နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစား သမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ မတ္ – ၁၉

(၂၈)ႀကိမ္ေျမာက္အာဆီယံႏိုင္ငံ တပ္မေတာ္(ၾကည္း)မ်ားေသနတ္ပစ္ၿပဳိင္ပြဲ၊ အျပည္ျပည္ဆိုင္ရာ ဖိတ္ေခၚလက္ေ၀ွ႔ၿပဳိင္ပြဲ၊ (၁၉)ႀကိမ္ေျမာက္အာဆီယံတကၠသိုလ္ ေပါင္းစုံအားကစားၿပဳိင္ပြဲမ်ားတြင္ ဆုတံဆိပ္ရရွိခဲ့သည့္ ႏုိင္ငံ့ဂုဏ္ေဆာင္ တပ္မေတာ္သားအားကစားသမားမ်ားႏွင့္ ေရႊတံဆိပ္ဆု ရရွိေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့သည့္ နည္းျပမ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ဂုဏ္ျပဳဆုေငြမ်ား ခ်ီးျမႇင့္ေပးအပ္ျခင္း အခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ခ်ီးျမႇင့္သည္။

အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ဆုရရွိခဲ့ၾကသည့္ အားကစားသမားမ်ားႏွင့္ နည္းျပမ်ားတက္ေရာက္ၾကသည္။

အခမ္းအနားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာ၌ မ်က္ေမွာက္ေခတ္ ကာလတြင္ အားကစားက႑သည္ အမ်ိဳးသားအက်ိဳးစီးပြားကို တစ္ေထာင့္တစ္ေနရာမွ ပံ့ပိုး ေနသည္ကိုေတြ႕ရွိရေၾကာင္း၊ ထူးခြၽန္ထက္ျမက္သည့္ အားကစားသမားမ်ားရွိျခင္းျဖင့္ မိမိတို႔ႏိုင္ငံႏွင့္ လူမ်ိဳးသည္ ကမၻာ့ႏိုင္ငံအသီးသီး၏ အထင္ႀကီးေလးစားမႈမ်ားကို ခံရမည္ျဖစ္သကဲ့သို႔ ႏိုင္ငံ၏ ပုံရိပ္သည္လည္း ျမင့္တက္လာမည္ျဖစ္ေၾကာင္း၊ ကမၻာ့ႏိုင္ငံအသီးသီးသည္လည္း ၎တို႔ႏိုင္ငံ၏ အားကစား အဆင့္အတန္းျမင့္မားရန္ အၿပိဳင္အဆိုင္ႀကိဳးပမ္းေနၾကသည္ကိုေတြ႕ရေၾကာင္း၊ ျပည္တြင္း အားကစားၿပိဳင္ပြဲမ်ားမွ ထူးခြၽန္သူမ်ားေရြးထုတ္ၿပီး ေဒသတြင္းၿပိဳင္ပြဲမ်ား၊ ကမၻာ့အဆင့္ ၿပိဳင္ပြဲမ်ားကို ယွဥ္ၿပိဳင္ႏိုင္ရန္ႀကိဳးစားေနၾကေၾကာင္း၊ အားကစားက႑ကို အမ်ိဳးသားေရး တာ၀န္တစ္ရပ္အျဖစ္ သေဘာထားၿပီး အႏိုင္မခံအ႐ႈံးမေပးသည့္စိတ္ဓာတ္မ်ားႏွင့္ ကိုယ့္ႏိုင္ငံ၊ ကိုယ့္လူမ်ဳိးဂုဏ္ကို ေဖာ္ေဆာင္ႏိုင္ရန္ ႀကိဳးစားလာၾကေၾကာင္း၊ အားကစားၿပိဳင္ပြဲမ်ားမွတစ္ဆင့္ ႏိုင္ငံႏွင့္လူမ်ဳိး၏ စြမ္းေဆာင္ရည္မ်ားကိုလည္း သံုးသပ္လ်က္ရွိၾကေၾကာင္း၊ အားကစားသမားမ်ား၏ က်န္းမာႀကံ႕ခိုင္မႈ၊ ဇြဲလံု႕လရွိမႈ၊ စည္းလံုးညီၫြတ္မႈမ်ားႏွင့္ စည္းကမ္းေကာင္းမြန္မႈမ်ားမွတစ္ဆင့္ ႏိုင္ငံတစ္ႏိုင္ငံခ်င္းစီ၏ စိတ္ေနသေဘာထားမ်ားကို သုံးသပ္ေတြ႕ရွိရမည္ျဖစ္ေၾကာင္း။

