အသင်း၏ရည်ရွယ်ချက်ဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်ကို အကျိုးပြုကြရမည်ဖြစ်

နေပြည်တော်၊ အောက်တိုဘာ ၂၂

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA)သည် တိုင်းပြည်ကိုအကျိုးပြု ခဲ့သည့် နိုင်ငံရေးကိုအခြေခံခဲ့သော လူမှုရေးအဖွဲ့အစည်းဖြစ်ပြီး အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်ကို ဆက်လက်အကျိုးပြုကြရမည်ဖြစ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာ နှင့်ပတ်သက်၍ နိုင်ငံရေးမတည်မငြိမ်မှုများ မဖြစ်စေရေးအတွက် အစွန်းမရောက်သော ထိန်းသိမ်းမှုဖြင့် ထိန်းသိမ်းရမည်ဖြစ်ကြောင်းဖြင့် အသင်းချုပ်၏ရာသက်ပန် ဂုဏ်ထူးဆောင် နာယက မဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ အဆိုပါအသင်းချုပ်သို့ သွားရောက်၍ အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အလုပ်အမှုဆောင်အဖွဲ့များအား တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

ဦးစွာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA)၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အဖွဲ့ဝင်များလိုက်ပါ၍ အသင်းချုပ်သို့ ရောက်ရှိလာရာ အသင်းချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အသင်းချုပ်အတွင်းလှည့်လည်၍ အသင်းချုပ်မှ ထုတ်ဝေဖြန့်ချိလျက်ရှိသော မြတ်ဗုဒ္ဓ၏ အဆုံးအမမင်္ဂလာတရားတော်များ၊ ယဉ်ကျေးလိမ္မာစာအုပ် စာစောင်များနှင့် အသင်းချုပ်၏ မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြ သည်။

ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA)၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက မဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသင်းချုပ်၏ ရည်ရွယ်ချက်ဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်း များအား ယခုထက်ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေး အကြံပြု ပြောကြားရာတွင် အတွေ့အကြုံများအား ဆွေးနွေးအကြံပြုဖလှယ်နိုင်ရေးအတွက်ယခုကဲ့သို့ လာရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ အသင်းအဖွဲ့တိုင်းတွင် နာယကဆိုသည်မှာ အသိပညာနှင့် အတတ်ပညာတို့ကို ဆင်ခြင်သုံးသပ်၍ ကောင်းရာကောင်းကျိုးအတွက် အကြံဉာဏ်ပေး ကြရသူများဖြစ်ကြောင်း၊ ဥက္ကဋ္ဌဆိုသည်မှာ အသင်းအဖွဲ့၊ အဖွဲ့အစည်းကို ဦးဆောင်၍ ဆောင်ရွက်ကြရသူများဖြစ်ပြီး အတွင်းရေးမှူးများက အကောင်အထည်ဖော်ဆောင်ရွက် ကြရသူများဖြစ်ပါကြောင်း၊ လုပ်ငန်းတစ်ခုအား ဆောင်ရွက်မည်ဆိုပါက စုပေါင်းဝိုင်းဝန်း တိုင်ပင်၍ အဖြေရှာရမည်ဖြစ်ပြီး ရရှိလာသည့်အဖြေကို ဆင်ခြင်သုံးသပ်ကာ အကောင်းဆုံး ဖြစ်စေနိုင်သည့် အဖြေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အတိတ်ဆိုသည်မှာ သင်ခန်းစာယူရန်သာဖြစ်ပြီး အတိတ်ကဖြစ်ခဲ့သည့် မကောင်းသည့်ဖြစ်စဉ်များအား နောင်မဖြစ် စေရေးအဖြေရှာရန်၊ ကောင်းသည့်အကြောင်းအရာများ ကို ပိုမိုကောင်းမွန်စေရေးဆောင်ရွက်ရန်ဖြစ်ကာ လက်ရှိပစ္စုပ္ပန်တွင်ရှိနေကြသူများက အနာဂတ်ကို ကောင်းမွန်အောင် တည်ဆောက်ကြရမည်သာ ဖြစ်ပါကြောင်း၊

