နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်လမြိုင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်လမြိုင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော် ဇွန် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် မော်လမြိုင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့် သိရှိနေရမည်ဖြစ်ပြီး နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ ဖြစ်စေရေး၊ ခိုင်မာသည့် ဒီမိုကရေစီစနစ် ဖြစ်စေရေး နိုင်ငံတော်၏တာဝန်ကို တပ်မတော်မှ ခေတ္တတာဝန်ယူ ထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ခြင်း ကို မည်သည့်နိုင်ငံတွင်မှ လက်ခံ၍ ရနိုင်မည်မဟုတ်ကြောင်း။

မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲတွင် မဲပမာဏ ပိုမို များပြားစွာရရှိသူက အနိုင်ရရှိသည်ဖြစ်သော်လည်း မှန်ကန်သည့်မဲရလဒ်များဖြစ်ရန် လိုအပ်မည်ဖြစ်သကဲ့သို့ မဲဆန္ဒရှင်များအနေဖြင့် ရာနှုန်းပြည့်ပါဝင်မဲပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ ရွေးခြယ်ပေးလိုက်သည့် ကိုယ်စားလှယ်များသည် မိမိ တို့ကိုယ်စား နိုင်ငံတော်အကြီးအကဲများကို မဲပေးရွေးခြယ်ကြမည့်သူများဖြစ်သဖြင့် ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်ဖြစ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မဲမသမာ မှုများပြုလုပ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိလာမည့်သူများသည် ပြည်သူ့ကိုယ်စား လှယ် အစစ်အမှန်မည်သို့မျှမဖြစ်နိုင်သည်ကို စဉ်းစားသုံးသပ်ကြစေလိုကြောင်း။

တပ်မတော်အနေဖြင့် မဲစာရင်းမှားယွင်းနေမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် မည်သို့ပင် ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းပေးခြင်းမရှိသည့် အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ကာ နိုင်ငံတော်၏ အာဏာ ကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့သောကြောင့် ယခုအခြေအနေသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ကြောင်း၊ တပ်မတော်မှ တာဝန်ယူပြီး အစောပိုင်းကာလများတွင် ငြိမ်းချမ်းခဲ့ သော်လည်း နောက်ပိုင်းတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုမလိုလားသူများ၏ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူမှု၊ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့နောက် ဆူပူဆန္ဒပြသည့်အဆင့်၊ မင်းမဲ့စရိုက်ဆန်သည့် ဥပဒေချိုးဖောက်မှု အဆင့် များမှ တစ်ဆင့် အဖျက်အမှောင့်လက်နက်များကို ကိုင်ဆွဲ၍ နိုင်ငံတော်အုပ်ချုပ်ရေး အဆောက်အဦများ၊ ရဲစခန်းများ၊ တရားရေးဆိုင်ရာ အဆောက်အဦများအပြင် ရိုးသားအေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူတို့၏ နေအိမ် အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ ဖျက်ဆီးခြင်းများ၊ ဝင်ရောက်စီးနင်းရန်ကြိုးပမ်းအားထုတ်မှုများ စသည့် လက်နက်ကိုင်အကြမ်းဖက်သည့် အဆင့်သို့ ကူးစက်အသွင်ပြောင်းလာခဲ့သည်ကို တွေ့ရှိလာရကြောင်း၊ ထိုသို့အကြမ်းဖက်မှုများကို လုံလောက်သည့် ဟန့်တားမှုများ ပြန် လည်လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း။

ထို့ပြင် အချို့သော နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏ လုပ်ငန်းခွင်များမှ အကြောင်း မဲ့ပျက်ကွက်၍ အဖျက်အမှောင့်သမားများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် CDM လှုပ် ရှားမှုများတွင် ပါဝင်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မည်သူမည်ဝါ ဖြစ်သည်ကို ခွဲခြားနေ၍မရဘဲ ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ကုသပေးရန် တာဝန် ရှိသည်ဖြစ်သော်လည်း လုပ်ငန်းတာဝန်များမှ ပျက်ကွက်လျက်ရှိနေကြကြောင်း၊ ပညာ ရေးဝန်ထမ်းများအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးငယ်များကို အခြေခံပညာ သင်ကြားပြသပေးရမည့် တာဝန်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့တစ်ဦး တစ်ယောက်၏ စိတ်ခံစားချက်များနှင့် လုပ်ငန်းတာဝန်များကို ခွဲခြားသိမြင်ရန်လိုပြီး နိုင်ငံတော်အတွက် စဉ်းစားလုပ်ဆောင်ကြစေလိုကြောင်း။