အားကစားဆိုသည္မွာ ကြင္းအတြင္းမွာပင္ ယွဥ္ၿပိဳင္ေနသည္ဆိုေသာ္လည္း ကြင္းျပင္ပတြင္ရွိသည့္ လူသားမ်ားအထိပါသက္ေရာက္မႈမ်ားရွိေနၾကေၾကာင္း၊ အားကစားပြဲမ်ားေၾကာင့္ ခ်စ္ၾကည္ရင္းႏွီးမႈ၊ စည္းလံုးညီၫြတ္မႈ၊ တရားမွ်တမႈ စသည့္ အက်ဳိးအျမတ္မ်ားကိုရရွိေစမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္း ျဖစ္ေစ၊ အဖဲြ႕လိုက္ျဖစ္ေစ၊ မည္သည့္ အားကစားမဆို နည္းစနစ္မ်ားက အေရးႀကီးသကဲ့သို႔ ေလ့က်င့္သားျပည့္၀ရန္လည္း အေရးႀကီးေၾကာင္း၊ ရွိသင့္ရွိထိုက္သည့္ အေထာက္အကူပစၥည္းမ်ားႏွင့္ အားေပးကူညီမႈမ်ားလည္းလိုအပ္ေၾကာင္း၊ ၎အခ်က္မ်ားအားလံုးျပည့္စံုမွသာ ေအာင္ပဲြရရွိရန္ လြယ္ကူမည္ျဖစ္ေၾကာင္း၊ အားကစားနယ္ပယ္တြင္ ေအာင္ျမင္မႈရရွိရန္ ႀကိဳးပမ္းျခင္းသည္ ႏုိင္ငံတစ္ခုတည္ေဆာက္ျခင္းျဖင့္လည္း အလားသဏၭာန္တူေၾကာင္း၊ အားကစားသမားတိုင္း ရွိရမည့္ စိတ္ဓာတ္၊ စည္းကမ္း၊ ေလ့က်င့္သားျပည့္၀မႈ၊ တရားမွ်တမႈတို႔သည္ အဖဲြ႕အစည္း တစ္ခု၊ ႏိုင္ငံတစ္ခု တည္ေဆာက္ရန္အတြက္လည္း မလြဲမေသြလိုအပ္သည့္အရာမ်ားပင္ ျဖစ္ေၾကာင္း၊ ျမန္မာ့အားကစား ေအာင္ျမင္မႈသမိုင္းမွတ္တမ္းမ်ားႏွင့္အတူ တပ္မေတာ္သား အားကစားသမားမ်ား၏ စြမ္းေဆာင္ႏိုင္မႈ မ်ားကလည္း ဒြန္တြဲလ်က္ရွိေၾကာင္း၊ ႏိုင္ငံတကာၿပိဳင္ပြဲမ်ားတြင္လည္း ေအာင္ျမင္မႈမ်ား အႀကိမ္ႀကိမ္ ရယူႏုိင္ခဲ့ၾကၿပီး ျမန္မာ့ေဘာလံုးေရႊေခတ္၏ ျမန္မာ့လက္ေရြးစင္အသင္းတြင္ တပ္မေတာ္သား ေဘာလံုးသမား အေက်ာ္အေမာ္မ်ား မ်ားစြာပါ၀င္ခဲ့ၾကသည္ကုိေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ေဘာလံုး အားကစားနည္းအျပင္ ေျပးခုန္ပစ္၊ လက္ေ၀ွ႕၊ အေလးမ၊ ဂ်ဴဒို စသည့္ အားကစားနည္းမ်ားတြင္လည္း ဆုတံဆိပ္ေပါင္းမ်ားစြာရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၾကေၾကာင္း။

တပ္မေတာ္အေနျဖင့္လည္း ႏွစ္စဥ္ႏွစ္တိုင္း (ၾကည္း၊ ေရ၊ ေလ) အားကစားၿပိဳင္ပြဲ မ်ားကိုက်င္းပေပးၿပီး ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ မ်ဳိးဆက္သစ္အားကစားသမားမ်ားကို ေမြးထုတ္ေပးလ်က္ ရွိေၾကာင္း၊ တပ္မေတာ္သားမ်ားသည္ ႏိုင္ငံေတာ္ကာကြယ္ေရးတာ၀န္ ထမ္းေဆာင္သူမ်ား ျဖစ္သည္ႏွင့္အညီ ေသနတ္ပစ္ကြၽမ္းက်င္ေနရန္ အထူးလိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ႏွစ္စဥ္ႏွစ္တိုင္း ေသနတ္ပစ္ၿပိဳင္ပြဲမ်ားက်င္းပ ေပးေနေၾကာင္း၊ ေသနတ္ပစ္ၿပိဳင္ပြဲမ်ားမွတစ္ဆင့္ စိတ္တည္ၿငိမ္မႈ၊ ဆံုးျဖတ္ခ်က္မွန္ကန္မႈ၊ ယံုၾကည္မႈမ်ား၊ တိုးပြားလာမည္ပင္ျဖစ္ေၾကာင္း၊ လက္ေ၀ွ႕အားကစားေၾကာင့္ ကိုယ္ခႏၶာႀကံ႕ခိုင္မႈအျပင္ ရဲစြမ္းသတိၱမ်ားပါ တိုးပြားလာေစမည္ျဖစ္သျဖင့္ စစ္ေျမျပင္တာ၀န္ ထမ္းေဆာင္မႈအေပၚ မ်ားစြာအက်ဳိးျပဳေစသည္ကုိ ေတြ႕ရွိရမည္ျဖစ္ေၾကာင္း အားကစား ျမႇင့္တင္ျခင္း လုပ္ငန္းမ်ားသည္ တပ္တြင္းစည္းလံုးညီၫြတ္မႈကို တိုးတက္ေစသည့္အျပင္ တပ္ေနေပ်ာ္ၿပီး စစ္တိုက္ေတာ္သူမ်ား ျဖစ္လာေစရန္လည္း စြမ္းေဆာင္ေပးေနေၾကာင္း၊ “က်န္းမာႀကံ႕ခိုင္ ျပည့္မ႑ိဳင္၊ ႀကံ႕ခိုင္ ကိုယ္လက္ တိုင္းျပည္အတြက္ ” ဆိုသည့္ ေဆာင္ပုဒ္ႏွင့္အညီ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ကို ရြပ္ရြပ္ခြၽံခြၽံ ထမ္းေဆာင္ႏုိင္ရန္အတြက္ က်န္းမာႀကံ႕ခိုင္ေနရန္အထူးအေရးႀကီးေၾကာင္း၊ မိမိတို႕တပ္မေတာ္သားမ်ားသည္ ႏိုင္ငံေတာ္၏ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရး၊ ျပည္သူလူထု၏ အသက္ အိုးအိမ္စည္းစိမ္မ်ားကို ကာကြယ္ေစာင့္ေရွာက္ေရး၊ အမ်ဳိးသားအက်ဳိးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ေရးဆိုသည့္ ဘက္ေပါင္းစံုမွ ကာကြယ္ေရး တာ၀န္မ်ားကို ထမ္းေဆာင္လ်က္ရွိေၾကာင္း၊ အဆိုပါတာ၀န္မ်ားကို စြမ္းစြမ္းတမံထမ္းေဆာင္ႏိုင္ရန္ က်န္းမာႀကံ႕ခိုင္ေနေစေရးသည္ အထူးပင္လိုအပ္ေၾကာင္း။

