တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၆)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (16th ACDFM)သို့ တက်ရောက်

ေနျပည္ေတာ္၊ မတ္ – ၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ထုိင္းႏုိင္ငံ၊ ပတၱရားၿမိဳ႕ရွိ Royal Cliff ဟုိတယ္၌ က်င္းပျပဳလုပ္သည့္(၁၆)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားအစည္းအေ၀း (16th ACDFM)သုိ႔ တက္ေရာက္သည္။

အဆုိပါအစည္းအေ၀းသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕၀င္မ်ား၊ အာဆီယံတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ ကုိယ္စားလွယ္အဖြဲ႕၀င္မ်ားတက္ေရာက္ၾကသည္။ ဦးစြာအစည္းအေ၀းသဘာပတိ ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General  Ponpipat Benyasri က(၁၆)ႀကိမ္ေျမာက္ အာဆီယံ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားအစည္းအေ၀း (16th ACDFM) အဖြင့္အမွာစကားေျပာၾကားၿပီး အခမ္းအနားတက္ေရာက္လာၾကသည့္ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား စုေပါင္းမွတ္တမ္းတင္ဓာတ္ပုံ႐ုိက္ကူးၾကသည္။ ထုိ႔ေနာက္ အာဆီယံ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ား အလြတ္သေဘာအစည္းအေ၀း (16th ACDFM) ဗီဒီယုိမွတ္တမ္းအားၾကည့္႐ႈၾကသည္။

ဆက္လက္ၿပီး 16th ASEAN Military Intelligence Informal Meeting အစည္းအေ၀းရလဒ္အား ထုိင္းဘုရင့္တပ္မေတာ္ေထာက္လွမ္းေရးမွဴးခ်ဳပ္ Lieutenant General Nothapol Boonngam ကလည္းေကာင္း၊ 9th ASEAN Military Operations Informal Meeting ၏ရလဒ္အား ထုိင္းဘုရင့္တပ္မေတာ္စစ္ဆင္ေရးမွဴးခ်ဳပ္ Lieutenant General Suphot Malaniyom ကလည္းေကာင္းအသီးသီးတင္ျပၾကသည္။

ယင္းေနာက္ အစည္းအေ၀းသဘာပတိ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General  Ponpipat Benyasri  ဦးေဆာင္၍ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္အႀကီးအကဲမ်ားက သက္ဆုိင္ရာ ေခါင္းစဥ္မ်ားအား ႏုိင္ငံအကၡရာစဥ္အလိုက္ေဆြးေႏြးၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က “အာဆီယံ၏ ေရရွည္တည္တံ့ ခုိင္ၿမဲေသာလုံၿခဳံေရးအတြက္ အၾကမ္းဖက္မႈတန္ျပန္ ႏွိမ္နင္းေရး” အတြက္ေဆြးေႏြးေျပာၾကားရာတြင္ ေရရည္တည္တံ့ခုိင္ၿမဲေသာလုံၿခဳံေရးသည္ ရာသီဥတုေျပာင္းလဲမႈ၊ အရင္းအျမစ္အတြက္ၿပိဳင္ဆုိင္မႈမ်ား၊ ကမၻာလုံးဆုိင္ရာ စစ္အင္အားတည္ေဆာက္မႈမ်ား အစရွိသည့္ကမၻာႀကီး၏လုံၿခဳံမႈကုိထိပါးႏုိင္သည့္ ေရွရွည္ တုိက္တြန္းအားေပးႏုိင္ေသာ အခ်က္မ်ားႏွင့္ အဓိကသက္ဆုိင္လ်က္ရွိေသာ္လည္း အၾကမ္းဖက္ တုိက္ခိုက္မႈမ်ားသည္လည္း ေဒသတြင္းလုံၿခဳံေရးကုိ ထိပါးေစမည့္အႀကီးမားဆုံးစိန္ေခၚ ေနသည့္ကိစၥအျဖစ္ ဆက္လက္တည္ရွိေနပါေၾကာင္း၊ အၾကမ္းဖက္တုိက္ခုိက္မႈျဖစ္ပြားရသည့္ အေၾကာင္းရင္းမ်ားသည္ ႏုိင္ငံေရး၊ အမ်ိဳးသားေရး၊ ဘာသာေရး အစရွိသည့္ ေစ့ေဆာ္မႈမ်ားအနက္ တစ္ခုခုႏွင့္ဆက္စပ္ပတ္သက္လ်က္ရွိေၾကာင္း၊ မည္သည့္ အၾကမ္းဖက္မႈမ်ိဳးကုိမဆုိ ရင္ဆုိင္ေျဖရွင္း ႏုိင္ရန္အတြက္ လူသားအရင္းအျမစ္အျပင္ ေခတ္မီေသာနည္းပညာပုိင္းဆုိင္ရာ ကိရိယာမ်ားလည္း လုိအပ္ေၾကာင္း၊ ယေန႔ေခတ္ ကာလတြင္ဒီမုိကေရစီ၏အႏွစ္သာရမ်ားျဖစ္ေသာ လြတ္လပ္စြာစုဖြဲ႕ ႏုိင္ျခင္း၊ လြတ္လပ္စြာေျပာဆုိႏုိင္ျခင္း၊ ပုဂၢိဳလ္ေရးကိစၥရပ္မ်ားအား လွ်ိဳ႕၀ွက္ထားခြင့္ရွိျခင္း၊ သတင္း မီဒီယာလြတ္လပ္ခြင့္ရွိျခင္း စသည့္အခ်က္မ်ားေၾကာင့္ အၾကမ္းဖက္အဖြဲ႕ အစည္းမ်ားသည္ ၎တုိ႔၏ ရည္မွန္းခ်က္မ်ားကုိ အေကာင္အထည္ေဖာ္ေဆာင္ရန္အတြက္  ပတ္၀န္းက်င္ေကာင္းတစ္ရပ္အား ဖန္တီးေပးေနသည့္အေနအထားအျဖစ္ျဖစ္ေပၚ  ေနေစေၾကာင္း၊ အၾကမ္းဖက္မႈဆုိင္ရာစိန္ေခၚမႈမ်ားကုိ ေျဖရွင္းရန္ အၾကမ္းဖက္မႈတန္ျပန္ ႏွိမ္နင္းေရးကုိေဆာင္ရြက္ရာတြင္ ႏုိင္ငံတစ္ႏုိင္ငံခ်င္းအေနျဖင့္ ေျဖရွင္းျခင္းထက္ ႏုိင္ငံအမ်ားစည္းလုံးညီၫြတ္စြာေပါင္းစပ္ၫႇိႏႈိင္း၍ေျဖရွင္းျခင္းက ပုိမုိထိေရာက္ ေအာင္ျမင္ႏုိင္မည္ျဖစ္ေၾကာင္း။

ယေန႔ေခတ္အၾကမ္းဖက္အဖြဲ႕အစည္းအမ်ားစုသည္ ဘာသာေရး အစြန္းေရာက္မႈမ်ားမွတစ္ဆင့္ ေပၚေပါက္လာသည္ကုိေတြ႕ရွိရသည့္အျပင္ လူဦးေရေပါက္ကြဲမႈမွတစ္ဆင့္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္မႈမ်ားေၾကာင့္ မူလေနထုိင္သည့္လူ႕အဖြဲ႕အစည္းႏွင့္ စီးပြားေရး၊ လူမႈေရး၊ ဘာသာေရးႏွင့္ ယဥ္ေက်းမႈနယ္ပယ္အသီးသီးတြင္ ထိပ္တုိက္ေတြ႕ဆုံမႈမ်ားျဖစ္ေပၚကာ မူလေနထုိင္သည့္ လူ႕အဖြဲ႕အစည္းႏွင့္လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားအေပၚ အၾကမ္းဖက္တုိက္ခုိက္ခံရသည့္ျဖစ္စဥ္မ်ားလည္း ျဖစ္ပြားခဲ့သည္ကုိေတြ႕ရွိရေၾကာင္း၊ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအေနျဖင့္ႏုိင္ငံတစ္ႏုိင္ငံမွ ေပါက္ဖြား လာျခင္းမဟုတ္သကဲ့သုိ႔  ကမၻာလုံးဆုိင္ရာေပါင္းစည္းမႈျဖစ္စဥ္ (Globalization Process) အေပၚ အေျခခံ၍ ကမၻာ့ေနရာအႏွံ႕အျပားတြင္ေန႔စဥ္ႏွင့္အမွ် လူ႕အဖြဲ႕အစည္းအတြင္း စိမ့္၀င္ပ်ံ႕ႏွံ႕ေန သည္ကုိ ေတြ႕ရွိရေၾကာင္း၊ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအေနျဖင့္အမ်ားျပည္သူႏွင့္သက္ဆုိင္ေသာ ေနရာမ်ားကုိစနစ္တက်ေရြးခ်ယ္၍ ပစ္မွတ္ထားတုိက္ခုိက္ေလ့ရွိေၾကာင္း၊ မၾကာေသးမီႏွစ္မ်ား အတြင္းမွစ၍ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ ဘာသာေရးအစြန္းေရာက္မ်ားသည္ Internet Media မ်ားကုိအသုံးျပဳ၍ ကမၻာတစ္၀န္းဘာသာေရးအစြန္းေရာက္ အေတြးအေခၚမ်ားကုိျဖန္႔ေ၀ျခင္း၊ လူသစ္ စုေဆာင္းျခင္း၊ စည္း႐ုံးျခင္း၊ ISIS နယ္ေျမသုိ႔သြားေရာက္ႏုိင္ရန္ ခ်ိတ္ဆက္ေဆာင္ရြက္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသျဖင့္ ၎တုိ႔ကုိစုံစမ္းေစာင့္ၾကည့္ ေဖာ္ထုတ္ရန္ နည္းပညာျမင့္မားေသာႏုိင္ငံမ်ားအတြက္ ပင္လွ်င္ စိန္ေခၚမႈတစ္ရပ္ျဖစ္ေၾကာင္း၊ အၾကမ္းဖက္သမားမ်ားအေနျဖင့္ လူမႈကြန္ရက္မွတစ္ဆင့္ သတင္းအခ်က္အလက္မ်ားျဖန္႔ျဖဴးျခင္းသည္ ၎တုိ႔အဖြဲ႕အစည္း အတြက္သာမက ၎တို႔အား ေထာက္ခံအားေပးသူမ်ားအတြက္ပါ ပစ္မွတ္ထား လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း၊ အစြန္းေရာက္အေတြး အေခၚအယူအဆမ်ားႏွင့္ လုပ္ေဆာင္ခ်က္မ်ားအား ရပ္တန္႔ရန္မျဖစ္ႏုိင္ေသးေသာ္လည္း အဆုိပါ အစြန္းေရာက္ အဖြဲ႕မ်ားမွ လုပ္ကုိင္လ်က္ရွိသည့္ မီဒီယာမွတစ္ဆင့္၀ါဒျဖန္႔ခ်ိမႈမ်ားအား သက္ဆုိင္ရာ အစုိးရ၊ တပ္မေတာ္၊ လုံၿခံဳေရးအဖြဲ႕အစည္းမ်ားႏွင့္ အၾကမ္းဖက္မႈတန္ျပန္ ႏွိမ္နင္းေရးအဖြဲ႕မ်ား အေနျဖင့္ ပူးေပါင္းေဆာင္ရြက္၍ တုံ႕ျပန္ေျဖရွင္းသြားရန္လုိအပ္မည္ ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ကမၻာ့အၾကမ္းဖက္မႈအေျခအေနမ်ားသည္ ႐ႈပ္ေထြးလ်က္ရွိၿပီး မၾကာခဏျဖစ္ပြားလ်က္ရွိရာ အာဆီယံ ေဒသတြင္းႏုိင္ငံမ်ား အေနျဖင့္လည္း ယင္းၿခိမ္းေျခာက္မႈအႏၲရာယ္ကုိ ရင္ဆုိင္ရလ်က္ရွိေၾကာင္း၊ အာဆီယံေဒသတြင္းႏုိင္ငံမ်ားအၾကား အၾကမ္းဖက္ဆုိင္ရာဖိအားေပးၿခိမ္းေျခာက္ခံရမႈမ်ားလည္း ပုိမုိႀကီးထြားလာသည့္အတြက္ အၾကမ္းဖက္မႈဆုိင္ရာသတင္းမ်ားအား အျပန္အလွန္ ဖလွယ္သြား ႏုိင္ရန္လုိအပ္ေၾကာင္း၊ အၾကမ္းဖက္မႈႏွင့္ပတ္သက္၍ မည္သည့္ႏုိင္ငံတြင္ မဆုိ ႀကီးမားေသာစုိးရိမ္ ပူပန္မႈမ်ားျဖစ္ေပၚလာလ်က္ရွိၿပီး အာဆီယံေဒသတြင္းႏုိင္ငံ အသီးသီးအတြက္ဘုံၿခိမ္းေျခာက္မႈ တစ္ရပ္ျဖစ္ေနေသာေၾကာင့္ အားလုံးမွ ပူးေပါင္းေဆာင္ရြက္ၾကရန္လုိအပ္ေၾကာင္း၊ ႀကိဳတင္ ကာကြယ္ေရးႏွင့္ေထာက္လွမ္းေရးလုပ္ငန္းမ်ားကုိဦးစားေပးသင့္ၿပီး ပူးေပါင္းေဆာင္ရြက္ေရးကုိ ပုိုမုိတုိးျမႇင့္ရန္လုိအပ္ျခင္း၊ နည္းပညာပုိင္းႏွင့္ ေလ့က်င့္ေရးပုိင္းဆုိင္ရာမ်ားတြင္ အကူအညီမ်ား ေပးရန္လုိအပ္ျခင္း၊ ႏုိင္ငံအခ်င္းခ်င္း အျပန္အလွန္ကူညီပ့ံပုိးေရးႏွင့္ အၾကမ္းဖက္သမားမ်ား၏ လမ္းေၾကာင္းမ်ားကုိျဖတ္ေတာက္ပိတ္ဆုိ႔ျခင္းတုိ႔အား ပူးေပါင္းေဆာင္ရြက္သြားၾကရန္လုိအပ္ေၾကာင္း၊ အၾကမ္းဖက္တုိက္ခိုက္မႈသည္ ၂၁ ရာစုတြင္ အထင္ကရၿခိမ္းေျခာက္မႈတစ္ရပ္ျဖစ္လာခဲ့ၿပီး ၎ အၾကမ္းဖက္တုိက္ခုိက္မႈမ်ားကုိ အုပ္စုလုိက္ေသာ္လည္းေကာင္း၊ ႏုိင္ငံမဲ့အဖြဲ႕အစည္းမ်ားမွေသာ္ လည္းေကာင္း လုပ္ေဆာင္လ်က္ရွိေၾကာင္း၊ အခ်ိဳ႕ေသာအၾကမ္းဖက္အဖြဲ႕အစည္းမ်ားသည္ ႏုိင္ငံ အတြင္းရွိအဖြဲ႕တစ္ခုႏွင့္သာမက တစ္ႏုိင္ငံႏွင့္တစ္ႏုိင္ငံ၊ ေဒသတစ္ခုႏွင့္ တစ္ခုအထိ ခ်ိတ္ဆက္ လုပ္ေဆာင္လာၾကၿပီျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္အၾကမ္းဖက္၀ါဒအား တုိက္ဖ်က္ရာတြင္ အာဆီယံ ေဒသတြင္းႏုိင္ငံအသီးသီးမွ ပူးေပါင္းေဆာင္ရြက္ေရးသည္ လြန္စြာလုိအပ္လွေၾကာင္း၊ ပူးေပါင္း ေဆာင္ရြက္မႈမရွိပါက အၾကမ္းဖက္သမားမ်ားအတြက္ လုံၿခဳံေသာကြန္းခုိရာေနရာ (Safe Heaven)မ်ား ဆက္လက္တည္ရွိေနဦးမည့္အျပင္ ယင္းတုိ႔၏ တုိက္ခုိက္ဖ်က္ဆီးမႈမ်ားသည္လည္း ကမၻာတစ္၀န္း ဆက္လက္ေပၚေပါက္ ေနဦးမည္ျဖစ္ေၾကာင္း။

လက္ရွိရင္ဆုိင္ေနရေသာ စစ္ေသြးၾကြမ်ား၏ စိန္ေခၚမႈမ်ားသည္ ဘာသာေရးအစြန္းေရာက္မႈမ်ား အေပၚအေျခခံေၾကာင္း၊ ထုိကဲ့သုိ႔ေသာဘာသာေရးအစြန္းေရာက္မႈမ်ားအေပၚ အစုိးရမ်ားအေနျဖင့္ တင္းက်ပ္စြာကုိင္တြယ္ေျဖရွင္းမည္ဆုိပါက ဒီမုိကေရစီသေဘာတရားမ်ားအေပၚ ခ်ိဳးေဖာက္မႈအျဖစ္ ႏုိင္ငံတကာမွ ၀ုိင္း၀န္းဖိအားေပးျခင္းႏွင့္ လူ႕အခြင့္အေရးဗန္းျပကာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားက အစိုးရအေပၚအက်ပ္ကုိင္လာျခင္းတုိ႔ကုိ ရင္ဆုိင္ရလာႏုိင္ေၾကာင္း၊ ယင္းကဲ့သုိ႔အၾကမ္းဖက္ ၿခိမ္းေျခာက္မႈမ်ားကုိ ရင္ဆုိင္ေျဖရွင္းရာတြင္ အဓိကအခက္အခဲမ်ားျဖစ္သည့္ ျပည္တြင္းေရး လက္နက္ကုိင္ပဋိပကၡမ်ား၊ လူမ်ိဳးေရးႏွင့္ ဘာသာေရးမုန္းတီးမႈမ်ားအေပၚ ေျဖေလ်ာ့သြားႏုိင္ရန္ ႀကဳိးပမ္းေဆာင္ရြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံအေနျဖင့္လည္း အၾကမ္းဖက္မႈ တုိက္ဖ်က္ေရးဆုိင္ရာကိစၥရပ္မ်ားႏွင့္ ပတ္သက္ၿပီး