လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံသည့် အရာရှိကောင်းများ မွေးထုတ်

နေပြည်တော်၊ စက်တင်ဘာ – ၁၅

လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံသည့် အရာရှိကောင်းများ မွေးထုတ် ပေးရန်ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ စာပေပညာ၊ စစ်ပညာများကို ကျွမ်းကျင် တတ်မြောက်အောင် နည်းပြများက လေ့ကျင့်သင်ကြားပေး နိုင်ရမည်ဖြစ်ကြောင်း၊ သင်တန်းသားများ၏ လေ့လာသင်ယူမှုအပိုင်းကိုလည်း စနစ်တကျရှိအောင် ဆောင်ရွက်စေရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တပ်နယ်ရှိ တက္ကသိုလ်များမှ နည်းပြအရာရှိများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်နယ်မှ ကျောင်းအုပ်ကြီးများ၊ တက္ကသိုလ်များနှင့် သင်တန်းကျောင်းများမှ တပ်မှူးများနှင့်နည်းပြအရာရှိများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အရာရှိများအနေဖြင့် ကြိုးစားအားထုတ်မှုနှင့် ဉာဏ်ရည်ထက်မြက်မှုကို ယှဉ်တွဲ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သင်ကြားရေးနှင့်ပတ်သက်၍ အမြဲတမ်းတိုးတက်နေ အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ စစ်ပညာပိုင်းတွင် ပြောင်းလဲလာသည့် စစ်အခြေခံသဘောတရားများကို သိရှိနားလည်အောင် လေ့လာကြရမည်ဖြစ်ကြောင်း၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်နှင့် မျက်မှောက်ကာလစစ်ပွဲများသည် လုံးဝပြောင်းလဲ သွားကြောင်း၊ လေကြောင်းအကဲသာမှုနှင့် Electronic နည်းပညာသာလွန်မှုကသာ တိုက်ပွဲကို အောင်မြင်နိုင်မည်ကို သိနားလည်ရန်လိုကြောင်း၊ ယင်းပြောင်းလဲမှုများနှင့် အံဝင်ခွင်ကျဖြစ် အောင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် ဆောင်ပုဒ်နှင့်အညီ လုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း၊ အရာရှိငယ်များ၏ တွေးခေါ်မြော်မြင်မှုမြင့်မား စေရေးအတွက် စာပေပညာများကိုလည်း အရပ်ဘက်တက္ကသိုလ်သင်ရိုးများနှင့်အညီ သင်ကြားပေးလျက်ရှိကြောင်း၊ တွေးခေါ်ကြံဆမှုကောင်းစေရန် စာပေဖတ်ရှုလေ့လာ မှုများစွာလုပ်ရမည်ဖြစ်ကြောင်း၊ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင်ရာအပ်ပို့ ဆရာတို့ဆိုသည့်ဆရာ့ဝတ်ငါးပါးနှင့်အညီ သင်တန်းသား များအား လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာအသုံးချနိုင်ရန်အတွက် မိမိအတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ဗိုလ်လောင်းအချင်းချင်း အနီးကပ်ကြပ်မတ်လေ့ကျင့်ပေးရန်အတွက် Brother Guardian စနစ်များထားရှိသကဲ့သို့ နည်းပြဆရာများနှင့် သင်တန်းသားများအကြားတွင် Father Guardian စနစ်များ ဖွဲ့စည်းထားရှိသဖြင့် နည်းပြများအနေဖြင့် တပည့်များအား မိဘတစ်ဦးကဲ့သို့ မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေးနှီးရင်၊ ထိမ်းမြှားချင်းလျှင် ဝတ်ငါးအင်ဆိုသည့် မိဘဝတ်ဖြင့် ကောင်းမွန်သည့် ကိစ္စရပ်များကို တိုက်တွန်းလုပ်ဆောင်စေပြီး မကောင်းသည့်ကိစ္စရပ်များကို တားမြစ် ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်စည်းကမ်းလိုက်နာရန်လိုအပ်ပြီး လက်အောက်ကိုလည်း သင်ကြားလေ့ကျင့်ပေးရန်လိုအပ်ကြောင်းမှာကြားသည်။