အားကစားၿပိဳင္ပြဲမ်ားမွရရွိသည့္ အေတြ႕အႀကံဳမ်ားကိုအသံုးခ်ၿပီး မိမိဘ၀တိုးတက္မႈအတြက္ ႀကိဳးစား ၾကရန္ မွာၾကားလိုေၾကာင္း၊ “စည္းကမ္းသည္လူ၏တန္ဖိုး၊ စည္းကမ္းရွိမွ တိုးတက္မည္” ဆိုျခင္း ေၾကာင့္ အားကစားသမားတစ္ေယာက္အတြက္ စည္းကမ္းလိုက္နာမႈသည္လည္း အင္မတန္ အေရးႀကီးေၾကာင္း၊ “စစ္စည္းကမ္းဟူသည္ တပ္မေတာ္၏ အသက္၀ိညာဥ္ပင္ျဖစ္၏” ဆိုသည့္ ေဆာင္ပုဒ္ႏွင့္အညီ စည္းကမ္းကို အေျချပဳထားသည့္ တပ္မေတာ္သားမ်ားအေနျဖင့္ အားကစား က႑တြင္လည္း နည္းျပမ်ား၏သြန္သင္ ျပသမႈကို အေလးထားလိုက္နာၾကရန္လိုအပ္ေၾကာင္း၊ စည္းကမ္းေဖာက္ဖ်က္ျခင္းေၾကာင့္ အားကစားနယ္ပယ္မွေစာစီးစြာ တိမ္ေကာသြားၾကသည့္ အားကစားသမားမ်ားလည္းရွိသည္ဆိုသည္ကို သတိျပဳေစလိုေၾကာင္း၊ အသင္းအဖဲြ႕အလိုက္ ယွဥ္ၿပိဳင္သည့္အခါတြင္လည္း စည္းလံုးညီၫြတ္စြာ သန္႔သန္႔ရွင္းရွင္း ႀကိဳးစားၿပိဳင္ပြဲ၀င္ၾကရမည္ ျဖစ္ေၾကာင္း၊ တစ္ဦးတစ္ေယာက္၏ အက်င့္စာရိတၱေလ်ာ့ရဲမႈေၾကာင့္ အသင္းအဖဲြ႕ တစ္ခုလံုး၏ ပံုရိပ္ကိုမထိခိုက္ေစရန္လည္း ကိုယ္စီဂ႐ုျပဳသြားၾကရန္လိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ ယေန႕ ေအာင္ျမင္မႈမ်ား ဆြတ္ခူးလာခဲ့ၾကသည့္ တပ္မေတာ္သားအားကစားသမားမ်ားအေနျဖင့္ မိမိတို႕၏ ေအာင္ျမင္မႈမ်ားကို ေရရွည္တည္တံ့ႏိုင္ရန္ စည္းကမ္းကို အေလးထားလိုက္နာၾကရန္ မွာၾကား လိုေၾကာင္း။

(၂၈)ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပဲြဲသည္ မိမိတို႕ တပ္မေတာ္သားမ်ားအေနျဖင့္ ေရႊတံဆိပ္ ၂ ခု၊ ေငြတံဆိပ္ ၁ ခု၊ ေၾကးတံဆိပ္ ၁ ခု ဆြတ္ခူးႏိုင္ခဲ့သျဖင့္ ၿပိဳင္ပြဲ၀င္ ၁၀ ႏုိင္ငံတြင္ စတုတၳအဆင့္ကုိ ရရွိခဲ့သကဲ့သုိ႔ အျပည္ျပည္ဆိုင္ရာ ဖိတ္ေခၚ လက္ေ၀ွ႕ၿပိဳင္ပြဲတြင္လည္း ေရႊတံဆိပ္ ၁ ခုႏွင့္ ေၾကးတံဆိပ္ ၂ ခုတို႔ကိုရယူႏိုင္ခဲ့သျဖင့္ ၿပိဳင္ပြဲ၀င္ ၆ ႏုိင္ငံတြင္ တတိယအဆင့္ကုိရရွိခဲ့ေၾကာင္း၊ ထို႕ျပင္ (၁၉)ႀကိမ္ေျမာက္ အာဆီယံတကၠသိုလ္ေပါင္းစံု အားကစားၿပိဳင္ပြဲအား ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလအတြင္း မိမိတုိ႔ႏုိင္ငံတြင္အိမ္ရွင္အျဖစ္က်င္းပခဲ့ၿပီး ျမန္မာႏုိင္ငံမွပါ၀င္ယွဥ္ၿပိဳင္သည့္ အားကစားသမား ၃၄၂ ဦးအနက္ တပ္မေတာ္သား ၉ ဦး ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာတြင္လည္း ေရႊတံဆိပ္ ၃ ခု၊ ေငြတံဆိပ္ ၃ ခု၊ ေၾကးတံဆိပ္ ၂ ခုတို႕ကို ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၾကေၾကာင္း၊ တပ္မေတာ္၏ေအာင္ျမင္မႈသည္ ႏုိင္ငံေတာ္၏ေအာင္ျမင္မႈပင္ ျဖစ္သည့္အတြက္ ယခုကဲ့သို႔ဆုတံဆိပ္မ်ားရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၾကသည့္ တပ္မေတာ္သား မ်ားကို ဂုဏ္ျပဳခ်ီးျမႇင့္ေပးျခင္းပင္ျဖစ္ေၾကာင္း၊ ယေန႕အခမ္းအနားသို႔ တက္ေရာက္လာၾကသည့္ ေအာင္ပြဲရအားကစားသမားမ်ားႏွင့္နည္းျပမ်ားသည္ မိမိတို႕ တပ္ရင္း/တပ္ဖဲြ႕မ်ားကို ျပန္လည္ ေရာက္ရွိသည့္အခ်ိန္တြင္ မိမိတို႕ကဲ့သို႔အားကစားသမားေကာင္းမ်ား ေပၚထြန္းလာေစေရးအတြက္ စစ္သည္ႏွင့္မိသားစု၀င္မ်ားကို လက္တြဲေခၚၿပီး သြန္သင္ျပသေပးရန္မွာၾကားလိုေၾကာင္း၊ သို႔မွသာ တပ္မေတာ္အတြင္း ႏိုင္ငံ့ဂုဏ္ေဆာင္ႏိုင္မည့္ တပ္မေတာ္သားမ်ဳိးဆက္သစ္အားကစားသမားမ်ား စဥ္ဆက္မျပတ္ ေပၚထြန္းလာမည္ပင္ျဖစ္ေၾကာင္း။