အသင်းချုပ်သည် နိုင်ငံရေးကိုအခြေခံခဲ့သော လူမှုရေးအဖွဲ့အစည်းဖြစ်သည်နှင့် အညီ အများပြည်သူက အတုယူနေရသည့် လုပ်ဆောင်ချက်များဖြစ်ရန်လိုကြောင်း၊ နိုင်ငံရေးအခြေခံသည့် အဖွဲ့အစည်းဆိုရာတွင် တိုင်းပြည်ကို အကျိုးပြုလျက်ရှိသည့် လူမှုရေး အဖွဲ့အစည်းသာဖြစ်ပြီး တိုင်းပြည်၏ တိုးတက်ရာ တိုးတက်ကြောင်းကို ဆန့်ကျင်သည့် အဖွဲ့အစည်းမဟုတ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာနှင့် ပတ်သက်၍ “အမျိုး”ဆိုသည်မှာ အမျိုးသားရေးစရိုက်လက္ခဏာကို ထိန်းသိမ်းခြင်းပင်ဖြစ်ပြီး မိမိနိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာကို မိမိတို့တိုင်းသူပြည်သားများက အပြည့်အ၀ ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိကြောင်း၊ “ဘာသာ” ဆိုသည်မှာ ဘာသာစကား နှင့်စာပေဖြစ်ကြောင်း၊ ပြည်ထောင်စု ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာ၊ မြန်မာ စကားကို တတ်မြောက်ရမည်ဖြစ်ပြီး ရေးထုံးသတ်ပုံများကအစ မှားယွင်းမှုမရှိအောင် ထိန်းသိမ်းရမည်ဖြစ်ကာ တိုင်းရင်းသားတို့၏ ဒေသသုံး ဘာသာ၊ စာပေတို့ကိုလည်း မှန်မှန်ကန်ကန် ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ “သာသနာ” ဆိုသည်မှာ ထေရဝါဒ ဗုဒ္ဓ သာသနာတော်ဖြစ်ပြီး ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ကိုးကွယ်သည့်နိုင်ငံဖြစ်သည်နှင့်အညီ သာသနာတော် ထွန်းကား ပြန့်ပွားစေရေး ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “နီတိ” ကျင့်ဝတ်ကို အသေးအဖွဲ့ကိစ္စများမှအစ လိုက်နာဆောင်ရွက်ကြစေရေး သာသနာကိုအခြေခံသည့် လူမှုရေးစည်းကမ်းများကို သင်ကြားကြ ရမည်ဖြစ်ပါကြောင်း၊ “ပညာ” ရေးဆိုသည်မှာ တိုင်းပြည်အတွက်မရှိမဖြစ် အရေးကြီးဆုံးပင်ဖြစ်ပြီး အသိပညာ၊ အတတ် ပညာမြင့်မားသည့် လူငယ်လူရွယ်များမွေးထုတ်ပေးခြင်းဖြင့် နိုင်ငံ့အတွက်များစွာ အကျိုး ဖြစ်စေနိုင်ကြောင်း၊ တပ်မတော်တွင်လည်း စာတတ်မြောက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ စာတတ်သည်နှင့်ပညာတတ်သည်မှာ မတူကြောင်း၊ အသိပညာဆိုသည်မှာ ဘဝတွင်တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ ဖြစ်ပြီး အတတ်ပညာ ဆိုသည်မှာ သင်ယူရသည့်ပညာဖြစ်ကြောင်း၊ မျိုးဆက်သစ် လူငယ်မောင်မယ်များ၏ နိုင်ငံ့အတွက် ကောင်းရာကောင်းကျိုး ဆောင်ရွက်မှုများကို အသိအမှတ်ပြုရမည် ဖြစ်ပါကြောင်း။

အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို အားပေးပြီး မိမိတိုင်းပြည်တိုးတက်ရေး အတွက် ကောင်းရာကောင်းကျိုးကို ဆောင်ရွက်နေကြသဖြင့် လူတစ်ဦးချင်း၏ စိတ်ပိုင်း ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိမှသာလျင် လုပ်ငန်း အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံဆိုသည်မှာ ရွေးချယ်၍မရဘဲ မိတ်ဆွေကိုသာ ရွေးချယ်နိုင် မည်ဖြစ်ကြောင်း၊ မိမိတိုင်းပြည်တိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင်သာ ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာနှင့်ပတ်သက်၍ အစွန်းမရောက်သော ထိန်းသိမ်းမှုဖြင့် ထိန်းသိမ်းရမည်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများကို အသိပညာ၊ အတတ်ပညာ ကြွယ်ဝသူတို့၏ ဦးဆောင်မှုများ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏ အနီးကပ်ကြပ်မတ်ကွပ်ကဲမှုများဖြင့် တိုင်းပြည် ကောင်းရာကောင်းကျိုးကို ဆက်လက် ကြိုးပမ်းကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲထွန်း၊ ဗုဒ္ဓတက္ကသိုလ်ပါမောက္ခ ဦးမြင့်စိုးနှင့် အလုပ်အမှုဆောင်အဖွဲ့များက အသင်းချုပ်၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ထိန်းသိမ်းစောင့်ရှောက်မှုများ ဆက်လက်ပြုလုပ်လျက် ရှိသည့်အခြေအနေများအား တင်ပြကြရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက မဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြန်လည်ဆွေးနွေးအကြံပြုခဲ့ပြီး တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းဆုံရှိ တော်လှန်ရေးပန်းခြံသို့ သွားရောက် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းခြံ ထိန်းသိမ်းမှုတာဝန်ရှိသူများကို ပန်းခြံအတွင်း မုဒ်ဦးများ၊ သစ်ပင်ပန်းမန်များ၊ ရုပ်တုများ သန့်ရှင်း သာယာလှပမှုရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် လာရောက်အပန်းဖြေကြသူများ စိတ်နှလုံး ချမ်းမြေ့မှုရှိစေရေး တို့အတွက် စနစ်တကျထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်သည်များအား မှာကြား ခဲ့သည်။

 

(Zawgyi Version)

အသင္း၏ရည္႐ြယ္ခ်က္ျဖစ္သည့္ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာေရးလုပ္ငန္းမ်ားကို တစ္စိုက္မတ္မတ္ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ျခင္းျဖင့္ တိုင္းျပည္ကို အက်ိဳးျပဳၾကရမည္ျဖစ္

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂၂

ဗုဒၶဘာသာကလ်ာဏယုဝအသင္းခ်ဳပ္(YMBA)သည္ တိုင္းျပည္ကိုအက်ိဳးျပဳ ခဲ့သည့္ ႏိုင္ငံေရးကိုအေျခခံခဲ့ေသာ လူမႈေရးအဖြဲ႕အစည္းျဖစ္ၿပီး အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာေရးလုပ္ငန္းမ်ားကို တစ္စိုက္မတ္မတ္ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ျခင္းျဖင့္ တိုင္းျပည္ကို ဆက္လက္အက်ိဳးျပဳၾကရမည္ျဖစ္ေၾကာင္း၊ အမ်ိဳး၊ ဘာသာ၊ သာသနာ ႏွင့္ပတ္သက္၍ ႏိုင္ငံေရးမတည္မၿငိမ္မႈမ်ား မျဖစ္ေစေရးအတြက္ အစြန္းမေရာက္ေသာ ထိန္းသိမ္းမႈျဖင့္ ထိန္းသိမ္းရမည္ျဖစ္ေၾကာင္းျဖင့္ အသင္းခ်ဳပ္၏ရာသက္ပန္ ဂုဏ္ထူးေဆာင္ နာယက မဟာမဂၤလဓမၼေဇာတိကဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တိုင္း ေဒသႀကီး၊ ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ အဆိုပါအသင္းခ်ဳပ္သို႔ သြားေရာက္၍ အသင္းခ်ဳပ္ဥကၠ႒ ဦးရဲထြန္းႏွင့္ အလုပ္အမႈေဆာင္အဖြဲ႕မ်ားအား ေတြ႕ဆုံစဥ္ ထည့္သြင္း ေျပာၾကားသည္။

