တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲ နိုင်ငံတကာရေးရာဌာနဝန်ကြီး H.E. Mr. Song Tao နှင့် တွေ့ဆုံ ဆွေးနွေး 

ေနျပည္ေတာ္၊ ဧၿပီ – ၉

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔မြန္းလြဲပုိင္းတြင္ တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ ဗဟုိေကာ္မတီ၊ ႏုိင္ငံျခားဆက္ဆံေရးဌာနအႀကီးအကဲ ႏုိင္ငံတကာ ေရးရာဌာန၀န္ႀကီး H.E. Mr. Song Tao ႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ ဗဟုိေကာ္မတီ၊ ႏုိင္ငံျခားဆက္ဆံေရးဌာနဧည့္ခန္းမ၌ေတြ႕ဆုံေဆြးေႏြးသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာတ႐ုတ္ႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ ေလ) ဗုိလ္မွဴးခ်ဳပ္တင့္ဆန္းတုိ႔တက္ေရာက္ၾကၿပီး တ႐ုတ္ကြန္ျမဴနစ္ ပါတီ၊ ဗဟုိေကာ္မတီ၊ ႏုိင္ငံျခားဆက္ဆံေရးဌာနအႀကီးအကဲ ႏုိင္ငံတကာေရးရာဌာန၀န္ႀကီးႏွင့္အတူ ဒုတိယ ၀န္ႀကီး Mr. Guoye Zhou တုိ႔တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ ဗဟုိေကာ္မတီ၊ ႏုိင္ငံျခားဆက္ဆံေရး ဌာနအႀကီးအကဲ ႏုိင္ငံတကာေရး ရာဌာန၀န္ႀကီးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ယခုကဲ့သုိ႔ တ႐ုတ္ႏုိင္ငံသုိ႔ခ်စ္ၾကည္ေရး ခရီးစဥ္လာေရာက္ျခင္းသည္ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈ ကုိမ်ားစြာအေထာက္ အကူျပဳပါေၾကာင္းႏွင့္ ႀကိဳဆုိပါေၾကာင္းေျပာၾကားသည္။ ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈပုိမုိခုိင္မာေစရန္အတြက္ ယခုကဲ့သုိ႔႔ခ်စ္ၾကည္ေရးခရီး လာေရာက္ျခင္းျဖစ္ေၾကာင္း၊ ထုိ႔အတူ ႏွစ္ႏုိင္ငံအစုိးရ၊ တပ္မေတာ္ႏွင့္ ပါတီအဖြဲ႕အစည္းမ်ားမွလည္း ခ်စ္ၾကည္ေရးခရီးစဥ္မ်ားအျပန္အလွန္ လည္ပတ္ျခင္းျဖင့္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈကုိ ပုိုမိုတုိး တက္ေကာင္းမြန္ေစေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကားပူးေပါင္းေဆာင္ရြက္မႈမ်ားမွ တစ္ဆင့္ ျမန္မာ ႏုိင္ငံဖြံ႕ ၿဖိဳးတုိးတက္ေရးႏွင့္ ႏွစ္ႏုိင္ငံအက်ိဳးစီးပြားကုိေဖာ္ေဆာင္ႏုိင္မည့္ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္ႏွင့္ ဒီမုိကေရစီစနစ္ ခုိင္မာမႈရွိေစေရးအတြက္ တပ္မေတာ္မွပါ၀င္ ကူညီ ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္ေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ တ႐ုတ္ႏုိင္ငံမွ ပါ၀င္ကူညီေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ ျပည္တြင္းလက္္နက္ကုိင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္းေရးကုိ အမွန္တကယ္ရရွိေစလုိသည့္ေစတနာျဖင့္ ႏွစ္ေပါင္း ၇၀ ေက်ာ္အတြင္း ပထမဆုံး အႀကိမ္အျဖစ္ တပ္မေတာ္မွ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ေနမွစ၍ ပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေပးထားသည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ ျပည္သူမ်ားမွေရြးခ်ယ္သည့္ ပါတီစုံဒီုမုိကေရစီလမ္း ေၾကာင္းေပၚေလွ်ာက္ေနခ်ိန္၌ ႏုိင္ငံေရးအရတည္ၿငိမ္ေအးခ်မ္းမႈ၊ လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းမႈမ်ားရွိမွသာ ဖြံ႕ၿဖိဳး တုိးတက္မည့္အေျခအေနမ်ားႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား အဆင့္လုိက္ခ်စ္ၾကည္ေရး ခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားအား တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ ဗဟုိေကာ္မတီ၊ ႏုိင္ငံျခားဆက္ဆံေရးဌာန ႏုိင္ငံတကာေရးရာ ဌာန၀န္ႀကီးက ေန႔လယ္စာျဖင့္ တည္ခင္း ဧည့္ခံသည္။ ေန႔လယ္စာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ ဗဟုိေကာ္မတီ၊ ႏုိင္ငံျခား ဆက္ဆံေရးဌာနအႀကီးအကဲတုိ႔သည္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲ နိုင်ငံတကာရေးရာဌာနဝန်ကြီး H.E. Mr. Song Tao နှင့် တွေ့ဆုံ ဆွေးနွေး 