အားကစားဆိုသည္မွာ ခ်က္ခ်င္းႀကိဳးစားၿပီး ခ်က္ခ်င္းေအာင္ျမင္မႈရႏိုင္မည္ မဟုတ္ဘဲ က်န္းမာ ႀကံ႕ခိုင္မႈ၊ နည္းစနစ္က်မႈ၊ ႀကိဳတင္ျပင္ဆင္မႈမ်ားအေပၚ အေျခတည္ၿပီး ေအာင္ျမင္မႈရႏိုင္ျခင္း ျဖစ္သည့္အတြက္ အခ်ိန္ယူေလ့က်င့္ပ်ဳိးေထာင္ရန္ လိုအပ္ေၾကာင္း၊ အဟာရျပည့္၀သည့္ စားေသာက္မႈမ်ားကို ဂ႐ုတစိုက္ခ်င့္ခ်ိန္စားေသာက္ၿပီး သက္လံုေကာင္းေအာင္ ေလ့က်င့္ရန္လည္း လိုအပ္ေၾကာင္း၊ ဆက္လက္ယွဥ္ၿပိဳင္ရမည့္ ၿပိဳင္ပြဲမ်ားတြင္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ တံုးတိုက္တိုက္က်ားကိုက္ကိုက္ စိတ္ဓာတ္၊ အ႐ိုးေၾကေၾကအရည္ခန္းခန္း အႏိုင္မခံအ႐ႈံးမေပးသည့္ စိတ္ဓာတ္မ်ားျဖင့္ ၿပိဳင္ဘက္မ်ဳိးစံုကို ရင္ဆိုင္သြားၾကရန္လိုအပ္ေၾကာင္း၊ ႏိုင္ငံတကာ အားကစားၿပိဳင္ပြဲမ်ားတြင္ ႏုိင္ငံ့ဂုဏ္ေဆာင္ေပးခဲ့သည့္ တပ္မေတာ္သားမ်ားကို တပ္မေတာ္က ခ်ီးက်ဴးဂုဏ္ျပဳလ်က္ရွိေၾကာင္း၊ အားကစားျမႇင့္တင္ျခင္းသည္ ႏိုင္ငံေတာ္ကိုကာကြယ္ေစာင့္ေရွာက္ ေနျခင္းျဖစ္သည့္အတြက္ အမ်ဳိးသားေရးတာ၀န္တစ္ရပ္အျဖင့္ ဆက္လက္ႀကိဳးစားသြားၾကရန္ တိုက္တြန္းမွာၾကားသည္။

ထို႔ေနာက္ ႏုိင္ငံ့ဂုဏ္ေဆာင္အားကစားသမားမ်ားႏွင့္နည္းျပမ်ားကို ဂုဏ္ျပဳ မွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳ ဆုေငြေပးအပ္ခ်ီးျမႇင့္ျခင္းကို ဆက္လက္က်င္းပရာ(၂၈)ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံ တပ္မေတာ္ (ၾကည္း)မ်ား ေသနတ္ပစ္တစ္ဦးခ်င္း႐ိုင္ဖယ္ ပြဲစဥ္(၄)ၿပဳိင္ပြဲ၌ ေရႊတံဆိပ္ဆုရရွိခဲ့ေသာ တပ္ၾကပ္ျမင့္ႏိုင္ဦးအားလည္းေကာင္း၊ အျပည္ျပည္ဆုိင္ရာဖိတ္ေခၚလက္ေ၀ွ႔ ၿပဳိင္ပြဲ (၇၅)ကီလိုတန္း၌ ေရႊတံဆိပ္ဆုရရွိခဲ့ေသာ ဒုတိယတပ္ၾကပ္ ရဲလင္းထြန္းအားလည္းေကာင္း၊ (၁၉)ႀကိမ္ေျမာက္အာဆီယံ တကၠသိုလ္ေပါင္းစုံအားကစားၿပဳိင္ပြဲ တစ္ဦးခ်င္း “ခတ” ကရာေတးၿပဳိင္ပြဲ၌ ေရႊတံဆိပ္ ၁ ခု၊ ၅၀ ကီလိုေအာက္ “ကုမိတဲ့”ၿပဳိင္ပြဲ၌ ေရႊတံဆိပ္ ၁ ခုႏွင့္ အသင္းလိုက္ “ကုမိတဲ့” ၿပဳိင္ပြဲ၌ ေၾကးတံဆိပ္ ၁ ခု ရရွိခဲ့ေသာ အကူသူနာျပဳ သဇင္ေအးအားလည္းေကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ယင္းေနာက္(၂၈)ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပဳိင္ပြဲ ပစၥတို အသင္းလိုက္(မ)ပြဲစဥ္(၄)ၿပဳိင္ပြဲ၌ ေရႊတံဆိပ္ဆုရရွိခဲ့ေသာ ဗိုလ္ ေဒၚဇင္ၿငိမ္းေအး အားလည္းေကာင္း၊ (၂၈)ႀကိမ္ေျမာက္အာဆီယံႏိုင္ငံတပ္မေတာ္ (ၾကည္း)မ်ား ေသနတ္ပစ္ၿပဳိင္ပြဲ ပစၥတိုအသင္းလိုက္(မ) ပြဲစဥ္(၄)ၿပဳိင္ပြဲ၌ ေရႊတံဆိပ္ဆုမ်ား ရရွိခဲ့ေသာ အရာခံဗိုလ္(အစားခန္႔) ခ်ဳိမာလႈိင္၊ တပ္ၾကပ္ႀကီး/စာေရး ေမေသာ္ဇင္ဖုန္း၊ ထုတ္လုပ္ေရးကြၽမ္းက်င္-၄ ၀န္ထမ္း ေဒၚေအးေအးၿငိမ္းႏွင့္ ထုတ္လုပ္ေရး ကြၽမ္းက်င္-၅ ၀န္ထမ္း ေဒၚခင္စိုးေဌးတို႔အားလည္းေကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွက ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္ သည္။