ဆက်လက်၍ စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်သဖြင့် အရာရှိများ သည် မိမိတို့၏ အသိတရားဖြင့် စည်းကမ်းလိုက်နာကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းများ၊ နည်းပြကောင်းများဖြစ်စေရန်အတွက် ကိုယ့်ကိုယ်ကိုယ် တိုးတက်မှုရှိအောင် အမြဲတမ်းကြိုးစားလုပ်ဆောင်နေရမည်ဖြစ်ကြောင်း၊ စစ်ပညာ၊ စာပေပညာများတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပြသနိုင်စေရန် စာအုပ်စာပေများကို ဖတ်ရှုလေ့လာနေရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း အထက်အရာရှိများအပေါ်တွင် တပည့်ဝတ်ငါးပါးနှင့်အညီ ရိုသေလေးစားစွာဆက်ဆံ၍ ဆုံးမသွန်သင်မှုများကို နာယူလက်ခံရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ ပညာရည်မြှင့်တင်ရေးအတွက် စိတ်ဓာတ်ရေးအရပါ တွန်းအားပေး၍ မြှင့်တင်လုပ် ဆောင်ပေးနေကြောင်း၊ မိမိတို့အဓိကပေးနိုင်သည်မှာ ပညာအမွေသာဖြစ်၍ တပ်မတော်သားမိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်းများ၏ သားသမီးများ ပညာရေးအတွက်ပါ အားပေးဆောင်ရွက်နေကြောင်း၊ မိမိဝင်ငွေနှင့်ထွက်ငွေကို လုံလောက်မျှတအောင်လည်း စနစ်တကျစီမံသုံးစွဲကြရန်လိုကြောင်း၊ အသောက်အစား အပျော်အပါးကိစ္စရပ်များ လျှော့ရန်လိုကြောင်း၊ မိမိတို့အိမ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးများ လုပ်ရန်လိုအပ်သလို တပ်များအနေဖြင့်လည်း သက်သာ ချောင်ချိရေးဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ရန်လိုအပ်ကြောင်း၊ မိမိကိုယ်မိမိအလိုလိုက်ခြင်း၊ လက်အောက်ကိုအလိုလိုက်ခြင်း တို့ကြောင့် အုပ်ချုပ်မှုပြဿနာများဖြစ်ပွားနိုင်ကြောင်း၊ အုပ်ချုပ်ရာတွင် ညီညွတ်မျှတရန်လိုကြောင်းနှင့် မိဘစိတ်၊ ဆရာစိတ်၊ တပည့်စိတ်များမွေး၍ အလုပ်လုပ်ကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ရွှေဖီဦးအသင့် ဖျော်လက်ဖက်ရည်ထုပ်များနှင့် အားကစားပစ္စည်းများကို ပေးအပ်ရာ ပြင်ဦးလွင် တပ်နယ်မှူးက လက်ခံရယူခဲ့သည်။

(Zawgyi Version)