ဦးစြာ ဗုဒၶဘာသာကလ်ာဏယုဝအသင္းခ်ဳပ္(YMBA)၏ ရာသက္ပန္ ဂုဏ္ထူးေဆာင္နာယက မဟာမဂၤလ ဓမၼေဇာတိကဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ သက္ပုံႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါ၍ အသင္းခ်ဳပ္သို႔ ေရာက္ရွိလာရာ အသင္းခ်ဳပ္ဥကၠ႒ႏွင့္ အလုပ္အမႈ ေဆာင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ အသင္းခ်ဳပ္အတြင္းလွည့္လည္၍ အသင္းခ်ဳပ္မွ ထုတ္ေဝျဖန႔္ခ်ိလ်က္ရွိေသာ ျမတ္ဗုဒၶ၏ အဆုံးအမမဂၤလာတရားေတာ္မ်ား၊ ယဥ္ေက်းလိမၼာစာအုပ္ စာေစာင္မ်ားႏွင့္ အသင္းခ်ဳပ္၏ မွတ္တမ္းဓာတ္ပုံမ်ားအား ၾကည့္ရႈရာ တာဝန္ရွိသူမ်ားက ရွင္းလင္းျပသၾက သည္။

ယင္းေနာက္ ဗုဒၶဘာသာကလ်ာဏယုဝအသင္းခ်ဳပ္(YMBA)၏ ရာသက္ပန္ ဂုဏ္ထူးေဆာင္နာယက မဟာမဂၤလဓမၼေဇာတိကဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အသင္းခ်ဳပ္၏ ရည္႐ြယ္ခ်က္ျဖစ္သည့္ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာေရးလုပ္ငန္း မ်ားအား ယခုထက္ပိုမိုေဆာင္႐ြက္ႏိုင္ေရးအတြက္ ေဆြးေႏြး အႀကံျပဳ ေျပာၾကားရာတြင္ အေတြ႕အႀကဳံမ်ားအား ေဆြးေႏြးအႀကံျပဳဖလွယ္ႏိုင္ေရးအတြက္ယခုကဲ့သို႔ လာေရာက္ ေတြ႕ဆုံျခင္းျဖစ္ပါေၾကာင္း၊ အသင္းအဖြဲ႕တိုင္းတြင္ နာယကဆိုသည္မွာ အသိပညာႏွင့္ အတတ္ပညာတို႔ကို ဆင္ျခင္သုံးသပ္၍ ေကာင္းရာေကာင္းက်ိဳးအတြက္ အႀကံဉာဏ္ေပး ၾကရသူမ်ားျဖစ္ေၾကာင္း၊ ဥကၠ႒ဆိုသည္မွာ အသင္းအဖြဲ႕၊ အဖြဲ႕အစည္းကို ဦးေဆာင္၍ ေဆာင္႐ြက္ၾကရသူမ်ားျဖစ္ၿပီး အတြင္းေရးမႉးမ်ားက အေကာင္အထည္ေဖာ္ေဆာင္႐ြက္ ၾကရသူမ်ားျဖစ္ပါေၾကာင္း၊ လုပ္ငန္းတစ္ခုအား ေဆာင္႐ြက္မည္ဆိုပါက စုေပါင္းဝိုင္းဝန္း တိုင္ပင္၍ အေျဖရွာရမည္ျဖစ္ၿပီး ရရွိလာသည့္အေျဖကို ဆင္ျခင္သုံးသပ္ကာ အေကာင္းဆုံး ျဖစ္ေစႏိုင္သည့္ အေျဖကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ၾကရမည္ျဖစ္ပါေၾကာင္း၊ အတိတ္ဆိုသည္မွာ သင္ခန္းစာယူရန္သာျဖစ္ၿပီး အတိတ္ကျဖစ္ခဲ့သည့္ မေကာင္းသည့္ျဖစ္စဥ္မ်ားအား ေနာင္မျဖစ္ ေစေရးအေျဖရွာရန္၊ ေကာင္းသည့္အေၾကာင္းအရာမ်ား ကို ပိုမိုေကာင္းမြန္ေစေရးေဆာင္႐ြက္ရန္ျဖစ္ကာ လက္ရွိပစၥဳပၸန္တြင္ရွိေနၾကသူမ်ားက အနာဂတ္ကို ေကာင္းမြန္ေအာင္ တည္ေဆာက္ၾကရမည္သာ ျဖစ္ပါေၾကာင္း၊

