တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Indoor Skydiving တွင် အလွတ်ခုန် လေထီး (အမျိုးသမီး)သင်တန်းအမှတ်စဉ်(၁)မှ အရာရှိ၊ စစ်သည်များ ခန္ဓာကိုယ်အနေအထား ထိန်းသိမ်းခြင်း လေ့ကျင့် ခန်း လေ့ကျင့်နေမှုအားသွားရောက် ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္၊ ဇြန္ ၂၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ သက္ပုံတုိ႔လုိက္ပါၿပီး ဇြန္လ ၂၄ ရက္၊ ညေနပိုင္းတြင္ ရန္ကုန္တုိင္းေဒသႀကီး မရမ္းကုန္း ၿမိဳ႕နယ္၊ (၉)မုိင္၊ ေတာ္၀င္လမ္းရွိ Indoor Skydiving အတြင္းရွိ Vertical Wind Tunnelတြင္ အလြတ္ခုန္ေလထီး(အမ်ိဳးသမီး) သင္တန္းအမွတ္စဥ္(၁)မွ အရာရွိ၊ စစ္သည္မ်ား ခႏၶာကုိယ္အေနအထား ထိန္းသိမ္းျခင္းေလ့က်င့္ခန္း ေလ့က်င့္ေနမႈအားသြားေရာက္ ၾကည့္႐ႈစစ္ေဆးသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အလြတ္ခုန္ေလထီး (အမ်ိဳးသမီး) သင္တန္းအမွတ္စဥ္ (၁)မွ အရာရွိ၊ စစ္သည္မ်ားအား နည္းျပမ်ားမွ ေလ့က်င့္ သင္ၾကားေနမႈႏွင့္ နည္းျပမ်ား၏ စြမ္းရည္သ႐ုပ္ျပမႈအား ၾကည့္႐ႈအားေပးၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေလ့က်င့္ေရးဆုိင္ရာမ်ားအား မွာၾကားၿပီး အလြတ္ခုန္ေလထီး (အမ်ိဳးသမီး) သင္တန္းအမွတ္စဥ္(၁)မွ အရာရွိ၊ စစ္သည္မ်ားႏွင့္ နည္းျပမ်ား အတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ Royal Sportainment Complex အတြင္းရွိ ေရခဲျပင္စကိတ္အားကစားကြင္းအတြင္း နည္းျပမ်ား ၏ သ႐ုပ္ျပမႈမ်ားအားၾကည့္႐ႈၾကၿပီး Bowling ကစားကြင္းအတြင္းလွည့္လည္ၾကည့္႐ႈၾက သည္။ အဆုိပါပါ Royal Sportainment Complex အား ၂၀၁၉ ခုႏွစ္ ဧၿပီလ ၂၈ ရက္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး ျပည္သူမ်ားက်န္းမာေရးႏွင့္ အားကစားက႑တြင္ မ်ိဳးဆက္သစ္ လူငယ္ မ်ားႏွင့္ မိသားစုမ်ားအလိုက္ ေပ်ာ္ရႊင္စြာကစားႏုိင္ရန္ႏွင့္ အေပ်ာ္တမ္းေလ့က်င့္ ႏုိင္ရန္ရည္ရြယ္၍ ႏုိင္ငံတကာ စံခ်ိန္မီ ေရခဲျပင္စကိတ္ကစားကြင္းႏွင့္ Bowling ကစားကြင္းအား ထည့္သြင္းတည္ေဆာက္ထားျခင္းျဖစ္သည္။

ယေန႔ မြန္းလြဲပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္္ မဂၤလာဒုံၿမိဳ႕နယ္၊ ရန္ကုန္-ျပည္ ကားလမ္းမႀကီးအနီးရွိ ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္း၊ DENTOMEC သြားတုိက္တံႏွင့္ သြားတုိက္ ေဆးစက္႐ုံသုိ႔ေရာက္ရွိၾကရာ စက္႐ုံမွဴးက ဘ႑ာေရးႏွစ္အလုိက္ သြားတုိက္တံႏွင့္ သြားတုိက္ေဆးမ်ား ထုတ္လုပ္ေနမႈႏွင့္ ေစ်းကြက္အတြင္း ျဖန္႔ခ်ိေရာင္းခ်ေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပည္ပသြင္းကုန္ မ်ားအစားထုိးရန္အတြက္ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ထုတ္ကုန္မ်ားသည္ ေခတ္မီၿပီး အရည္ေသြးေကာင္းမြန္ရန္၊ သုံးစြဲသူမ်ား၏ႀကိဳက္ ႏွစ္သက္မႈႏွင့္ကုိက္ညီရန္လိုေၾကာင္း၊ ေစ်းကြက္အတြင္း ေစ်းခ်င္းတူလွ်င္ ပစၥည္းေကာင္းရမည္၊ ပစၥည္းခ်င္း တူလွ်င္ ေစ်းႏႈန္း သက္သာစြာျဖင့္ ေရာင္းခ်ႏုိင္ရမည္ျဖစ္ေၾကာင္း၊ ေစ်းကြက္ပုိမုိရရွိေစေရးအတြက္ ေဆာင္ရြက္ၾကရန္လိုေၾကာင္း၊ အျခားျပည္တြင္းသြားတုိက္ေဆးထုတ္လုပ္သည့္ ကုမၸဏီမ်ား ႏွင့္လည္း လက္တြဲေဆာင္ရြက္သြားရန္လုိေၾကာင္း၊ ျပည္တြင္းျဖစ္ကုိအားေပးၾကရမည္ ျဖစ္ေၾကာင္းႏွင့္ FDA ၏ သတ္မွတ္ခ်က္မ်ားအတုိင္း လုိက္နာရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း သြားတုိက္တံႏွင့္ သြားတုိက္ ေဆးမ်ားထုတ္လုပ္ေနမႈ၊ ကုန္ၾကမ္းမ်ားသုိေလွာင္ထားရွိမႈႏွင့္ ဓာတ္ခြဲခန္းအတြင္း ဓာတ္ခြဲစမ္းသပ္ေနမႈ အေျခ အေနမ်ားအား လွည့္လည္ၾကည့္႐ႈ စစ္ေဆးရာ တာ၀န္ရွိသူမ်ားကလုိက္လံရွင္းလင္းတင္ျပၾကသည္။

အဆုိပါ ျမန္မာစီးပြားေရး ေကာ္ပုိေရးရွင္း၊ DENTOMEC သြားတုိက္တံႏွင့္ သြားတုိက္ေဆးစက္႐ုံအား ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလတြင္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ဂ်ာမနီႏုိင္ငံႏွင့္ဆြီဒင္ႏုိင္ငံတုိ႔မွ နည္းပညာမ်ားျဖင့္ ႏုိင္ငံတကာ အဆင့္မီစက္သစ္ႀကီးမ်ား အသုံးျပဳကာ ျပည္ပသြင္းကုန္အစားထုိး (Import Substitution) ထုတ္ကုန္အျဖစ္ က်န္းမာေရးႏွင့္ညီၫြတ္ၿပီး ေစ်းႏႈန္းသက္သာသည့္ သြားတုိက္တံႏွင့္ သြားတုိက္ေဆးမ်ား ထုတ္လုပ္လ်က္ရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Indoor Skydiving တွင် အလွတ်ခုန် လေထီး (အမျိုးသမီး)သင်တန်းအမှတ်စဉ်(၁)မှ အရာရှိ၊ စစ်သည်များ ခန္ဓာကိုယ်အနေအထား ထိန်းသိမ်းခြင်း လေ့ကျင့် ခန်း လေ့ကျင့်နေမှုအားသွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံတို့လိုက်ပါပြီး ဇွန်လ ၂၄ ရက်၊ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်၊ (၉)မိုင်၊ တော်ဝင်လမ်းရှိ Indoor Skydiving အတွင်းရှိ Vertical Wind Tunnelတွင် အလွတ်ခုန်လေထီး(အမျိုးသမီး) သင်တန်းအမှတ်စဉ်(၁)မှ အရာရှိ၊ စစ်သည်များ ခန္ဓာကိုယ်အနေအထား ထိန်းသိမ်းခြင်းလေ့ကျင့်ခန်း လေ့ကျင့်နေမှုအားသွားရောက် ကြည့်ရှုစစ်ဆေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အလွတ်ခုန်လေထီး (အမျိုးသမီး) သင်တန်းအမှတ်စဉ် (၁)မှ အရာရှိ၊ စစ်သည်များအား နည်းပြများမှ လေ့ကျင့် သင်ကြားနေမှုနှင့် နည်းပြများ၏ စွမ်းရည်သရုပ်ပြမှုအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ရေးဆိုင်ရာများအား မှာကြားပြီး အလွတ်ခုန်လေထီး (အမျိုးသမီး) သင်တန်းအမှတ်စဉ်(၁)မှ အရာရှိ၊ စစ်သည်များနှင့် နည်းပြများ အတွက် ချီးမြှင့်ငွေများပေးအပ်သည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Royal Sportainment Complex အတွင်းရှိ ရေခဲပြင်စကိတ်အားကစားကွင်းအတွင်း