တပ္မေတာ္ႏွင့္ သတင္းသမားမ်ား အၿမဲထိေတြ႕မႈရွိေစရန္အတြက္ အလုပ္႐ုံေဆြးေႏြးပြဲမ်ားကုိ ဆက္လက္ေဆာင္ရြက္ေစလုိေၾကာင္း၊ သတင္း သမားမ်ားအေနျဖင့္ တပ္မေတာ္ႏွင့္ ပတ္သက္သည့္ သတင္းအခ်က္အလက္မ်ားရယူခ်ိန္တြင္ အခက္ အခဲမရွိေအာင္ ေဆာင္ရြက္ေပးေစလုိေၾကာင္း ေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယေန႔အခ်ိန္တြင္ တပ္မေတာ္ႏွင့္ မီဒီယာသည္ရင္းႏွီးမႈတုိးတက္လာ သည္မွာမွန္ကန္ပါေၾကာင္း၊ မိမိတုိ႔အခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္မႈရွိမွသာ တုိင္းျပည္တုိး တက္မႈရွိ မည္ျဖစ္ပါေၾကာင္း၊ ဆက္လက္၍လည္း ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ား ကုိလည္း အလ်ဥ္း သင့္သလုိ ေဆာင္ရြက္ေပးသြားမည္ျဖစ္ပါေၾကာင္း၊ မိမိတုိ႔အေနျဖင့္ တပ္မေတာ္ႏွင့္ ပတ္သက္သည့္ေဆာင္ရြက္သည့္အခ်က္အလက္မ်ားကုိလည္း သတင္းမ်ားထုတ္လႊင့္ ေဆာင္ရြက္ေပး လ်က္ ရွိေၾကာင္း၊ မီဒီယာသမားမ်ားတြင္ မိမိတုိ႔အားသန္ရာအာေဘာ္ အမ်ိဳးမ်ိဳးရွိၾကေသာ္လည္း တုိင္းျပည္ႏွင့္ ပတ္သက္လာပါက သတင္းအခ်က္အလက္မ်ား မွန္ကန္မႈအေရးႀကီးေၾကာင္း ျပန္လည္ေဆြးေႏြး ေျပာၾကားသည္။

ဆက္လက္ၿပီး ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီ ဒုတိယဥကၠ႒မ်ား၊ အတြင္းေရးမွဴးႏွင့္ ေကာင္စီ၀င္မ်ားက သတင္းမီဒီယာသမားမ်ားအတြက္ တပ္မေတာ္၏ေဆာင္ရြက္ေပးမႈမ်ားအတြက္ ေက်းဇူးတင္ရွိမႈမ်ား၊ တပ္မေတာ္ ၏ၿငိမ္းခ်မ္းေရးေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ အမည္ခံမႈခင္းသတင္းေထာက္ကိစၥရပ္မ်ား၊ ႐ုိက္တာသတင္း ေထာက္ ႏွစ္ဦးအား အေရးယူေဆာင္ရြက္ခဲ့မႈအေျခအေနမ်ား၊ တပ္မေတာ္ႏွင့္သက္ဆုိင္သည့္ သတင္းအခ်က္ အလက္မ်ား အခ်ိန္မီေဆာင္ရြက္လုိသည့္ အေျခအေနမ်ားအားေမးျမန္း ေဆြးေႏြးေျပာၾကားၾကရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ႐ုိက္တာသတင္းေထာက္ ႏွစ္ဦး၏အမႈကိစၥႏွင့္ပတ္သက္၍ ဥပေဒႏွင့္အညီ ဆုံးျဖတ္ျခင္းျဖစ္ၿပီး တရားစီရင္ေရးမ႑ိဳင္ ကုိစြက္ဖက္ျခင္းမရွိေၾကာင္း၊ တပ္မေတာ္တြင္းအမႈအခင္း မ်ားႏွင့္ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ အဆုံးအျဖတ္သာအတည္ျဖစ္ေၾကာင္း ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ အပ္ႏွင္းထားေသာ္လည္း ႏုိင္ငံေတာ္ႏွင့္ပတ္သက္လာပါက တရားသူႀကီးခ်ဳပ္၊ တရား႐ုံးခ်ဳပ္ ႏွင့္ အဆင့္ဆင့္ေသာတရားသူႀကီးမ်ား၏ အဆုံးအျဖတ္သာျဖစ္ေၾကာင္း၊ သက္ဆုိင္ရာနယ္ေျမမ်ားအလုိက္ သတင္းရယူေရးအတြက္ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာ ၀န္ႀကီးမ်ားႏွင့္ တပ္ပုိင္းဆုိင္ရာသတင္းမ်ားအတြက္ သက္ဆုိင္ရာတုိင္းစစ္ဌာနခ်ဳပ္မ်ားမွ တုိင္းဦးစီးဗုိလ္မွဴးႀကီးမ်ားကုိ ဆက္သြယ္ေမးျမန္းသတင္းရယူႏုိင္ရန္ စီစဥ္ေပးမည္ျဖစ္ေၾကာင္း ရွင္းလင္းေဆြးေႏြး ေျပာၾကားခဲ့သည္။