ထိုကဲ့သို့ လုပ်ဆောင်မှုများရှိနေသည်ဖြစ်သော်လည်း မိမိတို့တိုင်းပြည်တွင် လုပ် ဆောင်ရန် များစွာရှိနေသောကြောင့် တတ်နိုင်သရွေ့ ကြိုးပမ်းလုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်ပျက်ကွက်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၏ နေရာတွင် အစားထိုးခန့်ထားနိုင်ရေး လိုအပ်သည်များ လုပ်ဆောင်လျက်ရှိကြောင်း၊ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက်လျက်ရှိပြီ ဖြစ်ကြောင်း၊ အရေးပေါ်ကာလတာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ပြန်လည်ပြုလုပ်ကာ တာဝန်လွှဲ ပြောင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ခေတ် အဆက်ဆက်အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင် ထိန်းသိမ်း ဆောင်ရွက်ခဲ့ရသဖြင့် ယခုကဲ့သို့ ဆက်လက် ထိန်းသိမ်းလုပ်ဆောင်ပေးနေရခြင်း ဖြစ် ကြောင်း၊ တပ်မတော်သားဘဝကို ခံယူခဲ့ကြသူများဖြစ်သည့်အတွက် တပ်မတော်သား ကောင်းပီသစွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်များကို ကြိုးပမ်းထမ်းဆောင် ကြစေလိုကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်သည်နှင့်အညီ အမိန့် နာခံတတ်ပြီး စည်းကမ်းရှိရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုအခန်းကဏ္ဍသည် အရေး ကြီးသဖြင့် ညီညွတ်မျှတသည့် အုပ်ချုပ်မှုနှင့် ဆင့်ကဲကွပ်ကဲမှုစနစ်ရှိရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်များအနေဖြင့် မိမိလက်အောက်ငယ်သားများ၏ အခက်အခဲ အကြပ် အတည်း များကို တော်တည့်မှန်ကန်စွာဖြင့် ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အသိ သတိ ရှိစွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရေးကို အခြေခံသင်တန်းများတက် ရောက်စဉ်ကပင် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်သဖြင့် သင်ကြားပေးလိုက်သည့် ပညာ ရပ်များကို မှန်မှန်ကန်ကန် အသုံးချစေလိုကြောင်း၊ မိမိတို့၏ တိုင်းပြည်ကာကွယ်ရေး တာဝန်ထမ်းဆောင်မှုများကို ဂုဏ်ယူကြရန်နှင့် အနာဂတ် ကို ကြိုတင်မျှော်တွေး စဉ်းစား ကာ မိမိဘဝတိုးတက်ရန် မိမိကိုယ်မိမိ တည်ဆောက်နေကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူး ကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက မိခင်နှင့်ကလေးထောက်ပံ့ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီး က လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွား ရောက်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကားပြော ကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းတာဝန်ပျက်ကွက်မှုများကြောင့် တပ်မတော်ဆေးရုံ၌ ဖေဖော်ဝါရီလမှ ယနေ့အထိ ရိုးရိုးမီးဖွားလူနာ ၅၄၀ ဦး၊ ခွဲစိတ်မီးဖွားလူနာ ၃၀၉ ဦး၊ အကြီးစားခွဲစိတ်လူနာ ၄၈၅ ဦး၊ ပုံမှန်ခွဲစိတ်လူနာ ၄၉၆ ဦးအပါအဝင် စုစုပေါင်း ဆေးရုံတက်အရပ်သားလူနာ ၄၂၆၅ ဦးကို လက်ခံကုသပေးနိုင်ခဲ့ကြောင်းနှင့် လက်ရှိ တွင်လည်း အရပ်သားလူနာ ၅၂ ဦးကို လက်ခံကုသပေးလျက်ရှိသည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေမာ္လၿမိဳင္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကား ေျပာၾကား

