ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ၂၀၁၉ ခုနှစ်ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်၊ တပ်မတော်အနေဖြင့်၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စက်မှုကုန်ကြမ်းပင်၊ နှစ်ရှည်ပင်၊ အရိပ်ရလေကာပင် များ ၁၁ သန်းကျော်စိုက်ပျိုးခဲ့ပြီး ရှင်သန်ဖြစ်ထွန်းမှု ၈ သန်းကျော်ရှိ၍ ၈၀ ရာခိုင်နှုန်း ဖြစ်ထွန်းအောင်မြင်၊ ဆက်လက်၍လည်းစိုက်ပျိုးသွားမည်

ေနျပည္ေတာ္၊ ဇြန္ ၂၀

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ၂၀၁၉ ခုႏွစ္၊ ပထမအႀကိမ္ မိုးရာသီသစ္ပင္ စုိက္ပ်ိဳးပြဲအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္၊ ေဇယ်ာသီရိ ၿမိဳ႕နယ္၊ ေရဆင္းဆည္အနီး၌က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍ ရတနာတန္း၀င္ မေဟာ္ဂနီပင္အား ဦးေဆာင္ စုိက္ပ်ိဳး ေပးသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္း ႏြယ္၊ ျပည္ထဲေရး၀န္ႀကီးဌာနျပည္ေထာင္စု ၀န္ႀကီးႏွင့္ဇနီး၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ ဇနီး၊ နယ္စပ္ေရးရာ ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ)ႏွင့္ဇနီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ဇနီး၊ ႏုိင္ငံေတာ္ကာကြယ္ေရး တကၠသိုလ္မွ သင္တန္းသားအရာရွိႀကီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)ရွိ ႐ုံး/ဌာနအသီးသီမွ အရာရွိ၊ စစ္သည္မ်ားႏွင့္ မိသားစု၀င္မ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကအမွာစကားေျပာၾကားရာတြင္ တပ္မေတာ္အေနျဖင့္ လမ္းစဥ္ပါတီအစုိးရ ေခတ္၊ တပ္မေတာ္အစုိးရေခတ္မ်ားကတည္းက သစ္ပင္စုိက္ပ်ိဳးပြဲမ်ားျပဳလုပ္စုိက္ပ်ိဳးခဲ့သည္မွာ ယခုအခ်ိန္ အထိျဖစ္ေၾကာင္း၊ ပါတီစုံ ဒီမုိကေရစီေခတ္ကာလ ၂၀၁၁ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ တပ္မေတာ္မွ စက္မႈကုန္ၾကမ္း ပင္ ၁ သန္း ၉ သိန္းေက်ာ္စုိက္ပ်ိဳးခဲ့ၿပီး ၁ သန္း ၅ သိန္းေက်ာ္ ရွင္သန္ျဖစ္ထြန္းေၾကာင္း၊ ရတနာတန္း၀င္ပင္ ၂ သန္း ၇ သိန္းေက်ာ္စုိက္ပ်ိဳးခဲ့ၿပီး ၂ သန္း ၂ သိန္းေက်ာ္ ရွင္သန္ ျဖစ္ထြန္းေၾကာင္း၊ ႏွစ္ရွည္သီးႏွံပင္ ၂ သန္း ၉ သိန္းေက်ာ္စုိက္ပ်ိဳးခဲ့ၿပီး ၂ သန္း ၁ သိန္းေက်ာ္ရွင္သန္ျဖစ္ထြန္းေၾကာင္း၊ အရိပ္ရေလကာပင္ ၃ သန္း ၉ သိန္း ေက်ာ္စုိက္ပ်ိဳးၿပီး ၂ သန္း ၉ သိန္းေက်ာ္ရွင္သန္ျဖစ္ထြန္းေၾကာင္း၊ စုိက္ပ်ိဳးပင္စုစုေပါင္း ၁၁ သန္းေက်ာ္ရွိခဲ့ၿပီး ရွင္သန္ျဖစ္ထြန္းမႈ ၈ သန္းေက်ာ္ျဖစ္သျဖင့္ တပ္မေတာ္ တစ္ရပ္ လုံးစုိက္ပ်ိဳးမႈ၏ ၈၀ ရာခုိင္ႏႈန္းခန္႔ျဖစ္ထြန္း ေအာင္ျမင္သည္ကုိေတြ႕ရွိရေၾကာင္း၊ သစ္ပင္မ်ားစုိက္ပ်ိဳးရာတြင္ စုိက္ပ်ိဳးမည့္ပ်ိဳးပင္မ်ား၏ သက္တမ္းႏွင့္အရြယ္အစားကုိ မွန္မွန္ကန္ကန္ေရြးခ်ယ္စုိက္ပ်ိဳးရန္ႏွင့္ စုိက္ပ်ိဳးၿပီးပါက ရွင္သန္ေအာင္ စနစ္တက် ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ား ျပဳလုပ္ရန္လုိေၾကာင္း။

