အစည်းအဝေးများမှတစ်ဆင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန်နားလည်မှုများ ပိုမိုတိုးမြှင့် တည်ဆောက် သွားနိုင်မည်ဖြစ်

ေနျပည္ေတာ္၊ စက္တင္ဘာ -၃

ယခုကဲ့သုိ႔ ျမန္မာ-ထုိင္းႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား အဆင့္ျမင့္အရာရွိႀကီးမ်ား၏ အစည္း အေ၀းမ်ား၊ ေဒသအဆင့္နယ္ျခားေကာ္မတီအစည္းအေ၀းမ်ားႏွင့္ ၿမိဳ႕နယ္အဆင့္နယ္ျခားေကာ္မတီ အစည္းအေ၀းမ်ား ပုံမွန္က်င္းပျပဳလုပ္ျခင္းျဖင့္ ႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ယုံၾကည္မႈ၊ ခ်စ္ၾကည္ရင္းႏွီးမႈကုိပုိမုိခုိင္မာေစၿပီး ပူးေပါင္းေဆာင္ရြက္မႈမ်ားႏွင့္ အျပန္အလွန္ နားလည္မႈမ်ား ပုိမုိတုိးျမႇင့္တည္ေဆာက္သြားႏုိင္မည္ဟု အျပည့္အ၀ယုံၾကည္ပါေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ထုိင္းႏုိင္ငံ၊ ဗန္ေကာက္ၿမိဳ႕ရွိ The Peninsula hotel၊ Sakuntala ခန္းမ၌ ယေန႔နံနက္ပုိင္းတြင္ က်င္းပျပဳလုပ္သည့္ သတၱမအႀကိမ္ေျမာက္ ထုိင္း-ျမန္မာ အဆင့္ျမင့္အရာရွိႀကီးမ်ား အစည္းအေ၀း 7th Thailand-Myanmar High Level Committee Meeting တြင္ အဖြင့္အမွာစကား ေျပာၾကားရာ၌ ထည့္သြင္း ေျပာၾကားသည္။

အဆိုပါအစည္းအေ၀းသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ ေရ၊ ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မုိးျမင့္ထြန္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးေအာင္စုိး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ဳိးေဇာ္သိန္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ခင္ေဇာ္တုိ႔ တက္ေရာက္ၾကၿပီး ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ Gen. Ponpipaat Benyasri ႏွင့္အတူ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Bundit Boonyapan ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ အရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Ponpipaat Benyasri တုိ႔သည္ အဖြင့္အမွာစကားမ်ား အသီးသီး ေျပာၾကားၾကသည္။

ထုိသို႔ေျပာၾကားရာတြင္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Ponpipaat Benyasri က မၾကာေသးမီကာလ ၾသဂုတ္လဆန္းပုိင္းတြင္ ျဖစ္ေပၚခဲ့ေသာ သဘာ၀ေဘးအႏၲရာယ္ေၾကာင့္ ျမန္မာႏုိင္ငံျပည္သူမ်ား၏ ဆုံး႐ႈံးနစ္နာမႈမ်ားကုိ ကုိယ္ခ်င္းစာ စိတ္မေကာင္းျဖစ္မိပါေၾကာင္း၊ မိမိတုိ႕ ႏွစ္ႏုိင္ငံသည္ သမိုင္းေၾကာင္းအစဥ္အလာမ်ားအရေသာ္လည္းေကာင္း၊ ဘူမိေဗဒသေဘာတရားအရ ေသာ္လည္းေကာင္း အိမ္နီးခ်င္းေကာင္း ဆက္ဆံေရးရွိသည့္ ႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ ထုိင္း-ျမန္မာ အဆင့္ျမင့္အရာရွိႀကီးမ်ား အစည္းအေ၀း Thailand-Myanmar High Level Committee Meeting သည္ ႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား အေရးႀကီးသည့္ အစည္းအေ၀းျဖစ္ၿပီး နယ္စပ္ ေဒသလုံၿခဳံေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရး ပူးေပါင္းေဆာင္ရြက္ႏုိင္မည္ဟု ယုံၾကည္ပါေၾကာင္း ေျပာၾကား သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ျမန္မာႏုိင္ငံႏွင့္ ထုိင္းႏုိင္ငံတုိ႕သည္ အိမ္နီးခ်င္းႏုိင္ငံေကာင္းမ်ား ျဖစ္သည့္အျပင္ ခုိင္မာ၍ ခ်စ္ခင္ရင္းႏွီးေသာ ဆက္ဆံေရးကုိ ေရွးယခင္ကပင္ တည္ေဆာက္ထားၿပီးျဖစ္ေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးကုိ ပုိမုိတုိးျမႇင့္ႏုိင္ရန္အတြက္ ေဒသအဆင့္၊ ၿမိဳ႕နယ္အဆင့္ ေဆြးေႏြးပြဲမ်ားအျပင္ ယခု အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေ၀းကုိ ၂၀၁၃ ခုႏွစ္တြင္ ထုိင္းႏုိင္ငံ၌ စတင္ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ အစည္းအေ၀းအား တပ္မေတာ္ႏွစ္ရပ္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ျမႇင့္တင္ရန္၊ နယ္စပ္ေဒသလုံၿခဳံေရးကိစၥရပ္မ်ား ေျဖရွင္းရာတြင္ စစ္ဘက္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈမ်ားအတြက္ လမ္းၫႊန္ခ်က္မ်ား ခ်မွတ္ႏုိင္ရန္၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတြင္ ေနထုိင္သူမ်ား၏ လူမႈဘ၀ဖူလုံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးကုိ ထိန္းသိမ္းရန္ႏွင့္ တုိးတက္ေအာင္ ေဆာင္ရြက္ႏုိင္ရန္ ရည္ရြယ္ခ်က္မ်ားျဖင့္ ႏွစ္စဥ္ က်င္းပျပဳလုပ္ျခင္းျဖစ္ေၾကာင္း၊ ယခု သတၱမအႀကိမ္ေျမာက္ ထုိင္း-ျမန္မာ အဆင့္ျမင့္ အရာရွိႀကီးမ်ား အစည္းအေ၀း 7th Thailand-Myanmar High Level Committee Meeting မွတစ္ဆင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ယုံၾကည္မႈ၊ အျပန္အလွန္ နားလည္မႈႏွင့္ ခ်စ္ၾကည္ ရင္းႏွီးမႈတုိ႕ကုိ ပုိမုိတည္ေဆာက္ႏုိင္မည္ဟု ယုံၾကည္ပါေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ (၃၃)ႀကိမ္ေျမာက္ ေဒသဆုိင္ရာနယ္ျခားေကာ္မတီ အစည္းအေ၀း ရလဒ္မ်ားအား အမွတ္(၃)စစ္တုိင္းေဒသမွဴး Lt. Gen. Chalongchai Chaiyakam ကလည္းေကာင္း၊ တပ္မေတာ္ ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈကိစၥရပ္မ်ားအား HLC အတြင္းေရးမွဴး Lt. Gen. Kumron Kearwichyajane ကလည္းေကာင္း အသီးသီး ရွင္းလင္းတင္ျပၾကသည္။

ထုိ႔ေနာက္ ထုိင္း-ျမန္မာ အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေ၀း 7th Thailand-Myanmar High Level Committee Meeting ဥကၠ႒မ်ားျဖစ္ၾကသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔သည္ အစည္းအေ၀းတြင္ ေဆြးေႏြးခဲ့ၾကသည့္ အေၾကာင္းအရာအခ်က္အလက္မ်ားအား အတည္ျပဳ ဆုံးျဖတ္ေပးၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔ သည္ အစည္းအေ၀းပိတ္ပြဲမိန္႔ခြန္းမ်ားအသီးသီးေျပာၾကား၍ သတၱမအႀကိမ္ေျမာက္ ထုိင္း-ျမန္မာ အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေ၀း 7th Thailand-Myanmar High Level Committee Meeting သေဘာတူညီခ်က္မ်ားကုိ လက္မွတ္ေရးထုိးၿပီး အျပန္အလွန္လဲလွယ္ၾကသည္။ ထုိ႔ေနာက္ အထိမ္းအမွတ္တံဆိပ္မ်ားအျပန္အလွန္ ေပးအပ္ၾကၿပီး အစည္းအေ၀းတက္ေရာက္လာၾကသူမ်ားႏွင့္ အတူ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ၾကသည္။

သတၱမအႀကိမ္ေျမာက္ ထုိင္း-ျမန္မာ အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေ၀း 7th Thailand-Myanmar High Level Committee Meeting ၏ ပူးတြဲအတြင္းေရးမွဴးအဖြဲ႕ အစည္းအေ၀းအား ဗန္ေကာက္ၿမိဳ႕၌ ၾသဂုတ္လ ၃၁ ရက္မွ စက္တင္ဘာလ၂ ရက္အထိ က်င္းပျပဳလုပ္ခဲ့ၿပီး ထုိင္း-ျမန္မာ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈဆုိင္ရာ ကိစၥရပ္မ်ားျဖစ္သည့္ ပညာေရးႏွင့္ ေလ့က်င့္ေရးဆုိင္ရာမ်ား၊ စစ္ဘက္ေဆးပညာဆုိင္ရာကိစၥရပ္မ်ား၊ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရး၊ အားကစားၿပိဳင္ပြဲမ်ား က်င္းပေရး၊ တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕မ်ား အျပန္အလွန္ေစလႊတ္ေရး၊ သဘာ၀ေဘးအႏၲရာယ္ကယ္ဆယ္ေရးလုပ္ငန္းမ်ား၊ မူးယစ္ေဆး၀ါး တားဆီးႏွိမ္နင္းေရး၊ လက္နက္ခဲယမ္းမ်ား တရားမ၀င္ေရာင္းခ်မႈတုိက္ဖ်က္ေရး၊ အၾကမ္းဖက္ ႏွိမ္နင္းေရးႏွင့္ နယ္စပ္ေဒသလုံၿခဳံေရးဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရးတုိ႔အားေဆြးေႏြးခဲ့ၾကၿပီး အ႒မ အႀကိမ္ေျမာက္ ျမန္မာ-ထုိင္း အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေ၀းအား ၂၀၂၀ ခုႏွစ္တြင္ ျမန္မာႏုိင္ငံ၌ အိမ္ရွင္အျဖစ္ က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။