ေနျပည္ေတာ္ ဇြန္ ၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔မြန္းလြဲပိုင္းတြင္ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္၊ ေမာ္လၿမိဳင္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံ အမွာစကား ေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုေမာင္ ႏွင့္ ေမာ္လၿမိဳင္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အမွာစကားေျပာၾကားရာတြင္ မိမိတို႔ႏိုင္ငံ၏ ႏိုင္ငံေရးအေျခအေနမ်ားႏွင့္ ပတ္သက္၍ အရာရွိ၊ စစ္သည္ မိသားစုမ်ားအေနျဖင့္ သိရွိေနရမည္ျဖစ္ၿပီး ႏိုင္ငံတြင္ျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ားအရ စစ္မွန္ၿပီးစည္းကမ္းျပည့္ဝသည့္ ဒီမိုကေရစီ ျဖစ္ေစေရး၊ ခိုင္မာသည့္ ဒီမိုကေရစီစနစ္ ျဖစ္ေစေရး ႏိုင္ငံေတာ္၏တာဝန္ကို တပ္မေတာ္မွ ေခတၱတာဝန္ယူ ထိန္းသိမ္း ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္တြင္ ေ႐ြးေကာက္ပြဲသည္ အေရးႀကီးေသာ အခန္းက႑တြင္ ပါဝင္ၿပီး ေ႐ြးေကာက္ပြဲတြင္ မဲမသမာမႈျပဳလုပ္ျခင္း ကို မည္သည့္ႏိုင္ငံတြင္မွ လက္ခံ၍ ရႏိုင္မည္မဟုတ္ေၾကာင္း။

မိမိတို႔ႏိုင္ငံ၏ ေ႐ြးေကာက္ပြဲဥပေဒအရ ေ႐ြးေကာက္ပြဲတြင္ မဲပမာဏ ပိုမို မ်ားျပားစြာရရွိသူက အႏိုင္ရရွိသည္ျဖစ္ေသာ္လည္း မွန္ကန္သည့္မဲရလဒ္မ်ားျဖစ္ရန္ လိုအပ္မည္ျဖစ္သကဲ့သို႔ မဲဆႏၵရွင္မ်ားအေနျဖင့္ ရာႏႈန္းျပည့္ပါဝင္မဲေပးရန္လည္း လိုအပ္မည္ျဖစ္ေၾကာင္း၊ မိမိတို႔ ေ႐ြးျခယ္ေပးလိုက္သည့္ ကိုယ္စားလွယ္မ်ားသည္ မိမိ တို႔ကိုယ္စား ႏိုင္ငံေတာ္အႀကီးအကဲမ်ားကို မဲေပးေ႐ြးျခယ္ၾကမည့္သူမ်ားျဖစ္သျဖင့္ ျပည္သူ႔ကိုယ္စားလွယ္ အစစ္အမွန္ျဖစ္ရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ မဲမသမာ မႈမ်ားျပဳလုပ္ၿပီး ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိလာမည့္သူမ်ားသည္ ျပည္သူ႔ကိုယ္စား လွယ္ အစစ္အမွန္မည္သို႔မွ်မျဖစ္ႏိုင္သည္ကို စဥ္းစားသုံးသပ္ၾကေစလိုေၾကာင္း။

တပ္မေတာ္အေနျဖင့္ မဲစာရင္းမွားယြင္းေနမႈမ်ားကို ေျဖရွင္းေဆာင္႐ြက္ေပးရန္ မည္သို႔ပင္ ေျပာဆိုခဲ့ေသာ္လည္း တာဝန္ရွိသူမ်ားအေနျဖင့္ ေျဖရွင္းေပးျခင္းမရွိသည့္ အျပင္ တတိယအႀကိမ္လႊတ္ေတာ္ေခၚယူ၍ အစိုးရအသစ္ဖြဲ႕ကာ ႏိုင္ငံေတာ္၏ အာဏာ ကို အဓမၼရယူရန္ ေဆာင္႐ြက္ခဲ့ေသာေၾကာင့္ ယခုအေျခအေနသို႔ ေရာက္ရွိခဲ့ရျခင္း ျဖစ္ေၾကာင္း၊ တပ္မေတာ္မွ တာဝန္ယူၿပီး အေစာပိုင္းကာလမ်ားတြင္ ၿငိမ္းခ်မ္းခဲ့ ေသာ္လည္း ေနာက္ပိုင္းတြင္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးကိုမလိုလားသူမ်ား၏ ေနာက္ကြယ္မွ ေသြးထိုးလႈံ႕ေဆာ္မႈမ်ားေၾကာင့္ ဆူပူမႈ၊ ဆႏၵျပမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း၊ ထို႔ေနာက္ ဆူပူဆႏၵျပသည့္အဆင့္၊ မင္းမဲ့စ႐ိုက္ဆန္သည့္ ဥပေဒခ်ိဳးေဖာက္မႈ အဆင့္ မ်ားမွ တစ္ဆင့္ အဖ်က္အေမွာင့္လက္နက္မ်ားကို ကိုင္ဆြဲ၍ ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရး အေဆာက္အဦမ်ား၊ ရဲစခန္းမ်ား၊ တရားေရးဆိုင္ရာ အေဆာက္အဦမ်ားအျပင္ ႐ိုးသားေအးခ်မ္းစြာ ေနထိုင္လိုသည့္ ျပည္သူတို႔၏ ေနအိမ္ အေဆာက္အဦမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ားအား မီးရႈိ႕ ဖ်က္ဆီးျခင္းမ်ား၊ ဝင္ေရာက္စီးနင္းရန္ႀကိဳးပမ္းအားထုတ္မႈမ်ား စသည့္ လက္နက္ကိုင္အၾကမ္းဖက္သည့္ အဆင့္သို႔ ကူးစက္အသြင္ေျပာင္းလာခဲ့သည္ကို ေတြ႕ရွိလာရေၾကာင္း၊ ထိုသို႔အၾကမ္းဖက္မႈမ်ားကို လုံေလာက္သည့္ ဟန႔္တားမႈမ်ား ျပန္ လည္လုပ္ေဆာင္ရမည္ျဖစ္ၿပီး ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ ေစာင့္ေရွာက္ေပးရမည္ျဖစ္ေၾကာင္း။