မိမိတုိ႔ႏုိင္ငံတြင္ ထင္းမ်ားအသုံးျပဳျခင္း၊ အေဆာက္အဦေဆာက္လုပ္ရန္အတြက္ သစ္မ်ားထုတ္ယူသုံးစြဲျခင္း၊ သစ္မ်ားတရားမ၀င္ထုတ္ယူၿပီး မိမိတုိ႔ကုိယ္က်ိဳးစီးပြားအတြက္ ေဆာင္ရြက္ျခင္းႏွင့္ ေရႊ႕ေျပာင္းေတာင္ ယာမ်ားစုိက္ပ်ိဳးျခင္းမ်ားေၾကာင့္ သစ္ေတာမ်ား ျပဳန္းတီးမႈျဖစ္ေပၚလ်က္ရွိေၾကာင္း၊ ထုိသုိ႔သစ္ေတာမ်ား ျပဳန္းတီးမႈကုိ ထိန္းသိမ္းရန္အတြက္ တာ၀န္ရွိသူမ်ားၾကပ္မတ္ေဆာင္ရြက္ရမည္ျဖစ္သကဲ့သုိ႔ တစ္ဦးခ်င္း အေနျဖင့္လည္း ထိန္းသိမ္းရမည္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္မီးရရွိမႈအားနည္းေနပါက ထင္းအသုံးျပဳမႈ ရွိေနမည္သာျဖစ္ေၾကာင္း၊ ယခင္က ထင္းအစားထုိးေလာင္စာမ်ားအသုံးျပဳရန္အတြက္ ေဆာင္ရြက္ခဲ့ၾက ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေအာင္ျမင္မႈမရွိခဲ့ေၾကာင္း၊ ထင္းအသုံးျပဳမႈမ်ားကုိလည္း စနစ္တက်ျဖင့္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ သစ္ေတာမ်ား ျပဳန္းတီးလာမႈေၾကာင့္ ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္မ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း၊ သစ္ပင္တစ္ပင္ရွင္သန္ျဖစ္ထြန္းရန္အတြက္ အခ်ိန္မ်ားစြာေပးရေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔အေနျဖင့္အရွည္ေမွ်ာ္ေတြးၿပီး ေစတနာထားေဆာင္ရြက္ရန္လုိေၾကာင္း၊အထိမ္းအမွတ္ စုိက္ပ်ိဳးျခင္း မဟုတ္ဘဲ မိမိတုိ႔ တာ၀န္ထမ္းေဆာင္ရေသာေနရာေဒသမ်ားတြင္အက်ိဳးရွိေစေရး သစ္ပင္မ်ားအားရွင္ သန္ျဖစ္ ထြန္းေအာင္ စုိက္ပ်ိဳးၾကေစလုိေၾကာင္း၊ သစ္ပင္စုိက္ပ်ိဳးျခင္းျဖင့္ ရရွိႏုိင္သည့္ အက်ိဳးေက်းဇူး မ်ားအား မိမိတုိ႔ ပတ္၀န္းက်င္ရွိ တပ္မေတာ္သားမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား သိရွိေအာင္ေျပာၾကားၿပီး ႏုိင္ငံအတြက္ အက်ိဳးျဖစ္ထြန္းေအာင္ ေဆာင္ရြက္ၾကေစ လုိေၾကာင္းျဖင့္ တုိက္တြန္းေျပာၾကားသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ရတနာတန္း၀င္ မေဟာ္ဂနီပင္အား ဦးေဆာင္စုိက္ ပ်ိဳးေပးၾကသည္။ ဆက္လက္ၿပီး ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ အခမ္းအနားတက္ ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္မိသားစုမ်ားက သတ္မွတ္ေနရာအသီးသီးတြင္စုိက္ပ်ိဳးၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၏ စုေပါင္း သစ္ပင္စုိက္ပ်ိဳးေနမႈအားလွည့္လည္ၾကည့္႐ႈအားေပးၾကသည္။

