တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပခုက္ကူမြို့နယ်အတွင်းရှိ ရွှေတန့်တစ် သရက္ခန်ဘုရား၊ ရွှေကူမြတ်စွာဘုရားကြီးနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ထီးလိုမင်းလို ဘုရားသို့သွားရောက်ဖူးမြော်ကြည်ညို 

ေနျပည္ေတာ္၊ ဇြန္ – ၁၈ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေက်ာ္စြာလင္း၊ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ စုိးတင့္ႏုိင္ႏွင့္ တာ၀န္ရွိသူမ်ား လုိက္ပါၿပီး ယေန႔မြန္းလြဲပုိင္းတြင္ ပခုကၠဴၿမိဳ႕နယ္ ေရႊတန္႔တစ္ေက်းရြာ၊ ဘုရားႀကီး ေက်ာင္းတုိက္အတြင္း ကိန္း၀ပ္စံပယ္ လ်က္ရွိသည့္ ေရွးေဟာင္းသမုိင္း၀င္ ေရႊတန္႔တစ္ သရကၡန္ဘုရား ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား သြားေရာက္ဖူး ေျမာ္ၾကည္ညိဳၾကသည္။ 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆရာေတာ္ဘဒၵႏၲ ဣႏၵ၀ံသ အားဖူးေျမာ္ၾကည္ညိဳၿပီး လွဴဖြယ္ ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းကာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕က ေဂါပကအဖြဲ႕ထံ အလွဴေငြမ်ားေပး အပ္လွဴဒါန္းၿပီး ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထုိးသည္။ ယင္းေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဂႏၶာကုဋိ ေက်ာင္းေတာ္အတြင္းရွိ ေရွးဟာင္းဗုဒၶ႐ုပ္ပြားေတာ္မ်ားအားဖူးေျမာ္ၾကည္ညိဳၿပီး ႏွစ္ေပါင္း ၁၂၄ ႏွစ္သက္တမ္းရွိ ေရႊတန္႔တစ္ သရကၡန္ဘုရားတံကဲေတာ္ႏွင့္ ေရွးေဟာင္းအႏုပညာလက္ရာပစၥည္းမ်ား အားၾကည့္႐ႈၾကသည္။ 

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ပခုကၠဴ ၿမိဳ႕ရွိ ေရႊကူျမတ္စြာဘုရား သုိ႔ေရာက္ရွိၾကၿပီး ဘုရားႀကီးအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ား ကပ္လွဴပူေဇာ္ၿပီး ဖူးေျမာ္ၾကည္ညိဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေရွးေဟာင္းသစ္သားပန္းပု အႏုပညာလက္ရာမြန္ ကမၻာ့အံ့ခ်ီးဘြယ္ ေရႊကူတံကဲေတာ္အားၾကည့္႐ႈၿပီး ရာသီဥတုဒဏ္ခံႏုိင္ရန္အတြက္ ေဆာင္ရြက္ရန္၊ တန္ကဲေတာ္ႀကီးသန္႔ရွင္းေရးအတြက္ပ်က္စီးမႈမရွိေစဘဲ အႏုစိတ္သန္႔ရွင္း ေဆာင္ရြက္ရန္၊ ဘုရားႀကီးဘက္စုံျပဳျပင္မြမ္္းမံ၍ ယဥ္ေက်းမႈမ်ားထိန္းသိမ္းရာတြင္ ေခတ္ႏွင့္ေလ်ာ္ညီစြာ ထိန္းသိမ္းရန္တာ၀န္ ရွိသူမ်ား အားအႀကံျပဳေျပာၾကားသည္။ 

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔က အလွဴေငြမ်ားအား ေဂါပကအဖြဲ႕ထံေပးအပ္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဧည့္သည္ေတာ္မွတ္တမ္း တြင္လက္မွတ္ေရးထုိးသည္။ 

