တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နောင်မွန်မြို့နှင့် ပူတာအိုခရိုင်ရှိ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင် များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ မဂွေဇ-ခေါင်လန်ဖူး လမ်းပိုင်းဖောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှု

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွ၊ နယ္စပ္ေရးရာ၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေတဇေက်ာ္ႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔ေန႔လယ္ပုိင္းတြင္ ကခ်င္ျပည္နယ္၊ ပူတာအုိခ႐ိုင္၊ ေနာင္မြန္ၿမိဳ႕သုိ႔ေရာက္ရွိရာ ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ား၊ ရပ္မိရပ္ဖမ်ား၊ ေဒသခံ ျပည္သူမ်ား ႏွင့္ ျပည္သူ႕စစ္ဌာေနအဖြဲ႕၀င္မ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ရပ္မိရပ္ဖမ်ား၊ ေဒသခံ တုိင္းရင္းသားမ်ား၊ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ားႏွင့္ ျပည္သူ႕စစ္ဌာေနအဖြဲ႕၀င္မ်ားအား ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆုိင္ရာ ကိစၥရပ္မ်ားအား ေဆြးေႏြးေျပာၾကားရာ ဦးစြာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက ေနာင္မြန္ၿမိဳ႕နယ္၏ ေဒသဆုိင္ရာအခ်က္အလက္မ်ား၊ လမ္းပန္းဆက္သြယ္မႈအေျခအေနမ်ား၊ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ေဆာင္ရြက္ေနမႈအေျခအေနမ်ား ႏွင့္ ေဒသလုိအပ္ခ်က္မ်ားအားလည္းေကာင္း၊ ရပ္မိရပ္ဖတစ္ဦးက ေနာင္မြန္ေဒသအတြင္း လမ္းပန္းဆက္သြယ္မႈခက္ခဲသည့္အေျခအေနမ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရး အတြက္ အစုိးရႏွင့္ တပ္မေတာ္မွေဆာင္ရြက္ေနမႈအတြက္ေက်းဇူးတင္ရွိမႈ အေျခအေနမ်ားအား တင္ျပသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးဆုိင္ရာမ်ားအား အႀကံျပဳ ေျပာၾကားသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ေနာင္မြန္ၿမိဳ႕မွ ေန၍ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ထြက္ခြာခဲ့ၿပီး မေဂြဇ- ေခါင္လန္ဖူးလမ္း ေဖာက္လုပ္ၿပီးစီးထားသည့္ လမ္းပုိင္းအေျခအေနမ်ားအား ၾကည့္႐ႈၾကသည္။

ယင္းေနာက္ ညေနပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ပူတာအုိခ႐ုိင္ရွိ ဌာနဆုိင္ရာ ၀န္ထမ္းမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ တိုင္းရင္းသားေခါင္းေဆာင္မ်ား၊ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားႏွင့္ ျပည္သူ႕စစ္ဌာေနအဖြဲ႕၀င္မ်ားအား ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆုိင္ရာမ်ားအား ေဆြးေႏြးရာဦးစြာ တုိင္းရင္းသားေခါင္းေဆာင္မ်ား၊ စစ္မႈထမ္းေဟာင္း အဖြဲ႕၀င္မ်ား၊ ျပည္သူ႕စစ္ဌာေနအဖြဲ႕၀င္မ်ားႏွင့္ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ားက ေဒသ လုိအပ္ခ်က္မ်ားအား တင္ျပၾကသည္။