ေဒသတြင္းေဆြးေႏြးပြဲမ်ား၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ ညီလာခံမ်ားတြင္တက္ၾကြစြာ ပူးေပါင္းပါ၀င္လ်က္ရွိၿပီး အၾကမ္းဖက္မႈတုိက္ဖ်က္ေရးလုပ္ငန္းမ်ားအား အာဆီယံ အဖြဲ႕၀င္ႏုိင္ငံမ်ား၊ ကမၻာ့ႏုိင္ငံအသီးသီးတုိ႔ႏွင့္ပူးေပါင္း၍ အၾကမ္းဖက္မႈတုိက္ဖ်က္ေရး လုပ္ငန္းမ်ားကုိပုိမုိထိေရာက္စြာ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ မိမိတုိ႔ရင္ဆုိင္ေနရသည့္ အၾကမ္းဖက္မႈ ႏွင့္ဆက္စပ္ေသာစိန္ေခၚမႈမ်ားကုိ တုံ႕ျပန္ေဆာင္ရြက္ႏုိင္ရန္အတြက္ အာဆီယံအဖြဲ႕၀င္ႏုိင္ငံမ်ားသည္ တစ္ႏုိင္ငံႏွင့္တစ္ႏုိင္ငံ ဆက္ဆံေရးျမႇင့္တင္ျခင္း၊ ကာကြယ္ေရးႏွင့္လုံၿခဳံေရးဆုိင္ရာကိစၥရပ္မ်ားတြင္ ပုိမုိပူးေပါင္းေဆာင္ရြက္ျခင္းျဖင့္ မိမိတုိ႔၏အနာဂါတ္ႏုိင္ငံေတာ္မ်ားကုိ တည္ၿငိမ္ေအးခ်မ္းၿပီး လုံၿခဳံစိတ္ခ်ရ၍ ဖြံ႕ၿဖိဳးတုိးတက္္ေသာအေနအထားျဖစ္ေအာင္ေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း၊ တစ္ႏုိင္ငံ ႏွင့္တစ္ႏုိင္ငံၫႇိႏႈိင္းေဆာင္ရြက္ျခင္းအားျဖင့္ အခက္အခဲမ်ားကုိေျဖရွင္းရာတြင္ပုိမုိ အဆင္ေျပလာ ေစမည့္အျပင္ စိန္ေခၚမႈမ်ားကုိလည္းပူးေပါင္းရင္ဆုိင္ႏုိင္မည္ျဖစ္ေၾကာင္း၊ အာဆီယံအဖြဲ႕၀င္ႏုိင္ငံမ်ား အၾကား ဆက္ဆံေရးပုိမုိတုိးတက္ေကာင္းမြန္ျခင္းအားျဖင့္ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရး လုပ္ငန္း မ်ားကုိ ေအာင္ျမင္စြာအေကာင္အထည္ေဖာ္ ႏုိင္ၾကပါေစေၾကာင္းတုိက္တြန္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည့္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တည္ခင္းဧည့္ခံသည့္ ေန႔လယ္စာစားပြဲအခမ္းအနားသုိ႔တက္ေရာက္ၾကသည္။

ယင္းေနာက္ အစည္းအေ၀းဒုတိယပုိင္းအားဆက္လက္က်င္းပရာ အာဆီယံ တပ္မေတာ္မ်ား၏  ၂၀၁၈-၂၀၁၉ ႏွစ္ႏွစ္လုပ္ငန္းစီမံခ်က္အားေဆြးေႏြးၾကၿပီး (၁၆)ႀကိမ္ေျမာက္အာဆီယံတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား  အစည္းအေ၀း (16th ACDFM) ပူးတြဲေၾကျငာခ်က္အား လက္မွတ္ ေရးထုိးၾကသည္။ ထုိ႔ေနာက္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နိဂုံးခ်ဳပ္ႏႈတ္ခြန္းဆက္ စကား ေျပာၾကားၿပီး(၁၇) ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အစည္းအေ၀း (17th ACDFM)ကုိ အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္စစ္ဦးစီးခ်ဳပ္  Senior General Phan Van Giang  ထံသုိ႔တာ၀န္လႊဲေျပာင္းေပးအပ္သည္။

ယင္းေနာက္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္စစ္ဦးစီးခ်ဳပ္က လက္ခံ ႏႈတ္ခြန္းဆက္ စကားေျပာၾကားၿပီး အစည္းအေ၀းအား႐ုပ္သိမ္းခဲ့သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ မေလးရွား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္  General TAN SRI  DATO’SERI PANGLIMA  Hj Zulkifli Bin Hj Zainal Abidin ႏွင့္လည္းေကာင္း၊ ဗီယက္နမ္ ျပည္သူ႔တပ္မေတာ္စစ္ဦးစီးခ်ဳပ္ Senior General Phan Van Giang ႏွင့္လည္းေကာင္း၊ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီးႏွင့္ စစ္ဦးစီးဌာနအႀကီးအကဲ Lieutenant General Souvone LEUANGBOUNMY ႏွင့္လည္းေကာင္း ႏုိင္ငံအလုိက္ သီးျခားစီေတြ႕ဆုံေဆြးေႏြးသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ ခ်စ္ၾကည္ရင္းႏွီးမႈတိုးျမႇင့္ေဆာင္ရြက္ေရး၊ ေလ့က်င့္ေရးဆုိင္ရာမ်ား ပူးေပါင္းေဆာင္ရြက္ေရးႏွင့္ အဆင့္အလိုက္ခ်စ္ၾကည္ေရး ခရီးစဥ္မ်ား အျပန္အလွန္ လည္ပတ္ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ မေလးရွား တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္စစ္ဦးစီးခ်ဳပ္ႏွင့္ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီးႏွင့္ စစ္ဦးစီးဌာနအႀကီးအကဲ တုိ႔ႏွင့္အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၆)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (16th ACDFM)သို့ တက်ရောက်

နေပြည်တော်၊ မတ် – ၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ Royal Cliff ဟိုတယ်၌ ကျင်းပပြုလုပ်သည့်(၁၆)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအစည်းအဝေး (16th ACDFM)သို့ တက်ရောက်သည်။

အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ကြသည်။ ဦးစွာအစည်းအဝေးသဘာပတိ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General  Ponpipat Benyasri က(၁၆)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအစည်းအဝေး (16th ACDFM) အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (16th ACDFM) ဗီဒီယိုမှတ်တမ်းအားကြည့်ရှုကြသည်။

ဆက်လက်ပြီး 16th ASEAN Military Intelligence Informal Meeting အစည်းအဝေးရလဒ်အား ထိုင်းဘုရင့်တပ်မတော်ထောက်လှမ်းရေးမှူးချုပ် Lieutenant General Nothapol Boonngam ကလည်းကောင်း၊ 9th ASEAN Military Operations Informal Meeting ၏ရလဒ်အား ထိုင်းဘုရင့်တပ်မတော်စစ်ဆင်ရေးမှူးချုပ် Lieutenant General Suphot Malaniyom ကလည်းကောင်းအသီးသီးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသဘာပတိ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General  Ponpipat Benyasri  ဦးဆောင်၍ အာဆီယံနိုင်ငံများမှ တပ်မတော်အကြီးအကဲများက သက်ဆိုင်ရာ ခေါင်းစဉ်များအား နိုင်ငံအက္ခရာစဉ်အလိုက်ဆွေးနွေးကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အာဆီယံ၏ ရေရှည်တည်တံ့ ခိုင်မြဲသောလုံခြုံရေးအတွက် အကြမ်းဖက်မှုတန်ပြန် နှိမ်နင်းရေး” အတွက်ဆွေးနွေးပြောကြားရာတွင် ရေရည်တည်တံ့ခိုင်မြဲသောလုံခြုံရေးသည် ရာသီဥတုပြောင်းလဲမှု၊ အရင်းအမြစ်အတွက်ပြိုင်ဆိုင်မှုများ၊ ကမ္ဘာလုံးဆိုင်ရာ စစ်အင်အားတည်ဆောက်မှုများ အစရှိသည့်ကမ္ဘာကြီး၏လုံခြုံမှုကိုထိပါးနိုင်သည့် ရှေရှည် တိုက်တွန်းအားပေးနိုင်သော အချက်များနှင့် အဓိကသက်ဆိုင်လျက်ရှိသော်လည်း အကြမ်းဖက် တိုက်ခိုက်မှုများသည်လည်း ဒေသတွင်းလုံခြုံရေးကို ထိပါးစေမည့်အကြီးမားဆုံးစိန်ခေါ် နေသည့်ကိစ္စအဖြစ် ဆက်လက်တည်ရှိနေပါကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းများသည် နိုင်ငံရေး၊ အမျိုးသားရေး၊ ဘာသာရေး အစရှိသည့် စေ့ဆော်မှုများအနက် တစ်ခုခုနှင့်ဆက်စပ်ပတ်သက်လျက်ရှိကြောင်း၊ မည်သည့် အကြမ်းဖက်မှုမျိုးကိုမဆို ရင်ဆိုင်ဖြေရှင်း နိုင်ရန်အတွက် လူသားအရင်းအမြစ်အပြင် ခေတ်မီသောနည်းပညာပိုင်းဆိုင်ရာ ကိရိယာများလည်း လိုအပ်ကြောင်း၊ ယနေ့ခေတ် ကာလတွင်ဒီမိုကရေစီ၏အနှစ်သာရများဖြစ်သော