လက္႐ုံးရည္၊ ႏွလုံးရည္ႏွင့္ျပည့္စုံသည့္ အရာရွိေကာင္းမ်ား ေမြးထုတ္

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၅

လက္႐ံုးရည္၊ ႏွလံုးရည္ႏွင့္ျပည့္စံုသည့္ အရာရွိေကာင္းမ်ား ေမြးထုတ္ ေပးရန္ဆုိသည့္ ရည္ရြယ္ခ်က္ႏွင့္အညီ စာေပပညာ၊ စစ္ပညာမ်ားကို ကြၽမ္းက်င္ တတ္ေျမာက္ေအာင္ နည္းျပမ်ားက ေလ့က်င့္သင္ၾကားေပး ႏိုင္ရမည္ျဖစ္ေၾကာင္း၊ သင္တန္းသားမ်ား၏ ေလ့လာသင္ယူမႈအပိုင္းကိုလည္း စနစ္တက်ရွိေအာင္ ေဆာင္ရြက္ေစရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ယေန႔နံနက္ပိုင္းတြင္ စစ္တကၠသိုလ္၊ ဘြဲ႕ႏွင္းသဘင္ခန္းမ၌ တပ္နယ္ရွိ တကၠသိုလ္မ်ားမွ နည္းျပအရာရွိမ်ားအား ေတြ႕ဆုံအမွာစကား ေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ တပ္နယ္မွ ေက်ာင္းအုပ္ႀကီးမ်ား၊ တကၠသိုလ္မ်ားႏွင့္ သင္တန္းေက်ာင္းမ်ားမွ တပ္မွဴးမ်ားႏွင့္နည္းျပအရာရွိမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္အရာရွိမ်ားအေနျဖင့္ ႀကိဳးစားအားထုတ္မႈႏွင့္ ဥာဏ္ရည္ထက္ျမက္မႈကို ယွဥ္တြဲ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ သင္ၾကားေရးႏွင့္ပတ္သက္၍ အၿမဲတမ္းတိုးတက္ေန ေအာင္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ စစ္ပညာပိုင္းတြင္ ေျပာင္းလဲလာသည့္ စစ္အေျခခံသေဘာတရားမ်ားကို သိရွိနားလည္ေအာင္ ေလ့လာၾကရမည္ျဖစ္ေၾကာင္း၊ ပထမကမၻာစစ္၊ ဒုတိယကမၻာစစ္ႏွင့္ မ်က္ေမွာက္ကာလစစ္ပြဲမ်ားသည္ လံုး၀ေျပာင္းလဲ သြားေၾကာင္း၊ ေလေၾကာင္းအကဲသာမႈႏွင့္ Electronic နည္းပညာသာလြန္မႈကသာ တိုက္ပြဲကို ေအာင္ျမင္ႏိုင္မည္ကို သိနားလည္ရန္လိုေၾကာင္း၊ ယင္းေျပာင္းလဲမႈမ်ားႏွင့္ အံ၀င္ခြင္က်ျဖစ္ ေအာင္ ေလ့လာ၊ ေလ့က်င့္၊ လိုက္နာဆိုသည့္ ေဆာင္ပုဒ္ႏွင့္အညီ လုပ္ေဆာင္ၾကရ မည္ျဖစ္ေၾကာင္း၊ အရာရွိငယ္မ်ား၏ ေတြးေခၚေျမာ္ျမင္မႈျမင့္မား ေစေရးအတြက္ စာေပပညာမ်ားကိုလည္း အရပ္ဘက္တကၠသိုလ္သင္႐ိုးမ်ားႏွင့္အညီ သင္ၾကားေပးလ်က္ရွိေၾကာင္း၊ ေတြးေခၚႀကံဆမႈေကာင္းေစရန္ စာေပဖတ္႐ႈေလ့လာ မႈမ်ားစြာလုပ္ရမည္ျဖစ္ေၾကာင္း၊ အတတ္လည္းသင္၊ ပဲ့ျပင္ဆုံးမ၊ သိပၸမခ်န္၊ ေဘးရန္ဆီးကာ၊ သင္ရာအပ္ပို႔ ဆရာတို႔ဆိုသည့္ဆရာ့၀တ္ငါးပါးႏွင့္အညီ သင္တန္းသား မ်ားအား လက္ေတြ႕နယ္ပယ္တြင္ အက်ိဳးရွိစြာအသံုးခ်ႏိုင္ရန္အတြက္ မိမိအေတြ႕အႀကံဳမ်ားႏွင့္ ႏိႈင္းယွဥ္၍ သင္ၾကားေလ့က်င့္ေပးရမည္ျဖစ္ေၾကာင္း၊ ဗုိလ္ေလာင္းအခ်င္းခ်င္း အနီးကပ္ၾကပ္မတ္ေလ့က်င့္ေပးရန္အတြက္ Brother Guardian စနစ္မ်ားထားရွိသကဲ့သုိ႔ နည္းျပဆရာမ်ားႏွင့္ သင္တန္းသားမ်ားအၾကားတြင္ Father Guardian စနစ္မ်ား ဖြဲ႕စည္းထားရွိသျဖင့္ နည္းျပမ်ားအေနျဖင့္ တပည့္မ်ားအား မိဘတစ္ဦးကဲ့သုိ႔ မေကာင္းျမစ္တား၊ ေကာင္းရာၫႊန္လတ္၊ အတတ္သင္ေစ၊ ေပးေ၀းႏွီးရင္၊ ထိမ္းျမႇားခ်င္းလွ်င္ ၀တ္ငါးအင္ဆိုသည့္ မိဘ၀တ္ျဖင့္ ေကာင္းမြန္သည့္ ကိစၥရပ္မ်ားကို တိုက္တြန္းလုပ္ေဆာင္ေစၿပီး မေကာင္းသည့္ကိစၥရပ္မ်ားကို တားျမစ္ ရမည္ျဖစ္ေၾကာင္း၊ မိမိကိုယ္တုိင္စည္းကမ္းလိုက္နာရန္လိုအပ္ၿပီး လက္ေအာက္ကိုလည္း သင္ၾကားေလ့က်င့္ေပးရန္လိုအပ္ေၾကာင္းမွာၾကားသည္။