ေတြ႕ဆုံပြဲမ်ား၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဆြးေႏြးေျပာၾကားရာတြင္ ေဒသ၀မ္းစာစပါး ဖူလုံေရးအတြက္ စုိက္ဧကတုိးခ်ဲ႕ျခင္းထက္ တစ္ဧကအထြက္ႏႈန္း တုိးတက္ေစေရး၊ မ်ိဳး၊ ေျမ၊ ေရ၊ စုိက္နည္းစနစ္မ်ားမွန္ကန္ေကာင္းမြန္စြာ ေဆာင္ရြက္ႏုိင္ရန္၊ ေဒသတြင္ လွ်ပ္စစ္မီးရရွိေနၿပီျဖစ္၍ စုိက္ပ်ိဳးေမြးျမဴေရးကုန္ထုတ္လုပ္ငန္းမ်ားကုိ ကုန္ေခ်ာထုတ္လုပ္ႏုိင္သည္အထိ တုိးခ်ဲ႕ေဆာင္ရြက္ ၾကရန္၊ ေကာ္ဖီႏွင့္လက္ဖက္ကဲ့သုိ႔ ေဒသႏွင့္ကုိက္ညီမည့္ စုိက္ပ်ိဳးေရးလုပ္ငန္းမ်ားကုိ ကုန္ေခ်ာ ထုတ္လုပ္မႈအထိ နည္းလမ္းရွာေဖြေဆာင္ရြက္ၾကရန္၊ ထုိသုိ႔စုိက္ပ်ိဳးေမြးျမဴေရး အေျခခံစီးပြားေရး လုပ္ငန္းမ်ား ေဆာင္ရြက္ႏုိင္ရန္အတြက္ ေဒသခံပညာတတ္မ်ား ေမြးထုတ္ေပးရမည္ျဖစ္ၿပီး ေက်ာင္းေန အရြယ္မွန္သမွ် ေက်ာင္းေနႏုိင္ၾကေအာင္ႀကိဳးစာၾကရန္၊ ကြမ္း၊ ေဆးလိပ္၊ အရက္၊ အေသာက္အစား အေပ်ာ္အပါးမ်ားေရွာင္ၾကဥ္ၾကရန္ႏွင့္ ယခုေဒသအတြင္းမူးယစ္ေဆး၀ါး လုံး၀အ၀င္မခံဘဲ အားလုံး ၀ုိင္း၀န္းတားဆီးကာကြယ္ ေစာင့္ေရွာက္ၾကရန္၊ ပူတာအုိ၊ ေနာင္မြန္ၿမိဳ႕မ်ားကုိ Town  Plan မ်ား စနစ္တက်ေရးဆြဲ၍ ဖြံ႕ၿဖိဳးတုိးတက္ေအာင္ ေဆာင္ရြက္ၾကရန္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးအတြက္ တပ္မေတာ္က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္တြင္ထုတ္ျပန္ေၾကညာထားသည့္အတုိင္း တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕အစည္းမ်ားက ၿငိမ္းခ်မ္းေရးကုိ ေဆြးေႏြးေဆာင္ရြက္ၾကရန္ လုိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏုိင္ငံေရးလုပ္ေနျခင္းမဟုတ္ဘဲ၊ ႏုိင္ငံ့အေရး၊ ေဒသဖြံ႕ၿဖိဳး တုိးတက္ေရး၊ တည္ၿငိမ္ေအးခ်မ္းေရးအတြက္သာ ေရွး႐ႈေဆာင္ရြက္ေနေၾကာင္း၊ သုိ႔ေသာ္ ျပည္ေထာင္စုၿပိဳကြဲမည့္အေရး၊ ျပည္ေထာင္စုမွခြဲထြက္မည့္ မည္သည့္ကိစၥရပ္မ်ိဳးကုိမဆုိ လုံး၀ လက္ခံမည္ မဟုတ္ေၾကာင္း၊ ႏုိင္ငံေတာ္ကခ်မွတ္ျပ႒ာန္းထားသည့္ ဥပေဒမွန္သမွ်သည္ လူပုဂၢိဳလ္ တစ္ဦးတစ္ေယာက္အတြက္မဟုတ္ဘဲ ႏုိင္ငံသားမွန္သမွ် တည္ဆဲဥပေဒကုိေလးစား လုိက္နာရမည့္ တာ၀န္ရွိေၾကာင္း၊ မိမိကုိယ္တုိင္ မိမိေဒသ၊ မိမိတုိင္းျပည္အတြက္ တုိးတက္ေအာင္ ေဆာင္ရြက္ၾကရန္၊ တုိင္းရင္းသားအားလုံး စည္းစည္းလုံးလုံး ခ်စ္ခ်စ္ခင္ခင္ျဖင့္ ျမန္မာစိတ္ေမြးၾကရန္ အႀကံျပဳေဆြးေႏြး တုိက္တြန္းလုိေၾကာင္း ေျပာၾကားၿပီး ေဒသခံျပည္သူမ်ားႏွင့္ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ ျပန္လည္ရွင္းလင္း ေဆြးေႏြးၫႇိႏႈိင္း ေဆာင္ရြက္ေပးသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ျပည္ေထာင္စု၀န္ႀကီး ႏွင့္အဖြဲ႕၀င္မ်ားသည္ ေဒသခံတုိင္းရင္းသားမ်ား၊ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ားႏွင့္ ျပည္သူ႕စစ္ဌာေနအဖြဲ႕၀င္မ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားေပးအပ္၍ ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နောင်မွန်မြို့နှင့် ပူတာအိုခရိုင်ရှိ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင် များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ မဂွေဇ-ခေါင်လန်ဖူး လမ်းပိုင်းဖောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှု

နေပြည်တော်၊ ဖေဖော်ဝါရီ – ၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နေ့လယ်ပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့သို့ရောက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများ နှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားရာ ဦးစွာမြို့နယ် အုပ်ချုပ်ရေးမှူးက နောင်မွန်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ၊ လမ်းပန်းဆက်သွယ်မှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ နှင့် ဒေသလိုအပ်ချက်များအားလည်းကောင်း၊ ရပ်မိရပ်ဖတစ်ဦးက နောင်မွန်ဒေသအတွင်း လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့် တပ်မတော်မှဆောင်ရွက်နေမှုအတွက်ကျေးဇူးတင်ရှိမှု အခြေအနေများအား တင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား အကြံပြု ပြောကြားသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်မွန်မြို့မှ နေ၍ မော်တော်ယာဉ်များဖြင့်ထွက်ခွာခဲ့ပြီး မဂွေဇ- ခေါင်လန်ဖူးလမ်း ဖောက်လုပ်ပြီးစီးထားသည့် လမ်းပိုင်းအခြေအနေများအား ကြည့်ရှုကြသည်။

ယင်းနောက် ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပူတာအိုခရိုင်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေးရာဦးစွာ တိုင်းရင်းသားခေါင်းဆောင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသ လိုအပ်ချက်များအား တင်ပြကြသည်။

တွေ့ဆုံပွဲများ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးပြောကြားရာတွင် ဒေသဝမ်းစာစပါး ဖူလုံရေးအတွက် စိုက်ဧကတိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်စေရေး၊ မျိုး၊ မြေ၊ ရေ၊ စိုက်နည်းစနစ်များမှန်ကန်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်၊ ဒေသတွင် လျှပ်စစ်မီးရရှိနေပြီဖြစ်၍ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို ကုန်ချောထုတ်လုပ်နိုင်သည်အထိ တိုးချဲ့ဆောင်ရွက် ကြရန်၊ ကော်ဖီနှင့်လက်ဖက်ကဲ့သို့ ဒေသနှင့်ကိုက်ညီမည့် စိုက်ပျိုးရေးလုပ်ငန်းများကို ကုန်ချော ထုတ်လုပ်မှုအထိ နည်းလမ်းရှာဖွေဆောင်ရွက်ကြရန်၊ ထိုသို့စိုက်ပျိုးမွေးမြူရေး အခြေခံစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံပညာတတ်များ မွေးထုတ်ပေးရမည်ဖြစ်ပြီး ကျောင်းနေ အရွယ်မှန်သမျှ ကျောင်းနေနိုင်ကြအောင်ကြိုးစာကြရန်၊ ကွမ်း၊ ဆေးလိပ်၊ အရက်၊ အသောက်အစား အပျော်အပါးများရှောင်ကြဉ်ကြရန်နှင့် ယခုဒေသအတွင်းမူးယစ်ဆေးဝါး လုံးဝအ၀င်မခံဘဲ အားလုံး ဝိုင်းဝန်းတားဆီးကာကွယ် စောင့်ရှောက်ကြရန်၊ ပူတာအို၊ နောင်မွန်မြို့များကို Town  Plan များ စနစ်တကျရေးဆွဲ၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင်ထုတ်ပြန်ကြေညာထားသည့်အတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ငြိမ်းချမ်းရေးကို ဆွေးနွေးဆောင်ရွက်ကြရန် လိုကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ၊ နိုင်ငံ့အရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက်သာ ရှေးရှုဆောင်ရွက်နေကြောင်း၊ သို့သော် ပြည်ထောင်စုပြိုကွဲမည့်အရေး၊ ပြည်ထောင်စုမှခွဲထွက်မည့် မည်သည့်ကိစ္စရပ်မျိုးကိုမဆို လုံး၀ လက်ခံမည် မဟုတ်ကြောင်း၊ နိုင်ငံတော်ကချမှတ်ပြဋ္ဌာန်းထားသည့် ဥပဒေမှန်သမျှသည် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက်မဟုတ်ဘဲ နိုင်ငံသားမှန်သမျှ တည်ဆဲဥပဒေကိုလေးစား လိုက်နာရမည့် တာဝန်ရှိကြောင်း၊ မိမိကိုယ်တိုင် မိမိဒေသ၊ မိမိတိုင်းပြည်အတွက် တိုးတက်အောင် ဆောင်ရွက်ကြရန်၊ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ဖြင့် မြန်မာစိတ်မွေးကြရန် အကြံပြုဆွေးနွေး တိုက်တွန်းလိုကြောင်း ပြောကြားပြီး ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့ဝင်များသည် ဒေသခံတိုင်းရင်းသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။