၎ေနာက္ (၂၈)ႀကိမ္ေျမာက္အာဆီယံႏိုင္ငံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ ၿပဳိင္ပြဲ ပစၥတို အသင္းလိုက္(က်ား) ပြဲစဥ္(၄)ႏွင့္ပြဲစဥ္(၅)ၿပဳိင္ပြဲမ်ား၌ ေရႊတံဆိပ္ႏွင့္ ေၾကးတံဆိပ္ဆုမ်ားရရွိခဲ့ၾကေသာ ဗိုလ္ႀကီး ဟန္မင္းထက္၊ တပ္ၾကပ္ႀကီး ေဇာ္ဂ်ာ၊ တပ္ၾကပ္ႀကီး ေအာင္ကိုလင္း၊ ဒုတိယတပ္ၾကပ္ ဇင္မင္းေအာင္ႏွင့္ ဗိုလ္ႀကီး ရဲထြန္းကို တို႔အားလည္းေကာင္း ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)က ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္ ခ်ီးျမႇင့္သည္။ ဆက္လက္၍ (၁၉)ႀကိမ္ေျမာက္အာဆီယံတကၠသိုလ္ေပါင္းစုံအားကစားၿပဳိင္ပြဲ မီတာ (၅၀၀)အေျပးၿပဳိင္ပြဲႏွင့္မီတာ(၁၀၀၀၀)အေျပးၿပဳိင္ပြဲတို႔၌ ေငြတံဆိပ္ဆုရရွိခဲ့ေသာ ၀န္ထမ္း ေဒၚယဥ္ၿငိမ္းေအးႏွင့္ မီတာ(၄၀၀)အေျပးၿပဳိင္ပြဲ၌ ေၾကးတံဆိပ္ဆုရရွိခဲ့ေသာ ၀န္ထမ္း ေဒၚသီသီမြန္ တို႔အား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)၏ဇနီး ေဒၚသန္းသန္းႏြယ္က ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ အာဆီယံတကၠသိုလ္ေပါင္းစုံအားကစားၿပဳိင္ပြဲ အတြဲလိုက္စြမ္းရည္ျပ ဗိုဗီနမ္ၿပဳိင္ပြဲ၌ ေၾကးတံဆိပ္ရရွိခဲ့ၾကေသာ တပ္ၾကပ္ႀကီး ေဇာ္လင္းထြန္းႏွင့္ တပ္ၾကပ္ႀကီး ေဇာ္ေဇာ္တို႔အား လည္းေကာင္း၊ အျပည္ျပည္ဆုိင္ရာဖိတ္ေခၚလက္ေ၀ွ႔ၿပဳိင္ပြဲ (၅၆)ကီလိုတန္းၿပဳိင္ပြဲ၌ ေၾကးတံဆိပ္ဆု ရရွိခဲ့ေသာ ဒုတိယတပ္ၾကပ္ ျပည့္စုံႏွင့္ (၆၄)ကီလိုတန္းၿပဳိင္ပြဲ၌ ေၾကးတံဆိပ္ဆုရရွိခဲ့ေသာ ဒုတိယတပ္ၾကပ္ ေက်ာ္မင္းဦး တို႔အားလည္းေကာင္း ၫိႇႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)က ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

၎ေနာက္(၂၈)ႀကိမ္ေျမာက္ အာဆီယံႏုိင္ငံတပ္မေတာ္(ၾကည္း)မ်ားေသနတ္ပစ္ ၿပဳိင္ပြဲ အသင္းလိုက္ပစၥတို(မ) ပြဲစဥ္(၄)ၿပဳိင္ပြဲ၌ ဆုတံဆိပ္မ်ားရရွိေအာင္ စြမ္းေဆာင္ေပး ႏိုင္ခဲ့ေသာ ဗိုလ္ႀကီး ေဒၚခင္နႏၵာထြန္းႏွင့္ တပ္ခြဲတပ္ၾကပ္ႀကီး ငိုင္ကီး တို႔အား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က လည္းေကာင္း၊ တစ္ဦးခ်င္း႐ိုင္ဖယ္ပြဲစဥ္(၄)ၿပဳိင္ပြဲ၌ ဆုတံဆိပ္မ်ားရရွိေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့ေသာ ဗိုလ္ႀကီး ေက်ာ္မ်ဳိးသန္႔ႏွင့္ (၁၉)ႀကိမ္ေျမာက္အာဆီယံတကၠသိုလ္ေပါင္းစုံအားကစားၿပဳိင္ပြဲ တစ္ဦးခ်င္း “ခတ”ကရာေတးၿပဳိင္ပြဲ၊ အသင္းလိုက္ “ခတ” ကရာေတးၿပဳိင္ပြဲႏွင့္ (၅၀)ကီလိုေအာက္ “ကုမိတဲ့”ၿပဳိင္ပြဲတို႔၌ ဆုတံဆိပ္မ်ားရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ေသာ ျမန္မာႏိုင္ငံ ကရာေတး အဖြဲ႕ခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးစိုး၀င္းကုိယ္စား တပ္မေတာ္ကရာေတးေကာ္မတီမွ အုပ္ခ်ဳပ္သူ/နည္းျပ ဗုိလ္ႀကီး စုိးေမာင္ေမာင္အား ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) က လည္းေကာင္း ဂုဏ္ျပဳမွတ္တမ္းလႊာ ႏွင့္ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္ၾကသည္။

ယင္းေနာက္ ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ဂုဏ္ျပဳဆုမ်ားရရွိခဲ့ေသာ ႏိုင္ငံ့ဂုဏ္ေဆာင္ အားကစား သမားမ်ားႏွင့္နည္းျပမ်ားကိုယ္စား အားကစားသမားတစ္ဦးက ေက်းဇူးတင္စကား ျပန္လည္ ေျပာၾကားသည္။ ထို႔ေနာက္ ျပည္သူ႔ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖြဲ႕က ေတးသီခ်င္းမ်ားျဖင့္ သီဆိုေဖ်ာ္ေျဖတင္ဆက္ခဲ့ၾကၿပီး စားေသာက္ဖြယ္ရာမ်ားျဖင့္ တည္ခင္းဧည့္ခံသည္။ အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ႏုိင္ငံ့ဂုဏ္ေဆာင္ တပ္မေတာ္သားအားကစားသမားမ်ားႏွင့္နည္းျပမ်ားအား ရင္းရင္း ႏွီးႏွီးႏႈတ္ဆက္ခဲ့သည္။

(Unicode Version)

နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစား သမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် – ၁၉

(၂၈)ကြိမ်မြောက်အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များသေနတ်ပစ်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲ၊ (၁၉)ကြိမ်မြောက်အာဆီယံတက္ကသိုလ် ပေါင်းစုံအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် ရွှေတံဆိပ်ဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဆုရရှိခဲ့ကြသည့် အားကစားသမားများနှင့် နည်းပြများတက်ရောက်ကြသည်။