ဇြန္လ ၁၇ ရက္ ညေနပုိင္းကလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမရွိ ထီးလုိမင္းလုိဘုရားသုိ႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳၾကသည္။ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔သည္ ထီလုိမင္းလုိဘုရားအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ ဆီးမီးမ်ားကပ္လွဴပူေဇာ္ၿပီး ဖူးေျမာ္ၾကည္ညိဳ သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ထီးလုိမင္းလုိဘုရားႀကီး ေရရွည္တည္တံ့ခုိင္ၿမဲေရးအတြက္ ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈ အေျခအေနမ်ားအားၾကည့္႐ႈၿပီး လုိအပ္သည္မ်ားအား အႀကံျပဳေျပာၾကားသည္။ 

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ဘုရားႀကီးအတြင္း လက္ယာရစ္ လွည့္လည္ဖူးေျမာ္ၾကည္ညိဳၿပီး ေဂါပကအဖြဲ႕ထံ အလွဴေငြမ်ားေပးအပ္လွဴဒါန္းကာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ဘုရားႀကီးရွိ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ ေရးထုိးခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပခုက္ကူမြို့နယ်အတွင်းရှိ ရွှေတန့်တစ် သရက္ခန်ဘုရား၊ ရွှေကူမြတ်စွာဘုရားကြီးနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ထီးလိုမင်းလို ဘုရားသို့သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဇွန် – ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့နယ် ရွှေတန့်တစ်ကျေးရွာ၊ ဘုရားကြီး ကျောင်းတိုက်အတွင်း ကိန်းဝပ်စံပယ် လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင် ရွှေတန့်တစ် သရက္ခန်ဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်အား သွားရောက်ဖူး မြော်ကြည်ညိုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆရာတော်ဘဒ္ဒန္တ ဣန္ဒဝံသ အားဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဂေါပကအဖွဲ့ထံ အလှူငွေများပေး အပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဂန္ဓာကုဋိ ကျောင်းတော်အတွင်းရှိ ရှေးဟာင်းဗုဒ္ဓရုပ်ပွားတော်များအားဖူးမြော်ကြည်ညိုပြီး နှစ်ပေါင်း ၁၂၄ နှစ်သက်တမ်းရှိ ရွှေတန့်တစ် သရက္ခန်ဘုရားတံကဲတော်နှင့် ရှေးဟောင်းအနုပညာလက်ရာပစ္စည်းများ အားကြည့်ရှုကြသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပခုက္ကူ မြို့ရှိ ရွှေကူမြတ်စွာဘုရား သို့ရောက်ရှိကြပြီး ဘုရားကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှေးဟောင်းသစ်သားပန်းပု အနုပညာလက်ရာမွန် ကမ္ဘာ့အံ့ချီးဘွယ် ရွှေကူတံကဲတော်အားကြည့်ရှုပြီး ရာသီဥတုဒဏ်ခံနိုင်ရန်အတွက် ဆောင်ရွက်ရန်၊ တန်ကဲတော်ကြီးသန့်ရှင်းရေးအတွက်ပျက်စီးမှုမရှိစေဘဲ အနုစိတ်သန့်ရှင်း ဆောင်ရွက်ရန်၊ ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံ၍ ယဉ်ကျေးမှုများထိန်းသိမ်းရာတွင် ခေတ်နှင့်လျော်ညီစွာ ထိန်းသိမ်းရန်တာဝန် ရှိသူများ အားအကြံပြုပြောကြားသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က အလှူငွေများအား ဂေါပကအဖွဲ့ထံပေးအပ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဧည့်သည်တော်မှတ်တမ်း တွင်လက်မှတ်ရေးထိုးသည်။

ဇွန်လ ၁၇ ရက် ညနေပိုင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ထီလိုမင်းလိုဘုရားအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီးမီးများကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညို သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထီးလိုမင်းလိုဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားကြည့်ရှုပြီး လိုအပ်သည်များအား အကြံပြုပြောကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဘုရားကြီးအတွင်း လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ်လှူဒါန်းကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဘုရားကြီးရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။