ထို႔ျပင္ အခ်ိဳ႕ေသာ ႏိုင္ငံ့ဝန္ထမ္းမ်ားသည္ မိမိတို႔၏ လုပ္ငန္းခြင္မ်ားမွ အေၾကာင္း မဲ့ပ်က္ကြက္၍ အဖ်က္အေမွာင့္သမားမ်ား၏ ေသြးထိုးလႈံ႕ေဆာ္မႈမ်ားေၾကာင့္ CDM လႈပ္ ရွားမႈမ်ားတြင္ ပါဝင္လ်က္ရွိေၾကာင္း၊ က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္ မည္သူမည္ဝါ ျဖစ္သည္ကို ခြဲျခားေန၍မရဘဲ က်ား၊ မ မေ႐ြး၊ အသက္အ႐ြယ္မေ႐ြး ကုသေပးရန္ တာဝန္ ရွိသည္ျဖစ္ေသာ္လည္း လုပ္ငန္းတာဝန္မ်ားမွ ပ်က္ကြက္လ်က္ရွိေနၾကေၾကာင္း၊ ပညာ ေရးဝန္ထမ္းမ်ားအေနျဖင့္လည္း ေက်ာင္းေနအ႐ြယ္ကေလးငယ္မ်ားကို အေျခခံပညာ သင္ၾကားျပသေပးရမည့္ တာဝန္ရွိေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ မိမိတို႔တစ္ဦး တစ္ေယာက္၏ စိတ္ခံစားခ်က္မ်ားႏွင့္ လုပ္ငန္းတာဝန္မ်ားကို ခြဲျခားသိျမင္ရန္လိုၿပီး ႏိုင္ငံေတာ္အတြက္ စဥ္းစားလုပ္ေဆာင္ၾကေစလိုေၾကာင္း။

ထိုကဲ့သို႔ လုပ္ေဆာင္မႈမ်ားရွိေနသည္ျဖစ္ေသာ္လည္း မိမိတို႔တိုင္းျပည္တြင္ လုပ္ ေဆာင္ရန္ မ်ားစြာရွိေနေသာေၾကာင့္ တတ္ႏိုင္သေ႐ြ႕ ႀကိဳးပမ္းလုပ္ေဆာင္ၾကရမည္ ျဖစ္ေၾကာင္း၊ လုပ္ငန္းတာဝန္ပ်က္ကြက္လ်က္ရွိသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ား၏ ေနရာတြင္ အစားထိုးခန႔္ထားႏိုင္ေရး လိုအပ္သည္မ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း၊ ယေန႔ ဇြန္လ ၁ ရက္ေန႔တြင္ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးစီစဥ္ေဆာင္႐ြက္ခဲ့ၿပီး ယေန႔တြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေက်ာင္းစတင္တက္ေရာက္လ်က္ရွိၿပီ ျဖစ္ေၾကာင္း၊ အေရးေပၚကာလတာဝန္မ်ား ၿပီးေျမာက္ေအာင္ ေဆာင္႐ြက္ၿပီးပါက လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲကို ျပန္လည္ျပဳလုပ္ကာ တာဝန္လႊဲ ေျပာင္းမႈမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း။