ဆက္လက္၍ စည္းကမ္းသည္ တပ္မေတာ္၏ ေက်ာ႐ိုးျဖစ္သျဖင့္ အရာရွိမ်ား သည္ မိမိတို႔၏ အသိတရားျဖင့္ စည္းကမ္းလိုက္နာၾကရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္ေကာင္းမ်ား၊ နည္းျပေကာင္းမ်ားျဖစ္ေစရန္အတြက္ ကိုယ့္ကိုယ္ကိုယ္ တုိးတက္မႈရွိေအာင္ အၿမဲတမ္းႀကဳိးစားလုပ္ေဆာင္ေနရမည္ျဖစ္ေၾကာင္း၊ စစ္ပညာ၊ စာေပပညာမ်ားတြင္ ကြၽမ္းက်င္ပိုင္ႏိုင္စြာ သင္ၾကားျပသႏုိင္ေစရန္ စာအုပ္စာေပမ်ားကို ဖတ္႐ႈေလ့လာေနရမည္ျဖစ္ေၾကာင္း၊ သင္တန္းသားမ်ားအေနျဖင့္လည္း အထက္အရာရွိမ်ားအေပၚတြင္ တပည့္၀တ္ငါးပါးႏွင့္အညီ ႐ိုေသေလးစားစြာဆက္ဆံ၍ ဆံုးမသြန္သင္မႈမ်ားကို နာယူလက္ခံရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ား ပညာရည္ျမႇင့္တင္ေရးအတြက္ စိတ္ဓာတ္ေရးအရပါ တြန္းအားေပး၍ ျမႇင့္တင္လုပ္ ေဆာင္ေပးေနေၾကာင္း၊ မိမိတို႔အဓိကေပးႏိုင္သည္မွာ ပညာအေမြသာျဖစ္၍ တပ္မေတာ္သားမိသားစု၀င္မ်ားႏွင့္ စစ္မႈထမ္းေဟာင္းမ်ား၏ သားသမီးမ်ား ပညာေရးအတြက္ပါ အားေပးေဆာင္ရြက္ေနေၾကာင္း၊ မိမိ၀င္ေငြႏွင့္ထြက္ေငြကို လံုေလာက္မွ်တေအာင္လည္း စနစ္တက်စီမံသံုးစြဲၾကရန္လိုေၾကာင္း၊ အေသာက္အစား အေပ်ာ္အပါးကိစၥရပ္မ်ား ေလွ်ာ့ရန္လိုေၾကာင္း၊ မိမိတို႔အိမ္တြင္ တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ဳိးေမြးျမဴေရးမ်ား လုပ္ရန္လိုအပ္သလို တပ္မ်ားအေနျဖင့္လည္း သက္သာ ေခ်ာင္ခ်ိေရးေဆာင္ရြက္ေပးႏိုင္ရန္အတြက္ တပ္ပိုင္စိုက္ပ်ဳိးေမြးျမဴေရးလုပ္ငန္းမ်ား လုပ္ရန္လိုအပ္ေၾကာင္း၊ မိမိကိုယ္မိမိအလိုလိုက္ျခင္း၊ လက္ေအာက္ကိုအလိုလိုက္ျခင္း တို႔ေၾကာင့္ အုပ္ခ်ဳပ္မႈျပႆနာမ်ားျဖစ္ပြားႏိုင္ေၾကာင္း၊ အုပ္ခ်ဳပ္ရာတြင္ ညီၫြတ္မွ်တရန္လိုေၾကာင္းႏွင့္ မိဘစိတ္၊ ဆရာစိတ္၊ တပည့္စိတ္မ်ားေမြး၍ အလုပ္လုပ္ၾကရန္ လိုေၾကာင္း တုိက္တြန္းေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ ေရႊဖီဦးအသင့္ ေဖ်ာ္လက္ဖက္ရည္ထုပ္မ်ားႏွင့္ အားကစားပစၥည္းမ်ားကို ေပးအပ္ရာ ျပင္ဦးလြင္ တပ္နယ္မွဴးက လက္ခံရယူခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။