ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် သီရိလင်္ကာ နိုင်ငံအစိုးရနှင့် ပြည်သူများ၏ကိုယ်စားလည်းကောင်း၊ မိမိကိုယ်တိုင်အနေဖြင့်လည်းကောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနှင့်ပြည်သူများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဆုမွန်ကောင်း ပို့သအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။ မြန်မာနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့အကြား ထေရဝါဒဗုဒ္ဓဘာသာနှင့် တူညီသည့်ယဉ်ကျေးမှုတန်ဖိုးထားခြင်းများအားအခြေခံသည့် ကာလရှည်ကြာစွာတည်တံ့လျက်ရှိသော ခင်မင်ရင်းနှီးမှုသည် လိုအပ်သည့်အချိန်များ၌ နှစ်နိုင်ငံအကြား စုစည်းညီညွတ်မှုစိတ်ထားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် ပိုမိုခိုင်မာလာခဲ့ပါသည်။ နောင်လာမည့်နှစ်များတွင်လည်း