ယေန႔က်င္းပျပဳလုပ္သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၏ ၂၀၁၉ ခုႏွစ္၊ ပထမအႀကိမ္မုိးရာသီ သစ္ပင္စုိက္ပ်ိဳးပြဲတြင္ ရတနာတန္း၀င္မေဟာ္ဂနီပင္ ၁၈၉ ပင္၊ မန္ဂ်န္ရွားပင္ ၁၂၁၀ ပင္၊ ပိေတာက္ပင္ ၁၀၄၀ ပင္၊ ကြၽန္းပင္ ၂၂၈၁ ပင္၊ စုစုေပါင္း ၄၇၂၀ ပင္အား စုေပါင္းစုိက္ပ်ိဳးခဲ့ၾကသည္။ ေရဆင္းဆည္ပတ္၀န္းက်င္၌ သဘာ၀ ပတ္၀န္းက်င္ထိန္းသိမ္းေရးႏွင့္ ေဂဟစနစ္ထိန္းသိမ္းေရးအတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)အေနျဖင့္ ၂၀၁၁ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အထိ မုိးရာသီသစ္ပင္စုိက္ပ်ိဳးပြဲမ်ားတြင္ ရတနာတန္း၀င္ပင္၊ ႏွစ္ရွည္သီးႏွံပင္ႏွင့္ အရိပ္ရေလကာပင္ စုစုေပါင္း ၁၄၁၇၈၃ ပင္အားစုိက္ပ်ိဳးခဲ့ၿပီးျဖစ္ပါသည္။

(Unicode Version)

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ၂၀၁၉ ခုနှစ်ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်၊ တပ်မတော်အနေဖြင့်၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စက်မှုကုန်ကြမ်းပင်၊ နှစ်ရှည်ပင်၊ အရိပ်ရလေကာပင် များ ၁၁ သန်းကျော်စိုက်ပျိုးခဲ့ပြီး ရှင်သန်ဖြစ်ထွန်းမှု ၈ သန်းကျော်ရှိ၍ ၈၀ ရာခိုင်နှုန်း ဖြစ်ထွန်းအောင်မြင်၊ ဆက်လက်၍လည်းစိုက်ပျိုးသွားမည်