နည်းပြများ ၏ သရုပ်ပြမှုများအားကြည့်ရှုကြပြီး Bowling ကစားကွင်းအတွင်းလှည့်လည်ကြည့်ရှုကြ သည်။ အဆိုပါပါ Royal Sportainment Complex အား ၂၀၁၉ ခုနှစ် ဧပြီလ ၂၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်သူများကျန်းမာရေးနှင့် အားကစားကဏ္ဍတွင် မျိုးဆက်သစ် လူငယ် များနှင့် မိသားစုများအလိုက် ပျော်ရွှင်စွာကစားနိုင်ရန်နှင့် အပျော်တမ်းလေ့ကျင့် နိုင်ရန်ရည်ရွယ်၍ နိုင်ငံတကာ စံချိန်မီ ရေခဲပြင်စကိတ်ကစားကွင်းနှင့် Bowling ကစားကွင်းအား ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်သည်။

ယနေ့ မွန်းလွဲပိုင်းတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမကြီးအနီးရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက် ဆေးစက်ရုံသို့ရောက်ရှိကြရာ စက်ရုံမှူးက ဘဏ္ဍာရေးနှစ်အလိုက် သွားတိုက်တံနှင့် သွားတိုက်ဆေးများ ထုတ်လုပ်နေမှုနှင့် ဈေးကွက်အတွင်း ဖြန့်ချိရောင်းချနေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ပသွင်းကုန် များအစားထိုးရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး ထုတ်ကုန်များသည် ခေတ်မီပြီး အရည်သွေးကောင်းမွန်ရန်၊ သုံးစွဲသူများ၏ကြိုက် နှစ်သက်မှုနှင့်ကိုက်ညီရန်လိုကြောင်း၊ ဈေးကွက်အတွင်း ဈေးချင်းတူလျှင် ပစ္စည်းကောင်းရမည်၊ ပစ္စည်းချင်း တူလျှင် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချနိုင်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်ပိုမိုရရှိစေရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း၊ အခြားပြည်တွင်းသွားတိုက်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများ နှင့်လည်း လက်တွဲဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်းဖြစ်ကိုအားပေးကြရမည် ဖြစ်ကြောင်းနှင့် FDA ၏ သတ်မှတ်ချက်များအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း သွားတိုက်တံနှင့် သွားတိုက် ဆေးများထုတ်လုပ်နေမှု၊ ကုန်ကြမ်းများသိုလှောင်ထားရှိမှုနှင့် ဓာတ်ခွဲခန်းအတွင်း ဓာတ်ခွဲစမ်းသပ်နေမှု အခြေ အနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်းတင်ပြကြသည်။

အဆိုပါ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေးစက်ရုံအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဂျာမနီနိုင်ငံနှင့်ဆွီဒင်နိုင်ငံတို့မှ နည်းပညာများဖြင့် နိုင်ငံတကာ အဆင့်မီစက်သစ်ကြီးများ အသုံးပြုကာ ပြည်ပသွင်းကုန်အစားထိုး (Import Substitution) ထုတ်ကုန်အဖြစ် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဈေးနှုန်းသက်သာသည့် သွားတိုက်တံနှင့် သွားတိုက်ဆေးများ ထုတ်လုပ်လျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။