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာ၌ မျက်မှောက်ခေတ် ကာလတွင် အားကစားကဏ္ဍသည် အမျိုးသားအကျိုးစီးပွားကို တစ်ထောင့်တစ်နေရာမှ ပံ့ပိုး နေသည်ကိုတွေ့ရှိရကြောင်း၊ ထူးချွန်ထက်မြက်သည့် အားကစားသမားများရှိခြင်းဖြင့် မိမိတို့နိုင်ငံနှင့် လူမျိုးသည် ကမ္ဘာ့နိုင်ငံအသီးသီး၏ အထင်ကြီးလေးစားမှုများကို ခံရမည်ဖြစ်သကဲ့သို့ နိုင်ငံ၏ ပုံရိပ်သည်လည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးသည်လည်း ၎င်းတို့နိုင်ငံ၏ အားကစား အဆင့်အတန်းမြင့်မားရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည်ကိုတွေ့ရကြောင်း၊ ပြည်တွင်း အားကစားပြိုင်ပွဲများမှ ထူးချွန်သူများရွေးထုတ်ပြီး ဒေသတွင်းပြိုင်ပွဲများ၊ ကမ္ဘာ့အဆင့် ပြိုင်ပွဲများကို ယှဉ်ပြိုင်နိုင်ရန်ကြိုးစားနေကြကြောင်း၊ အားကစားကဏ္ဍကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သဘောထားပြီး အနိုင်မခံအရှုံးမပေးသည့်စိတ်ဓာတ်များနှင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးဂုဏ်ကို ဖော်ဆောင်နိုင်ရန် ကြိုးစားလာကြကြောင်း၊ အားကစားပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံနှင့်လူမျိုး၏ စွမ်းဆောင်ရည်များကိုလည်း သုံးသပ်လျက်ရှိကြကြောင်း၊ အားကစားသမားများ၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲလုံ့လရှိမှု၊ စည်းလုံးညီညွတ်မှုများနှင့် စည်းကမ်းကောင်းမွန်မှုများမှတစ်ဆင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ စိတ်နေသဘောထားများကို သုံးသပ်တွေ့ရှိရမည်ဖြစ်ကြောင်း။

အားကစားဆိုသည်မှာ ကွင်းအတွင်းမှာပင် ယှဉ်ပြိုင်နေသည်ဆိုသော်လည်း ကွင်းပြင်ပတွင်ရှိသည့် လူသားများအထိပါသက်ရောက်မှုများရှိနေကြကြောင်း၊ အားကစားပွဲများကြောင့် ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ တရားမျှတမှု စသည့် အကျိုးအမြတ်များကိုရရှိစေမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ မည်သည့် အားကစားမဆို နည်းစနစ်များက အရေးကြီးသကဲ့သို့ လေ့ကျင့်သားပြည့်ဝရန်လည်း အရေးကြီးကြောင်း၊ ရှိသင့်ရှိထိုက်သည့် အထောက်အကူပစ္စည်းများနှင့် အားပေးကူညီမှုများလည်းလိုအပ်ကြောင်း၊ ၎င်းအချက်များအားလုံးပြည့်စုံမှသာ အောင်ပွဲရရှိရန် လွယ်ကူမည်ဖြစ်ကြောင်း၊ အားကစားနယ်ပယ်တွင် အောင်မြင်မှုရရှိရန် ကြိုးပမ်းခြင်းသည် နိုင်ငံတစ်ခုတည်ဆောက်ခြင်းဖြင့်လည်း အလားသဏ္ဌာန်တူကြောင်း၊ အားကစားသမားတိုင်း ရှိရမည့် စိတ်ဓာတ်၊ စည်းကမ်း၊ လေ့ကျင့်သားပြည့်ဝမှု၊ တရားမျှတမှုတို့သည် အဖွဲ့အစည်း တစ်ခု၊ နိုင်ငံတစ်ခု တည်ဆောက်ရန်အတွက်လည်း မလွဲမသွေလိုအပ်သည့်အရာများပင် ဖြစ်ကြောင်း၊ မြန်မာ့အားကစား အောင်မြင်မှုသမိုင်းမှတ်တမ်းများနှင့်အတူ တပ်မတော်သား အားကစားသမားများ၏ စွမ်းဆောင်နိုင်မှု များကလည်း ဒွန်တွဲလျက်ရှိကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများ အကြိမ်ကြိမ် ရယူနိုင်ခဲ့ကြပြီး မြန်မာ့ဘောလုံးရွှေခေတ်၏ မြန်မာ့လက်ရွေးစင်အသင်းတွင် တပ်မတော်သား ဘောလုံးသမား အကျော်အမော်များ များစွာပါဝင်ခဲ့ကြသည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း၊ ဘောလုံး အားကစားနည်းအပြင် ပြေးခုန်ပစ်၊ လက်ဝှေ့၊ အလေးမ၊ ဂျူဒို စသည့် အားကစားနည်းများတွင်လည်း ဆုတံဆိပ်ပေါင်းများစွာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြကြောင်း။

တပ်မတော်အနေဖြင့်လည်း နှစ်စဉ်နှစ်တိုင်း (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ များကိုကျင်းပပေးပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် မျိုးဆက်သစ်အားကစားသမားများကို မွေးထုတ်ပေးလျက် ရှိကြောင်း၊ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်သူများ ဖြစ်သည်နှင့်အညီ သေနတ်ပစ်ကျွမ်းကျင်နေရန် အထူးလိုအပ်ကြောင်း၊ ထို့ကြောင့်နှစ်စဉ်နှစ်တိုင်း သေနတ်ပစ်ပြိုင်ပွဲများကျင်းပ ပေးနေကြောင်း၊ သေနတ်ပစ်ပြိုင်ပွဲများမှတစ်ဆင့် စိတ်တည်ငြိမ်မှု၊ ဆုံးဖြတ်ချက်မှန်ကန်မှု၊ ယုံကြည်မှုများ၊ တိုးပွားလာမည်ပင်ဖြစ်ကြောင်း၊ လက်ဝှေ့အားကစားကြောင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုအပြင် ရဲစွမ်းသတ္တိများပါ တိုးပွားလာစေမည်ဖြစ်သဖြင့် စစ်မြေပြင်တာဝန် ထမ်းဆောင်မှုအပေါ် များစွာအကျိုးပြုစေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း အားကစား မြှင့်တင်ခြင်း လုပ်ငန်းများသည် တပ်တွင်းစည်းလုံးညီညွတ်မှုကို တိုးတက်စေသည့်အပြင် တပ်နေပျော်ပြီး စစ်တိုက်တော်သူများ ဖြစ်လာစေရန်လည်း စွမ်းဆောင်ပေးနေကြောင်း၊ “ကျန်းမာကြံ့ခိုင် ပြည့်မဏ္ဍိုင်၊ ကြံ့ခိုင် ကိုယ်လက် တိုင်းပြည်အတွက် ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်နိုင်ရန်အတွက် ကျန်းမာကြံ့ခိုင်နေရန်အထူးအရေးကြီးကြောင်း၊ မိမိတို့တပ်မတော်သားများသည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးဆိုသည့် ဘက်ပေါင်းစုံမှ ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း၊ အဆိုပါတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နိုင်ရန် ကျန်းမာကြံ့ခိုင်နေစေရေးသည် အထူးပင်လိုအပ်ကြောင်း။