နေပြည်တော်၊ ဇွန် ၂၀

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ၂၀၁၉ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ ရေဆင်းဆည်အနီး၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် မဟော်ဂနီပင်အား ဦးဆောင် စိုက်ပျိုး ပေးသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်း နွယ်၊ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံး/ဌာနအသီးသီမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် လမ်းစဉ်ပါတီအစိုးရ ခေတ်၊ တပ်မတော်အစိုးရခေတ်များကတည်းက သစ်ပင်စိုက်ပျိုးပွဲများပြုလုပ်စိုက်ပျိုးခဲ့သည်မှာ ယခုအချိန် အထိဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီခေတ်ကာလ ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တပ်မတော်မှ စက်မှုကုန်ကြမ်း ပင် ၁ သန်း ၉ သိန်းကျော်စိုက်ပျိုးခဲ့ပြီး ၁ သန်း ၅ သိန်းကျော် ရှင်သန်ဖြစ်ထွန်းကြောင်း၊ ရတနာတန်းဝင်ပင် ၂ သန်း ၇ သိန်းကျော်စိုက်ပျိုးခဲ့ပြီး ၂ သန်း ၂ သိန်းကျော် ရှင်သန် ဖြစ်ထွန်းကြောင်း၊ နှစ်ရှည်သီးနှံပင် ၂ သန်း ၉ သိန်းကျော်စိုက်ပျိုးခဲ့ပြီး ၂ သန်း ၁ သိန်းကျော်ရှင်သန်ဖြစ်ထွန်းကြောင်း၊ အရိပ်ရလေကာပင် ၃ သန်း ၉ သိန်း ကျော်စိုက်ပျိုးပြီး ၂ သန်း ၉ သိန်းကျော်ရှင်သန်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးပင်စုစုပေါင်း ၁၁ သန်းကျော်ရှိခဲ့ပြီး ရှင်သန်ဖြစ်ထွန်းမှု ၈ သန်းကျော်ဖြစ်သဖြင့် တပ်မတော် တစ်ရပ် လုံးစိုက်ပျိုးမှု၏ ၈၀ ရာခိုင်နှုန်းခန့်ဖြစ်ထွန်း အောင်မြင်သည်ကိုတွေ့ရှိရကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင် စိုက်ပျိုးမည့်ပျိုးပင်များ၏ သက်တမ်းနှင့်အရွယ်အစားကို မှန်မှန်ကန်ကန်ရွေးချယ်စိုက်ပျိုးရန်နှင့် စိုက်ပျိုးပြီးပါက ရှင်သန်အောင် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် ထင်းများအသုံးပြုခြင်း၊ အဆောက်အဦဆောက်လုပ်ရန်အတွက် သစ်များထုတ်ယူသုံးစွဲခြင်း၊ သစ်များတရားမဝင်ထုတ်ယူပြီး မိမိတို့ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းနှင့် ရွှေ့ပြောင်းတောင် ယာများစိုက်ပျိုးခြင်းများကြောင့် သစ်တောများ ပြုန်းတီးမှုဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုသို့သစ်တောများ ပြုန်းတီးမှုကို ထိန်းသိမ်းရန်အတွက် တာဝန်ရှိသူများကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဦးချင်း အနေဖြင့်လည်း ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိမှုအားနည်းနေပါက ထင်းအသုံးပြုမှု ရှိနေမည်သာဖြစ်ကြောင်း၊ ယခင်က ထင်းအစားထိုးလောင်စာများအသုံးပြုရန်အတွက် ဆောင်ရွက်ခဲ့ကြ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရှိခဲ့ကြောင်း၊ ထင်းအသုံးပြုမှုများကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်တောများ ပြုန်းတီးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သစ်ပင်တစ်ပင်ရှင်သန်ဖြစ်ထွန်းရန်အတွက် အချိန်များစွာပေးရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်အရှည်မျှော်တွေးပြီး စေတနာထားဆောင်ရွက်ရန်လိုကြောင်း၊အထိမ်းအမှတ် စိုက်ပျိုးခြင်း မဟုတ်ဘဲ မိမိတို့ တာဝန်ထမ်းဆောင်ရသောနေရာဒေသများတွင်အကျိုးရှိစေရေး သစ်ပင်များအားရှင် သန်ဖြစ် ထွန်းအောင် စိုက်ပျိုးကြစေလိုကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူး များအား မိမိတို့ ပတ်ဝန်းကျင်ရှိ တပ်မတော်သားများနှင့် ဒေသခံပြည်သူများအား သိရှိအောင်ပြောကြားပြီး နိုင်ငံအတွက် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေ လိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင် မဟော်ဂနီပင်အား ဦးဆောင်စိုက် ပျိုးပေးကြသည်။ ဆက်လက်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနားတက် ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများက သတ်မှတ်နေရာအသီးသီးတွင်စိုက်ပျိုးကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုအားလှည့်လည်ကြည့်ရှုအားပေးကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ၂၀၁၉ ခုနှစ်၊ ပထမအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်မဟော်ဂနီပင် ၁၈၉ ပင်၊ မန်ဂျန်ရှားပင် ၁၂၁၀ ပင်၊ ပိတောက်ပင် ၁၀၄၀ ပင်၊ ကျွန်းပင် ၂၂၈၁ ပင်၊ စုစုပေါင်း ၄၇၂၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၄၁၇၈၃ ပင်အားစိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။