တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကြည်းတပ် သံချပ်ကာလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုလေ့လာ

ေနျပည္ေတာ္၊ ဧၿပီ ၁၀

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng ၏ ဖိတ္ၾကားခ်က္အရ တ႐ုတ္ႏုိင္ငံ၊ ေပက်င္းၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္တင့္ဆန္း တုိ႔လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ Tiananmen ရင္ျပင္သုိ႔သြားေရာက္၍ အာဇာနည္ ေက်ာက္တုိင္၌ ပန္းေခြခ်အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရး တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္အတူ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ိုက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕သည္ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္ ၾကည္းတပ္သံခ်ပ္ကာ ေလ့က်င့္ေရးသင္တန္းေက်ာင္းသုိ႔ ေရာက္ရွိၾကရာ ေက်ာင္းအုပ္ႀကီးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကၿပီး သင္တန္းေက်ာင္းအစည္းအေ၀းခန္းမတြင္ ေက်ာင္းအုပ္ႀကီးက သင္တန္း ေက်ာင္း ဖြဲ႕စည္းထားရွိမႈအေျခအေနမ်ား၊ ျပည္ပမွ သင္တန္းသားမ်ားအား သင္ၾကားေလ့က်င့္ေပးေနမႈ အေျခအေနမ်ားႏွင့္ သင္တန္းသားမ်ားအား ေရြးခ်ယ္ေလ့က်င့္မႈအေျခအေနမ်ားအား ရွင္းလင္း တင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားအား ေမးျမန္းေဆြးေႏြး ေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ သင္တန္းေက်ာင္းေက်ာင္းအုပ္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ၾကၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သင္တန္းေက်ာင္း အတြင္းရွိ Simulated Training Center မ်ားအတြင္း သင္တန္းသားမ်ားအား ေလ့က်င့္သင္ၾကားေပးမႈအေျခအေနမ်ားႏွင့္ Experimental Center of Equipment Support Technology အတြင္း လွည့္လည္ၾကည့္႐ႈ ေလ့လာၾကရာ ေက်ာင္းအုပ္ႀကီးႏွင့္ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းတင္ျပၾကသည္။

အဆုိပါ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္ ၾကည္းတပ္သံခ်ပ္ကာ ေလ့က်င့္ေရး သင္တန္းေက်ာင္းတြင္ ျပည္ပႏုိင္ငံေပါင္း ၅၀ ေက်ာ္မွသင္တန္းသားမ်ား လာေရာက္ေလ့က်င့္ သင္ၾကားလ်က္ရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကြည်းတပ် သံချပ်ကာလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဧပြီ ၁၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တင့်ဆန်း တို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် Tiananmen ရင်ပြင်သို့သွားရောက်၍ အာဇာနည် ကျောက်တိုင်၌ ပန်းခွေချအလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အရာရှိကြီးများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကြည်းတပ်သံချပ်ကာ လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ရှိကြရာ ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြပြီး သင်တန်းကျောင်းအစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီးက သင်တန်း ကျောင်း ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ ပြည်ပမှ သင်တန်းသားများအား သင်ကြားလေ့ကျင့်ပေးနေမှု အခြေအနေများနှင့် သင်တန်းသားများအား ရွေးချယ်လေ့ကျင့်မှုအခြေအနေများအား ရှင်းလင်း တင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်းဆွေးနွေး ပြောကြား သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သင်တန်းကျောင်းကျောင်းအုပ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းကျောင်း အတွင်းရှိ Simulated Training Center များအတွင်း သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးမှုအခြေအနေများနှင့် Experimental Center of Equipment Support Technology အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

အဆိုပါ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကြည်းတပ်သံချပ်ကာ လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ပြည်ပနိုင်ငံပေါင်း ၅၀ ကျော်မှသင်တန်းသားများ လာရောက်လေ့ကျင့် သင်ကြားလျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။