အားကစားပြိုင်ပွဲများမှရရှိသည့် အတွေ့အကြုံများကိုအသုံးချပြီး မိမိဘဝတိုးတက်မှုအတွက် ကြိုးစား ကြရန် မှာကြားလိုကြောင်း၊ “စည်းကမ်းသည်လူ၏တန်ဖိုး၊ စည်းကမ်းရှိမှ တိုးတက်မည်” ဆိုခြင်း ကြောင့် အားကစားသမားတစ်ယောက်အတွက် စည်းကမ်းလိုက်နာမှုသည်လည်း အင်မတန် အရေးကြီးကြောင်း၊ “စစ်စည်းကမ်းဟူသည် တပ်မတော်၏ အသက်ဝိညာဉ်ပင်ဖြစ်၏” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းကို အခြေပြုထားသည့် တပ်မတော်သားများအနေဖြင့် အားကစား ကဏ္ဍတွင်လည်း နည်းပြများ၏သွန်သင် ပြသမှုကို အလေးထားလိုက်နာကြရန်လိုအပ်ကြောင်း၊ စည်းကမ်းဖောက်ဖျက်ခြင်းကြောင့် အားကစားနယ်ပယ်မှစောစီးစွာ တိမ်ကောသွားကြသည့် အားကစားသမားများလည်းရှိသည်ဆိုသည်ကို သတိပြုစေလိုကြောင်း၊ အသင်းအဖွဲ့အလိုက် ယှဉ်ပြိုင်သည့်အခါတွင်လည်း စည်းလုံးညီညွတ်စွာ သန့်သန့်ရှင်းရှင်း ကြိုးစားပြိုင်ပွဲဝင်ကြရမည် ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်၏ အကျင့်စာရိတ္တလျော့ရဲမှုကြောင့် အသင်းအဖွဲ့ တစ်ခုလုံး၏ ပုံရိပ်ကိုမထိခိုက်စေရန်လည်း ကိုယ်စီဂရုပြုသွားကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယနေ့ အောင်မြင်မှုများ ဆွတ်ခူးလာခဲ့ကြသည့် တပ်မတော်သားအားကစားသမားများအနေဖြင့် မိမိတို့၏ အောင်မြင်မှုများကို ရေရှည်တည်တံ့နိုင်ရန် စည်းကမ်းကို အလေးထားလိုက်နာကြရန် မှာကြား လိုကြောင်း။

(၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲသည် မိမိတို့ တပ်မတော်သားများအနေဖြင့် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၁ ခု ဆွတ်ခူးနိုင်ခဲ့သဖြင့် ပြိုင်ပွဲဝင် ၁၀ နိုင်ငံတွင် စတုတ္ထအဆင့်ကို ရရှိခဲ့သကဲ့သို့ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၂ ခုတို့ကိုရယူနိုင်ခဲ့သဖြင့် ပြိုင်ပွဲဝင် ၆ နိုင်ငံတွင် တတိယအဆင့်ကိုရရှိခဲ့ကြောင်း၊ ထို့ပြင် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း မိမိတို့နိုင်ငံတွင်အိမ်ရှင်အဖြစ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှပါဝင်ယှဉ်ပြိုင်သည့် အားကစားသမား ၃၄၂ ဦးအနက် တပ်မတော်သား ၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင်လည်း ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခုတို့ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြကြောင်း၊ တပ်မတော်၏အောင်မြင်မှုသည် နိုင်ငံတော်၏အောင်မြင်မှုပင် ဖြစ်သည့်အတွက် ယခုကဲ့သို့ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် တပ်မတော်သား များကို ဂုဏ်ပြုချီးမြှင့်ပေးခြင်းပင်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် အောင်ပွဲရအားကစားသမားများနှင့်နည်းပြများသည် မိမိတို့ တပ်ရင်း/တပ်ဖွဲ့များကို ပြန်လည် ရောက်ရှိသည့်အချိန်တွင် မိမိတို့ကဲ့သို့အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် စစ်သည်နှင့်မိသားစုဝင်များကို လက်တွဲခေါ်ပြီး သွန်သင်ပြသပေးရန်မှာကြားလိုကြောင်း၊ သို့မှသာ တပ်မတော်အတွင်း နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် တပ်မတော်သားမျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာမည်ပင်ဖြစ်ကြောင်း။