၎ေနာက္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံသတင္းမီဒီယာ ေကာင္စီဥကၠ႒ႏွင့္ အဖြဲ႕၀င္မ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ားေပးအပ္ၿပီး ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီဥကၠ႒က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ အမွတ္တရလက္ေဆာင္ပစၥည္းျပန္လည္ေပးအပ္သည္။ ထုိ႔ေနာက္ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ၾကၿပီး ေန႔လယ္စာအားအတူတကြသုံးေဆာင္ၾကသည္။

ထုိ႔ေနာက္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ျမန္မာႏုိင္ငံသတင္းမီဒီယာ ေကာင္စီဥကၠ႒ႏွင့္ အဖြဲ႕၀င္မ်ား၊ ျပည္တြင္းသတင္းမီဒီယာမ်ားအားေတြ႕ဆုံ၍ ယခုကဲ့သုိ႔ေတြ႕ဆုံျခင္းသည္ ျမန္မာႏုိင္ငံ သတင္း မီဒီယာေကာင္စီႏွင့္ပုိမုိရင္းႏွီးမႈရွိေအာင္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္အေနျဖင့္ ႏုိင္ငံဖြံ႕ၿဖိဳးတိုး တက္ေရးအတြက္ မည္သည့္အဖြဲ႕အစည္းျဖင့္မဆုိပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ သတင္းမီဒီ ယာသည္ ႏုိင္ငံ၏စတုတၳမ႑ဳိင္ဟုမိမိတုိ႔အေနျဖင့္ခံယူထားေၾကာင္း၊ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ ေရးႏွင့္ သတင္းမီဒီယာမ်ား၏ အခန္းက႑မ်ားသည္ ႏုိင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး ကိစၥရပ္မ်ားတြင္ ခုိင္ခုိင္မာမာျဖင့္ ေဆာင္ရြက္ေပးႏုိင္မည္ဟုယုံၾကည္ပါေၾကာင္း၊ အစိုးရ၊ ျပည္သူ၊ ႏုိင္ငံကုိကာကြယ္ေပးလ်က္ရွိသည့္ တပ္မေတာ္ ေဒါက္တုိင္သုံးေခ်ာင္းကုိ မီဒီယာေဒါက္တုိင္ျဖင့္ ေပါင္းစပ္လုိက္ပါက ႏုိင္ငံပိုမုိဖြံ႕ၿဖိဳးတိုးတက္မည္ဟုယုံၾကည္ ပါေၾကာင္း၊ ၂၀၁၁ ခုမွစတင္၍ မိမိတုိ႔ႏုိင္ငံအေနျဖင့္ ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းခဲ့ၿပီး ခုိင္မာမႈရွိေစရန္အတြက္ မိမိတုိ႔အေနျဖင့္ေဆာင္ရြက္လ်က္ရွိသကဲ့သုိ႔ မီဒီယာမ်ားအေနျဖင့္လည္း ၀ုိင္း၀န္း ကူညီေဆာင္ရြက္ေပးရန္ေျပာလုိပါေၾကာင္း၊ မည္ကဲ့သုိ႔ပင္ ဖိအားမ်ားရွိပါေစ ႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္ ေရးအတြက္ ႏုိင္ငံသားတုိင္းတြင္တာ၀န္ရွိေၾကာင္း၊ တုိင္းျပည္တည္ၿငိမ္ေအးခ်မ္းေစရန္အတြက္ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ေဆာင္ရြက္လ်က္ရွိရာတြင္ ေအာင္ျမင္မႈမ်ားရွိသကဲ့သုိ႔၊ ၫႇိႏႈိင္းေဆြးေႏြးမႈမ်ား ေဆာင္ရြက္ေနသည္မ်ား လည္းရွိေၾကာင္း၊ ၿငိမ္းခ်မ္းေရးေဆာင္ရြက္မႈမ်ားအားျပန္လည္သုံးသပ္၍ မိမိတုိ႔အေနျဖင့္ဆုံးျဖတ္ခ်က္မ်ားအား ယခုပင္ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ “ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး၊ ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ထုတ္ျပန္ခ်က္”အား ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး၊ ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ ထြန္းထြန္းညီက ဖတ္ၾကားသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီ ဥကၠ႒ႏွင့္အဖြဲ႕၀င္မ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီ၊ ယခင္ ျမန္မာႏုိင္ငံစာနယ္ဇင္းေကာင္စီ(ယာယီ) ႏွင့္ ၂၀၁၄ ခုႏွစ္တြင္ ႏွစ္ႀကိမ္၊ ၂၀၁၅ ခုႏွစ္တြင္ သုံးႀကိမ္၊ ၂၀၁၆ ခုႏွစ္တြင္ ႏွစ္ႀကိမ္ ေတြ႕ဆုံခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ ယခုေတြ႕ဆုံမႈအပါအ၀င္ ႏွစ္ႀကိမ္ေတြ႕ဆုံခဲ့ကာ တပ္မေတာ္ႏွင့္သတင္းမီဒီယာဆက္ဆံေရးမ်ား တုိးတက္ေကာင္းမြန္ရန္၊ အျပန္အလွန္ ရင္းႏီွးယုံၾကည္မႈရရွိရန္ ေဆာင္ရြက္ႏုိင္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် သတင်းမီဒီယာများအားတွေ့ဆုံ၊ “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” ကြေညာ

နေပြည်တော်၊ ဒီဇင်ဘာ  ၂၁

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံသတင်း မီဒီကောင်စီအဖွဲ့မှ ဥက္ကဋ္ဌဦးအုန်းကြိုင် ဦးဆောင်သည့်အဖွဲ့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင် တွင်တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ တက်ရောက်ကြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာမျိုးသန့်တင်၊ ဒုတိယ ဥက္ကဋ္ဌ(၂) ဦးကျော်နိုင်၊ အတွင်းရေးမှူး ဦးကျော်စွာမင်းနှင့် ကောင်စီဝင်များတက်ရောက် ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အသစ်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့ဝင်များအားဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့်အဖွဲ့အစည်းနှင့် ဖြစ်စေ ရင်းရင်းနှီးနှီးနှင့်လုပ်ဖော်ကိုင်ဖက်၊ တိုင်ပင်ဖော်တိုင်ပင်ဖက်အနေဖြင့် ဆက်ဆံဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းပြည်အတွက် ဆောင်ရွက်နေသည့်အဖွဲ့အစည်းများအသီးသီးရှိကြကြာင်း၊ အဖွဲ့အစည်းတိုင်း နိုင်ငံတကာတွင်မရှိသော်လည်း နိုင်ငံတိုင်းတွင်မီဒီယာအဖွဲ့အစည်းများရှိကြောင်း၊ မီဒီယာအမျိုးမျိုး ရှိကြပြီး တိုင်းပြည်အတွက်အကျိုးရှိသည့် ဖော်ပြချက်များအား မိမိတို့အနေဖြင့်ကြိုဆို လက်ခံပါကြောင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌက ယခုကဲ့သို့တွေ့ဆုံခွင့်ရ သည့်အတွက်ဝမ်းမြောက်ပါ ကြောင်း၊ တပ်မတော်နှင့်မိမိတို့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီတို့သည် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပြီး ပိုမိုခိုင်မြဲပြီး ရေရှည်တည်တံ့သည့် ခိုင်မာသည့်ဆက်ဆံရေး တည်ဆောက်နိုင်မည်ဟုယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းသူပြည်သားများနှင့်လက်တွဲပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ အနာဂတ်ကောင်းမွန်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မိမိတို့အချင်းချင်းယုံယုံကြည်ကြည်ဖြင့် လက်တွဲဆောင်ရွက် မှသာ အောင် မြင်မည်ဟုယုံကြည်ပါကြောင်း၊ သူတစ်လူငါတမင်းဆောင်ရွက်နေပါက တိုင်းပြည်ဖွ့ံဖြိုးတိုးတက်မည် မဟုတ် ကြောင်း၊ ယခုအခါတပ််မတော်အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်နေသည်ကိုလည်း ၀မ်းသာလှိုက်လှဲစွာကြိုဆိုပါကြောင်း၊ တပ်မတော်၏သဘောထားများကိုလည်းနားလည်ပါကြောင်း၊ သတင်း မီဒီယာသမားတိုင်းသည် မြန်မာနိုင်ငံသားများ၊ တိုင်းရင်းသားများဖြစ်ပါကြောင်း၊ သို့သော်အတွေ့အကြုံ အနုအရင့်ကွာခြားမှုရှိပါကြောင်း၊ ထို့ကြောင့်နားလည်မှုရှိရှိဖြင့်ဆောင်ရွက်ရန်၊ တပ်မတော်နှင့် သတင်းသမားများ အမြဲထိတွေ့မှုရှိစေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများကို ဆက်လက်ဆောင်ရွက်စေလိုကြောင်း၊ သတင်း သမားများအနေဖြင့် တပ်မတော်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များရယူချိန်တွင် အခက် အခဲမရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့အချိန်တွင် တပ်မတော်နှင့် မီဒီယာသည်ရင်းနှီးမှုတိုးတက်လာ သည်မှာမှန်ကန်ပါကြောင်း၊ မိမိတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုရှိမှသာ တိုင်းပြည်တိုး တက်မှုရှိ မည်ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကိုလည်း အလျဉ်း သင့်သလို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်နှင့် ပတ်သက်သည့်ဆောင်ရွက်သည့်အချက်အလက်များကိုလည်း သတင်းများထုတ်လွှင့် ဆောင်ရွက်ပေး လျက် ရှိကြောင်း၊ မီဒီယာသမားများတွင် မိမိတို့အားသန်ရာအာဘော် အမျိုးမျိုးရှိကြသော်လည်း တိုင်းပြည်နှင့် ပတ်သက်လာပါက သတင်းအချက်အလက်များ မှန်ကန်မှုအရေးကြီးကြောင်း ပြန်လည်ဆွေးနွေး ပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် ကောင်စီဝင်များက သတင်းမီဒီယာသမားများအတွက် တပ်မတော်၏ဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိမှုများ၊ တပ်မတော် ၏ငြိမ်းချမ်းရေးဆောင်ရွက်နေမှု အခြေအနေများ၊ အမည်ခံမှုခင်းသတင်းထောက်ကိစ္စရပ်များ၊ ရိုက်တာသတင်း ထောက် နှစ်ဦးအား အရေးယူဆောင်ရွက်ခဲ့မှုအခြေအနေများ၊ တပ်မတော်နှင့်သက်ဆိုင်သည့် သတင်းအချက် အလက်များ အချိန်မီဆောင်ရွက်လိုသည့် အခြေအနေများအားမေးမြန်း ဆွေးနွေးပြောကြားကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရိုက်တာသတင်းထောက် နှစ်ဦး၏အမှုကိစ္စနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆုံးဖြတ်ခြင်းဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင် ကိုစွက်ဖက်ခြင်းမရှိကြောင်း၊ တပ်မတော်တွင်းအမှုအခင်း များနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သာအတည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပ်နှင်းထားသော်လည်း နိုင်ငံတော်နှင့်ပတ်သက်လာပါက တရားသူကြီးချုပ်၊ တရားရုံးချုပ် နှင့် အဆင့်ဆင့်သောတရားသူကြီးများ၏ အဆုံးအဖြတ်သာဖြစ်ကြောင်း၊ သက်ဆိုင်ရာနယ်မြေများအလိုက် သတင်းရယူရေးအတွက် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးများနှင့် တပ်ပိုင်းဆိုင်ရာသတင်းများအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းဦးစီးဗိုလ်မှူးကြီးများကို ဆက်သွယ်မေးမြန်းသတင်းရယူနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

