မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဂယာမြို့ရှိ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းလှည့်လည် ကြည်ညို၊ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း၊ ရာဇဂြိုလ်သို့သွားရောက်လေ့လာ ကြည်ညို

ေနျပည္ေတာ္၊ ၾသဂုတ္ – ၁

အိႏၵိယသမၼတႏုိင္ငံ၊ ဂယာၿမိဳ႕၌ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕ သည္ ယေန႔နံနက္ပုိင္းတြင္ မဟာေဗာဓိေစတီေတာ္သုိ႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔သည္ မဟာေဗာဓိေစတီေတာ္အတြင္းရွိ ဗုဒၶ႐ုပ္ပြား ေတာ္ျမတ္ႀကီးအား ပန္း၊ ေရခ်မ္း၊ ဆီမီး ႏွင့္ ၀ါဆုိၾကာသကၤန္းဆက္ ကပ္လွဴဒါန္း၍ ဖူးေျမာ္ၾကည္ညိဳၾက သည္။ ထုိ႕ေနာက္ မဟာေဗာဓိေစတီေတာ္ႀကီး၏ အထက္ပစၥယံတြင္ တည္ထားကုိးကြယ္သည့္ ဘုရားေလာင္း႐ုပ္ပြားေတာ္ျမတ္အား ဖူးေျမာ္ၾကည္ညိဳ၍ မဟာေဗာဓိဓမၼရိပ္သာ ေက်ာင္းတုိက္ ဆရာေတာ္ ဘဒၵႏၲစႏၵမုနိထံမွ  ဆုံးမၾသ၀ါဒတရားနာယူ ၾကသည္။

ယင္းေနာက္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္ အဖြဲ႔သည္ ဘုရားပရိ၀ုဏ္အတြင္းရွိ ျမတ္စြာဘုရားပြင့္ေတာ္မူရာ မဟာေဗာဓိေညာင္ပင္ႀကီးအား ဖူးေျမာ္ၾကည္ညိဳ၍ ပန္း၊ ေရခ်မ္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

ဆက္လက္ၿပီး မဟာေဗာဓိပင္၏ အေနာက္ေျမာက္ေထာင့္အရပ္ရွိ ျမတ္စြာဘုရား ပ႒ာန္း တရားေတာ္ကုိ ၇ ရက္ပတ္လုံးဆင္ျခင္၍ ေရာင္ျခည္ေတာ္ ကြန္႔ျမဴးေတာ္မူခဲ့သည့္ အထိမ္းအမွတ္ ေနရာ ရတနာဃရသတၱဌာနရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္မ်ားအားလည္းေကာင္း၊ မုစလိႏၵအုိင္အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္အားလည္းေကာင္း ဖူးေျမာ္ၾကည္ညိဳ၍  ဗုဒၶဂယာဥယ်ာဥ္အတြင္း လွည့္လည္ၾကည့္႐ႈ ၾကည္ညိဳပူေဇာ္ၾကသည္။ ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔မွ မဟာေဗာဓိ ေစတီေတာ္ႀကီးအတြက္ အလွဴေငြမ်ားေပးအပ္လွဴဒါန္းရာ မဟာေဗာဓိဓမၼရိပ္သာ ေက်ာင္းတုိက္ ဆရာေတာ္က ဓမၼလက္ေဆာင္မ်ား ျပန္လည္ေပးအပ္သည္။

ယင္းေနာက္ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ဂယာၿမိဳ႕ အတြင္းရွိ မဟာေဗာဓိ ဓမၼရိပ္သာဘုန္းေတာ္ႀကီးေက်ာင္းသုိ႔သြားေရာက္ၾကသည္။ ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ မဟာေအာင္ေျမေက်ာင္းတုိက္ ပဓာနနာယကဆရာေတာ္ ဘဒၵႏၲသီလ၀ံသထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က မဟာေဗာဓိဓမၼရိပ္သာေက်ာင္း တုိက္ဆရာေတာ္ ဘဒၵႏၲစႏၵမုနိအား ၀ါဆုိသကၤန္း၊ န၀ကမၼအလွဴေငြႏွင့္ လွဴဘြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ ယင္းေနာက္တပ္မေတာ္အရာရွိႀကီးမ်ားက ဂယာၿမိဳ႕တြင္ေရာက္ရွိ သီတင္းသုံးေနၾကေသာ သံဃာေတာ္မ်ားအား၀ါဆုိသကၤန္းႏွင့္ လွဴဘြယ္ ပစၥည္းမ်ားလည္းေကာင္း၊ ဂယာၿမိဳ႕ရွိ စာသင္သား သံဃာေတာ္မ်ားႏွင့္ သာသနာ့ႏြယ္၀င္ သီလရွင္မ်ား အား န၀ကမၼအလွဴေငြမ်ားအားလည္းေကာင္း ဆက္ကပ္လွဴဒါန္းၾကၿပီး လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေ၀ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္၊ ဇနီးေဒၚၾကဴၾကဴလွႏွင့္ အဖြဲ႕၀င္မ်ားသည္ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ မြန္းလြဲပုိင္းတြင္ ဗီဟာျပည္နယ္၊ ဗုဒၶဂယာၿမိဳ႕၊ ဥ႐ုေ၀လေတာစခန္းရိပ္သာႏွင့္ ဗုဒၶဂယာၿမိဳ႕မွ ကီလုိမီတာ ၉၀ ခန္႕ အကြာတြင္ တည္ရွိသည့္ ရာဇၿဂဳိဟ္သုိ႕ သြားေရာက္၍ ျမတ္စြာဘုရားရွင္လက္ထက္ ေရွးေခတ္ ကုန္သည္ႀကီးမ်ားသြားလာအသုံးျပဳခဲ့သည့္ ေက်ာက္သားလွည္း လမ္းေၾကာင္းရာေနရာ၊ သမားေတာ္ႀကီးဇီ၀က၏ သရက္ဥယ်ာဥ္ေနရာ၊ ဗိမိၸသာရမင္းႀကီး၏ အက်ဥ္းေထာင္ေနရာႏွင့္ ဘ႑ာတုိက္ေနရာ၊ အဇာတသတ္မင္းႀကီး၏ ဓာတ္ေတာ္တုိက္ေနရာႏွင့္ ျမတ္စြာဘုရားရွင္ သီတင္းသုံးေနထုိင္ခဲ့ၿပီး တရားဘာ၀နာမ်ား ႁမြက္ၾကားေတာ္မူခဲ့သည့္ ေ၀ဠဳ၀န္ေက်ာင္းတုိက္ေနရာမ်ား သုိ႕ သြားေရာက္ၾကည္ညိဳ ေလ့လာခဲ့ၾကရာ မဟာေဗာဓိဓမၼရိပ္သာေက်ာင္းတုိက္ဆရာေတာ္ႀကီးက လုိက္လံရွင္းလင္းျပသခဲ့သည္။