အားကစားဆိုသည်မှာ ချက်ချင်းကြိုးစားပြီး ချက်ချင်းအောင်မြင်မှုရနိုင်မည် မဟုတ်ဘဲ ကျန်းမာ ကြံ့ခိုင်မှု၊ နည်းစနစ်ကျမှု၊ ကြိုတင်ပြင်ဆင်မှုများအပေါ် အခြေတည်ပြီး အောင်မြင်မှုရနိုင်ခြင်း ဖြစ်သည့်အတွက် အချိန်ယူလေ့ကျင့်ပျိုးထောင်ရန် လိုအပ်ကြောင်း၊ အဟာရပြည့်ဝသည့် စားသောက်မှုများကို ဂရုတစိုက်ချင့်ချိန်စားသောက်ပြီး သက်လုံကောင်းအောင် လေ့ကျင့်ရန်လည်း လိုအပ်ကြောင်း၊ ဆက်လက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများတွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ဓာတ်၊ အရိုးကြေကြေအရည်ခန်းခန်း အနိုင်မခံအရှုံးမပေးသည့် စိတ်ဓာတ်များဖြင့် ပြိုင်ဘက်မျိုးစုံကို ရင်ဆိုင်သွားကြရန်လိုအပ်ကြောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ပေးခဲ့သည့် တပ်မတော်သားများကို တပ်မတော်က ချီးကျူးဂုဏ်ပြုလျက်ရှိကြောင်း၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက် နေခြင်းဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြင့် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့်နည်းပြများကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေပေးအပ်ချီးမြှင့်ခြင်းကို ဆက်လက်ကျင်းပရာ(၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ်တစ်ဦးချင်းရိုင်ဖယ် ပွဲစဉ်(၄)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သော တပ်ကြပ်မြင့်နိုင်ဦးအားလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာဖိတ်ခေါ်လက်ဝှေ့ ပြိုင်ပွဲ (၇၅)ကီလိုတန်း၌ ရွှေတံဆိပ်ဆုရရှိခဲ့သော ဒုတိယတပ်ကြပ် ရဲလင်းထွန်းအားလည်းကောင်း၊ (၁၉)ကြိမ်မြောက်အာဆီယံ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ တစ်ဦးချင်း “ခတ” ကရာတေးပြိုင်ပွဲ၌ ရွှေတံဆိပ် ၁ ခု၊ ၅၀ ကီလိုအောက် “ကုမိတဲ့”ပြိုင်ပွဲ၌ ရွှေတံဆိပ် ၁ ခုနှင့် အသင်းလိုက် “ကုမိတဲ့” ပြိုင်ပွဲ၌ ကြေးတံဆိပ် ၁ ခု ရရှိခဲ့သော အကူသူနာပြု သဇင်အေးအားလည်းကောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ယင်းနောက်(၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ပစ္စတို အသင်းလိုက်(မ)ပွဲစဉ်(၄)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သော ဗိုလ် ဒေါ်ဇင်ငြိမ်းအေး အားလည်းကောင်း၊ (၂၈)ကြိမ်မြောက်အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ပစ္စတိုအသင်းလိုက်(မ) ပွဲစဉ်(၄)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုများ ရရှိခဲ့သော အရာခံဗိုလ်(အစားခန့်) ချိုမာလှိုင်၊ တပ်ကြပ်ကြီး/စာရေး မေသော်ဇင်ဖုန်း၊ ထုတ်လုပ်ရေးကျွမ်းကျင်-၄ ဝန်ထမ်း ဒေါ်အေးအေးငြိမ်းနှင့် ထုတ်လုပ်ရေး ကျွမ်းကျင်-၅ ဝန်ထမ်း ဒေါ်ခင်စိုးဌေးတို့အားလည်းကောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့် သည်။

၎င်းနောက် (၂၈)ကြိမ်မြောက်အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ပစ္စတို အသင်းလိုက်(ကျား) ပွဲစဉ်(၄)နှင့်ပွဲစဉ်(၅)ပြိုင်ပွဲများ၌ ရွှေတံဆိပ်နှင့် ကြေးတံဆိပ်ဆုများရရှိခဲ့ကြသော ဗိုလ်ကြီး ဟန်မင်းထက်၊ တပ်ကြပ်ကြီး ဇော်ဂျာ၊ တပ်ကြပ်ကြီး အောင်ကိုလင်း၊ ဒုတိယတပ်ကြပ် ဇင်မင်းအောင်နှင့် ဗိုလ်ကြီး ရဲထွန်းကို တို့အားလည်းကောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်သည်။ ဆက်လက်၍ (၁၉)ကြိမ်မြောက်အာဆီယံတက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ မီတာ (၅၀၀)အပြေးပြိုင်ပွဲနှင့်မီတာ(၁၀၀၀၀)အပြေးပြိုင်ပွဲတို့၌ ငွေတံဆိပ်ဆုရရှိခဲ့သော ဝန်ထမ်း ဒေါ်ယဉ်ငြိမ်းအေးနှင့် မီတာ(၄၀၀)အပြေးပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုရရှိခဲ့သော ဝန်ထမ်း ဒေါ်သီသီမွန် တို့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် အာဆီယံတက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ အတွဲလိုက်စွမ်းရည်ပြ ဗိုဗီနမ်ပြိုင်ပွဲ၌ ကြေးတံဆိပ်ရရှိခဲ့ကြသော တပ်ကြပ်ကြီး ဇော်လင်းထွန်းနှင့် တပ်ကြပ်ကြီး ဇော်ဇော်တို့အား လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲ (၅၆)ကီလိုတန်းပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု ရရှိခဲ့သော ဒုတိယတပ်ကြပ် ပြည့်စုံနှင့် (၆၄)ကီလိုတန်းပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုရရှိခဲ့သော ဒုတိယတပ်ကြပ် ကျော်မင်းဦး တို့အားလည်းကောင်း ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်သည်။

၎င်းနောက်(၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များသေနတ်ပစ် ပြိုင်ပွဲ အသင်းလိုက်ပစ္စတို(မ) ပွဲစဉ်(၄)ပြိုင်ပွဲ၌ ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့သော ဗိုလ်ကြီး ဒေါ်ခင်နန္ဒာထွန်းနှင့် တပ်ခွဲတပ်ကြပ်ကြီး ငိုင်ကီး တို့အား ကာကွယ်ရေးဦးစီးချုပ်(ရေ)က လည်းကောင်း၊ တစ်ဦးချင်းရိုင်ဖယ်ပွဲစဉ်(၄)ပြိုင်ပွဲ၌ ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော ဗိုလ်ကြီး ကျော်မျိုးသန့်နှင့် (၁၉)ကြိမ်မြောက်အာဆီယံတက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ တစ်ဦးချင်း “ခတ”ကရာတေးပြိုင်ပွဲ၊ အသင်းလိုက် “ခတ” ကရာတေးပြိုင်ပွဲနှင့် (၅၀)ကီလိုအောက် “ကုမိတဲ့”ပြိုင်ပွဲတို့၌ ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော မြန်မာနိုင်ငံ ကရာတေး အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းကိုယ်စား တပ်မတော်ကရာတေးကော်မတီမှ အုပ်ချုပ်သူ/နည်းပြ ဗိုလ်ကြီး စိုးမောင်မောင်အား ကာကွယ်ရေးဦးစီးချုပ်(လေ) က လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ နှင့်ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုများရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများနှင့်နည်းပြများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ထို့နောက် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့်နည်းပြများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။