(Unicode Version)

အစည်းအဝေးများမှတစ်ဆင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန်နားလည်မှုများ ပိုမိုတိုးမြှင့် တည်ဆောက် သွားနိုင်မည်ဖြစ်

နေပြည်တော်၊ စက်တင်ဘာ -၃

ယခုကဲ့သို့ မြန်မာ-ထိုင်းနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ၏ အစည်း အဝေးများ၊ ဒေသအဆင့်နယ်ခြားကော်မတီအစည်းအဝေးများနှင့် မြို့နယ်အဆင့်နယ်ခြားကော်မတီ အစည်းအဝေးများ ပုံမှန်ကျင်းပပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုကိုပိုမိုခိုင်မာစေပြီး ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန် နားလည်မှုများ ပိုမိုတိုးမြှင့်တည်ဆောက်သွားနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ The Peninsula hotel၊ Sakuntala ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting တွင် အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်တို့ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Ponpipaat Benyasri နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Bundit Boonyapan နှင့် ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Ponpipaat Benyasri တို့သည် အဖွင့်အမှာစကားများ အသီးသီး ပြောကြားကြသည်။

ထိုသို့ပြောကြားရာတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Ponpipaat Benyasri က မကြာသေးမီကာလ သြဂုတ်လဆန်းပိုင်းတွင် ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် မြန်မာနိုင်ငံပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများကို ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် သမိုင်းကြောင်းအစဉ်အလာများအရသော်လည်းကောင်း၊ ဘူမိဗေဒသဘောတရားအရ သော်လည်းကောင်း အိမ်နီးချင်းကောင်း ဆက်ဆံရေးရှိသည့် နိုင်ငံများဖြစ်ကြောင်း၊ ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး Thailand-Myanmar High Level Committee Meeting သည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အရေးကြီးသည့် အစည်းအဝေးဖြစ်ပြီး နယ်စပ် ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံကောင်းများ ဖြစ်သည့်အပြင် ခိုင်မာ၍ ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးကို ရှေးယခင်ကပင် တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန်အတွက် ဒေသအဆင့်၊ မြို့နယ်အဆင့် ဆွေးနွေးပွဲများအပြင် ယခု အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစည်းအဝေးအား တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ နယ်စပ်ဒေသလုံခြုံရေးကိစ္စရပ်များ ဖြေရှင်းရာတွင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် လမ်းညွှန်ချက်များ ချမှတ်နိုင်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်သူများ၏ လူမှုဘဝဖူလုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် တိုးတက်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယခု သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting မှတစ်ဆင့် တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့ကို ပိုမိုတည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် (၃၃)ကြိမ်မြောက် ဒေသဆိုင်ရာနယ်ခြားကော်မတီ အစည်းအဝေး ရလဒ်များအား အမှတ်(၃)စစ်တိုင်းဒေသမှူး Lt. Gen. Chalongchai Chaiyakam ကလည်းကောင်း၊ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအား HLC အတွင်းရေးမှူး Lt. Gen. Kumron Kearwichyajane ကလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting ဥက္ကဋ္ဌများဖြစ်ကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာအချက်အလက်များအား အတည်ပြု ဆုံးဖြတ်ပေးကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သည် အစည်းအဝေးပိတ်ပွဲမိန့်ခွန်းများအသီးသီးပြောကြား၍ သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting သဘောတူညီချက်များကို လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။ ထို့နောက် အထိမ်းအမှတ်တံဆိပ်များအပြန်အလှန် ပေးအပ်ကြပြီး အစည်းအဝေးတက်ရောက်လာကြသူများနှင့် အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting ၏ ပူးတွဲအတွင်းရေးမှူးအဖွဲ့ အစည်းအဝေးအား ဗန်ကောက်မြို့၌ သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများ၊ စစ်ဘက်ဆေးပညာဆိုင်ရာကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ အားကစားပြိုင်ပွဲများ ကျင်းပရေး၊ တပ်မတော်ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ရေး၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချမှုတိုက်ဖျက်ရေး၊ အကြမ်းဖက် နှိမ်နင်းရေးနှင့် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အားဆွေးနွေးခဲ့ကြပြီး အဋ္ဌမ အကြိမ်မြောက် မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးအား ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။