လွတ်လပ်စွာစုဖွဲ့ နိုင်ခြင်း၊ လွတ်လပ်စွာပြောဆိုနိုင်ခြင်း၊ ပုဂ္ဂိုလ်ရေးကိစ္စရပ်များအား လျှို့ဝှက်ထားခွင့်ရှိခြင်း၊ သတင်း မီဒီယာလွတ်လပ်ခွင့်ရှိခြင်း စသည့်အချက်များကြောင့် အကြမ်းဖက်အဖွဲ့ အစည်းများသည် ၎င်းတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရန်အတွက်  ပတ်ဝန်းကျင်ကောင်းတစ်ရပ်အား ဖန်တီးပေးနေသည့်အနေအထားအဖြစ်ဖြစ်ပေါ်  နေစေကြောင်း၊ အကြမ်းဖက်မှုဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန် အကြမ်းဖက်မှုတန်ပြန် နှိမ်နင်းရေးကိုဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံချင်းအနေဖြင့် ဖြေရှင်းခြင်းထက် နိုင်ငံအများစည်းလုံးညီညွတ်စွာပေါင်းစပ်ညှိနှိုင်း၍ဖြေရှင်းခြင်းက ပိုမိုထိရောက် အောင်မြင်နိုင်မည်ဖြစ်ကြောင်း။

ယနေ့ခေတ်အကြမ်းဖက်အဖွဲ့အစည်းအများစုသည် ဘာသာရေး အစွန်းရောက်မှုများမှတစ်ဆင့် ပေါ်ပေါက်လာသည်ကိုတွေ့ရှိရသည့်အပြင် လူဦးရေပေါက်ကွဲမှုမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကြောင့် မူလနေထိုင်သည့်လူ့အဖွဲ့အစည်းနှင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်အသီးသီးတွင် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပေါ်ကာ မူလနေထိုင်သည့် လူ့အဖွဲ့အစည်းနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်ကိုတွေ့ရှိရကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့်နိုင်ငံတစ်နိုင်ငံမှ ပေါက်ဖွား လာခြင်းမဟုတ်သကဲ့သို့  ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှုဖြစ်စဉ် (Globalization Process) အပေါ် အခြေခံ၍ ကမ္ဘာ့နေရာအနှံ့အပြားတွင်နေ့စဉ်နှင့်အမျှ လူ့အဖွဲ့အစည်းအတွင်း စိမ့်ဝင်ပျံ့နှံ့နေ သည်ကို တွေ့ရှိရကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့်အများပြည်သူနှင့်သက်ဆိုင်သော နေရာများကိုစနစ်တကျရွေးချယ်၍ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိကြောင်း၊ မကြာသေးမီနှစ်များ အတွင်းမှစ၍ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဘာသာရေးအစွန်းရောက်များသည် Internet Media များကိုအသုံးပြု၍ ကမ္ဘာတစ်ဝန်းဘာသာရေးအစွန်းရောက် အတွေးအခေါ်များကိုဖြန့်ဝေခြင်း၊ လူသစ် စုဆောင်းခြင်း၊ စည်းရုံးခြင်း၊ ISIS နယ်မြေသို့သွားရောက်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် ၎င်းတို့ကိုစုံစမ်းစောင့်ကြည့် ဖော်ထုတ်ရန် နည်းပညာမြင့်မားသောနိုင်ငံများအတွက် ပင်လျှင် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် လူမှုကွန်ရက်မှတစ်ဆင့် သတင်းအချက်အလက်များဖြန့်ဖြူးခြင်းသည် ၎င်းတို့အဖွဲ့အစည်း အတွက်သာမက ၎င်းတို့အား ထောက်ခံအားပေးသူများအတွက်ပါ ပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အစွန်းရောက်အတွေး အခေါ်အယူအဆများနှင့် လုပ်ဆောင်ချက်များအား ရပ်တန့်ရန်မဖြစ်နိုင်သေးသော်လည်း အဆိုပါ အစွန်းရောက် အဖွဲ့များမှ လုပ်ကိုင်လျက်ရှိသည့် မီဒီယာမှတစ်ဆင့်ဝါဒဖြန့်ချိမှုများအား သက်ဆိုင်ရာ အစိုးရ၊ တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် အကြမ်းဖက်မှုတန်ပြန် နှိမ်နင်းရေးအဖွဲ့များ အနေဖြင့် ပူးပေါင်းဆောင်ရွက်၍ တုံ့ပြန်ဖြေရှင်းသွားရန်လိုအပ်မည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့အကြမ်းဖက်မှုအခြေအနေများသည် ရှုပ်ထွေးလျက်ရှိပြီး မကြာခဏဖြစ်ပွားလျက်ရှိရာ အာဆီယံ ဒေသတွင်းနိုင်ငံများ အနေဖြင့်လည်း ယင်းခြိမ်းခြောက်မှုအန္တရာယ်ကို ရင်ဆိုင်ရလျက်ရှိကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အကြမ်းဖက်ဆိုင်ရာဖိအားပေးခြိမ်းခြောက်ခံရမှုများလည်း ပိုမိုကြီးထွားလာသည့်အတွက် အကြမ်းဖက်မှုဆိုင်ရာသတင်းများအား အပြန်အလှန် ဖလှယ်သွား နိုင်ရန်လိုအပ်ကြောင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်၍ မည်သည့်နိုင်ငံတွင် မဆို ကြီးမားသောစိုးရိမ် ပူပန်မှုများဖြစ်ပေါ်လာလျက်ရှိပြီး အာဆီယံဒေသတွင်းနိုင်ငံ အသီးသီးအတွက်ဘုံခြိမ်းခြောက်မှု တစ်ရပ်ဖြစ်နေသောကြောင့် အားလုံးမှ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကြိုတင် ကာကွယ်ရေးနှင့်ထောက်လှမ်းရေးလုပ်ငန်းများကိုဦးစားပေးသင့်ပြီး ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်ရန်လိုအပ်ခြင်း၊ နည်းပညာပိုင်းနှင့် လေ့ကျင့်ရေးပိုင်းဆိုင်ရာများတွင် အကူအညီများ ပေးရန်လိုအပ်ခြင်း၊ နိုင်ငံအချင်းချင်း အပြန်အလှန်ကူညီပံ့ပိုးရေးနှင့် အကြမ်းဖက်သမားများ၏ လမ်းကြောင်းများကိုဖြတ်တောက်ပိတ်ဆို့ခြင်းတို့အား ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုသည် ၂၁ ရာစုတွင် အထင်ကရခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာခဲ့ပြီး ၎င်း အကြမ်းဖက်တိုက်ခိုက်မှုများကို အုပ်စုလိုက်သော်လည်းကောင်း၊ နိုင်ငံမဲ့အဖွဲ့အစည်းများမှသော် လည်းကောင်း လုပ်ဆောင်လျက်ရှိကြောင်း၊ အချို့သောအကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံ အတွင်းရှိအဖွဲ့တစ်ခုနှင့်သာမက တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ ဒေသတစ်ခုနှင့် တစ်ခုအထိ ချိတ်ဆက် လုပ်ဆောင်လာကြပြီဖြစ်ကြောင်း၊ ထို့ကြောင့်အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရာတွင် အာဆီယံ ဒေသတွင်းနိုင်ငံအသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေးသည် လွန်စွာလိုအပ်လှကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုမရှိပါက အကြမ်းဖက်သမားများအတွက် လုံခြုံသောကွန်းခိုရာနေရာ (Safe Heaven)များ ဆက်လက်တည်ရှိနေဦးမည့်အပြင် ယင်းတို့၏ တိုက်ခိုက်ဖျက်ဆီးမှုများသည်လည်း ကမ္ဘာတစ်ဝန်း ဆက်လက်ပေါ်ပေါက် နေဦးမည်ဖြစ်ကြောင်း။

လက်ရှိရင်ဆိုင်နေရသော စစ်သွေးကြွများ၏ စိန်ခေါ်မှုများသည် ဘာသာရေးအစွန်းရောက်မှုများ အပေါ်အခြေခံကြောင်း၊ ထိုကဲ့သို့သောဘာသာရေးအစွန်းရောက်မှုများအပေါ် အစိုးရများအနေဖြင့် တင်းကျပ်စွာကိုင်တွယ်ဖြေရှင်းမည်ဆိုပါက ဒီမိုကရေစီသဘောတရားများအပေါ် ချိုးဖောက်မှုအဖြစ် နိုင်ငံတကာမှ ဝိုင်းဝန်းဖိအားပေးခြင်းနှင့် လူ့အခွင့်အရေးဗန်းပြကာ အကြမ်းဖက်အဖွဲ့အစည်းများက အစိုးရအပေါ်အကျပ်ကိုင်လာခြင်းတို့ကို ရင်ဆိုင်ရလာနိုင်ကြောင်း၊ ယင်းကဲ့သို့အကြမ်းဖက် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အဓိကအခက်အခဲများဖြစ်သည့် ပြည်တွင်းရေး လက်နက်ကိုင်ပဋိပက္ခများ၊ လူမျိုးရေးနှင့် ဘာသာရေးမုန်းတီးမှုများအပေါ် ဖြေလျော့သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ဒေသတွင်းဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများတွင်တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများအား အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံအသီးသီးတို့နှင့်ပူးပေါင်း၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းများကိုပိုမိုထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ရင်ဆိုင်နေရသည့် အကြမ်းဖက်မှု နှင့်ဆက်စပ်သောစိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ခြင်း၊ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့၏အနာဂါတ်နိုင်ငံတော်များကို တည်ငြိမ်အေးချမ်းပြီး လုံခြုံစိတ်ချရ၍ ဖွံ့ဖြိုးတိုးတက်သောအနေအထားဖြစ်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံ နှင့်တစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် အခက်အခဲများကိုဖြေရှင်းရာတွင်ပိုမို အဆင်ပြေလာ စေမည့်အပြင် စိန်ခေါ်မှုများကိုလည်းပူးပေါင်းရင်ဆိုင်နိုင်မည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်ခြင်းအားဖြင့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လုပ်ငန်း များကို အောင်မြင်စွာအကောင်အထည်ဖော် နိုင်ကြပါစေကြောင်းတိုက်တွန်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲအခမ်းအနားသို့တက်ရောက်ကြသည်။

ယင်းနောက် အစည်းအဝေးဒုတိယပိုင်းအားဆက်လက်ကျင်းပရာ အာဆီယံ တပ်မတော်များ၏  ၂၀၁၈-၂၀၁၉ နှစ်နှစ်လုပ်ငန်းစီမံချက်အားဆွေးနွေးကြပြီး (၁၆)ကြိမ်မြောက်အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ  အစည်းအဝေး (16th ACDFM) ပူးတွဲကြေငြာချက်အား လက်မှတ် ရေးထိုးကြသည်။ ထို့နောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်နှုတ်ခွန်းဆက် စကား ပြောကြားပြီး(၁၇) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (17th ACDFM)ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးချုပ်  Senior General Phan Van Giang  ထံသို့တာဝန်လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးချုပ်က လက်ခံ နှုတ်ခွန်းဆက် စကားပြောကြားပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  General TAN SRI  DATO’SERI PANGLIMA  Hj Zulkifli Bin Hj Zainal Abidin နှင့်လည်းကောင်း၊ ဗီယက်နမ် ပြည်သူ့တပ်မတော်စစ်ဦးစီးချုပ် Senior General Phan Van Giang နှင့်လည်းကောင်း၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Souvone LEUANGBOUNMY နှင့်လည်းကောင်း နိုင်ငံအလိုက် သီးခြားစီတွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေးနှင့် အဆင့်အလိုက်ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲများအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မလေးရှား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးချုပ်နှင့် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ တို့နှင့်အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။