နေပြည်တော်၊ ဧပြီ – ၉ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲ နိုင်ငံတကာ ရေးရာဌာနဝန်ကြီး H.E. Mr. Song Tao နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြားဆက်ဆံရေးဌာနဧည့်ခန်းမ၌တွေ့ဆုံဆွေးနွေးသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ်တင့်ဆန်းတို့တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ် ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲ နိုင်ငံတကာရေးရာဌာနဝန်ကြီးနှင့်အတူ ဒုတိယ ဝန်ကြီး Mr. Guoye Zhou တို့တက်ရောက်ကြသည်။ 

ထိုသို့တွေ့ဆုံစဉ်တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြားဆက်ဆံရေး ဌာနအကြီးအကဲ နိုင်ငံတကာရေး ရာဌာနဝန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ယခုကဲ့သို့ တရုတ်နိုင်ငံသို့ချစ်ကြည်ရေး ခရီးစဉ်လာရောက်ခြင်းသည် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှု ကိုများစွာအထောက် အကူပြုပါကြောင်းနှင့် ကြိုဆိုပါကြောင်းပြောကြားသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရန်အတွက် ယခုကဲ့သို့ချစ်ကြည်ရေးခရီး လာရောက်ခြင်းဖြစ်ကြောင်း၊ ထို့အတူ နှစ်နိုင်ငံအစိုးရ၊ တပ်မတော်နှင့် ပါတီအဖွဲ့အစည်းများမှလည်း ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန် လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုး တက်ကောင်းမွန်စေကြောင်း ပြောကြားသည်။ 

ယင်းနောက် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြားပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် မြန်မာ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားကိုဖော်ဆောင်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်နှင့် ဒီမိုကရေစီစနစ် ခိုင်မာမှုရှိစေရေးအတွက် တပ်မတော်မှပါဝင် ကူညီ ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တရုတ်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်ရရှိစေလိုသည့်စေတနာဖြင့် နှစ်ပေါင်း ၇၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် တပ်မတော်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေမှစ၍ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးထားသည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီုမိုကရေစီလမ်း ကြောင်းပေါ်လျှောက်နေချိန်၌ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုများရှိမှသာ ဖွံ့ဖြိုး တိုးတက်မည့်အခြေအနေများနှင့် တပ်မတော်နှစ်ရပ်အကြား အဆင့်လိုက်ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြားဆက်ဆံရေးဌာန နိုင်ငံတကာရေးရာ ဌာနဝန်ကြီးက နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ နေ့လယ်စာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြား ဆက်ဆံရေးဌာနအကြီးအကဲတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့သည်။ 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။