တပ္မေတာ္၏ အဓိကတာဝန္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ျဖစ္ၿပီး ေခတ္ အဆက္ဆက္အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈ အခန္းက႑တြင္ ပါဝင္ ထိန္းသိမ္း ေဆာင္႐ြက္ခဲ့ရသျဖင့္ ယခုကဲ့သို႔ ဆက္လက္ ထိန္းသိမ္းလုပ္ေဆာင္ေပးေနရျခင္း ျဖစ္ ေၾကာင္း၊ တပ္မေတာ္သားဘဝကို ခံယူခဲ့ၾကသူမ်ားျဖစ္သည့္အတြက္ တပ္မေတာ္သား ေကာင္းပီသစြာျဖင့္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ တာဝန္မ်ားကို ႀကိဳးပမ္းထမ္းေဆာင္ ၾကေစလိုေၾကာင္း၊ စစ္စည္းကမ္းသည္ တပ္မေတာ္၏ ေက်ာ႐ိုးျဖစ္သည္ႏွင့္အညီ အမိန႔္ နာခံတတ္ၿပီး စည္းကမ္းရွိရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္မႈအခန္းက႑သည္ အေရး ႀကီးသျဖင့္ ညီၫြတ္မွ်တသည့္ အုပ္ခ်ဳပ္မႈႏွင့္ ဆင့္ကဲကြပ္ကဲမႈစနစ္ရွိရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္မ်ားအေနျဖင့္ မိမိလက္ေအာက္ငယ္သားမ်ား၏ အခက္အခဲ အၾကပ္ အတည္း မ်ားကို ေတာ္တည့္မွန္ကန္စြာျဖင့္ ေျဖရွင္းေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ အသိ သတိ ရွိစြာျဖင့္ တာဝန္ထမ္းေဆာင္ႏိုင္ေရးကို အေျခခံသင္တန္းမ်ားတက္ ေရာက္စဥ္ကပင္ ေလ့က်င့္သင္ၾကားေပးခဲ့ၿပီး ျဖစ္သျဖင့္ သင္ၾကားေပးလိုက္သည့္ ပညာ ရပ္မ်ားကို မွန္မွန္ကန္ကန္ အသုံးခ်ေစလိုေၾကာင္း၊ မိမိတို႔၏ တိုင္းျပည္ကာကြယ္ေရး တာဝန္ထမ္းေဆာင္မႈမ်ားကို ဂုဏ္ယူၾကရန္ႏွင့္ အနာဂတ္ ကို ႀကိဳတင္ေမွ်ာ္ေတြး စဥ္းစား ကာ မိမိဘဝတိုးတက္ရန္ မိမိကိုယ္မိမိ တည္ေဆာက္ေနၾကရမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာပစၥည္းမ်ားကို ေပးအပ္ရာ တိုင္းမႉး ကလည္းေကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၏ဇနီးက မိခင္ႏွင့္ကေလးေထာက္ပံ့ေငြမ်ားကို ေပးအပ္ရာ တိုင္းမႉး၏ ဇနီး က လည္းေကာင္း အသီးသီးလက္ခံရယူခဲ့ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစု မ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ၾကသည္။

ထို႔ျပင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ဇနီးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ နယ္ေျမခံတပ္မေတာ္ေဆး႐ုံသို႔ သြား ေရာက္ၾကည့္ရႈစစ္ေဆးၿပီး ေဆး႐ုံတက္ေရာက္ကုသမႈခံယူလ်က္ရွိသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ရင္းရင္းႏွီးႏွီး အားေပးစကားေျပာ ၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။ ျပည္နယ္ျပည္သူ႔ေဆး႐ုံႀကီးတြင္ က်န္းမာေရးဝန္ထမ္းမ်ား လုပ္ငန္းတာဝန္ပ်က္ကြက္မႈမ်ားေၾကာင့္ တပ္မေတာ္ေဆး႐ုံ၌ ေဖေဖာ္ဝါရီလမွ ယေန႔အထိ ႐ိုး႐ိုးမီးဖြားလူနာ ၅၄၀ ဦး၊ ခြဲစိတ္မီးဖြားလူနာ ၃၀၉ ဦး၊ အႀကီးစားခြဲစိတ္လူနာ ၄၈၅ ဦး၊ ပုံမွန္ခြဲစိတ္လူနာ ၄၉၆ ဦးအပါအဝင္ စုစုေပါင္း ေဆး႐ုံတက္အရပ္သားလူနာ ၄၂၆၅ ဦးကို လက္ခံကုသေပးႏိုင္ခဲ့ေၾကာင္းႏွင့္ လက္ရွိ တြင္လည္း အရပ္သားလူနာ ၅၂ ဦးကို လက္ခံကုသေပးလ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။