၎င်းနောက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အမှတ်တရလက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်သည်။ ထို့နောက် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး နေ့လယ်စာအားအတူတကွသုံးဆောင်ကြသည်။

ထို့နောက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်တွင်းသတင်းမီဒီယာများအားတွေ့ဆုံ၍ ယခုကဲ့သို့တွေ့ဆုံခြင်းသည် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီနှင့်ပိုမိုရင်းနှီးမှုရှိအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် မည်သည့်အဖွဲ့အစည်းဖြင့်မဆိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတင်းမီဒီ ယာသည် နိုင်ငံ၏စတုတ္ထမဏ္ဍိုင်ဟုမိမိတို့အနေဖြင့်ခံယူထားကြောင်း၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင် ရေးနှင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင် ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်ပေးနိုင်မည်ဟုယုံကြည်ပါကြောင်း၊ အစိုးရ၊ ပြည်သူ၊ နိုင်ငံကိုကာကွယ်ပေးလျက်ရှိသည့် တပ်မတော် ဒေါက်တိုင်သုံးချောင်းကို မီဒီယာဒေါက်တိုင်ဖြင့် ပေါင်းစပ်လိုက်ပါက နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်မည်ဟုယုံကြည် ပါကြောင်း၊ ၂၀၁၁ ခုမှစတင်၍ မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့ပြီး ခိုင်မာမှုရှိစေရန်အတွက် မိမိတို့အနေဖြင့်ဆောင်ရွက်လျက်ရှိသကဲ့သို့ မီဒီယာများအနေဖြင့်လည်း ၀ုိင်းဝန်း ကူညီဆောင်ရွက်ပေးရန်ပြောလိုပါကြောင်း၊ မည်ကဲ့သို့ပင် ဖိအားများရှိပါစေ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းစေရန်အတွက် ငြိမ်းချမ်းရေးရရှိရန်အတွက် ဆောင်ရွက်လျက်ရှိရာတွင် အောင်မြင်မှုများရှိသကဲ့သို့၊ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်နေသည်များ လည်းရှိကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်မှုများအားပြန်လည်သုံးသပ်၍ မိမိတို့အနေဖြင့်ဆုံးဖြတ်ချက်များအား ယခုပင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်”အား ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းညီက ဖတ်ကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ယခင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) နှင့် ၂၀၁၄ ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၆ ခုနှစ်တွင် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ယခုတွေ့ဆုံမှုအပါအဝင် နှစ်ကြိမ်တွေ့ဆုံခဲ့ကာ တပ်မတော်နှင့်သတင်းမီဒီယာဆက်ဆံရေးများ တိုးတက်ကောင်းမွန်ရန်၊ အပြန်အလှန် ရင်းနှီးယုံကြည်မှုရရှိရန် ဆောင်ရွက်နိုင်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။