တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံမှပြန်လည်ရောက်ရှိ

နေပြည်တော်၊ နိုဝင်ဘာ ၂၂

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2019) နှင့် တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) များသို့ တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လည်ပိုင်းတွင် တရုတ်နိုင်ငံ၊ ကွေ့လင်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့အား တောင်ပိုင်း စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်မှ လက်ထောက်စစ်ဦးစီးအရာရှိချုပ် Major General Chen Mintian နှင့်အရာ ရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဇော်ဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai ၊ တရုတ်နိုင်ငံကြည်းတပ်စစ်သံမှူး နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာပြပွဲ (Defence & Security 2019) နှင့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program)များသို့ တက်ရောက်ခြင်း၊ အခမ်းအနားတက်ရောက်လာကြ သည့်နိုင်ငံများမှ တပ်မတော်အကြီးအကဲများ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တပ်မတော်အကြီးအကဲများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခြင်း၊ အထင်ကရနေရာများနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်နေမှုများအား လေ့လာကြည့် ရှုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြသော တပ်မတော်အရာရှိများနှင့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program)တွင် မြန်မာ့ တပ်မတော်ကိုယ်စားပြုပါဝင်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည်လည်း ပြန်လည် လိုက်ပါလာခဲ့ ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဦးေဆာင္သည့္ ျမန္မာ့ တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕ တ႐ုတ္ႏုိင္ငံမွျပန္လည္ေရာက္ရွိ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ ၂၂

ထုိင္းႏုိင္ငံတြင္က်င္းပျပဳလုပ္ခဲ့သည့္ ကာကြယ္ေရးႏွင့္လုံၿခဳံေရးဆုိင္ရာျပပြဲ (Defence & Security 2019) ႏွင့္ တ႐ုတ္ႏုိင္ငံတြင္က်င္းပျပဳလုပ္ခဲ့သည့္ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program) မ်ားသုိ႔ တက္ေရာက္ခဲ့ေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့ တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႕ေန႕လည္ပုိင္းတြင္ တ႐ုတ္ႏုိင္ငံ၊ ေကြ႕လင္ၿမိဳ႕ အျပည္ျပည္ဆုိင္ရာေလဆိပ္မွ ျပန္လည္ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စား လွယ္အဖြဲ႕အား ေတာင္ပုိင္း စစ္နယ္၀န္းကြပ္ကဲမႈဌာနခ်ဳပ္မွ လက္ေထာက္စစ္ဦးစီးအရာရွိခ်ဳပ္ Major General Chen Mintian ႏွင့္အရာ ရွိႀကီးမ်ား၊ တ႐ုတ္ႏုိင္ငံဆုိင္ရာျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ေဇာ္ဦးႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ ႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ညေနပုိင္းတြင္ ေနျပည္ေတာ္ အျပည္ျပည္ဆုိင္ရာေလဆိပ္သုိ႔ျပန္လည္ေရာက္ရွိရာ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ျမင့္ေမာ္၊ ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Chen Hai ၊ တ႐ုတ္ႏုိင္ငံၾကည္းတပ္စစ္သံမွဴး ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

အဆုိပါ ခရီးစဥ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ကာကြယ္ေရးႏွင့္ လုံၿခဳံေရး ဆုိင္ရာျပပြဲ (Defence & Security 2019) ႏွင့္ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program)မ်ားသုိ႔ တက္ေရာက္ျခင္း၊ အခမ္းအနားတက္ေရာက္လာၾက သည့္ႏုိင္ငံမ်ားမွ တပ္မေတာ္အႀကီးအကဲမ်ား၊ တ႐ုတ္ႏုိင္ငံႏွင့္ ထုိင္းႏုိင္ငံတုိ႕မွ တပ္မေတာ္အႀကီးအကဲမ်ားႏွင့္ ရင္းရင္းႏွီးႏွီး ေတြ႕ဆုံေဆြးေႏြးျခင္း၊ အထင္ကရေနရာမ်ားႏွင့္ စက္မႈလုပ္ငန္းဖြံ႕ၿဖိဳးတုိးတက္ေနမႈမ်ားအား ေလ့လာၾကည့္ ႐ႈျခင္းမ်ား ေဆာင္ရြက္ခဲ့ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ အဖြဲ႕၀င္အျဖစ္လုိက္ပါသြားၾကေသာ တပ္မေတာ္အရာရွိမ်ားႏွင့္ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program)တြင္ ျမန္မာ့ တပ္မေတာ္ကုိယ္စားျပဳပါ၀င္ေလ့က်င့္ ေဆာင္ရြက္ခဲ့ၾကသည့္ ကုိယ္စားလွယ္အဖြဲဲ႕၀င္မ်ားသည္လည္း ျပန္လည္ လုိက္ပါလာခဲ့ ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။