(Unicode Version)

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဂယာမြို့ရှိ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းလှည့်လည် ကြည်ညို၊ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း၊ ရာဇဂြိုလ်သို့သွားရောက်လေ့လာ ကြည်ညို

နေပြည်တော်၊ သြဂုတ် – ၁

အိန္ဒိယသမ္မတနိုင်ငံ၊ ဂယာမြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် မဟာဗောဓိစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် မဟာဗောဓိစေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး နှင့် ဝါဆိုကြာသင်္ကန်းဆက် ကပ်လှူဒါန်း၍ ဖူးမြော်ကြည်ညိုကြ သည်။ ထို့နောက် မဟာဗောဓိစေတီတော်ကြီး၏ အထက်ပစ္စယံတွင် တည်ထားကိုးကွယ်သည့် ဘုရားလောင်းရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မဟာဗောဓိဓမ္မရိပ်သာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒမုနိထံမှ  ဆုံးမသြဝါဒတရားနာယူ ကြသည်။

ယင်းနောက် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ဘုရားပရိဝုဏ်အတွင်းရှိ မြတ်စွာဘုရားပွင့်တော်မူရာ မဟာဗောဓိညောင်ပင်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး မဟာဗောဓိပင်၏ အနောက်မြောက်ထောင့်အရပ်ရှိ မြတ်စွာဘုရား ပဋ္ဌာန်း တရားတော်ကို ၇ ရက်ပတ်လုံးဆင်ခြင်၍ ရောင်ခြည်တော် ကွန့်မြူးတော်မူခဲ့သည့် အထိမ်းအမှတ် နေရာ ရတနာဃရသတ္တဌာနရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအားလည်းကောင်း၊ မုစလိန္ဒအိုင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အားလည်းကောင်း ဖူးမြော်ကြည်ညို၍  ဗုဒ္ဓဂယာဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှု ကြည်ညိုပူဇော်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့မှ မဟာဗောဓိ စေတီတော်ကြီးအတွက် အလှူငွေများပေးအပ်လှူဒါန်းရာ မဟာဗောဓိဓမ္မရိပ်သာ ကျောင်းတိုက် ဆရာတော်က ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ယင်းနောက်မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဂယာမြို့ အတွင်းရှိ မဟာဗောဓိ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းသို့သွားရောက်ကြသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာအောင်မြေကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က မဟာဗောဓိဓမ္မရိပ်သာကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တစန္ဒမုနိအား ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက်တပ်မတော်အရာရှိကြီးများက ဂယာမြို့တွင်ရောက်ရှိ သီတင်းသုံးနေကြသော သံဃာတော်များအားဝါဆိုသင်္ကန်းနှင့် လှူဘွယ် ပစ္စည်းများလည်းကောင်း၊ ဂယာမြို့ရှိ စာသင်သား သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အား နဝကမ္မအလှူငွေများအားလည်းကောင်း ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ဗီဟာပြည်နယ်၊ ဗုဒ္ဓဂယာမြို့၊ ဥရုဝေလတောစခန်းရိပ်သာနှင့် ဗုဒ္ဓဂယာမြို့မှ ကီလိုမီတာ ၉၀ ခန့် အကွာတွင် တည်ရှိသည့် ရာဇဂြိုဟ်သို့ သွားရောက်၍ မြတ်စွာဘုရားရှင်လက်ထက် ရှေးခေတ် ကုန်သည်ကြီးများသွားလာအသုံးပြုခဲ့သည့် ကျောက်သားလှည်း လမ်းကြောင်းရာနေရာ၊ သမားတော်ကြီးဇီဝက၏ သရက်ဥယျာဉ်နေရာ၊ ဗိမ္ပိသာရမင်းကြီး၏ အကျဉ်းထောင်နေရာနှင့် ဘဏ္ဍာတိုက်နေရာ၊ အဇာတသတ်မင်းကြီး၏ ဓာတ်တော်တိုက်နေရာနှင့် မြတ်စွာဘုရားရှင် သီတင်းသုံးနေထိုင်ခဲ့ပြီး တရားဘာဝနာများ မြွက်ကြားတော်မူခဲ့သည့် ဝေဠုဝန်ကျောင်းတိုက်နေရာများ သို့ သွားရောက်ကြည်ညို လေ့လာခဲ့ကြရာ မဟာဗောဓိဓမ္မရိပ်သာကျောင်းတိုက်ဆရာတော်ကြီးက လိုက်လံရှင်းလင်းပြသခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။