တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇန္န၀ါရီ ၃၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ထုိင္းဘုရင့္တပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္ General Apirat Kongsompong အား ယေန႔ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါ ေတြ႕ဆုံပြဲသုိ႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ထုိင္းဘုရင့္တပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ႏွင့္အတူ ထုိင္းဘုရင့္တပ္မေတာ္မွ စစ္တုိင္းမွဴးမ်ား၊ အရာရွိႀကီးမ်ား၊ ထုိင္းဘုရင့္တပ္မေတာ္ၾကည္းတပ္စစ္သံမွဴး Senior Colonel Apichart Choopavang တုိ႕တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က ျမန္မာ-ထုိင္း ႏွစ္ႏုိင္ငံသည္ အာဆီယံအဖြဲ႕၀င္ႏုိင္ငံမ်ားျဖစ္သည္သာမက အိမ္နီးခ်င္း ႏုိင္ငံမ်ားျဖစ္ျခင္းေၾကာင့္ ခ်စ္ၾကည္ရင္းႏွီးမႈမ်ား ပုိမုိခုိင္မာမႈရွိရန္လုိအပ္ေၾကာင္းဦးစြာ ေျပာၾကားၿပီး ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ ႏွစ္ရပ္အၾကား ခုိင္ၿမဲေသာဆက္ဆံေရးရရွိထားသည့္ အေျခအေနမ်ား၊ ဆက္လက္၍ခ်စ္ၾကည္ရင္းႏွီးမႈ ပုိမုိခုိင္ၿမဲေအာင္ညီရင္းအစ္ကုိ စိတ္ဓာတ္ျဖင့္ စိတ္တူကိုယ္တူ ေဆာင္ရြက္သြားမည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၌ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားေဆာင္ရြက္လ်က္ရွိရာတြင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ေန႔ တပ္မေတာ္၏ထုတ္ျပန္ခ်က္ျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားျပဳလုပ္ႏုိင္ရန္ လမ္းဖြင့္ဖိတ္ေခၚ ထားသည့္အေျခအေနမ်ား၊ မူးယစ္ေဆး၀ါးတားဆီးကာကြယ္ႏွိမ္နင္းေရးတြင္ ပူးေပါင္းေဆာင္ရြက္ ေနမႈအေျခအေနမ်ား၊ ယဥ္ေက်းမႈဆုိင္ရာမ်ားဖလွယ္ျခင္းႏွင့္ အားကစားႏွင့္ ေဆးဘက္ဆုိင္ရာမ်ားတြင္ ပူးေပါင္းေဆာင္ရြက္မည့္အေျခအေနမ်ား အား အျပန္အလွန္ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္ တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး အဖြဲ႕၀င္မ်ားႏွင့္အတူ စုေပါင္းဓာတ္ပံု႐ိုက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ ၃၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကြည်းတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော်မှ စစ်တိုင်းမှူးများ၊ အရာရှိကြီးများ၊ ထိုင်းဘုရင့်တပ်မတော်ကြည်းတပ်စစ်သံမှူး Senior Colonel Apichart Choopavang တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည်သာမက အိမ်နီးချင်း နိုင်ငံများဖြစ်ခြင်းကြောင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာမှုရှိရန်လိုအပ်ကြောင်းဦးစွာ ပြောကြားပြီး နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ခိုင်မြဲသောဆက်ဆံရေးရရှိထားသည့် အခြေအနေများ၊ ဆက်လက်၍ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲအောင်ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် စိတ်တူကိုယ်တူ ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော်၏ထုတ်ပြန်ချက်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် လမ်းဖွင့်ဖိတ်ခေါ် ထားသည့်အခြေအနေများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးတွင် ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေများ၊ ယဉ်ကျေးမှုဆိုင်ရာများဖလှယ်ခြင်းနှင့် အားကစားနှင့် ဆေးဘက်ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ အား အပြန်အလှန်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။