အသင္းခ်ဳပ္သည္ ႏိုင္ငံေရးကိုအေျခခံခဲ့ေသာ လူမႈေရးအဖြဲ႕အစည္းျဖစ္သည္ႏွင့္ အညီ အမ်ားျပည္သူက အတုယူေနရသည့္ လုပ္ေဆာင္ခ်က္မ်ားျဖစ္ရန္လိုေၾကာင္း၊ ႏိုင္ငံေရးအေျခခံသည့္ အဖြဲ႕အစည္းဆိုရာတြင္ တိုင္းျပည္ကို အက်ိဳးျပဳလ်က္ရွိသည့္ လူမႈေရး အဖြဲ႕အစည္းသာျဖစ္ၿပီး တိုင္းျပည္၏ တိုးတက္ရာ တိုးတက္ေၾကာင္းကို ဆန႔္က်င္သည့္ အဖြဲ႕အစည္းမဟုတ္ေၾကာင္း၊ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာႏွင့္ ပတ္သက္၍ “အမ်ိဳး”ဆိုသည္မွာ အမ်ိဳးသားေရးစ႐ိုက္လကၡဏာကို ထိန္းသိမ္းျခင္းပင္ျဖစ္ၿပီး မိမိႏိုင္ငံ၏ အမ်ိဳးသားေရးစ႐ိုက္လကၡဏာကို မိမိတို႔တိုင္းသူျပည္သားမ်ားက အျပည့္အ၀ ထိန္းသိမ္းေစာင့္ေရွာက္ရမည့္ တာဝန္ရွိေၾကာင္း၊ “ဘာသာ” ဆိုသည္မွာ ဘာသာစကား ႏွင့္စာေပျဖစ္ေၾကာင္း၊ ျပည္ေထာင္စု ႐ုံးသုံးဘာသာစကားျဖစ္သည့္ ျမန္မာစာ၊ ျမန္မာ စကားကို တတ္ေျမာက္ရမည္ျဖစ္ၿပီး ေရးထုံးသတ္ပုံမ်ားကအစ မွားယြင္းမႈမရွိေအာင္ ထိန္းသိမ္းရမည္ျဖစ္ကာ တိုင္းရင္းသားတို႔၏ ေဒသသုံး ဘာသာ၊ စာေပတို႔ကိုလည္း မွန္မွန္ကန္ကန္ ထိန္းသိမ္းရမည္ျဖစ္ပါေၾကာင္း၊ “သာသနာ” ဆိုသည္မွာ ေထရဝါဒ ဗုဒၶ သာသနာေတာ္ျဖစ္ၿပီး ေထရဝါဒ ဗုဒၶသာသနာေတာ္ကို ကိုးကြယ္သည့္ႏိုင္ငံျဖစ္သည္ႏွင့္အညီ သာသနာေတာ္ ထြန္းကား ျပန႔္ပြားေစေရး ထိန္းသိမ္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ “နီတိ” က်င့္ဝတ္ကို အေသးအဖြဲ႕ကိစၥမ်ားမွအစ လိုက္နာေဆာင္႐ြက္ၾကေစေရး သာသနာကိုအေျခခံသည့္ လူမႈေရးစည္းကမ္းမ်ားကို သင္ၾကားၾက ရမည္ျဖစ္ပါေၾကာင္း၊ “ပညာ” ေရးဆိုသည္မွာ တိုင္းျပည္အတြက္မရွိမျဖစ္ အေရးႀကီးဆုံးပင္ျဖစ္ၿပီး အသိပညာ၊ အတတ္ ပညာျမင့္မားသည့္ လူငယ္လူ႐ြယ္မ်ားေမြးထုတ္ေပးျခင္းျဖင့္ ႏိုင္ငံ့အတြက္မ်ားစြာ အက်ိဳး ျဖစ္ေစႏိုင္ေၾကာင္း၊ တပ္မေတာ္တြင္လည္း စာတတ္ေျမာက္ေရးကို အေလးထား ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ စာတတ္သည္ႏွင့္ပညာတတ္သည္မွာ မတူေၾကာင္း၊ အသိပညာဆိုသည္မွာ ဘဝတြင္ေတြ႕ႀကဳံခဲ့ရသည့္ အေတြ႕အႀကဳံမ်ား ျဖစ္ၿပီး အတတ္ပညာ ဆိုသည္မွာ သင္ယူရသည့္ပညာျဖစ္ေၾကာင္း၊ မ်ိဳးဆက္သစ္ လူငယ္ေမာင္မယ္မ်ား၏ ႏိုင္ငံ့အတြက္ ေကာင္းရာေကာင္းက်ိဳး ေဆာင္႐ြက္မႈမ်ားကို အသိအမွတ္ျပဳရမည္ ျဖစ္ပါေၾကာင္း။

အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာကို အားေပးၿပီး မိမိတိုင္းျပည္တိုးတက္ေရး အတြက္ ေကာင္းရာေကာင္းက်ိဳးကို ေဆာင္႐ြက္ေနၾကသျဖင့္ လူတစ္ဦးခ်င္း၏ စိတ္ပိုင္း ႐ုပ္ပိုင္းစိတ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈရွိမွသာလ်င္ လုပ္ငန္း ေအာင္ျမင္ႏိုင္မည္ျဖစ္ပါေၾကာင္း၊ အိမ္နီးခ်င္းႏိုင္ငံဆိုသည္မွာ ေ႐ြးခ်ယ္၍မရဘဲ မိတ္ေဆြကိုသာ ေ႐ြးခ်ယ္ႏိုင္ မည္ျဖစ္ေၾကာင္း၊ မိမိတိုင္းျပည္တိုးတက္ေရးအတြက္ မိမိတို႔ကိုယ္တိုင္သာ ႀကိဳးပမ္းေဆာင္႐ြက္ၾက ရမည္ျဖစ္ေၾကာင္း၊ အမ်ိဳး၊ ဘာသာ၊ သာသနာႏွင့္ပတ္သက္၍ အစြန္းမေရာက္ေသာ ထိန္းသိမ္းမႈျဖင့္ ထိန္းသိမ္းရမည္ျဖစ္ၿပီး ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈမ်ားကို အသိပညာ၊ အတတ္ပညာ ႂကြယ္ဝသူတို႔၏ ဦးေဆာင္မႈမ်ား၊ ဥကၠ႒၊ အတြင္းေရးမႉးတို႔၏ အနီးကပ္ၾကပ္မတ္ကြပ္ကဲမႈမ်ားျဖင့္ တိုင္းျပည္ ေကာင္းရာေကာင္းက်ိဳးကို ဆက္လက္ ႀကိဳးပမ္းၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ အသင္းခ်ဳပ္ဥကၠ႒ ဦးရဲထြန္း၊ ဗုဒၶတကၠသိုလ္ပါေမာကၡ ဦးျမင့္စိုးႏွင့္ အလုပ္အမႈေဆာင္အဖြဲ႕မ်ားက အသင္းခ်ဳပ္၏ လုပ္ငန္းေဆာင္႐ြက္ေနမႈမ်ား၊ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာကို ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ား ဆက္လက္ျပဳလုပ္လ်က္ ရွိသည့္အေျခအေနမ်ားအား တင္ျပၾကရာ ဗုဒၶဘာသာကလ်ာဏယုဝအသင္းခ်ဳပ္ (YMBA)၏ ရာသက္ပန္ဂုဏ္ထူးေဆာင္နာယက မဟာမဂၤလဓမၼေဇာတိကဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ျပန္လည္ေဆြးေႏြးအႀကံျပဳခဲ့ၿပီး တက္ေရာက္လာၾကသူ မ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ခဲ့သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြ႕ဲဝင္မ်ားသည္ ယေန႔နံနက္ပိုင္းတြင္ ဒဂုံၿမိဳ႕နယ္၊ ဦးဝိစာရလမ္းႏွင့္ ဓမၼေစတီလမ္းဆုံရွိ ေတာ္လွန္ေရးပန္းၿခံသို႔ သြားေရာက္ လွည့္လည္ ၾကည့္ရႈစစ္ေဆးခဲ့ၿပီး ပန္းၿခံ ထိန္းသိမ္းမႈတာဝန္ရွိသူမ်ားကို ပန္းၿခံအတြင္း မုဒ္ဦးမ်ား၊ သစ္ပင္ပန္းမန္မ်ား၊ ႐ုပ္တုမ်ား သန႔္ရွင္း သာယာလွပမႈရွိေစေရး၊ ေရစီးေရလာ ေကာင္းမြန္ေစေရးႏွင့္ လာေရာက္အပန္းေျဖၾကသူမ်ား စိတ္ႏွလုံး ခ်မ္းေျမ့မႈရွိေစေရး တို႔အတြက္ စနစ္တက်ထိန္းသိမ္းေစာင့္ေရွာက္သြားရန္ လိုအပ္သည္မ်ားအား မွာၾကား ခဲ့သည္။

 

 

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။