အားလုံးမင်္ဂလာပါ။ ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံ” ကို တက်ရောက်လာကြတဲ့ ဧည့်သည် တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ ကောင်းခြင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွေကို “သုတေသနဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေး စောင့်ရှောက်မှုအဆင့်အတန်းမြင့်မားလာစေရန်” နဲ့