နေပြည်တော် အောက်တိုဘာ ၁၄ မြန်မာ-ရုရှား-ဘယ်လာရုစ် (၃) နိုင်ငံပူးပေါင်းဖျော်ဖြေတင်ဆက်မှုအခမ်းအနား အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိNaypyitaw State Polytechnic University ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အဖွဲ့ဝင်အမှုဆောင်ချုပ်